← Chapters

ဒီလူတွေထဲက ကြိုက်တဲ့တစ်ယောက်ကို ရွေးပါ (ဂ)

Vol. 22 Ch. 301

ဒီလူတွေထဲက ကြိုက်တဲ့တစ်ယောက်ကို ရွေးပါ (ဂ)

Vol. 22 Ch. 301

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝမ်သန့်က စိတ်ပျက်သွားပြီး ခေါင်းညိတ်၍ လင်းရှန်ကို လက်သီးဆုပ်နှုတ်ဆက်သည်။ သူက စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့၏စကားသံကို ကြားလိုက်ရသည်။

“လေ့ကျင့်ရေးမှူးလင်းက မျိုးဆက်သစ်ကဆိုပေမဲ့ ကံကောင်းမှုကြီးတစ်ခုကြောင့် သက်တူရွယ်တူတွေထက် အများကြီးသန်မာနေတယ်”

“သူ့တိုက်ခိုက်နိုင်စွမ်းနဲ့ လူငယ်မျိုးဆက်ကို အနိုင်ရသွားတာ မမျှတဘူး”

‘သူက ဘာပြောချင်တာလဲ’

လူတိုင်းက ဟန်မူယဲ့ကိုကြည့်သည်။

ဂိုဏ်းအကြီးအကဲများက မျက်မှောင်ကြုတ်သည်။

လင်းရှန်၏ဓားချက်က အလွန်အားကောင်းပြီး အကြီးအကဲတချို့ထက် သန်မာနေသည်။

ထိုဓားချက်က အရှေ့ပင်လယ်၏လူများကို ဖိနှိပ်ထားနိုင်သည်။

သူတို့က စိန်ခေါ်မှုကို အနိုင်ရခဲ့သည်။ ယနေ့တွေ့ဆုံပွဲက ပြီးပြည့်စုံစွာ အဆုံးသတ်သွားသည်ဟု ပြောနိုင်သည်။

သို့သော်လည်း အနိုင်ပွဲက မမျှတကြောင်း ဟန်မူယဲ့က အဘယ်ကြောင့်ပြောသနည်း။

လင်းရှန်က တစ်ဖက်သတ်အနိုင်ယူခဲ့လျှင်ပင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် သူကလွဲ၍ အရှေ့ပင်လယ်၏စိန်ခေါ်သူများကို ဖိနှိပ်နိုင်သူမရှိပေ။

ဟန်မူယဲ့က လင်းရှန်နှင့် လူအိုကြီးကိုဖြတ်ကျော်၍ ဝမ်သန့်ကိုကြည့်သည်။

“မင်းက ငါ့ကို စိန်ခေါ်ချင်တာမဟုတ်လား”

ဝမ်သန့်က အနည်းငယ်ကြောင်အသွားပြီး ခေါင်းညိတ်လျက် ပြောသည်။ “ဟုတ်တယ်”

“အရှေ့ပင်လယ်ဓားနည်းစနစ်က အနောက်ဘက်နယ်စပ်ကုန်းမြေထက် ပိုပြီးသန်မာတယ်လို့ ယုံကြည်နေတာမဟုတ်လား”

ဟန်မူယဲ့က ပြောပြန်သည်။

ဝမ်သန့်က လင်းရှန်ကိုကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

ထိုလူကို ထည့်မတွက်ပေ။

ဝမ်သန့်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။

“တကယ်လို့ ဟန်မူယဲ့က သင်ပြပေးဖို့ ဆန္ဒရှိရင် ....”

သူက ကျယ်လောင်စွာပြောသည်။

“ကျင့်ကြံဆင့်ကို ထုတ်မသုံးရင်တောင် ဓားနည်းစနစ်နဲ့ ယှဉ်ပြိုင်နိုင်သေးတာပဲ”

‘ဟန်မူယဲ့က ကျင့်ကြံဆင့်ဆုံးရှုံးသွားတာမဟုတ်လား။ အဲဒါဆိုရင် ကျင့်ကြံခြင်းမှာ မပြိုင်ဘဲ ဓားနည်းစနစ်မှာပဲ ပြိုင်ရအောင်’ သူတွေးမိသည်။

ဓားနည်းစနစ်အရဆိုလျှင် ဝမ်သန့်က ဓားစံအိမ်၏စောင့်ရှောက်သူကို မကြောက်ပေ။

ဟန်မူယဲ့က ခေါင်းခါသည်။

“ငါက မင်းကို အနိုင်ယူလိုက်ရင် မမျှတဘဲဖြစ်သွားလိမ့်မယ်”

ဝမ်သန့်က ကြောင်အသွားပြီး မျက်နှာထားပြောင်းလဲလာသည်။ ဟန်မူယဲ့က ဆက်ပြောသည်။

“ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ မျိုးဆက်ငါးခု ရှိတယ်။ သူတို့က မင်းရဲ့စိန်ခေါ်မှုကို လက်ခံလိမ့်မယ်”

“သူတို့က မင်းကိုအနိုင်ယူဖို့ ပြဿနာရှိမှာမဟုတ်ဘူး”

ထို့နောက် ဟန်မူယဲ့က တောင်ဂိတ်ဝတွင်စုစည်းနေသောတပည့်များအား ညွှန်ပြသည်။

“မင်းက သူတို့ထဲက ကြိုက်တဲ့လူကို ရွေးနိုင်တယ်”

“ဓားနည်းစနစ်မှာ မင်းအနိုင်ရရင် ဒီနေ့မှာ အနိုင်ပွဲက မင်းတို့အတွက်ပဲ”

‘အဲဒါက ဘာကိုဆိုလိုတာလဲ’

ဟန်မူယဲ့ပြောလိုက်သောအခါတွင် အားလုံးတိတ်ဆိတ်သွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂိတ်ဝတွင် ရှိနေသောတပည့်များက နားမလည်နိုင်ပေ။

‘အရှေ့ပင်လယ်ဓားကျင့်ကြံသူက ကြိုက်တဲ့လူရွေးပြီး တိုက်ခိုက်နိုင်တာလား’

‘ဒါဖြစ်နိုင်လို့လား’ သူတို့ တွေးမိသည်။

‘ငါတို့မှာ စွမ်းရည်ရှိရင် အစကတည်းက တိုက်ခိုက်မှာပေါ့’

‘အခု သူက လူရွေးပြီး ငါတို့ရှုံးသွားရင် ဘယ်လိုလုပ်ရမလဲ’

မျက်နှာချင်းဆိုင်တွင်ရပ်နေသော အရှေ့ပင်လယ်ဓားကျင့်ကြံသူများက မျက်နှာထားပြောင်းလဲသွားသည်။

‘ဝမ်သန့်က ကြိုက်တဲ့လူရွေးပြီး တိုက်ခိုက်လို့ရတယ်တဲ့လား’

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မျိုးဆက်ငါးခုလုံးက ထန်တောင်ကုန်းဓားဂိုဏ်းထက် သန်မာနေတယ်လို့ ပြောလိုက်တာပဲမဟုတ်လား’

ဟန်မူယဲ့၏စကားလုံးများက ထန်တောင်ကုန်းဓားဂိုဏ်း၏ အမွေအနှစ်ကို အထင်သေးလိုက်ခြင်းဖြစ်သည်။

လူအိုကြီး၏မျက်လုံးများ တောက်ပသွားသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အင်မော်တယ်ဟန်က ပြိုင်ဘက်ကင်းဓားတာအိုပါရမီကို ပိုင်ဆိုင်ထားတယ်လို့ ရှောက်ယိုစွန်းပြောခဲ့တယ်။ သူက ကြင်နာတတ်တဲ့လူတစ်ယောက်ဖြစ်တယ်တဲ့။ ဒါပေမဲ့ ကြည့်ရသလောက်တော့ သူပြောတာနဲ့ ကွာခြားနေသလိုပဲ”

သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂိတ်ပေါက်ကို ကြည့်သည်။

“အင်မော်တယ်ဟန်ရဲ့စကားတွေကို အတည်ယူရမှာလား”

“ငါတို့ထန်တောင်ကုန်းဓားဂိုဏ်းက အရှေ့ပင်လယ်ရဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ။ ငါတို့က ပူးပေါင်းဆောင်ရွက်ချင်ရင် ခွန်အားတူတဲ့ဂိုဏ်းကိုပဲ ရှာဖွေတယ်”

“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတစ်ခုပဲ ဓားတာအိုကို လျှောက်လှမ်းတာမဟုတ်ဘူး”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဟန်မူယဲ့ပြောသည့်အတိုင်း သဘောတူလျှင် သူက အလေးအနက်ထားတော့မည်ဟု ပြောနေခြင်းဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များ ရှုံးနိမ့်သွားလျှင် သူတို့က လှည့်ထွက်သွားမည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် သူတို့နှင့်ပူးပေါင်းရန် လိုလားသောဓားဂိုဏ်းများ ရှိသေးသည်။

“စီနီယာအစ်ကိုဟန်ပြောတာက တကယ်ပဲပေါ့”

အသံတစ်ခုထွက်လာသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိတ်ဝတွင် မီးခိုးရောင်ဝတ်စုံနှင့်ထို့ပါ့ချန်က ခြေလှမ်းကျဲကြီးများနှင့်အတူ လျှောက်လာသည်။

သူ့ကိုယ်ပေါ်ရှိ လေးနက်သောဓားဆန္ဒက ကျားဖြူတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ကျားဖြူက ပေါ့ပါးသောခြေလှမ်းများနှင့်အတူ နောက်မှလိုက်လာသည်။ ကျားဖြူက အချိန်မရွေး လူတစ်ယောက်ကို ဝါးမြိုတော့မည့်အတိုင်း မျက်လုံးထဲတွင် ကြမ်းတမ်းသောအလင်းများ ရှိနေသည်။

ထိုကျားဖြူက အထင်သေးနိုင်သော ခွန်အားမျိုးမဟုတ်ပေ။

လူအိုကြီးက ထို့ပါ့ချန်ဘေးရှိ ကျားဖြူကိုကြည့်လိုက်ပြီး မျက်လုံးများတောက်ပသွားသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “ကောင်းပြီ”

ထို့နောက် သူက ရှေ့တက်လာပြီး အော်ဟစ်သည်။

“ဝမ်သန့်၊ တစ်ယောက်ယောက်ရွေးလိုက်”

“တကယ်လား”

ဝမ်သန့်က ခဏလောက်စဉ်းစားလိုက်ပြီး ရှေ့တက်လာသည်။ ထို့နောက် ဘေးကို လက်ညှိုးညွှန်ပြသည်။

“သူပဲ”

ဝမ်သန့်၏ညွှန်ပြခြင်းကို ခံလိုက်ရသော အတွင်းစည်းတပည့်က မျက်နှာတစ်ခုလုံးဖြူဖျော့သွားပြီး တုန်ခါနေသည်။

ထို့ပါ့ချန်က တစ်ဖက်သို့လှည့်ပြီး အေးစက်စွာပြောသည်။

“ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းက တိုက်ပွဲကို ကြောက်တာလား”

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူငယ်က ရှေ့တက်လာပြီး လက်သီးဆုပ်၍ နှုတ်ဆက်သည်။

“အတွင်းစည်းတပည့်ရမ်ယွမ်ကောက တာအိုရောင်းရင်းကို နှုတ်ဆက်ပါတယ်”

ရမ်ယွမ်ကော၏ကိုယ်ပေါ်တွင် ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။ သူက အခြေခံအုတ်မြစ် တတိယအဆင့်တွင်သာ ရှိသေးသည်။

ထိုကျင့်ကြံဆင့်နှင့်ဆိုလျှင် အတွင်းစည်း၏ သာမန်တပည့်တစ်ဦးဖြစ်ပေလိမ့်မည်။

ဝမ်သန့်က ခေါ်ထုတ်လိုက်သောအခါတွင် ထိတ်လန့်သွားခြင်းက မထူးဆန်းပေ။

ဝမ်သန့်က ခေါင်းညိတ်သည်။ ဓားအလင်းနှင့် ချီစွမ်းအင်များက စုစည်းသွားပြီး အခြေခံအုတ်မြစ်တတိယအဆင့်တပည့်ကို ဖိနှိပ်သည်။ ထို့နောက် ဓားကိုမြှောက်လိုက်သည်။

ရမ်ယွမ်ကောက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသည်။

ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် သေခြင်းရှင်ခြင်းမှလွဲ၍ ဓားတစ်လက်ပဲရှိသည်။

သူက ဓားကိုကိုင်ထားသောကြောင့် ရလဒ်က အရေးမကြီးတော့ပေ။

“ခလွမ် ....”

ဓားကို ဆွဲထုတ်လိုက်ပြီး ဓားအလင်းက တောက်ပလာသည်။

“သစ်သားမျိုးဆက်၊ ဓားကို ထောင့်ဖြတ်ညွှန်ပြထားတယ်။ ဓားသွားက ၃၀%ထက်မြက်နေတယ်။ မင်းက သစ်ပင်သုံးပင်ဓားနည်းစနစ်ကို ကျွမ်းကျင်တာလား”

ထိုအချိန်တွင် ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

ရမ်ယွမ်ကောက ကြောင်အသွားပြီး မသိစိတ်အလျောက် ခေါင်းညိတ်သည်။

သူက သစ်ပင်သုံးပင်ဓားနည်းစနစ်တွင် အကျွမ်းကျင်ဆုံးဖြစ်သည်။

‘ဒါပေမဲ့ အင်မော်တယ်ဟန်က သူဓားကိုင်ထားတဲ့ပုံစံကိုကြည့်ပြီး ပြောနိုင်တယ်လား’

“သစ်ပင်သုံးပင်ဓားနည်းစနစ်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ သစ်သားမျိုးဆက် ဆန်းကြယ်ဓားနည်းစနစ်နှစ်ခုမှာ ပိုပြီးတည်ငြိမ်မှုရှိတဲ့ ဓားနည်းစနစ်ပဲ။ တောအုပ်တစ်ခုလိုမျိုး ချုပ်နှောင်ပြီး ထူးခြားတဲ့တည်ငြိမ်မှုရှိတယ်”

ဟန်မူယဲ့၏အသံက အရှေ့ပင်လယ်၏ဓားကျင့်ကြံသူကို လမ်းညွှန်နေသကဲ့သို့ ရှင်းလင်းနေသည်။

‘ဓားနည်းစနစ်ရဲ့လက္ခဏာရပ်တွေအားလုံးကို ပြောပြလိုက်မှတော့ ဘယ်လိုတိုက်ခိုက်ရတော့မှာလဲ’ ရမ်ယွမ်ကောက တွေးသည်။

‘တည်ငြိမ်မှုကို အာရုံစိုက်ထားရမှာလား’

ဝမ်သန့်က ဓား၏ဦးတည်ချက်ကို လျင်မြန်စွာပြောင်းလဲလိုက်သည်။

“သစ်ပင်သုံးပင်ဓားနည်းစနစ်မှာ သတ်ဖြတ်ခြင်းဓားကွက် နှစ်ခု ရှိတယ်။ တောအုပ်ရဲ့အထီးကျန်သစ်ပင်နဲ့ ပုံရိပ်မဲ့လေပြင်းပဲ။ မင်းက နှစ်ခုလုံးကို သိလား”

ဟန်မူယဲ့၏အသံက ထပ်မံထွက်ပေါ်လာပြန်သည်။

ရမ်ယွမ်ကောက ခေါင်းညိတ်သည်။

သူက ထိုနှစ်ကွက်လုံးကို သိသည်။

“အရှေ့ပင်လယ်ဓားနည်းစနစ်က အဆက်မမြတ်တိုက်ခိုက်မှုနဲ့ ဆင့်ကဲတိုးတက်လာတဲ့တိုက်ခိုက်နိုင်စွမ်းကြောင့် ကျော်ကြားတယ်”

“တာအိုရောင်းရင်းဝမ်သန့်ရဲ့ဓားက လုံလောက်အောင်လျင်မြန်ပေမဲ့ တည်ငြိမ်မှုမရှိဘူး။ သူတိုက်ခိုက်လိုက်တဲ့အချိန်မှာ ဓားသွားက ဘယ်ဘက်ကို နည်းနည်းစောင်းသွားတယ်”

“သူတိုက်ခိုက်လာတာကိုစောင့်ပြီး အထီးကျန်သစ်ပင်ဓားကွက်နဲ့ ခုခံလိုက်”

“သူက ထပ်ပြီးတိုက်ခိုက်လာရင် ပုံရိပ်မဲ့လေပြင်းကို ပြောင်းလိုက်”

“သူက အဲဒီဓားချက်ကို ခုခံနိုင်ရင် မင်းက ဂရုမစိုက်ဘဲ စိတ်ကြိုက်တိုက်ခိုက်လို့ရပြီ”

“မင်းက ဓားသုံးကွက်အတွင်းမှာ အနိုင်မရရင် အရှုံးပေးလိုက်တော့”

ဟန်မူယဲ့က လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး တည်ငြိမ်စွာပြောသည်။

“မင်းနားလည်လား”

ရမ်ယွမ်ကောက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အထီးကျန်သစ်ပင်ဓားကွက်၊ ပုံရိပ်မဲ့လေပြင်း၊ နောက်ထပ်တိုက်ခိုက်ပြီး မနိုင်ရင် အရှုံးပေးရမယ်”

သူတစ်ယောက်တည်း နားလည်သွားခြင်းမဟုတ်ပေ။

ဂိတ်ပေါက်တွင်ရှိသော ဂိုဏ်းတပည့်များအားလုံး နားလည်သည်။

သစ်ပင်သုံးပင်ဓားနည်းစနစ်ကို လေ့ကျင့်ထားသော တပည့်များက လက်မြှောက်ပြီး တိုက်ခိုက်ကြည့်နေကြသည်။

ဓားကွက်သုံးကွက်ပဲဖြစ်သည်။

ပထမဓားကွက်က သစ်ပင်တစ်ပင်ကဲ့သို့ တည်ငြိမ်သည်။ ဒုတိယဓားကွက်က လေပြင်းကဲသို့ လျင်မြန်သည်။ တတိယဓားကွက်ကို မသိနိုင်ပေ။

ဝမ်သန့်က လက်များလှုပ်ရှားနေသော တပည့်များကို မသိစိတ်အလျောက် ကြည့်မိသည်။

ထိုတပည့်များက လျင်မြန်စွာ လက်ပြန်ရုတ်သည်။

‘သုံးကွက်ပဲလား’

ဝမ်သန့်က အေးစက်နေသောမျက်နှာထားဖြင့် ရမ်ယွမ်ကောကို ကြည့်သည်။

ဓားကျင့်ကြံသူများ၏ ကျင့်ကြံခြင်းနှင့် အတွေ့အကြုံကို ယခုအချိန်တွင် ထုတ်ပြရမည်။

‘တိုက်ပွဲမတိုင်ခင်မှာ သူရဲ့လမ်းညွှန်ချက်က ငါ့ကို အနိုင်ယူသွားမှာလား’

‘သူက ငါ့ဓားတာအိုမှာရှိတဲ့ ချို့ယွင်းချက်တွေကို မြင်နိုင်ရင်လည်း ဘာဖြစ်လဲ။ အဲဒီချို့ယွင်းချက်တွေကို ငါ့ဓားနည်းစနစ်နဲ့ ဖြည့်စွက်ထားနိုင်တယ်’

‘ငါတို့ ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ ဓားအမွေအနှစ်က ဓားကွက်သုံးကွက်တောင် မခံနိုင်ဘူးလား’

‘အရှေ့ပင်လယ်ဂိုဏ်းတွေကို အထင်သေးလွန်းနေတာပဲ’

ဝမ်သန့်က မည်းမှောင်နေသောမျက်နှာထားနှင့်အတူ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုးချလိုက်သည်။

ထိုဓားချက်က လှုပ်ရှားနေသောရေငွေ့များကို ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားစေသည်။

အခြေခံအုတ်မြစ်တတိယအဆင့်တွင် ဝိညာဉ်စွမ်းအားနှင့်ဓားတာအိုကို ငါးတစ်ကောင်အဖြစ်စုစည်းခြင်းက အကန့်အသတ်ဖြစ်သည်။

သူက ငါးကို နဂါးအဖြစ်ပြောင်းလဲသွားစေချင်လျှင် ကမ္ဘာမြေသွေးကြောဖွင့်အဆင့် ကျွမ်းကျင်သူ၏စွမ်းအားကို လိုအပ်သည်။

ထိုဓားချက်က အားနည်းပုံပေါ်သော်လည်း နောက်ကွယ်တွင် ငါးနဂါးအက ဓားကွက်ရှိနေသည်။

ငါးက တစ်ဖက်လူ၏ခွန်အားကို ငှားယူ၍ ရေဆန်ကို တက်သွားပေမည်။

တစ်ဖက်လူက သန်မာလျှင် ငှားယူနိုင်သောခွန်အားကလည်း ပိုမိုသန်မာလိမ့်မည်။

ထိုသို့ဖြင့် ငှားယူလာသောခွန်အားကို အသုံးပြု၍ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်မည်။

အထီးကျန်သစ်ပင်ဓားကွက် တည်ငြိမ်ပြီး ငါးက ဆန့်ကျင်ဘက်လှုပ်ရှားမှုမျိုးဖြစ်သည်။

ဓားနည်းစနစ်နှင့် ဓားကွက်များသည် အသုံးမဝင်ခြင်းမဟုတ်ပေ။

ဝမ်သန့်က ပြုံးလိုက်ပြီး ဓားနှင့်ထိုးသည်။

ထိုဓားချက်သည် သူ့ရှေ့တွင်ရှိသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်ကို အနိုင်ယူရန် လုံလောက်သည်။

ထိုဓားချက်သည် မရေမတွက်နိုင်သောလူများကို ထိတ်လန့်သွားစေနိုင်သည်။

သူတို့အားလုံးသည် ဓားကျင့်ကြံသူများဖြစ်သောကြောင့် တိုက်ခိုက်လိုက်သောအခါတွင် မည်မျှသန်မာကြောင်း သိနေသည်။

အရှေ့ပင်လယ်ဓားကျင့်ကြံသူ၏ နည်းလမ်းများသည် ထိပ်တန်းအဆင့် ဖြစ်သည်။

ထိုဓားချက်ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်မည်မျှက ခုခံနိုင်မည်နည်း။

လူတိုင်းက ရမ်ယွမ်ကောကို ကြည့်သည်။

All Chapters