← Chapters

ဒီလူက ဒီအတိုင်းကို…

Vol. 16 Ch. 302

ဒီလူက ဒီအတိုင်းကို…

Vol. 16 Ch. 302

ဝမ်ဝေ့ ရေရွတ်လိုက်သည်။ ဖန်ဖင်နှင့် ဝေ့အာရှင်းတို့သည် သူ့ဘေးမှ လျှောက်လာကြသည်။ သူတို့သည် ထိုစကားကိုကြားသောအခါ ခေါင်းညိတ်ပြီး သဘောတူကြသည်။ ၁၄ နှစ်အရွယ်ကောင်းကင်အဆင့်ဆိုသည်ကို ဤတိုက်ကြီးတွင် နှစ်ပေါင်းတစ်သောင်းအတွင်း မကြားခဲ့ဖူးပေ။ ထိုစဉ်က ညအရှင် ၁၆ နှစ်အရွယ်တွင် ကောင်းကင်အဆင့်သို့ ရောက်ခြင်းသည် တိုက်ကြီး တွင် ပွင့်လင်းမြင်သာဖြစ်ခဲ့သည်။ သူတို့၏ခေါင်းဆောင်သာ အသက် ၁၄ နှစ်နှင့် ကောင်းကင်အဆင့်သို့ ရောက်သည်ကို သိသွားကြမည်ဆိုပါက မည်မျှ ရုန်းရင်း ဆန်ခတ်ဖြစ်မည်ကို မသိနိုင်ပေ။

“သွားကြမယ် ငါ့နောက်လိုက်ခဲ့ အဲဒီစပါးအုံးမြွေကို သွားစောင့်ရှောက် ပေးလိုက်ကြမယ်” ပေထင်းဟွမ်သည် လေပေါ်တွင် ပေါလောပေါ်လေ၏။ အနီရောင်နေလုံးသည် သူမ၏အနောက်တွင်ရှိနေကာ သူမအား ခမ်းနားသည့် စစ်နတ်ဘုရားအသွင်ဆောင်စေသည်။ သူမ၏ ဖောင်းကြွနေသောရောင်ဝါသည် ပိုပိုပြီး သန်မာလာသည်။ သူမသည် ခွန်အားအသစ်ကို လွန်စွာယုံကြည်ချက်ရှိ နေသည်။ ပေထင်းဟွမ်သည် မှော်သားရဲနှင့် တိုက်ခိုက်ရန် မစောင့်နိုင်တော့ပေ။

“အနအက်ရောင်ဝိညာဉ်သစ်သီးနဲ့ အနက်ရောင်စပါးအုံးမြွေ.. သွားကြမယ်” သံမဏိသွေးကြေးစားအဖွဲ့၏ လေထုသည် ပေထင်းဟွမ်ကြောင့် အလွယ်တကူပင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အဆင့်တက်မှုကြီးပြီးနောက် တစ်ဖွဲ့လုံး၏ အရှိန်အဟုန်သည် အမြင့်တစ်နေရာသို့ မြင့်တက်လာခဲ့သည်။

“ဒီလူက တော်တော်ကိုလွန်တာပဲ” တုန်ဖန်းကျောက်သည် ခေါင်းခါပြီး မိုးပေါ်သို့အော်လေသည် “အဲဒီ အနက်ရောင်စပါးအုံးမြွေကို မင်းဆီကိုအပ်လိုက် ပြီ”

“ပြဿနာမရှိဘူး” ပေထင်းဟွမ်သည် လက်သေးသေးလေးကို ဝေ့ယမ်း ပြီးနောက် ကောင်းကင်ပေါ်သို့ တက်သွားလေသည်။ သူမသည် ပြီးခဲ့သည့်တစ် ခေါက်က ဓားပေါ်မှပြုတ်ကျစဉ်ကကဲ့သို့ သနားစရာအခြေအနေမဟုတ်ပေ။ ကောင်းကင်အဆင့်သို့ တက်ပြီးနောက် မိုးပေါ်တွင်ပျံရသည်မှာ မြေပေါ်တွင် လမ်းလျှောက်နေရသလိုပင်။ သူမသည် ပျံသန်းရန် မွေးဖွားလာခဲ့သလိုပင်။

တစ်နာရီ နှစ်နာရီမျှလမ်းလျှောက်ပြီးနောက် ကျဉ်းမြောင်းသောဂူတစ်ဂူ ဝင်ပေါက်၌ ရပ်လိုက်ကြသည်။ ထူးဆန်းသောအနံ့တစ်ခုသည် အထဲမှလွင့်ပျံ ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် အားလုံး၏ဝိညာဉ်များဆွဲယူခံလိုက်ရ ကာ လန်းဆန်းမှုကို ခံစားမိလိုက်လေသည်။

ဤတိုက်ကြီးတွင် အဂ္ဂိရတ်ပညာရှင်များသည် သားရဲထိန်းများကဲ့သို့ အလွန်ရှားပါးသည်။ သားရဲထိန်းများသည် သူတို့ကိုထောက်ပံ့ရန်အတွက် အားကောင်းသော ဝိညာဉ်စွမ်းအားလိုအပ်သည်။ သူတို့သည် မှော်သားရဲများ အနားကပ်လာစေနိုင်သည့် စိတ်နေစိတ်ထားများနှင့် မွေးဖွားလာသည်။ အဂ္ဂိရတ်ပညာရှင်ဖြစ်လာရန်မှာလည်း မချောမွေ့လှပေ။ အားကောင်းသော ဝိညာဉ်စွမ်းအားအပြင် မွေးရာပါမီးတောက်နှင့် ရင့်မာသောအကြောများလိုအပ် သည်။ ထိုအခြေအနေသုံးမျိုးမှာလည်း မည်သို့ပင်ဖြစ်စေကာမူ ရရှိရန် မလွယ် ကူပေ။

မိသားစုထဲတွင် အဂ္ဂိရတ်ပညာရှင်ရှိလျှင် ဒဏ်ရာများကို ကုသရန် ဆေးအမျိုးမျိုးနှင့် တိုက်ပွဲတွင် ယာယီခွန်အားတိုးရန်ဆေးများအပြင် ကျင့်ကြံ ခြင်းနှင့် အဆင့်တက်ရာတွင် အထောက်အကူပြုသည့် ဆေးများကိုလည်း သန့်စင်နိုင်ကြသည်။ ၎င်းသည် မိသားစုတစ်ခုအတွက် အားကောင်းသော ဝိညာဉ်သခင်တစ်ယောက် ပျိုးထောင်ရန် အလွန်အသုံးဝင်သည်။

ထို့ကြောင့်ပင် ပေထင်းမိသားစုသည် မိသားစုကြီးလေးခုတွင် ဒုတိယ နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။ ပေထင်းမိသားစု၏ အကြီးအကဲချုပ် ပေထင်းရွေ့သည် အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ မည်သည့်အဂ္ဂိရတ်ပညာရှင်မဆို ပထမဆုံးနှင့် အားအကောင်းဆုံးဝိညာဉ်သခင်ဖြစ်သည်။ သူ၏ပူးတွဲအသွင်နှစ်ခု ကြောင့် တိုက်ကြီးတစ်ခုလုံးတွင် ဒဏ္ဍာရီဆန်ဆန်ဖြစ်လေသည်။

ထိုကဲ့သို့လူမျိုးသည် တိုက်ကြီးတွင် အလွန်ရှားပါးလှသည်။ သူတို့သည် မွေးဖွားလာကတည်းက သူတို့သည် ထိုအဖွဲ့အစည်းကြီး၏ ပစ်မှတ်ဖြစ်လာမည် ပင်။ သူတို့ထမ်းဆောင်ပေးသည့်လူများသည် လှည့်လည်သွားလာသူများ၊ စွန့်စားသူများ သို့မဟုတ် သာမန်ကြေးစားများမဟုတ်ကြပေ။ အဂ္ဂိရတ်ပညာရှင် သို့မဟုတ် သန့်စင်သူများအပြင် သားရဲထိန်းများသည် သမိုင်းမတိုင်ခင် သတ္တဝါ များထက် ပိုရှားပါးသည်ကို ပြောရန်ပင်မလိုတော့ပေ။ သူတို့သည် မှော်သားရဲ တောရှိ သာမန်တိုက်ခိုက်ရေးသမားများနှင့် အဆင့်မတူပေ။

အားကောင်းသော ခွန်အားရှိသူများနောက်လိုက်ရန် ထိုလူများသည် ဝိညာဉ်နဂါးမောက်သီးနှင့် အနက်ရောင်ဝိညာဉ်သစ်သီးကဲ့သို့ ခွန်အားကို တိုးစေသည့်အရာများကို နေရာတကာရှာခဲ့ကြသည်။

သို့သော် စွန့်စားမှုသည် ပို၍ကြီးလာသည်။ သဘာဝအရင်းအမြစ်များတွင် အားကောင်းသော စောင့်ရှောက်သူ သားရဲများရှိကြသည်။

အနက်ရောင်စပါးအုံးမြွေသည် ကြယ် ၂ ပွင့်နတ်သားရဲဖြစ်သည်။ ၎င်းသည် လေထဲတွင် လူသားရောင်ဝါအငွေ့အသက်ကို အနံ့ခံမိသည်နှင့် တောင်ကြားတွင် အိပ်နေရင်းမှ စိမ်းညို့မည်းမှောင်နေသော မျက်လုံးများကို ဖွင့်လိုက်ကာ ဂူဝင်ပေါက်ကို အနံ့အသက်ပြင်းပြင်းမြူခိုးများ ထုတ်လွှတ်လေ တော့သည်…

All Chapters