အရှေ့ပင်လယ်စီးပွားရေး (ခ)
Vol. 22 Ch. 305
သူ့ဘေးတွင် တပည့်တစ်ယောက်က ပတ်ဝန်းကျင်ကိုလှည့်ကြည့်၍ ခေါင်းခါသည်။
“အနိုင်အရှုံးက အရေးကြီးလို့လား။ ထန်တောင်ကုန်းဓားဂိုဏ်းက မဟာမိတ်ဖွဲ့ချင်တဲ့အတွက် ရောက်လာတာလေ”
‘အရေးကြီးလား’
‘အရေးမကြီးဘူးလား’
တပည့်တစ်ယောက်က တောက်ပနေသောမျက်လုံးများနှင့်အတူ ခေါင်းညိတ်သည်။
တပည့်တစ်ယောက်က နားမလည်နိုင်ဘဲ ခေါင်းခါသည်။
....
ဓားစံအိမ်ရှေ့တွင် ဟန်မူယဲ့က ဓားရှည်တစ်ချောင်းကို ကိုင်ထားသည်။
“ဒါက အကြီးအကဲရှုဟောင်ရှန့်ရဲ့ဓားပဲ”
ကျောက်လှေကား၏အောက်တွင် ရှုယင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ဝမ်းနည်းနေပုံပေါ်သည်။
“အစ်ကိုဟန်၊ စိတ်မပူပါနဲ့။ ကျွန်မက ဓားနဲ့အတူ အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ထွက်သွားပြီး ဘယ်တော့မှပြန်လာမှာမဟုတ်ပါဘူး”
ယနေ့တိုက်ပွဲ ပြီးဆုံးသွားသောအခါတွင် ထန်တောင်ကုန်းဓားဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ပူးပေါင်းလိမ့်မည်။
သူမက ထန်တောင်ကုန်းဓားဂိုဏ်းတွင် ငြိမ်းချမ်းစွာကျင့်ကြံနိုင်ပြီး သူမကို ထိခိုက်အောင်လုပ်မည့်လူ မရှိနိုင်ပေ။
အကယ်၍ သူမက ရန်ငြိုးများဆက်ရှိနေလျှင် ဂိုဏ်း၏အကျိုးအတွက် သူမကို စွန့်ပစ်လိမ့်မည်။
သို့သော်လည်း တစ်နေ့တွင် သူမ၏ကျင့်ကြံခြင်းက ဂိုဏ်းတစ်ခုလုံးကို ထိန်းချုပ်နိုင်သည်အထိ မြင့်မားလာလျှင် အရာအားလုံး ကွာခြားသွားလိမ့်မည်။
သို့သော် ဟန်မူယဲ့က ထိုအကြောင်းကို ဂရုမစိုက်ပေ။
သူမက ထိုသို့ဖြစ်လာလျှင်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဓားစံအိမ်က ဓားတာအို၊ ဓားလမ်းစဉ်၏ တော်ဝင်နယ်မြေအဖြစ် အချိန်ကြာမြင့်စွာ တည်ရှိနေလိမ့်မည်။
ဟန်မူယဲ့က ယန်ရှောက်ကိုလှည့်ကြည့်ပြီး ညင်သာစွာမေးသည်။
“မင်းကရော ဘယ်လိုလဲ”
သူက အံ့ဖွယ်ကိုးပါးတောင်တွင် နေခဲ့မည်လား သို့မဟုတ် အရှေ့ပင်လယ်သို့ ပြန်သွားမည်လား။
ယန်ရှောက်က ခေါင်းခါသည်။ “ကျွန်တော်က ဆရာမော့ရဲ့ နာမည်ခံတပည့်ဖြစ်နေပြီ။ အရှေ့ပင်လယ်ကိုပဲ ပြန်သွားပါတော့မယ်”
အရှေ့ပင်လယ်ကိုသွားခြင်းသည် ကောင်းမွန်သည်။
ထို့နောက် ဟန်မူယဲ့က မော့ယွမ်နှင့်ပတ်သတ်၍ မေးခဲ့သည်။ ယန်ရှောက်က အရာအားလုံးကို ပြောပြခဲ့သည်။
ဓားတာအို၏ ထူးခြားဆန်းကြယ်မှုများကို ရှာဖွေရန်အတွက် မော့ယွမ်က အရှေ့ပင်လယ်ကို ဓားတစ်လက်ဖြင့် စိန်ခေါ်ခဲ့သည်။
ဓားတစ်သောင်းတို့အိမ်အပြန် ဓားနည်းစနစ်ကို သူကိုယ်တိုင်ကပဲ ထိန်းချုပ်နိုင်သည်။
မော့ယွမ်က ဘာကိုမှ ဖုံးကွယ်မထားပေ။ သူက ပြိုင်ဘက်ကို အနိုင်ယူပြီးသွားသောအခါတွင် လမ်းညွှန်မှုများပေးပြီး ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်၏ အမှန်တရားကို ပြောပြလိမ့်မည်။
မော့ယွမ်၏နာမည်က အရှေ့ပင်လယ်တွင် ကျော်ကြားလာသည်။
နောက်ပိုင်းတွင် ထန်တောင်ကုန်းဓားဂိုဏ်း၏ ဧည့်သည်အကြီးအကဲအဖြစ် ကမ်းလှမ်းခံခဲ့ရသည်။
သို့သော်လည်း သူက နာမည်ခံတပည့်များကိုသာ လက်ခံပြီး တပည့်ရင်းများကို လက်မခံပေ။
သူ့ပြောစကားအရ သူ့မှာ တပည့်တစ်ယောက်ပဲရှိသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဟန်မူယဲ့ဖြစ်သည်။
“အစ်ကိုဟန်၊ အရှေ့ပင်လယ်ဓားတာအိုရဲ့ လူငယ်တွေအားလုံးက အစ်ကိုဟန်ရဲ့နာမည်ကို သိကြတယ်။ သူတို့က အစ်ကိုဟန်ကိုတိုက်ခိုက်ဖို့အတွက် မျှော်လင့်နေကြတယ်”
ယန်ရှောက်က ဟန်မူယဲ့ကိုကြည့်ပြီး ပြုံးသည်။
ထိုစကားများကြောင့် ဟန်မူယဲ့က ပြုံးမိသည်။
“စိတ်မပူပါနဲ့။ အခွင့်အရေးရှိရင် ငါက အရှေ့ပင်လယ်ကို ရောက်လာမှာပါ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
ရှုယင်းက သူ့ကို မော့ကြည့်သည်။
အရှေ့ပင်လယ်၏စိန်ခေါ်သူများသည် လူတန်းရှည်ကြီးဖြစ်နေလိမ့်မည်။
“ယန်ရှောက်၊ မင်းက ကျင်းမိသားစု ကုန်သွယ်ရေးအဖွဲ့အစည်းကို ကြားဖူးလား”
ဟန်မူယဲ့က ရုတ်တရက်မေးသည်။
“ရွှေနဂါးကုန်သွယ်ရေးအဖွဲ့အစည်းလား”
ယန်ရှောက်က ခေါင်းညိတ်သည်။
“သူတို့က အရှေ့ပင်လယ်မှာ အသန်မာဆုံးကုန်သွယ်ရေးအဖွဲ့အစည်းပဲ။ လူသားတွေနဲ့ မိစ္ဆာတွေကြားမှာ အရောင်းအဝယ်အမျိုးမျိုးရှိတယ်”
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ သာမန်ကျင်းမိသားစုက အရှေ့ပင်လယ်တွင် အလွန်အားကောင်းနေလိမ့်မည်ဟု ဟန်မူယဲ့ထင်မထားခဲ့ပေ။
“ရွှေနဂါးကုန်သွယ်ရေးအဖွဲ့အစည်းက မိစ္ဆာရေနဂါးမျိုးနွယ်ရဲ့ထောက်ပံ့မှုကို ရထားတယ်လို့ ပြောတယ်”
ယန်ရှောက် ဟန်မူယဲ့ကိုကြည့်ပြီး တီးတိုးပြောသည်။
“အစ်ကိုဟန်၊ အဲဒီအဖွဲ့အစည်းက အစ်ကိုဟန်ကို ရန်စခဲ့လို့လား”
ရွှေနဂါးကုန်သွယ်ရေးအဖွဲ့အစည်းက အရှေ့ပင်လယ်တွင် အားကောင်းနေလျှင်တောင် ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုသာဖြစ်သည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးများနှင့် မယှဉ်နိုင်ပေ။
“အဲလိုမဟုတ်ပါဘူး။ ငါက သူတို့ရဲ့စီးပွားရေးအကြောင်းကို သိချင်ရုံပါပဲ”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး ယန်ရှောက်ကို ကြည့်သည်။
“ဒါနဲ့ ငါ့ကိုကူညီပြီး ဆရာမော့ကို ဆက်သွယ်ပေးပါ။ ငါက ဒီမှာ စီးပွားရေးတချို့လုပ်ထားတယ်။ အရှေ့ပင်လယ်နဲ့လည်း ဆက်သွယ်ချင်တယ်”
သူက လက်မြှောက်လိုက်သောအခါတွင် ကျောက်စိမ်းပုလင်းတချို့နှင့် ဓားနှစ်လက်ပေါ်လာသည်။
ဆေးလုံးများသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အင်မော်တယ်အဆင့်ဆေးလုံးများဖြစ်သည်။
ဓားသည် မူလမီးတောက်နန်းတော်၏ စံသတ်မှတ်ချက်နှင့်ကိုက်ညီသော ဝိညာဉ်တစ်ဝက်အဆင့်ဓားများဖြစ်သည်။
ထိုပစ္စည်းနှစ်မျိုးလုံးသည် ကောင်းမွန်ပြီး အဖိုးတန်သည်။
ဓားနှင့်ဆေးလုံးများကို လက်ခံပြီးသောအခါတွင် ယန်ရှောက်က အံ့အားသင့်သွားသည်။
“အစ်ကိုဟန်၊ စိတ်မပူပါနဲ့။ ကျွန်တော်က ဒီကိစ္စကို သေချာပေါက်လုပ်ဆောင်ပေးပါ့မယ်”
....
ယဲ့စွန်းဟယ်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ခန်းမတွင် နေ့တစ်ဝက်နေသွားပြီး ဝမ့်သန့်၊ ယန်ရှောက်နှင့် တခြားသူများကိုခေါ်ဆောင်၍ အရှေ့ပင်လယ်သို့ ပြန်သွားသည်။
သူက ထို့ပါ့ချန်၊ ဂိုဏ်းချူပ်ကျင်းကျီတို့နှင့် မည်သည့်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း တခြားလူများ မသိနိုင်ပေ။ ဟန်မူယဲ့ကလည်း မမေးချင်ပေ။
ယန်ရှောက်၊ ရှုယင်းနှင့် တခြားလူများ ပြန်သွားသောအခါတွင် ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံလိုက်သည်။
သူ့မှာ ဆေးလုံးနှင့် ဝိညာဉ်ကျောက်တုံးများ လုံလောက်စွာရှိသည်။ ကျင့်ကြံရန်အတွက် အချိန်ကောင်းဖြစ်သည်။
သူက ကျင့်ကြံခြင်းအုတ်မြတ်ကို ကြံ့ခိုင်လာစေရန်အတွက် နေ့တိုင်းကျင့်ကြံနေခဲ့သည်။
သူက နောက်တစ်လအကြာတွင် ကျင့်ကြံရာမှ ပြန်ထွက်လာခဲ့သည်။
ဇွန်လခြောက်ရက်နေ့တွင် ဓားများကို ခြောက်သွေ့အောင် လုပ်ရမည်။
ယခင်က ဓားစံအိမ်ကို အကြီးအကဲကောင်းချန်ကုန်း တာဝန်ယူခဲ့သည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ဦးစီးပြီး ကျန်းမင်နှင့်လျှိုဟုန်က ဓားများကို အောက်ထပ်သို့သယ်လာသည်။
ယန်မင်ရွှမ်သည် မူလမီးတောက်ကမ္ဘာသို့ ရောက်သွားခဲ့သည်။
ဓားစံအိမ်ရဲ့ အမွေအနှစ်စည်းမျဉ်းအရ ဇွန်လခြောက်ရက်နေ့မှာ ဓားတွေကို အခြောက်ခံရမယ်”
“ဓားစံအိမ်ကို ပိတ်လိုက်တော့ ....”
ဟန်မူယဲ့ပြောလိုက်သောအခါ ဓားစံအိမ်၏အပြင်ဘက်တွင် ရပ်နေသော လင်းှရန်က လက်မြှောက်ပြီး ဓားစံအိမ်တံခါးကို ပိတ်ခဲ့သည်။ ထို့နောက် သူက လက်ပိုက်၍ တိတ်ဆိတ်စွာရှိနေသည်။
လေ့ကျင့်ရေးမှူးလင်းက နာမည်ကြီးနေသည်။
သူက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ၏ဓားလှိုင်းတစ်ခုကို ဖျက်ဆီးနိုင်ခဲ့သောကြောင့် အဆင့်မြင့် ရွှေအမြုတေကျွမ်းကျင်သူတစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
ကျောက်ဖူက မကြာခဏရောက်လာပြီး ကျောက်တုံးသုံးတုံးစံအိမ်သို့ ပြန်လာရန် သူ့ကို ဆွဲဆောင်ခဲ့သည်။
သို့သော် သူက ငြင်းဆန်ခဲ့သည်။ သူက ဓားစံအိမ်တွင်ရှိနေမှ အခွင့်အရေးရနိုင်မည်။
သူက ဓားစံအိမ်တွင်ရှိနေမှ ဟန်မူယဲ့၏လမ်းညွှန်မှုကို ရနိုင်မည်။
ဟန်မူယဲ့က သူ့ကျင့်ကြံခြင်းပါရမီကို ပြောင်းလဲနိုင်ရန်အတွက် ဆေးလုံးနှင့် ကျောက်စိမ်းအရိုးများပေးခဲ့သည်။
လင်းရှန်သည် တစ်သက်လုံး ဓားစံအိမ်မှ ခွာမည်မဟုတ်ပေ။
“ဟမ် ....”
ဓားစံအိမ်၏ဝင်္ကပါက အသက်ဝင်လာသည်။
ဓားစံအိမ်၏ပထမထပ်နှင့် ဒုတိယထပ်တွင် ပြတင်းတံခါးများတွန်းဖွင့်လိုက်သည်။
ဓားချီများပေါ်ထွက်လာပြီး ကောင်းကင်နှင့်ဝင်တိုက်သွားသောကြောင့် တိမ်တိုက်များ လည်ပတ်သွားသည်။
ဓားအလင်းနှင့် သဘာဝစွမ်းအင်များက သွယ်ယှက်သွားပြီး လောကတစ်ခုလုံး အလင်းတန်းများဖြင့် ပြည့်နေသည်။
ဇွန်လခြောက်ရင်နေ့တွင် ဓားများက နေပူဆာလှုံရသည်။ ထိုဖြစ်ရပ်က အချိန်တိုင်း စိတ်လှုပ်ရှားဖွယ်ကောင်းသည်။
ဟန်မူယဲ့က ဓားစံအိမ်၏ဒုတိယထပ်တွင် ရပ်နေပြီး လက်မြှောက်သည်။ ထို့နောက် သစ်သားစင်များကို ပြတင်းပေါက်ဆီသို့ ညင်သာစွာတွန်းပို့သည်။
ထိုအချိန်တွင် သူ့စိတ်က ဓားစံအိမ်တစ်ခုလုံးနှင့် ချိတ်ဆက်နေသည်။
ဓားစံအိမ်၏မြေအောက်တွင်ရှိသော တိတ်ဆိတ်သည့်အခန်း၊ ပထမထပ်နှင့် ဒုတိယထပ်တွင်ရှိသော ဓားများ၊ သူတို့အားလုံးသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။
လေဟာနယ်စွမ်းအား…
ဟန်မူယဲ့၏မျက်နှာထားက ထူးဆန်းသွားသည်။
ဓားစံအိမ်၏အစီအရင်စွမ်းအားသည် မြေအောက်တွင်ဖိနှိပ်ထားသော အာကာသလမ်းကြောင်းမှ ဖြစ်ပေါ်လာကြောင်း သူတို့ သတိမထားမိခဲ့ပေ။
ဓားစံအိမ်က အံ့ဖွယ်ကိုးပါးတောင်၏အပြင်ဘက် အာကာသလမ်းကြောင်းထဲတွင် ရှိနေသည်။
ချိတ်ဆက်နေသောအရာအားလုံးသည် အာကာသစွမ်းအားကြောင့်ဖြစ်သည်။
ဓားစံအိမ်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် တည်ရှိနေခြင်းမဟုတ်ပေ။
ဓားစံအိမ်တွင် ဓားအများအပြားရှိနေခြင်းက မိစ္ဆာကြီးကို ဖိနှိပ်ရန်အတွက်မဟုတ်ဘဲ လေဟာနယ်စွမ်းအားကို ဖိနှိပ်ရန်ဖြစ်သည်။
ဓားအများအပြားရှိနေသောကြောင့် ဓားစံအိမ်က အံ့ဖွယ်ကိုးပါးတောင်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့သည်။
“ငါတို့က ဓားစံအိမ်မှာရှိတဲ့ ဓားတွေအားလုံးကို ထုတ်ယူလိုက်ရင် ဓားစံအိမ်က လေဟာနယ်လမ်းကြောင်းအတွက် တံခါးတစ်ချပ်ဖြစ်သွားမှာလား”
ဟန်မူယဲ့၏မျက်လုံးများ တောက်ပလာသည်။
“အဲဒါဆို ဓားစံအိမ်ထဲမှာ ဓားတစ်သိန်းရှိနေရင် ဘယ်လိုဖြစ်သွားမလဲ”
“ငါက ဒီမှာ ဓားတစ်သိန်းထည့်ထားရင် ဒီနေရာက တည်ငြိမ်သွားမှာလား”
ဓားတစ်သိန်းစုစည်းရန်အတွက် မခက်ပေ။
မူလမီးတောက်ကမ္ဘာတွင် ဓားသန့်စင်နိုင်သော ပန်းပဲပညာရှင်များရှိသည်။
နေဝင်ချိန်တွင် ဓားစံအိမ်၏ဝင်္ကပါအစီအရင်က ပျောက်ကွယ်သွားသည်။
“ဒီနေ့ ဓားတွေကို ခြောက်သွေ့အောင်လုပ်လိုက်တဲ့အချိန်မှာ ဓားစံအိမ်ရဲ့အမွေအနှစ်က တကယ်လေးနက်တာကို ငါခံစားမိတယ်”
လျှိုဟုန်၏မျက်နှာထားက ရှုပ်ထွေးနေပြီး တီးတိုးပြောသည်။
“အဲဒီဓားတွေက ငါ့ကို စကားပြောနေသလိုပဲ”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျန်းမင်က ခေါင်းညိတ်သည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူက ဘာမှမပြောပေ။
ထိုအရာသည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။
လေဟာနယ်စွမ်းအားကြောင့် ဓားထဲရှိဆန္ဒများက ပုံရိပ်ယောင်ဆန်သောခံစားချက်ကို ဖြစ်ပေါ်လာစေသည်။
ကျန်းမင်နှင့်လျှိုဟုန်မှာ လုံလောက်သောဝိညာဉ်စွမ်းအားမရှိသည့်အတွက် သက်ရောက်ခံရခြင်းဖြစ်သည်။
ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် ဝိညာဉ်လိပ်ပြာဓားများ ရှိနေသည့်အပြင် လူသားလောကမန္တန်လည်း ရှိနေသောကြောင့် သူက သက်ရောက်မခံရပေ။
“ဓားစံအိမ်ကို နှစ်ရက်ပိတ်ထားမယ်။ လျှိုဟုန်၊ ချောင်မိသားစုကိုသွားလိုက်။ မင်းပြန်လာစရာမလိုဘူး”
ဟန်မူယဲ့က လျှိုဟုန်ကိုကြည့်ပြီး ကျန်းမင်ကို ထပ်ကြည့်သည်။
“ဆေးခန်းဆောင်မှာ နှစ်ရက်လောက်သွားနေလိုက်”
လျှိုဟုန်၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများရှိနေသည်။
ကျန်းမင်က အံ့အားသင့်သွားပြီး တီးတိုးပြောသည်။
“ကျွန်တော် ဒီမှာပြန်လာနေတာက ပိုကောင်းပါလိမ့်မယ်”
ဟန်မူယဲ့က ကျန်းမင်ကိုကြည့်ပြီး ဓားစံအိမ်၏တတိယထပ်သို့ တက်သွားသည်။
လျှိုဟုန်က ကျန်းမင်ကို လှည့်ကြည့်သည်။
“ညီအစ်ကိုကျန်း၊ ငါ့မှာ ခါးအားဖြည့်ဆေးရှိတယ်။ ယူမလား”
ကျန်းမင်က လျှိုဟုန်ကို တည်ငြိမ်စွာစိုက်ကြည့်ပြီး ပြောသည်။
“မင်းက အဲဒီဆေးလုံးကို တောင်ခြေမှာရှိတဲ့ ဟွမ်ဆေးဆိုင်ကနေ ဝယ်ခဲ့တာမဟုတ်လား”
“အဲဒါကို ငါသန့်စင်ထားတာ”
လျှိုဟုန်၏မျက်နှာက တောင့်တင်းသွားသည်။
“မင်းက ဘာဖြစ်လို့ အဲဒီဆေးလုံးတွေကို အများကြီးသန့်စင်ရတာလဲ”
“မင်းဘာသာစားလိုက်တော့။ မင်းက အဲဒါကို ပိုလိုမှာပေါ့”
ကျန်းမင်က အပြင်ဘက်သို့ ထွက်သွားသည်။
လျှိုဟုန်က ပြုံးလိုက်ပြီး ကျန်းမင်နောက်သို့ လိုက်သွားသည်။