မိုးကြိုးအပစ်မခံရအောင် သတိထား
Vol. 16 Ch. 301
အမြီးကိုးချောင်းမီးမြေခွေးသည် ရုတ်တရက် ကြယ် ၅ ပွင့်ခုန်တက်ကာ ကြယ် ၇ ပွင့် နတ်သားရဲဖြစ်သွားသည်။ အရင်တစ်ခေါက် ပေထင်းဟွမ် ကစဥ့် ကလျားနတ်အရင်းအမြစ်နှင့် ပေါင်းစပ်ပြီးနောက် ထိုစာချုပ်သည် သူ၏ ကြယ် အဆင့်ကို မတက်စေနိုင်ပေ။ အဓိကအကြောင်းအရင်းမှာ သူသည် ပင်မတိုက် ကြီးသို့ တခြားသောရှုထောင့်မှ ရောက်လာခြင်းကြောင့်ပင်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားသည် အသွင်ပြောင်းခြင်းလုပ်ငန်းစဉ်တွင် အဆင့်မတက်သော်လည်း သိမ်းဆည်းထားခဲ့သည်။ သည်တစ်ကြိမ်တွင် တစ်ခါတည်း ကြယ် ၅ ပွင့် တက် ခဲ့သည်။ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
နတ်သားရဲအဆင့်သို့ တက်လှမ်းသည့် လျှပ်စီးနှင့် မိုးကြိုးအပြင် အလင်း စီးကြောင်းနှင့် လင်းမိုတို့သည် အဆင့်မြင့်ကြယ်သားရဲများဖြစ်သွားကြသည်။ သူတို့သည် ကြယ် ၅ ပွင့်မွန်မြတ်သောသားရဲမှ ကြယ် ၉ ပွင့်မွန်မြတ်သော သားရဲအဖြစ် အဆင့်တက်သွားသည်။ ရှောင်းကျောက်သည် အရွယ်ရောက်ခြင်း အဆင့်ကိုကျော်လါန်ကာ ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲဖြစ်သွားလေသည်။ အသီးသီးနိုင်သော နွယ်ပင်လေးသည် သည်တစ်ခေါက်တွင် အကျိုးအမြတ် အများဆုံးရလိုက်ကာ ကြယ် ၅ ပွင့်မွန်မြတ်သောသားရဲဖြစ်သွားလေသည်။ ၎င်းသည် အဆင့်များစွာ ကျော်တက်သွားခဲ့သည်။
အားလုံးပေါင်း နတ်သားရဲ သုံးကောင်၊ အဆင့်မြင့်နတ်သားရဲ သုံးကောင်၊ နှင့် ကြယ် ၅ ပွင့်နတ်သားရဲတို့ဖြစ်ကြသည်။ ပေထင်းဟွမ်သည် အနည်းငယ် ငေးကြောင်သွားသည်။ အဲဒါကြောင့် ဒီကောင်တွေက ရူးမတတ်ဖြစ်နေကြတာ ကိုး။ သူမသည် ငေးငိုင်ရင်းပြောလေသည် “အဲလောက်ကြီး ချဲ့ကားဖို့မလိုပါဘူး”
“ကောင်စုတ်လေး ငါ့ကို ပစ်ရိုက်တာအပြင် တခြားဟာမလုပ်တတ်တော့ ဘူးလား” တုန်ဖန်းကျောက်သည် မှိုင်တွေစွာလျှောက်လာပြီး ပေထင်းဟွမ်၏ ပခုံးကိုရိုက်လိုက်သည် “ကောင်းကင်အဆင့်ကို တက်ဖို့ကလွယ်တယ်ထင်လို့ လား.. မဟုတ်ရင် ဒီတိုက်ကြီးမှာ ကောင်းကင်အဆင့်တက်နိုင်တဲ့သူတွေပဲ ပညာရှင်ဖြစ်ဖို့ အရည်အချင်းပြည့်မှီတာလဲ.. အစတုန်းက ငါ့မှာ မွန်မြတ်တဲ့ သားရဲတစ်ကောင်နဲ့ ဝိညာဉ်သားရဲတစ်ကောင်ပဲရှိတယ်.. ငါ ကောင်းကင်အဆင့် ကိုတက်တုန်းက မွန်မြတ်တဲ့သားရဲက နတ်သားရဲဖြစ်ပြီး ဝိညာဉ်သားရဲက မွန်မြတ်တဲ့သားရဲဖြစ်ခဲ့တာ”
ပေထင်းဟွမ်သည် သူ့ကြောင့် ထိတ်လန့်မိသည်။ အဲလိုကိုး။ သူမ အရင် ထင်ခဲ့သည်မှာ တုန်ဖန်းမိသားစုသည် ကြီးကျယ်လွန်းသဖြင့် နတ်သားရဲနှင့် မွန်မြတ်သောသားရဲကို တစ်ခါတည်းရခဲ့သည်ဟု ထင်ထားခဲ့သည်။ သူ၏ မှောသားရဲများသည် သူအဆင့်တက်ခြင်းကြောင့် အကျိုးအမြတ်ရခြင်းပင်။
တစ်ခုပြီးတစ်ခု ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းဆင်းသက်လာပြီး ထူးဆန်းသော မီးတောက်သည် မိုးကောင်းကင်ကို လွှမ်းမိုးလိုက်သည်။ သူတို့၏ ခေါင်းဆောင် အဆင့်တက်သည်ကို သိခြင်းမှအပ သံမဏိသွေးကြေးစားအဖွဲ့ဝင် များသည် ဘာကြောင့် ဤမျှကြီးမားသည့် ရုန်းရင်းဆန်ခတ်များဖြစ်သည်ကို နားမည်နိုင်ပေ။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ကြီးလေလေ သူတို့ အားကောင်းလေလေဖြစ်သည်။
“ဘာ.. ဘာတွေဖြစ်နေကြတာလဲ သခင်ကြီးဝမ်ဝေ့ ခေါင်းဆောင်က ကောင်းကင်ကိုအံတုလို့ ကောင်းကင်နဲ့မြေကြီး ဥပဒေကြောင့် မိုးကြိုးပစ်ခံရပြီး သေတော့မှာလား” ခိုင်သည် စိုးရိမ်တကြီးမေးလေသည်။
အဝေးကိုငေးကြည့်နေသော ဝမ်ဝေ့သည် ထိုမသိတတ်သောလူကို ဒေါသ တကြီးကြည့်လိုက်သည်။ သူ့ကိုယ်သူ စိတ်ပူနေတာလို့တော့ မပြောနဲ့နော်။ “ကောင်းကင်က ပါရမီရှင်တွေကို မနာလိုရင်တောင် မိုးကြိုးအပစ်ခံသင့်တယ်”
“ရုန်းရင်းဆန်ခတ်ဖြစ်တာတွေကို ကြည့်လိုက်. ဒါက ဝိညာဉ်သခင်အဆင့် တက်မှုက စာချုပ်သားရဲတွေကိုပါ အဆင့်တက်စေတာပဲ” ဆယ်လင်းသည် တည်ငြိမ်စွာပင် ခွဲခြမ်းစိတ်ဖြာလေသည်။
“မိုးနတ်မင်းရေ ခေါင်းဆောင်မှာ မှော်သားရဲ ဘယ်နကောင်တောင်ရှိတာ လဲ.. ကောင်းကင်နဲ့မြေကြီး တိုက်မိသွားသလို ခံစားလိုက်ရတယ်” မေလော့၏ မျက်လုံးများသည် ငွေရောင်အလင်းကြောင့် စူးသွားလေသည်။
“ငါ ၃ ကောင်မြင်တယ်”
“မဟုတ်ဘူး ငါ ၂ ကောင်ပဲမြင်တာ”
ရုန်းရင်းဆန်ခတ်မှုများမပြီးခင်အထိ ဝမ်ဝေ့သည် ကြေးစားအဖွဲ့ကို ခေါ်မလာပေ။ ကိုးရောင်နိဗ္ဗာန်မီး၏ဖိအားသည် အလွန်ပင် အားကောင်းသည်။ မီးတောက်များကို မင်မှဖယ်ရှားလိုက်သော်လည်း တောင်ကြားထဲမှလူများ သည် ထိုဖိအား၏တည်ရှိမှုကို ခံစားနေရတုန်းပင်။
အဝေးမှ ပေထင်းဟွမ်သည် တောင်တစ်တောင်ပြီးတစ်တောင် ပျံနေသည်ကို ဝမ်ဝေ့မြင်ရလေသည်။
သည်တစ်ခေါက် ပေထင်းဟွမ်ပျံနေသည်မှာ အရင်ကနှင့်မတူပေ။ သူမ၏ ပေါ့ပါးသောပုံရိပ်သည် ပျံလွှားနှင့်တူကာ လွတ်လပ်မှုနှင့် ဆွဲဆောင်မှုရှိခြင်းတို့ ကိုမြင်နေရသည်။
“ခေါင်းဆောင်က အရင်က ကောင်းကင်အဆင့်မဟုတ်ဘူး.. ဘယ်လိုလုပ် ဓားပေါ်မှာပျံနိုင်နေရတာလဲ” ဝမ်ဝေ့သည် ခေါင်းခါပြီး သက်ပြင်းချလိုက်သည် “ခေါင်းဆောင်မှာ လျှို့ဝှက်ချက်တွေအများကြီးရှိတယ် မသိတာပဲကောင်းတယ် ပိုသိလေလေ ငါ့ဘဝနေလာတာ အလဟဿဖြစ်နေသလိုပဲ…”