အရှေ့ပင်လယ်စီးပွားရေး (က)
Vol. 22 Ch. 304
ယန်ရှောက်က ရှုယင်းကို အရှေ့ပင်လယ်အထိ ကာကွယ်ပေးနိုင်သောအကြောင်းအရင်းက သူ့တိုက်ခိုက်နိုင်စွမ်းကြောင့်မဟုတ်ဘဲ သူ့ယုံကြည်ချက်ကြောင့်ဖြစ်သည်။
သူပြောခဲ့သည့်အတိုင်း သူလျှောက်ခဲ့သောခြေလှမ်းတိုင်းသည် သူ့လမ်းစဉ်ဖြစ်သည်။
သူက ပြန်တွေးကြည့်လိုက်သောအခါတွင် အရာရာတိုင်းကို ရှင်းလင်းစွာမှတ်မိနေသည်။
ဓားအလင်းက ရှေ့တက်သွားပြီး ရေလှိုင်းက လှုပ်ရှားနေသည်။
ရေလှိုင်းများထဲတွင် လူသူကင်းမဲ့သောတောက်ကုန်းပေါ်၌ တစ်ညအိပ်ခြင်း၊ မိစ္ဆာသားရဲများ တိုက်ခိုက်ခြင်း၊ သူတို့နောက်သို့ ထပ်ကြပ်မကွာလိုက်လာသော ဆုကြေးလိုချင်သည့် တစ်ကိုယ်တော်ကျင့်ကြံသူများ၊ အသက်ရှင်ရန်အတွက် တိုက်ခိုက်နေသော တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာများ၊ အရှေ့ပင်လယ်၏ မြူဝေနေသော လှိုင်းလုံးများ၊ မိုင်တစ်သောင်းခရီးသွားခဲ့သော ဓားတစ်လက် ....
“စာအုပ်တစ်သောင်းဖတ်တာ၊ မိုင်တစ်သောင်းခရီးသွားတာ၊ ဓားတစ်သောင်းကျင့်ကြံတာ၊ တာအိုတစ်သောင်း နားလည်တာ”
“ဓားတစ်သောင်းတို့အိမ်အပြန် ဓားနည်းစနစ်က နည်းစနစ်တစ်သောင်းနဲ့ တာအိုတစ်သောင်းတို့ ပြန်လာခဲ့တာပဲ”
“အဆုံးသတ်မှာ လောကရဲ့အရာအားလုံးက တာအိုတစ်ခုပါပဲ”
ဟန်မူယဲ့က ညင်သာစွာပြောသည်။ သူ့အသံက ပဲ့တင်ထပ်သွားသည်။
လူတိုင်းက ယန်ရှောက်နှင့်အတူ ခရီးသွားနေသကဲ့သို့ လှိုင်းလုံးများပေါ်ရှိပုံရိပ်ကို ကြည့်နေသည်။ ဟန်မူယဲ့၏ရှင်းပြချက်ကို နားထောင်လိုက်သောအခါတွင် သူတို့၏နှလုံးသားထဲ၌ မရှင်းပြနိုင်သော ထူးခြားဆန်းကြယ်မှုတစ်ခု ပေါ်လာသည်။
မဟာတာအို၏ ရောင်းရင်းခရီးသည်များ…
သူတို့အားလုံးက ယန်ရှောက်နှင့်အတူ ခရီးသွားခဲ့သည်ဟု ခံစားလိုက်ရသည်။
တိုးဝင်လာသော လှိုင်းလုံးများကိုကြည့်လိုက်ပြီး ဝမ်သန့်၏လက်ထဲတွင်ရှိသောဓားက ပေါင်တစ်သန်းလေးနေသည်ဟု ခံစားရသည်။ သူက ဓားကို မမြှောက်နိုင်ပေ။
ယန်ရှောက်၏ဓားက အားကောင်းပြီး တာအိုဆန္ဒဖြင့် ပြည့်နေသည်။
ထိုအရာက ကောင်းကင်တာအို၏စွမ်းအားကိုအသုံးချပြီး တခြားလူကို ဖိနှိပ်ခြင်းဖြစ်သည်။
ဝမ်သန့်တင်မကဘဲ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများလည်း အကောင်းဆုံးကြိုးစားမှ ဖိအားကို ထိုးဖောက်နိုင်လိမ့်မည်။
ဝမ်သန့်၏ဘေးတွင်ရပ်နေသော အနက်ရောင်မုတ်ဆိတ်များနှင့်လူအိုကြီးက ညင်သာစွာသက်ပြင်းချသည်။ သူက ရှေ့တစ်လှမ်းတိုးပြီး ဝမ်သန့်၏ရှေ့တွင် ရပ်သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် အစိမ်းရောင်မြူခိုးများပေါ်လာသည်။
အစိမ်းရောင်မြူခိုးများက တည်ငြိမ်စွာရပ်နေသော တောင်တန်း၊ ကျွန်းနှင့် ကျောက်ဆောင်များအဖြစ် ပြောင်းလဲသွားသည်။
“ဘုန်း ....”
လှိုင်းလုံးများက အတားအဆီးကို ထပ်ကာတလဲလဲ ရိုက်ခတ်သည်။
ယန်ရှောက်၏မျက်နှာထားက ပြောင်းလဲမသွားဘဲ ဖြည်းဖြည်းချင်း လက်ကိုပြန်ရုတ်သည်။
သူတို့ အမှန်တကယ်တိုက်ခိုက်လျှင် အဆုံးမဲ့သောလှိုင်းလုံးများ ဖြစ်ပေါ်လာလိမ့်မည်။ နောက်ဆုံးတွင် ကျောက်ဆောင်များက ပြိုကွဲသွားရလိမ့်မည်။
ယခုအချိန်တွင် မလိုအပ်ပေ။
ဝမ်သန့်က ဓားမြှောက်ပြီး တားဆီးရန် မလုပ်နိုင်ခဲ့ပေ။ ယန်ရှောက် အနိုင်ရသွားသည်။
“ငါရှုံးသွားပြီ ....”
ဝမ်သန့်က ရှုပ်ထွေးသောမျက်နှာထားနှင့်အတူ ခေါင်းခါပြီး တီးတိုးပြောသည်။
ဓားတာအို၊ ဓားလမ်းစဉ်၏ ပါရမီရှင် ထန်တောင်ကုန်းဓားဂိုဏ်း၏ ခုနစ်ယောက်မြောက်အတွင်းစည်းတပည့်က မတိုက်ခိုက်နိုင်ဘဲ အရှုံးပေးလိုက်ရသည်။
လူတိုင်းက ယန်ရှောက်ကို ကြည့်နေသည်။
ထိုလူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သာမန်တပည့်တစ်ယောက် ဖြစ်ခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ထိုတိုက်ခိုက်နိုင်စွမ်းမျိုးကို ပိုင်ဆိုင်ထားသည်။
ထိုအရာများအားလုံးက သူ့ကိုယ်ပိုင်ရွေးချယ်မှု၊ ခါးသီးစွာကျင့်ကြံခြင်း၊ အခွင့်အရေးများနှင့် အင်မော်တယ်ဟန်၏လမ်းညွှန်မှုကြောင့် ဖြစ်လာရသည်။
သူ့မှာ ထိုအခွင့်အရေးမျိုးမရှိလျှင် ယနေကဲ့သို့ ဖြစ်မလာနိုင်ပေ။
မရေမတွက်နိုင်လောက်သော လူများက စိတ်အားထက်သန်လာပြီး မျက်လုံးများတောက်ပနေသည်။
ယန်ရှောက်က သာမန်တပည့်တစ်ယောက်အဖြစ်မှ ကြိုးစားကျင့်ကြံ၍ ကောင်းကင်ပေါ်သို့ရောက်သွားသော နမူနာတစ်ခုဖြစ်သည်။
သာမန်လူများကလည်း ထိုသို့ဖြစ်လာနိုင်သည်။
သိပ်မဝေးသောနေရာတွင်ရပ်နေသည့် ရှုယင်းက နှုတ်ခမ်းကိုက်ပြီး တစ်ဖက်သို့လှည့်၍ ကျယ်လောင်စွာပြောသည်။
“ကျွန်မ ရှုယင်းက ဒီနေ့ကစပြီး အနောက်ဘက်နယ်စပ်ကုန်းမြေကို ခြေမချတော့ဘူး။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ ရှုမိသားစုကြားမှာရှိတဲ့ ရန်ငြိုးကို ပယ်ဖျက်လိုက်ပြီ”
သူမက ထိုသို့ပြောလိုက်ပြီး မျက်ရည်များကျဆင်းလာသည်။
သူမက မိသားစုတစ်ခုလုံး အသတ်ခံရသောဖြစ်ရပ်ကို လွယ်ကူစွာကြေအေးမပေးချင်သော်လည်း သူမတတ်နိုင်သောအရာ မရှိပေ။
ထန်တောင်ကုန်းဓားဂိုဏ်းက အစွမ်းကုန်ကြိုးစားပေးခဲ့သည်။
သူမက ကိုယ့်နေရာကိုယ် မသိလျှင် အဆင့်အတန်းများ ဆုံးရှုံးသွားလိမ့်မည်။
ထန်တောင်ကုန်းဓားဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် ရောက်လာသည်။ ဂိုဏ်းကြီးတစ်ဂိုဏ်းကို ရန်စရန်အတွက် မိုင်ပေါင်းများစွာ ဖြတ်သန်းလာခြင်းမဟုတ်ပေ။
ထန်တောင်ကုန်းဓားဂိုဏ်းက ဂိုဏ်းအတွက် ပါရမီရှင်တပည့်တစ်ယောက်ကို စွန့်လွှတ်လိမ့်မည်။
ရှုယင်း၏စကားကို ကြားလိုက်ရသောအခါတွင် ယန်ရှောက်က အထင်ကြီးသွားပုံပေါ်သည်။ သူက ခေါင်းညိတ်ပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။ “စီနီယာအစ်ကိုဟန်၊ အရှေ့ပင်လယ်က ကျယ်ပြန့်ပြီး ဓားတာအိုက ထွန်းကားနေတယ်လို့ ဆရာမော့က ပြောခိုင်းလိုက်ပါတယ်”
“အစ်ကိုဟန်က အရှေ့ပင်လယ်ကိုစိုးမိုးဖို့ သူစောင့်နေပါတယ်”
အရှေ့ပင်လယ်ကို စိုးမိုးခြင်း…
မော့ယွမ်၏နှလုံးသားထဲတွင် ဟန်မူယဲ့မှာ ထိုစွမ်းရည်မျိုးရှိသည်။
ထန်တောင်ကုန်းဓာဂိုဏ်း၏ တပည့်များက ရှုပ်ထွေးနေသောမျက်နှာထားများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
ယနေ့တွင် ဟန်မူယဲ့က မတိုက်ခိုက်ခဲ့ပေ။
သို့သော်လည်း လမ်းညွှန်ချက်တချို့နှင့်အတူ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်ကို အနိုင်ရသွားအောင် လုပ်ပေးနိုင်သည်။
သူက ဓားအင်မော်တယ်နာမည်နှင့် ထိုက်တန်သည်။
‘ဒီလိုလူမျိုးက ဆရာမော့ယွမ်ပြောသလိုမျိုး အရှေ့ပင်လယ်ကို စိုးမိုးနိုင်မှာလား’
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“ကောင်းပြီ။ ငါလာခဲ့မယ်”
သူသွားလိမ့်မည်။
အရှေ့ပင်လယ်သို့ ဟန်မူယဲ့ရောက်သွားလျှင် မည်သို့ဖြစ်နေမည်နည်း။
ရုတ်တရက်ဆိုသလိုပဲ ဂိတ်ပေါက်ရှိလူများက မျှော်လင့်နေပုံပေါ်သည်။
သူတို့က အရှေ့ပင်လယ်အား စိုးမိုးမည့် ဟန်မူယဲ့ကို မျှော်လင့်နေသည်။
ဟန်မူယဲ့က ထန်တောင်ကုန်းဓားဂိုဏ်း၏ အနက်ရောင်မုတ်ဆိတ်များနှင့် လူအိုကြီးကို လှည့်ကြည့်သည်။
“အကြီးအကဲ၊ ကျွန်တော့်ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ထန်တောင်ကုန်းဓားဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်မီရဲ့လား”
စမ်းသပ်မှုပြီးသောအခါတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အခြေခံအုတ်မြစ်နှင့် အမွေအနှစ် ခိုင်မာမှုရှိကြောင်း ထုတ်ပြနိုင်ခဲ့သည်။
အလုပ်ကိစ္စကို ဆွေးနွေးရန်အချိန်ဖြစ်သည်။
အနက်ရောင်မုတ်ဆိတ်နှင့်လူအိုကြီးက ခေါင်းညိတ်ပြီး တီးတိုးပြောသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အမွေအနှစ်ဓားနည်းစနစ်တွေက တကယ်ထူးခြားတာပဲ။ ဂိုဏ်းတပည့်တွေကလည်း ပါရမီနဲ့ နားလည်နိုင်စွမ်းကောင်းတယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားတာအိုဂိုဏ်းကြီးတစ်ဂိုဏ်းလည်း ဖြစ်တယ်။ ထန်တောင်ကုန်းဓားဂိုဏ်းနဲ့ ပူးပေါင်းဖို့အတွက် အဆင့်မီပါတယ်”
သူမြင်ခဲ့သောအရာများအရ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် အလွန်ထူးခြားသည်။
ဟန်မူယဲ့၏လမ်းညွှန်မှုမရှိလျှင်တောင် ထိုတပည့်များသည် စွမ်းရည်ရှိသည်။
ထိုဂိုဏ်းမျိုးက ထန်တောင်ကုန်းဓားဂိုဏ်းနှင့် ပူးပေါင်းနိုင်သည်။
“အကြီးအကဲ၊ ကျွန်တော့်တို့ရဲ့ပူးပေါင်းမှုကို ခဏလောက်ဘေးဖယ်ထားရအောင်”
“အစပိုင်းမှာ အကြီးအကဲက ဓားတာအိုကိုအသုံးပြုပြီး ကျွန်တော်တို့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဖိနှိပ်ခဲ့တယ်။ ဓားအမှတ်အသားတစ်ခုကြောင့် ဂိုဏ်းရဲ့ကျွမ်းကျင်သူတွေက မတိုက်ခိုက်နိုင်ခဲ့ဘူး”
“အကြီးအကဲက အဲဒီအတွက် ဖြေရှင်းချက်ပေးသင့်တယ်မဟုတ်လား”
ဟန်မူယဲ့၏အသံက လေးနက်နေသည်။
ယန်ရှောက်၏အနိုင်ပွဲကြောင့် အံ့အားသင့်နေသောတပည့်များက ကြောင်အသွားသည်။
အင်မော်တယ်ဟန်က အရှုံးမပေးဘဲ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူထံမှ ဖြေရှင်းချက်ကို လိုချင်နေသည်။
မည်သို့ ဖြေရှင်းမည်နည်း။
ကျင့်ကြံခြင်းလောကတွင် ခွန်အားသည် အရာရာဖြစ်သည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ထိပ်တန်းအဆင့်ပုဂ္ဂိုလ်များဖြစ်သည်။
သူတို့က တခြားလူများကို ဖြေရှင်းချက်ပေးရန်မလိုပေ။
အနက်ရောက်မုတ်ဆိတ်နှင့်လူအိုကြီးက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။
“ငါက ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ ယဲ့စန်းဟယ်ပဲ။ ဓားတာအိုကို နှစ်ပေါင်းရှစ်ရာကြာအောင် ကျင့်ကြံခဲ့ပြီး ဝိညာဉ်သူငယ် ဒုတိယအဆင့်ကို ရောက်နေပြီ”
“ငါ့ဓားနည်းစနစ်က အရှေ့ပင်လယ်မှာ ထိတ်လန့်စရာကောင်းတယ်”
“ငါက ဓားတာအိုစွမ်းအားကိုအသုံးပြုပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ရောင်းရင်းကျင့်ကြံသူတွေကို ဖိနှိပ်ခဲ့တယ်”
ယဲ့စန်းဟယ်က ဟန်မူယဲ့၊ ထို့ပါ့ချန်နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တခြားလူများကို ကြည့်သည်။
“ငါ့ကို ခြေလှမ်းတစ်ဝက် နောက်ဆုတ်သွားအောင်လုပ်နိုင်ရင် ငါက ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ကိုယ်စား မင်းကို တောင်းပန်မယ်”
ဓားတစ်ချက်၊ ခြေလှမ်းတစ်ဝက်…
ယဲ့စွန်းဟယ်၏ခန္ဓာကိုယ်ပေါ်တွင် တိမ်နှင့်ဓားအလင်းက ပေတစ်ထောင်ရှိသော ရစ်ခွေနေသည့်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲလာသည်။
ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အကာအကွယ်အစီအရင်ကို ရိုက်ခတ်လာပြီး အချိန်မရွေး ပျက်စီးသွားတော့မည်ကဲ့သို့ တုန်ခါနေစေသည်။
ကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူ…
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို ဓားတစ်ချက်နှင့် ခြေလှမ်းတစ်ဝက်နောက်ဆုတ်သွားနိုင်အောင် လုပ်နိုင်မည်လူက မည်သူဖြစ်မည်နည်း။
တပည့်များက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး မသိစိတ်အလျောက် ထို့ပါ့ချန်ကို လှည့်ကြည့်မိသည်။
ထိုလူကပဲ ကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူကို ခြေလှမ်းတစ်ဝက်နောက်ဆုတ်သွားအောင် လုပ်နိုင်လိမ့်မည်။
ထို့ပါ့ချန်က တည်ငြိမ်နေသောဟန်မူယဲ့ကို တစ်ချက်ကြည့်ပြီး ရှေ့တက်လာသည်။
“ထို့ပါ့ချန်က အကြီးအကဲယဲ့ရဲ့ လမ်းညွှန်မှုကို တောင်းဆိုပါတယ်”
ထို့ပါ့ချန်က လက်သီးဆုပ်၍ နှုတ်ဆက်သည်။ သူ့နောက်တွင် ကျားဖြူစာလိပ်ပေါ်လာသည်။
ကျားဖြူများ စုစည်းလာပြီး သူ့နောက်သို့ လိုက်လာသည်။
ကျားဖြူဆယ်ကောင်…
အကောင်တစ်ရာ…
ကျားဖြူများက ရှေးဟောင်းအစွယ်ရှည်ကျားတစ်ကောင်အဖြစ် စုစည်းသွားသည်။ အစွယ်ရှည်ကျားသည် ပေတစ်ထောင်မြင့်ပြီး အေးစက်သောသွားစွယ်များကို ပိုင်ဆိုင်ထားသည်။ ကျား၏ဟိန်းဟောက်သံကြောင့် လောကတစ်ခုလုံး တုန်ခါသွားသည်။
ယဲ့စွန်းဟယ်၏မျက်နှာထားသည် လေးနက်နေသည်။ ဓားအလင်းမှဖြစ်ပေါ်လာသော မိုးပြာရောင်နဂါးကလည်း ဟိန်းဟောက်လိုက်သည်။
နဂါးဟိန်းသံနှင့် ကျားဟိန်းသံများသည် တောင်နှင့်မြစ်များကို တုန်ခါသွားစေသည်။
ဟန်မူယဲ့က ထို့ပါ့ချန်ကို ကြည့်သည်။
ထို့ပါ့ချန်သည် အလွန်သန်မာကြောင်း သူသိထားသည်။
ထို့ပါ့ချန်ကို မြင်လိုက်ရသောအချိန်တိုင်းမှာ ပိုမိုသန်မာလာသောခံစားချက်ကို ပေးနေသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အနာဂတ်ဂိုဏ်းချူပ်က မည်မျှသန်မာကြောင်း သူမြင်ချင်သည်။
သူက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို ခြေလှမ်းတစ်ဝက်နောက်ဆုတ်သွားအောင် လုပ်နိုင်မည်လား။
ယနေ့တွင် ထို့ပါ့ချန်က ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ခြေလှမ်းတစ်ဝက်နောက်ဆုတ်သွားသည်အထိ တွန်းအားပေးနိုင်လျှင် ဂိုဏ်းတပည့်များ၏စည်းလုံးမှုက တိုးတက်လာလိမ့်မည်။ ထို့အပြင် ဓားစံအိမ်ကို ဓားတာအို၏ မြင့်မြတ်နယ်မြေအဖြစ် တည်ဆောက်မည့် ဟန်မူယဲ့၏အကြံကလည်း ရှေ့တစ်လှမ်းတိုးလာလိမ့်မည်။
ထိုအရာက ဟန်မူယဲ့၏ ရည်မှန်းချက်ဖြစ်သည်။
ထိုရည်မှန်းချက်ကို အောင်မြင်နိုင်ရန်အတွက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဓားကျင့်ကြံသူများအားလုံးကို ဖိနှိပ်နိုင်ရမည်။
“ဝေါင်း ....”
ရှေးခေတ်အစွယ်ရှည်ကျားက ဟိန်းဟောက်လိုက်ပြီး တစ်ဟုန်ထိုးပြေးဝင်သွားသည်။
ထိုအချိန်တွင် အံ့ဖွယ်ကိုးပါးတောင်၏ အစီအရင်စွမ်းအားများက ပြိုကျသွားပြီး ရွှေရောင်သံချပ်ကာတစ်ခုအဖြစ်ပြောင်း၍ အစွယ်ရှည်ကျား၏ကိုယ်ပေါ်တွင် စုစည်းလာသည်။
သံချပ်ကာဝတ်စုံနှင့်အစွယ်ရှည်ကျားက မိုးပြာရောင်နဂါးနှင့် ဝင်တိုက်သည်။
“ဘမ်း ....”
မိုးပြာရောင်နဂါးက ဝမ်းနည်းစွာအော်ဟစ်လိုက်ပြီး တိမ်တိုက်များအဖြစ် ပြောင်းသွားသည်။ တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်း၍ လောကတစ်ခုလုံးကို ဖုံးအုပ်ထားသည်။
ရွှေရောင်အစွယ်ရှည်ကျားကလည်း ပျောက်ကွယ်သွားပြီး အဆုံးမရှိသော သွေးချီများ ပေါ်ထွက်လာသည်။
တောင်ဂိတ်ပေါက်၏အပြင်ဘက်တွင်ရှိသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များက မနေနိုင်တော့ဘဲ ပေတစ်သောင်းအကွာအဝေးသို့ နောက်ဆုတ်သွားကြသည်။
လူတိုင်းက မျက်လုံးများဖွင့်ကြည့်လိုက်သောအခါတွင် ဟန်မူယဲ့နှင့်ထို့ပါ့ချန်ကို မမြင်ရတော့ပေ။
အရှေ့ပင်လယ်မှ ထန်တောင်ကုန်းဓားဂိုဏ်း၏ တပည့်ရှစ်ယောက်လည်း မရှိတော့ပေ။
“အကြီးအကဲထို့ပါ့ချန်က နိုင်သွားတာလား ရှုံးသွားတာလား” တပည့်တစ်ယောက်က ဗလာဖြစ်နေသော တောင်ဂိတ်ဝရှေ့သို့ကြည့်၍ ပြောသည်။