← Chapters

ဒီလူတွေထဲက ကြိုက်တဲ့တစ်ယောက်ကို ရွေးပါ (ခ)

Vol. 22 Ch. 300

ဒီလူတွေထဲက ကြိုက်တဲ့တစ်ယောက်ကို ရွေးပါ (ခ)

Vol. 22 Ch. 300

ခဏအကြာတွင် အနက်ရောင်ဓားကို ကျောတွင်လွယ်ထားပြီး အဖြူရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်ထွက်လာသည်။

လောသုန်ယန်၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နံပတ်၁၄ အတွင်းစည်းတပည့်။

လောသုန်ယန်က အကြီးအကဲတစ်ယောက်၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ဓားနည်းစနစ်ကို ကျင့်ကြံသည်။ သူက ဝိညာဉ်နယ်မြေသို့ တစ်ခါတစ်ရံသွားပြီး ဟန်မူယဲ့နှင့် အဆက်အသွယ်သိပ်မရှိပေ။

သူက ရှေ့တက်လာပြီး လက်မြှောက်၍ နောက်ကျောတွင်ရှိသောဓားကို ထုတ်ယူသည်။

ခမ်းနားသောဓားအလင်း စုစည်းလာသည်။

ဓားအလင်းက မှိန်ဖျော့နေပြီး ဝမ်သန့်၏ဓားအလင်းထက် တစ်ဆင့်မကနိမ့်ကျသည်။

သို့သော်လည်း ဓားကျင့်ကြံသူများ၏တိုက်ပွဲက ကျင့်ကြံဆင့်နှင့် ဓားအလင်းအပေါ်တွင်ပဲ မှီခိုနေခြင်းမဟုတ်ပေ။ အတွေ့အကြုံ၊ တိုက်ပွဲအရ တုံ့ပြန်နိုင်စွမ်းနှင့် ဓားနည်းစနစ်အမွေအနှစ်အပေါ်တွင်လည်း မှီခိုနေသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ လောသုန်ယန်က အတွေ့အကြုံယူဖို့ ရှေ့တက်လာပါတယ်”

သူက စကားပြောပြီးသွားသောအခါတွင် ဓားအလင်းကို ခုတ်ချလိုက်သည်။

ကျောက်တုံးစင်မြင့်ထက်တွင် အစိမ်းရောင်ဝါးပင်များ ချက်ချင်းပေါ်လာပြီး ဝမ်သန့်ကို ဝါးတောအုပ်ထဲတွင် လွှမ်းခြုံထားသည်။

ထိုဝါးတောက ဓားဆန္ဒကြောင့်ဖြစ်ပေါ်လာပြီး ဓားတာအို၏ နက်ရှိုင်းသောနားလည်နိုင်စွမ်းကို ဖော်ပြသည်။

ဝါးတောပေါ်လာသောအခါတွင် တောင်ဂိတ်ဝတွင် ဆူပွက်သွားသည်။

“ဆရာတူအစ်ကိုက ဝါးစိမ်းအယူအဆကို စုစည်းနိုင်တယ်”

လူတစ်ယောက်က ထိတ်လန့်စွာအော်ဟစ်သည်။

ထိုလူက လောသုန်ယန်၏ ဆရာတူညီအစ်ကိုဖြစ်ပေလိမ့်မည်။

“လောသုန်ယန်က အတွင်းစည့်တပည့်မှာ နံပတ်၁၄မဟုတ်လား။ ဒီလိုကျင့်ကြံဆင့်နဲ့ တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားတာတောင် နံပတ်၁၄ပဲလား”

လူတစ်ယောက်က မယုံကြည်နိုင်စွာ တီးတိုးပြောသည်။

ထိုဓားဆန္ဒကို စုစည်းနိုင်သောကြောင့် တိုက်ခိုက်နိုင်စွမ်းက သေချာပေါက်အားကောင်းလိမ့်မည်။

‘ငါတို့ဂိုဏ်းရဲ့ လက်ထောက်အကြီးအကဲတွေကတောင် ဒီလောက်ပဲရှိတာ’

‘အတွင်းစည်းတပည့် ထိပ်ဆုံးဆယ်ယောက်က ကမ္ဘာမြေအဆင့်ကိုကျော်လွန်တဲ့ တိုက်ခိုက်နိုင်စွမ်းမျိုး ပိုင်ဆိုင်ထားတာလား’

ထိုဓားချက်ကြောင့် ထန်တောင်ကုန်းဓားဂိုဏ်း၏လူများက မျက်နှာထားလေးနက်သွားသည်။

ယန်ရှောက်က ဟန်မူယဲ့ကို ကြည့်လိုက်သောအခါတွင် တည်ငြိမ်သောမျက်နှာထားကို မြင်ရသည်။

သူ့ဘေးတွင် မိန်းကလေးရှုယင်းက တင်းကျပ်စွာလက်သီးဆုပ်ထားပြီး ဝါးတော၏လွှမ်းခြုံမှုကို ခံထားရသော ဝမ်သန့်အား စိုက်ကြည့်နေသည်။

ဝုန်း...

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ဝါးတောထဲတွင် ရေငွေ့များ ပေါ်ထွက်လာသည်။

ရေငွေ့များမြင့်တက်လာသောအခါတွင် ရေနဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ ရေနဂါးက ဟိန်းဟောက်လိုက်ပြီး ဝါးတောကိုဖျက်ဆီး၍ လောသုန်ယန်ဆီသို့ ပြေးဝင်သွားသည်။

ဝါးတောအုပ်၏ခုခံကာကွယ်နိုင်စွမ်းက ပျက်စီးသွားခဲ့သည်။ ပျံသန်းလာသောရေနဂါးကို မြင်လိုက်ရသောအခါတွင် လောသုန်ယန်၏မျက်နှာက ဖြူဖျော့သွားသည်။

သူက ခပ်အုပ်အုပ်ဟိန်းဟောက်လိုက်ပြီး လက်ထဲတွင်ရှိသောဓားက အလင်းစီးကြောင်းတစ်ခုအသွင်ပြောင်း၍ ရေနဂါးကို ခုတ်ချသည်။

“ရွှပ် ....”

ဓားအလင်းက ရေနဂါးကို ပိုင်ဖြတ်ခဲ့သည်။

သိုသော်လည်း ရေနဂါး၏ခန္ဓာကိုယ်တစ်ဝက်က ဆက်လက်တိုးဝင်လာပြီး လောသုန်ယန်ကို ဝင်တိုက်လိုက်သောကြောင့် လွင့်ထွက်သွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အဝင်ပေါက်တွင် ချီစွမ်းအင်အလင်း ပေါ်ထွက်လာပြီး လောသုန်ယန်ကို ဖမ်းလိုက်သည်။

ရှုံးနိမ့်သည်။

ဓားဆန္ဒကို စုစည်းထားခဲ့သော အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ၁၄ယောက်မြောက်အတွင်းစည်းတပည့်က ဓားတစ်ချက်ကြောင့် ရှုံးနိမ့်သွားသည်။

လောသုန်ယန်အနိုင်ရရန် ခက်ခဲမည်ဟု သူတို့နားလည်သော်လည်း လွယ်ကူစွာရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“၁၄ယောက်မြောက် အတွင်းစည်းတပည့်လား”

ဝမ်သန့်က ဓားကိုဝှေ့ယမ်းလိုက်သောအခါတွင် ရေနဂါးက ပြန်လှည့်လာသည်။ သူက မောက်မာစွာပြောသည်။

“ငါတို့ ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ ၁၃ယောက်မြောက်အတွင်းစည်းတပည့်က မင်းထက်သန်မာတယ်”

နှိုင်းယှဉ်ကြည့်လိုက်လျှင် ထန်တောင်ကုန်းဓားဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထက် ပိုမိုသန်မာသည်ဟု ပြောနေခြင်းဖြစ်သည်။

သူ့ခွန်အားက သန်မာသောကြောင့် ဓားအမွေအနှစ်ကလည်း သန်မာသည်။ သူတို့တပည့်များ၏ ပါရမီနှင့်အလားအလာကလည်း ပိုမိုကောင်းမွန်သည်။

ဂိုဏ်း၏အပြင်ဘက်တွင် တပည့်များ၏မျက်နှာထားက ပြောင်းလဲသွားသည်။

နောက်ကွယ်တွင်ပုန်းနေသော အကြီးအကဲများ၏မျက်နှာထားကလည်း လေးနက်နေသည်။

အနိုင်ရခြင်းနှင့် ရှုံးနိမ့်ခြင်းက အရေးမပါပေ။ ဂိုဏ်း၏ဂုဏ်သတင်းက အရေးကြီးသည်။

ဝမ်သန့်က အနိုင်ရသွားပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဓားနည်းနစ်ကို ချီးကျူးမည်ဆိုလျှင် အဆင်ပြေသည်။

သို့သော်လည်း ယခုအချိန်တွင် ဝမ်သန့်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား လမ်းဆုံးသို့ရောက်သည်အထိ တွန်းပို့နေသည်။

ယနေ့တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မျိုးဆက်သစ်များက ဝမ်သန့်ကို အနိုင်မယူခဲ့လျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားကျင့်ကြံသူများအားလုံး မျက်နှာပျက်ရပေမည်။

ထို့အပြင် အရှေ့ပင်လယ်၏ဓားတာအိုက ဂုဏ်တက်လာလိမ့်မည်။

ဝမ့်သန့်က တစ်ဖက်သို့လှည့်ပြီး ဓားကိုမြှောက်၍ တည်ငြိမ်စွာရှိနေသောဟန်မူယဲ့ကို ကြည့်သည်။

“ဓားစံအိမ်ရဲ့ ဓားအင်မော်တယ်ဟန်မူယဲ့”

“ငါစိန်ခေါ်ချင်တဲ့လူက မင်းပဲ”

သူ့မျက်လုံးထဲတွင်ရှိနေသော တိုက်ခိုက်လိုစိတ်များက အပြင်သို့စိမ့်ထွက်လာသည်။

“သခင်မော့ယွမ်ရဲ့ ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်က အရှေ့ပင်လယ်ကို လွှမ်းမိုးထားတယ်။ ငါတို့ဓားကျင့်ကြံသူတွေက သူ့ကို လေးစားတယ်”

“သူက ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို လက်ဆင့်ကမ်းပေးဖို့ ဆန္ဒရှိပေမဲ့ တပည့်လက်မခံဘူး”

ဝမ်သန့်ပြောလိုက်သောအခါတွင် အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများအားလုံးက တိုက်ခိုက်လိုစိတ်များနှင့်အတူ ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

“အင်မော်တယ်ဟန်၊ ငါက တကယ်သိချင်မိတယ်။ မင်းက ဘယ်လိုလုပ်ပြီး သခင်မော့ယွမ်ရဲ့ တစ်ဦးတည်းသောတပည့် ဖြစ်လာရတာလဲ”

“အင်မော်တယ်ဆိုတဲ့ မင်းရဲ့အဆင့်အတန်းက စံနှုန်းတချို့တော့ ရှိရမှာပေါ့”

ထိုသို့ဖြင့် ဓားအလင်းပေါ်ထွက်လာသည်။

ဝမ်သန့်က ဟန်မူယဲ့ကို ဓားနှင့်ထိုးလိုက်သည်။

သူ့ဘေးတွင်ရှိသော ရေနဂါးက ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ကို ခုန်အုပ်သည်။

“ရဲတင်းလိုက်တာ”

ဂိတ်ဝတွင် အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်သည်။ သို့သော်လည်း သူက မတိုက်ခိုက်နိုင်ဘဲ ရပ်တန့်လိုက်သည်။

ဝမ်သန့်၏ဘေးတွင် အနက်ရောင်မုတ်ဆိတ်များနှင့် လူအိုကြီး၏ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းများ ပေါ်ထွက်လာသည်။ အကာအကွယ်အလင်းလွှာ၏ရှေ့တွင် ဓားအမှတ်အသားတစ်ခု ပေါ်လာသည်။

“ရပ်စမ်း”

များပြားလှသောတပည့်များက ပျံသန်းသွားပြီး ဝမ်သန့်၏ ရေနဂါးကို တားဆီးချင်သည်။ သို့သော်လည်း သူတို့အပေါ်သို့ ဖိအားတစ်ခု ကျရောက်လာသည်။

ကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူ၏ဖိအား…

အရှေ့ပင်လယ်၏ ကျင့်ကြံသူကြီးတစ်ယောက်က တားဆီးထားပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အရှက်ရစေချင်သည်။

“မဟုတ်ဘူး”

ယန်ရှောက်က မျက်လုံးပြူးသွားသည်။ သူ့ဘေးတွင်ရှိသောရှုယင်းက ပါးစပ်ပိတ်ထားသည်။

ဟန်မူယဲ့က ဓားတာအိုကြောင့် ကျော်ကြားသော်လည်း ကျင့်ကြံဆင့်ဆုံးရှုံးသွားကြောင်း အနောက်ဘက်နယ်စပ်ကုန်းမြေရှိ လူတိုင်းသိကြသည်။

ကျင့်ကြံဆင့်ဆုံးရှုံးသွားသော သာမန်လူတစ်ယောက်က ဝမ်သန့်၏ ရေနဂါးကို မည်သို့ခုခံနိုင်မည်နည်း။

ဟန်မူယဲ့က တိုးဝင်လာသော ရေနဂါးကိုကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲမသွားဘဲ ခေါင်းခါသည်။

သူက မတိုက်ခိုက်ပေ။

တိုက်ခိုက်ရန် မလိုအပ်ပေ။

လင်းရှန်က ရှေ့တက်လာပြီး ရေနဂါးကို ရင်ဆိုင်လိုက်သည်။

“သွားစမ်း”

ဝုန်း...

အော်ဟစ်သံနှင့်အတူ ရေနဂါးက ပေါက်ကွဲသွားပြီး အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။

တိုက်ခိုက်လိုက်သောဝမ်သန့်က မျက်နှာတစ်ခုလုံးဖြူဖျော့သွားပြီး နောက်ဆုတ်လိုက်သည်။

သူ့ဓားဆန္ဒက ပျက်စီးသွားပြီး သူ့စိတ်က တုန်လှုပ်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဓားချီများက ပျောက်ကွယ်သွားပြီး ဝိညာဉ်သွေးကြောများ ဒဏ်ရာရလုနီးပါးဖြစ်သွားသည်။

လင်းရှန်က အော်ဟစ်သံနှင့်အတူ ရေနဂါးကိုဖျက်ဆီးလိုက်ပြီး ရှေ့တစ်လှမ်းတိုးသည်။

အလွန်လေးနက်သောဓားဆန္ဒ ပေါ်ထွက်လာသည်။

ဆက်လိုက်တိုက်ခိုက်ချင်သောဝမ်သန့်က မျက်နှာထားပြောင်းလဲသွားပြီး နောက်ဆုတ်လိုက်ရပြန်သည်။

သူ့ဘေးတွင်ရှိသော အနက်ရောင်မုတ်ဆိတ်များနှင့်လူအိုကြီးက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ဝမ်သန့်ရှေ့သို့ ရောက်လာသည်။ သူက လက်မြှောက်လိုက်သောအခါတွင် ဓားအလင်းက လှိုင်းအဖြစ်ပြောင်းသွားသည်။

လှိုင်းပေါ်လာသောအချိန်တွင် လင်းရှန်က ဓားကို ဆွဲထုတ်လိုက်သည်။

ဓားတစ်သန်းဆွဲထုတ်ပြီး တောင်တစ်လုံးကို ပြိုကွဲစေမည်။

ဓားကိုင်ထားသောလင်းရှန်က နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားပုံရသည်။ တောင်တစ်လုံးသဖွယ် သိပ်သည်းနေသောခွန်အားများ ပေါက်ကွဲထွက်လာသည်။

ဓားချက်က လျင်မြန်သည်။

ဓားချက်က ပြင်းထန်သည်။

ဓားက သူ့လက်နှင့် နှလုံးသားထဲတွင် ရှိနေသည်။

နှလုံးသားထဲတွင်ရှိသောဓားကြောင့် တောင်နှင့်မြစ်များကို ဖျက်ဆီးနိုင်သည်။

ဝုန်း...

ဓားအလင်းက လူအိုကြီးဆင့်ခေါ်ထားသော လှိုင်းလုံးများကို ခုတ်ချလိုက်သည်။

ထိုဓားချက်ကြောင့် လူအိုကြီး၏မျက်နှာထားက မည်းမှောင်သွားသည်။

ဓားအလင်းကြောင့် လှိုင်းလုံးများ ပျက်စီးသွားသည်။

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ၏ဓားကွက်က ထိုဓားချက်ကို မတားဆီးနိုင်ခဲ့ပေ။

လူအိုကြီးက လက်မြှောက်ပြီး ခုတ်ချလိုက်သည်။

“ဝှစ် ....”

ရေထုက တောက်ပပြီး လှိုင်းထန်နေသည်။

ဓားအလင်း၏ပတ်ပတ်လည်တွင် ကောင်းမွန်သောအင်းကွက်များ ပေါ်လာသည်။

ဓားအလင်းက ချုပ်နှောင်ခံလိုက်ရသည်။

လင်းရှန်၏ဓားအလင်းက ဒုတိယလှိုင်းလုံးအောက်တွင် ပျောက်ကွယ်သွားသည်။

ဓားစံအိမ်၏ လေ့ကျင့်ရေးမှူးလင်းက အလွန်သန်မာသည်။

တောင်ဂိတ်ဝတွင် ဂိုဏ်းတပည့်များက လင်းရှန်ကို ထိတ်လန့်စွာကြည့်သည်။

ဓားအလင်းပေါ်လာသောအခါတွင် တောင်နှင့်မြစ်များ တုန်ခါသွားပြီး လူတစ်ယောက်၏ဝိညာဉ်ကို ထိန်းချုပ်မှုလွတ်သွားစေနိုင်သည်။ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများကတောင် ထိုသို့မလုပ်နိုင်လောက်ပေ။

‘လေ့ကျင့်ရေးမှုးလင်းက ဘယ်လောက်တောင်သန်မာနေတာလဲ’

‘ဓားစံအိမ်မှာ ဘယ်လိုအခွင့်အရေးမျိုး ရှိနေတာလဲ’

လူအိုကြီးက ဓားပြန်သိမ်းလိုက်သောလင်းရှန်ကို ကြည့်ပြီး တီးတိုးပြောသည်။

“မင်းက မျိုးဆက်သစ်တွေရဲ့ပြိုင်ပွဲမှာ ဝင်ပါနေတာလား။ မင်းရဲ့အဆင့်အတန်းကို မထောက်ထားတော့ဘူးလား”

သတိလက်လွတ်ဖြစ်သွားလျှင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူသည်ပင် ရှက်သွားပေမည်။

ထိုဓားတာအိုမျိုးနှင့်ဆိုလျှင် နှစ်၂၀၀ခန့်လေ့ကျင့်မထားဘဲ မဖြစ်နိုင်ပေ။

ကျင့်ကြံခြင်းလောကတွင် မျိုးဆက်သစ်များကို အသက်တစ်ရာအောက်အဖြစ် သတ်မှတ်သည်။

မျိုးဆက်ဟောင်းကျွမ်းကျင်သူတစ်ယောက်အနေဖြင့် လင်းရှန်က ဝမ်သန့်ကို တိုက်ခိုက်ခဲ့သည်။ ထိုအရာက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဂုဏ်သိက္ခာကျဆင်းစေသည်။

လူအိုကြီး၏ခန္ဓာကိုယ်ကို တောက်ပနေသောဓားအလင်းများ ဝိုင်းရံလားပြီး သူ့မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသောအလင်းများ ရှိနေသည်။

လင်းရှန်က ချောက်နက်သဖွယ် အငွေ့အသက်များကိုထုတ်လွှတ်၍ ရပ်နေသည်။

“အဟမ်း”

နောက်တွင်ရှိနေသောဟန်မူယဲ့က ညင်သာစွာချောင်းဟန့်လိုက်ပြီး ပြောသည်။

“အကြီးအကဲ၊ လေ့ကျင့်ရေးမှူးလင်းက ဓားစံအိမ်ရဲ့ ဓားထိန်းတစ်ယောက်ပါ”

“သူက ဒီနှစ်မှာ အသက်လေးဆယ်ပြည့်ပါလိမ့်မယ်”

‘သူက အသက်လေးဆယ်မပြည့်သေးတာတောင် ဒီလောက်သန်မာနေပြီလား’

ထန်တောင်ကုန်းဓားဂိုဏ်း၏တပည့်များက မျက်လုံးပြူးသွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်အများအပြားက နှုတ်ခမ်းများတွန့်သွားကြသည်။

အပြင်စည်းနှင့် အတွင်းစည်းတပည့်အများစုက လေ့ကျင့်ရေးမှူးလင်းထက် အသက်ကြီးနေသည်။

လေ့ကျင့်ရေးမှူးလင်းက အပြင်စည်း၏လေ့ကျင့်ရေးမှူးအဖြစ် အချိန်အတော်ကြာအောင် ရှိနေသောကြောင့် ဂိုဏ်း၏ လူအိုကြီးတစ်ယောက်ဖြစ်လိမ့်မည်ဟု သူတို့ထင်ခဲ့သည်။

‘အဲဒီတော့ သူက လူငယ်လေးပဲ ဖြစ်သေးတာပေါ့’

လူအိုကြီးက ကြောင်အသွားပြီး လင်းရှန်ကို စိုက်ကြည့်သည်။

ကျင့်ကြံသူကြီးတစ်ယောက်၏ရှေ့တွင် လူတစ်ယောက်၏အသက်က လျှို့ဝှက်ချက်မဟုတ်ပေ။

သွေးချီနှင့် သက်တမ်းကို တစ်ချက်ကြည့်လိုက်ပြီး အာရုံခံနိုင်သည်။

“တကယ်ပဲ ....”

လူအိုကြီး၏မျက်နှာပေါ်တွင် ထိတ်လန့်မှုတချို့ပေါ်လာသည်။ ထို့နောက် သူက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ပုန်းကွယ်နေတဲ့ပါရမီရှင်တွေနဲ့ ပြည့်နေတာပဲ”

သူက နောက်သို့လှည့်ပြီး တမ်တန့်ကိုကြည့်သည်။

“ဝမ်တန့်၊ မင်းက ဒီတာအိုရောင်းရင်းလေးလင်းရဲ့ ပြိုင်ဘက်မဟုတ်ဘူး”

“ငါတို့ ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ နံပတ်တစ်အတွင်းစည်းတပည့် ကူယွမ်လုံကတောင် သူ့ကို အနိုင်ရမှာမဟုတ်ဘူး”

All Chapters