← Chapters

စီနီယာအစ်ကိုဟန်၊ ကျွန်တော့်ဓားချက်ကို ကြည့်ပါ (က)

Vol. 22 Ch. 302

စီနီယာအစ်ကိုဟန်၊ ကျွန်တော့်ဓားချက်ကို ကြည့်ပါ (က)

Vol. 22 Ch. 302

ထို့ပါ့ချန်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး တည်ငြိမ်နေသောဟန်မူယဲ့ကို ကြည့်သည်။

“ဘုန်း ....”

တိုးဝင်လာသောငါးကြင်းကို မြင်လိုက်ရသောအခါတွင် ရမ်ယွမ်ကောက တုံ့ဆိုင်းမနေခဲ့ပေ။ သူက ဟန်မူယဲ့၏လမ်းညွှန်ချက်အတိုင်း လက်ထဲရှိဓားအလင်းကို ကျယ်ပြန့်သောတောအုပ်အဖြစ် ပြောင်းလဲခဲ့သည်။

ထိုအချိန်တွင် ငါးကြင်းဓားအလင်းက တောအုပ်နှင့်ဝင်တိုက်ပြီး ရေစီးအတိုင်း ဆန်တက်လာသည်။

သူ့ပတ်ဝန်းကျင်တွင် လူများ၏မျက်နှာထား ပြောင်းလဲသွားသည်။

အရှေ့ပင်လယ်ဓားကျင့်ကြံသူက ပြုံးသည်။

ငါကြင်းက ရေဆန်မှာ တက်လာသည်။ သူသည် ဤတိုက်ပွဲကို အနိုင်ရလိမ့်မည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် မျက်နှာထားလေးနက်နေသည်။

သူတို့က အပြင်ဘက်မှ စောင့်ကြည့်နေသူများဖြစ်သောကြောင့် အရာအားလုံးကို ရှင်းလင်းစွာမြင်နိုင်သည်။

ရေငွေ့များကြောင့်ဖြစ်ပေါ်လာသော ငါးကြင်းဓားအလင်းက တောအုပ်၏စွမ်းအားကို ငှားယူ၍ ရေစီးအတိုင်းဆန်တက်လာပြီး ရမ်ယွမ်ကော၏ဓားကွက်ကို ဖိနှိပ်လိမ့်မည်။

ငါးကြင်က ရေစီးအတိုင်းဆန်တက်လာပြီး အဝေးသို့ရောက်လာသောအခါတွင် ခန္ဓာကိုယ်သည် ပိုမိုသန်မာလာ၏။ ပုံရိပ်ယောင်သဖွယ်ဖြစ်နေသောခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း သိပ်သည်းလာသည်။

ငါးကြင်းက အရေပြားကို တစ်လွှာပြီးတစ်လွှာ ခွာချခဲ့ပြီး နဂါးတစ်ကောင်သဖွယ် ကခုန်နေသည်။

‘ငါမစောင့်နိုင်တော့ဘူး’

ရမ်ယွမ်ကောက လေးနက်သောမျက်နှာထားဖြင့် အံတင်းတင်းကြိတ်သည်။ သူက အော်ဟစ်လိုက်ပြီး ပျံတက်လာသည်။

သစ်ပင်သုံးပင်ဓားနည်းစနစ်၊ ပုံရိပ်မဲ့လေးပြင်းဓားကွက်

ဓားအလင်းက တစ္ဆေတစ်ကောင်နှင့်တူပြီး ငါးကြင်းကို ဝင်တိုက်သည်။

ထိုဓားချက်ကို မြင်ရသောအခါတွင် ဝမ်သန့်က ပြုံးသည်။

သူနိုင်ခဲ့ပြီ။

ငါးကြင်းက အခြေအနေကို အခွင့်ကောင်းယူ၍ ဓားချီဆန္ဒကို စုစည်းခဲ့သည်။

‘ဒီအချိန်မှာ ငါးကြင်းကိုဖျက်ဆီးပြီး နဂါးကိုသတ်ဖို့ ကြိုးစားနေတာလား’

‘မဖြစ်နိုင်ဘူး’

သူက မည်သို့ပင်သန်မာပါစေ နဂါးကို မသတ်နိုင်ပေ။

ဝမ်သန့်တင်မကဘဲ ပတ်ဝန်းကျင်တွင်ရှိနေသောလူများကလည်း ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။

ဓားချက်က အချိန်ကိုက်မဖြစ်ပေ။

“ရွှပ် ....”

ဓားအလင်းက လေပြင်းတစ်ခုအဖြစ်ပြောင်းပြီး ငါးကြင်းကို ခုတ်ချသည်။

ငါကြင်းက နှစ်ပိုင်းပြတ်ပြီး ရေငွေ့များဖြစ်သွား၏။

ဝမ်သန့်က အံ့အားသင့်သွားသည်။

ရမ်ယွမ်ကောကလည်း နားမလည်နိုင်ပေ။ သူက လက်ကို အသာအယာဝှေ့ယမ်းလိုက်ရန် အချိန်အနည်းငယ်သာရခဲ့သည်။ ဓားအလင်းက အစိမ်းရောင်နွယ်ပင်အဖြစ်ပြောင်း၍ ဝမ်သန့်၏ရင်ဘတ်ကို ရိုက်ချလိုက်သော အဝတ်ပေါ်တွင် အပေါက်တစ်ခုပေါ်လာသည်။

ထိုဓားချက်ပြီးသွားသောအခါတွင် လူတိုင်းက နားမလည်နိုင်ဖြစ်နေသည်။

“ဘယ်လိုလုပ်ပြီး ....”

ဝမ်သန့်က ရင်ဘတ်တွင်ရှိသော စုတ်ပြဲသွားသည့်အဝတ်ကိုကြည့်ပြီး မယုံကြည်နိုင်စွာပြောသည်။

သူ့ဓားနည်းစနစ်သည် မည်သို့ပျက်စီးသွားရသနည်း။

တောင်ဂိတ်ဝ၏အပြင်ဘက်တွင် တပည့်များနှင့် အကြီးအကဲများသည် နားမလည်နိုင်ဖြစ်နေသည်။

အခွင့်မသာဖြစ်နေသော ရမ်ယွမ်ကောက ဓားချက်တစ်ချက်တည်းနှင့် မည်သို့အနိုင်ရခဲ့သနည်း။

အရှေ့ပင်လယ်ဓားသမားက မသန်မာသောကြောင့် ဖြစ်နိုင်သည်။

“စီနီယာအစ်ကိုဝမ်၊ အထီးကျန်သစ်ပင်ဓားကွက်ကနေ ခွန်အားချေးယူလို့မရဘူး”

ထိုအချိန်မှာ ယန်ရှောက်၏ဘေးတွင်ရပ်နေသော ရှုယင်းက ရုတ်တရက်ပြောသည်။

ဓားကွက်ထဲတွင် ချေးယူရန် ခွန်အားမရှိပေ။

ဝမ်သန့်သည် မျက်နှာတစ်ခုလုံးဖြူဖျော့ပြီး မျက်လုံးပြူးသွားသည်။

ထိုဓားကွက်သည် ခိုင်မာသော်လည်း ခွန်အားမရှိပေ။

သူက ပြိုင်ဘက်၏ခုခံမှုကို ဓားကွက်နှင့် တိုက်ရိုက်ချိုးဖောက်လိုက်လျှင် အနိုင်ရလိမ့်မည်။

သစ်ပင်တစ်ပင်သည် ခွန်အားမည်မျှရှိမည်နည်း။

သို့သော်လည်း သူက တစ်ဖက်လူ၏ခွန်အားကို ချေးယူပြီး ဓားကွက်ကို ချေဖျက်ချင်ခဲ့သည်။ ငါးကြင်းက နဂါးအဖြစ် ပြောင်းသွားပုံပေါ်သော်လည်း တစ်ဖက်လူ၏ ပုံရိပ်ယောင်ဆန်သောခွန်အားကိုသာ ချေးယူနိုင်ခဲ့ခြင်းဖြစ်သည်။

“ငါရှုံးသွားပြီ”

ဝမ်သန့်က ခွန်အားများအားလုံး ဆုံးရှုံးသွားပုံပေါ်ပြီး ညင်သာစွာသက်ပြင်းချသည်။

နားမလည်နိုင်ဖြစ်နေသေးသော ရမ်ယွမ်ကောက လက်သီးဆုပ်နှုတ်ဆက်လိုက်ပြီး နောက်ပြန်ဆုတ်သည်။

သူက အနိုင်ရသွားသောအကြောင်းအရင်းကို နားမလည်ပေ။

သို့သော်လည်း ထိုဓားကွက်နှစ်ခုကြားတွင် မဖော်ပြနိုင်လောက်သော ဓားနည်းစနစ်၏ထူးခြားမှုကို ခံစားရသည်။

“သစ်သားမျိုးဆက်ဓားနည်းစနစ်တွေက ရေမျိုးဆက်ကို ဖိနှိပ်နိုင်တယ်။ တခြားမျိုးဆက်တွေကို စမ်းကြည့်ရင်ရော ဘယ်လိုလဲ”

ဟန်မူယဲ့က ထပ်ပြောလိုက်သည်။

‘စမ်းကြည့်ရမယ်’

‘တကယ်လား’

ဝမ်သန့်က မော့ကြည့်သည်။

အနက်ရောင်မုတ်ဆိတ်များနှင့်လူအိုကြီးက မျက်မှောင်ကြုတ်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိတ်ပေါက်တွင်ရှိသော တပည့်များကိုကြည့်သည်။

ထိုလူများအားလုံးသည် သာမန်ဖြစ်သည်။

သူတို့က ပွင့်ပွင့်လင်းလင်းတိုက်ခိုက်လာလျှင် ဝမ်သန့်က သူတို့အားလုံးကို ဖိနှိပ်နိုင်လိမ့်မည်။

ဝမ်သန့်ကိုအနိုင်ရသွားသောအကြောင်းအရင်းသည် ဟန်မူယဲ့၏လမ်းညွှန်မှုနှင့် ကံကောင်းခြင်းကြောင့် ဖြစ်သည်။

သူသည် ဂိုဏ်းတပည့်များ၏ခွန်အားကို ကောင်းမွန်စွာသိထားသည်။

သူက ဝမ်သန့်ကိုလှည့်ကြည့်ပြီး တီးတိုးပြောသည်။

“ထပ်ပြီး တိုက်ခိုက်ရအောင်”

‘ထပ်ပြီး တိုက်ခိုက်ရမယ်’

ဝမ်သန့်က ခေါင်းညိတ်ပြီး အသက်ရှူသွင်းသည်။

သူက ရှေ့တက်လာသည်။

ဓားကျင့်ကြံသူတစ်ယောက်က မလွှမ်းမိုးနိုင်သောစိတ်ထားကို ပိုင်ဆိုင်ရမည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားဆန္ဒများ လှုပ်ရှားလာပြန်သည်။

အနိုင်နှင့်အရှုံးသည် အရေးမကြီးပေ။ ဓားကျင့်ကြံသူများအတွက် သေခြင်းရှင်ခြင်းပဲ ရှိသည်။

“သူ”

ဝမ်သန့်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အဖြူရောင်ဝတ်စုံနှင့်တပည့်ကို ညွှန်ပြသည်။

ထိုတပည့်က ခြေလှမ်းကျဲများနှင့်အတူ ရှေ့ထွက်လာပြီး ချီစွမ်းအားကို ထုတ်ပြသည်။ သူက အခြေခံအုတ်မြစ် အထွတ်အထိပ်အဆင့်သို့ ရောက်နေသည်။

ထိုတပည့်က လက်မြှောက်လိုက်ပြီး ပြောသည်။ “အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ချီထောင်က တာအိုရောင်းရင်းကို နှုတ်ဆက်ပါတယ်”

“ငါက မီးမျိုးဆက်ဓားနည်းစနစ်ကို လေ့ကျင့်တယ်”

ထိုသို့ဖြင့် သူက ဟန်မူယဲ့ဘက်သို့လှည့်ပြီး မေးသည်။

“စီနီယာအစ်ကိုဟန်၊ ကျွန်တော်က ရန်သူနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ”

ချီထောင်…

လင်ကြွယ်ဂိုဏ်းအကြီးအကဲ ချီထောက်ယွမ်၏သား

သူ့နှင့်ပတ်သတ်သော လေအမျိုးအစားဓားနည်းစနစ်က ထူးခြားသည်။ သူသည် မီးမျိုးဆက်စုယွမ်၏ တပည့်တစ်ယောက်ဖြစ်သည်။ သူက လေနှင့်မီးအား ပေါင်းစပ်ထားသော ဓားနည်းနစ်ကို လေ့ကျင့်သည်။

ချီထောင်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် နာမည်မကြီးပေ။

သူက ဂိုဏ်သားဖြစ်လာသည်မှာ မကြာသေးဘဲ အပြင်စည်းတပည့်ပဲ ဖြစ်နေသေးသည်။

ချီထောင်သည် နှိမ့်ချစွာနေထိုင်ပြီး ဓားစံအိမ်၏လူအနည်းငယ်ကိုသာ သိသည်။

ယခုအချိန်တွင် သူက နာခံမှုရှိစွာဖြင့် ဟန်မူယဲ့ဆီမှ အကြံတောင်းနေသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။

“အရင်ဆုံး တိုက်ခိုက်လိုက်ပါ။ တစ်ကွက်တည်းနဲ့မနိုင်ရင် အရှုံးပေးကြတာပေါ့’

‘တစ်ကွက်တည်းတိုက်ပြီး အရှုံးပေးရမှာလား’

ချီထောင်က ခေါင်းညိတ်ပြီး ကျယ်လောင်စွာပြောသည်။

“ဟုတ်ကဲ့ပါ”

သူက တစ်ဖက်သို့လှည့်ပြီး ဝမ်သန့်ကိုကြည့်သည်။

“တာအိုရောင်းရင်း၊ ငါတိုက်ခိုက်တော့မယ်”

ဓားချက်တစ်ချက်…

ဓားချက်ကို ခုခံနိုင်လျှင် တစ်ဖက်လူက အရှုံးပေးလိမ့်မည်။

တစ်နည်းအားဖြင့် ဓားအင်မော်တယ်၏အမြင်တွင် သူက ဓားချက်တစ်ချက်ပင် မခုခံနိုင်ပေ။

ဓားချက်သုံးချက်မှ တစ်ချက်အဖြစ် လျော့ကျသွားသည်။

သူက ဝမ်သန့်ကို ထိုသို့အထင်သေးသည်။

“ကောင်းတယ်”

ဝမ်သန့်က အော်ဟစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားအလင်းက ရေအလင်းအဖြစ်ပြောင်းသွားပြီး ဓားချီလှိုင်းများ စုစည်းလာသည်။

ဓားအလင်းနှင့်ရေအလင်းက ရောယှက်သွားပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ထောင်လွှားမှုကို ရောင်ပြန်ဟပ်နေသည်။

ရေမျိုးဆက်ဓားနည်းစနစ်များသည် ခုခံမှုနှင့် တိုက်ခိုက်မှုမှာ ကောင်းမွန်သည်။

ဓားအလင်းခုခံမှုက တည်ငြိမ်သွားသောအခါတွင် ချီထောင်က ခေါင်းညိတ်သည်။

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဓားချီများပေါက်ကွဲထွက်လာသည်။

တောင်ဂိတ်ဝတွင် မရေမတွက်နိုင်လောက်သောလူများက မျက်လုံးပြူးသွားသည်။

လေဝဲများပေါ်ထွက်လာပြီး မီးတောက်နေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အပြင်စည်းတိုက်ပွဲတွင် ချီထောင်က ဟန်မူယဲ့၏လမ်းညွှန်မှုကို လက်ခံရရှိခဲ့သည်။

သူက ဂိုဏ်းအတွင်းသို့ ဝင်လာသောအခါတွင် ဓားစံအိမ်သို့ အကြိမ်ပေါင်းများစွာလာခဲ့သည်။

မီးမျိုးဆက်၏စုယွမ်က မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ သူ့ကို ဂရုတစိုက် ပျိုးထောင်ခဲ့သည်။

ချီထောင်က လင်ကြွယ်ဂိုဏ်း၏ ပြန်လည်ရှင်သန်မှုတင်မကဘဲ အံ့ဖွယ်ကိုးပါးတောင်မှ မီးမျိုးဆက်၏မျှော်လင့်ချက်ကိုလည်း သယ်ဆောင်ထားသည်။

ယနေ့ဓားချက်သည် ချီထောင်ကိုသာ ကိုယ်စားပြုခြင်းမဟုတ်ပေ။ လင်ကြွယ်ဂိုဏ်းနှင့် မီးမျိုးဆက်ကိုလည်း ကိုယ်စားပြုသည်။

“ဘုန်း ....”

မီးနှင့်လေပြင်းက လေဆင်နှာမောင်းတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

ဓားဆန္ဒဖြစ်ပေါ်လာစေရန်အတွက် သူက လုံလောက်သောအရှိန်အဟုန်ကို စုစည်းနိုင်ခဲ့သည်။

ထို့ပါ့ချန်၏မျက်လုံးများက တောက်ပသွားသည်။

ထန်တောင်ကုန်းဓားဂိုဏ်းမှ လူအိုကြီး၏မျက်နှာထား ပြောင်းလဲသွားသည်။

ဟန်မူယဲ့က အသာအယာ ခေါင်းညိတ်သည်။

ဓားချက်က တိမ်နှင့်လေပြင်းများကြားသို့တိုးဝင်သွားပြီး လေထုထဲတွင် မီးတောက်များနှင့်ပြည့်နေစေသည်။

လေနှင့်မီးဓားချီက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

“ဘုန်း ....”

မီးနဂါးက ဝမ်သန့်၏ရေလှိုင်းအကာအကွယ်ကို လွယ်ကူစွာဖျက်ဆီးသွားသည်။ ထို့နောက် ဝမ်သန့်၏ပတ်ပတ်လည်တွင် ပျံသန်း၍ ရင်ဘတ်ရှိအဝတ်စကို စုတ်ဖြဲသွားသည်။ နောက်ဆုံးတွင် ကောင်းကင်ပေါ်သို့ထိုးတက်၍ ပျောက်ကွယ်သွားသည်။

ဓားရှည်ကိုကိုင်ထားသောဝမ်သန့်က တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက ကြောင်အစွာဖြင့် စုတ်ပြဲနေသော ရင်ဘတ်အဝတ်စကို ကြည့်သည်။

‘ရေက မီးကို ချုပ်နှောင်ထားသင့်တာမဟုတ်ဘူးလား’

ထိုအချိန်တွင် ခိုင်မာသော သူ့တာအိုနှလုံးသားသည် တုန်ခါလာသည်။

အရှေ့ပင်လယ်ဓားနည်းစနစ်သည် ပြိုင်ဘက်ကင်းသည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် အရှေ့ပင်လယ်ဓားကျင့်ကြံသူများသည် လေးစားခံရသည်။

သို့သော် သူသည် နှစ်ပွဲဆက်တိုက်ရှုံးခဲ့သည်။

‘အရှေ့ပင်လယ်ဓားနည်းစနစ်က လုံလောက်အောင် မကောင်းလို့လား။ ဒါမှမဟုတ် ငါက လုံလောက်အောင် မသန်မာလို့လား’

“ငါ့ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ချီထောင်က ဝမ်သန့်ကို လက်သီးဆုပ်နှုတ်ဆက်ပြီး ဟန်မူယဲ့ဘက်သို့လှည့်၍ ဦးညွှတ်သည်။

“ကျွန်တော်က စီနီယာအစ်ကိုဟန်ကို စိတ်မပျက်စေခဲ့ပါဘူး”

ထိုသို့ဖြင့် သူက နောက်ဆုတ်သွားသည်။

ထို့ပါ့ချန်က ချီထောင်ကိုကြည့်သည်။

ထိုကလေးကို ပျိုးထောင်ပေးနိုင်သည်။

တခြားလူများကလည်း ချီထောင်ကိုကြည့်နေသည်။

ချီထောင်၏ဓားချက်သည် အတွင်းစည်းတွင် အဆင့်ငါးဆယ်အတွင်းဝင်နိုင်သည်။

သူ့ကျင့်ကြံဆင့်က ကမ္ဘာမြေအဆင့်သို့ရောက်သွားပြီး တိုက်ခိုက်နိုင်စွမ်းတိုးလာလျှင် ထိပ်ဆုံးဆယ်ယောက်ထဲတွင် ရှိလိမ့်မည်။

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒီလိုလူငယ်ကျွမ်းကျင်သူကို ဘယ်တုန်းကမွေးထုတ်ပေးလိုက်တာလဲ’

သူတို့ဂိုဏ်းတွင် ဖုံးကွယ်နေသောပါရမီရှင်များနှင့် အမှန်တကယ်ပြည့်နှက်နေသည်။

ရုတ်တရက်ဆိုသလိုပဲ မရေမတွက်နိုင်သောခံစားချက်များ ပေါ်ထွက်လာသည်။

တောင်ဂိတ်ဝတွင် ဖိနှိပ်ခံထားရသော အငွေ့အသက်များက မသိလိုက်ဘဲ ပြန်လည်မြင့်တက်လာသည်။

‘သူက အရှေ့ပင်လယ်ဓားကျင့်ကြံသူဆိုရင်ရော ဘာဖြစ်လဲ’

‘ငါတို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ နက်နဲတဲ့အခြေခံရှိတယ်။ ဒါက မင်းကိုကျော်လွှားနိုင်တဲ့အရာမဟုတ်ဘူး’ သူတို့ တွေးသည်။

ထန်တောင်ကုန်းဓားဂိုဏ်း၏ အနက်ရောင်မုတ်ဆိတ်နှင့်လူအိုကြီးက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မမြင်နိုင်သောအငွေ့အသက်ကို ခံစားမိပြီး မျက်နှာထားလေးနက်သွားသည်။

ထိုအရာသည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ လက္ခဏာရပ်ဖြစ်သည်။

ထိုအငွေ့အသက်သည် ဂိုဏ်သားများဆီမှ စုစည်းလာသည်။

သူက နောက်လှည့်ကြည့်လိုက်သောအခါတွင် တွန့်ဆုတ်နေသော ထန်တောင်ကုန်းဓားဂိုဏ်း၏လက်ရွေးစင်များကို မြင်ရသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နှစ်တစ်သောင်းသမိုင်းကြောင်းရှိပြီး အခြေခံအုတ်မြစ်က နက်နဲတယ်”

ထိုအချိန်တွင် ရှုယင်းက ပြောသည်။

သူမက နောက်တွင်ရှိသော ထန်တောင်ကုန်းဓားဂိုဏ်း၏တပည့်များကိုကြည့်၍ ကျယ်လောင်စွာပြောသည်။

“ကျွန်မတို့ အရှေ့ပင်လယ်ဓားနည်းစနစ်က တိုက်ခိုက်နိုင်စွမ်းကောင်းတယ်”

All Chapters