← Chapters

မြွေနဲ့ကြွက်တို့ရဲ့တွင်း

Vol. 16 Ch. 303

မြွေနဲ့ကြွက်တို့ရဲ့တွင်း

Vol. 16 Ch. 303

“နောက်ဆုတ်”

ရှေ့မှသွားနေသော ပေထင်းဟွမ်သည် ချူဖုန်းအား ဆုပ်ကိုင်ပြီး သူမ၏ အနောက်ကို ပို့လိုက်သည်။ သူမသည် ရှေ့သို့ လက်ဝေ့ယမ်းလိုက်သည်နှင့် သူမ ရှေ့တွင် ဂူဝင်ပေါက်ကို ပိတ်နိုင်သည့် မီးနံရံတစ်ခုပေါ်ပေါက်လာသည်။ ကိုးရောင်နိဗ္ဗာန်မီးသည် ဂူဝင်ပေါက်တွင် အမြှုပ်ထားသော ထိုးဖောက်မြင်နိုင် သည့်မှန်နှင့်တူသည်။ နတ်သားရဲတစ်ကောင်ကို အရိုးပင်မကျန်စေဘဲ တိုက်ရိုက်အရည်ပျော်သွားစေနိုင်သည့် မှင်ဘိုအာ၏ အဆိပ်ငွေ့ကို ကိုးရောင် နိဗ္ဗာန်မီးက အုပ်စိုးလိုက်သည်။ ၎င်းသည် ဘာမှမကျန်တော့သည်အထိ တိုက်ရိုက်လောင်ကျွမ်းလိုက်သည်။

“ကောင်းကင်မီးလား”

အနက်ရောင်စပါးအုံးမြွေ၏ မျက်လုံးများ ပြူးကျယ်လာသည်။ ၎င်း၏ ကြီးမားသောငွေခေါင်းသည် တဖြည်းဖြည်းဆန့်ထွက်လာက လူသားစကား ပြောလေသည် “ဘယ်လူသားကများ ဒီကိုလာပြီး ငါအနားယူတာကို နှောင့်ယှက်ရဲတာလဲ”

“သေလိုက်” သူသည် အလွန်ပင် ထောင်လွှားလွန်းသည် “သခင် ငါ့ကိုလွှတ်ပေး အဲကောင်ကို ကောင်းကောင်းပညာပေးလိုက်မယ်”

နတ်သားရဲအဆင့်သို့ တက်ထားသည့် မိုးကြိုးသွားသည် နေရာထဲတွင် မနေနိုင်တော့ပေ။ သူသည် ထုတ်ပေးရန် ပေထင်းဟွမ်အား တောင်းဆိုလေ သည် “သခင် ငါ့ရဲ့ဝမ်းတွင်းပါ ဝိညာဉ်သိုင်းက အရမ်းအားကောင်းတယ်၊ စမ်းကြည့်ချင်လား”

“သေချာတာပေါ့”

ပေထင်းဟွမ်သည် ဦးဆောင်ကာ တောင်ကြားသို့ ခုန်တက်လေသည်။ ထို အနက်ရောင်စပါးအုံးမြွေတွင် နဂါးနှင့်တူသော သွေးသားရှိကာ အသန့်အရှင်း အလွန်ကြိုက်လေသည်။ ဤတောင်ကြားသည် ယန်ယဲ့နှင့် အဂူးတို့ တိုက်ခိုက်ခဲ့ သည့် စစ်မြေပြင်လောက် မကြီးဟုပြော၍ရသည်။ ဤနေရာတွင် ဝိညာဉ်ပန်း နှင့် ထူးဆန်းသောမြက်ပင်များနှင့် ထူးဆန်းသောရနံ့ခပ်ဖျော့ဖျော့တို့ရနိုင်၏။ ပေထင်းဟွမ်သည် အရင်ဘဝက နေရာမျိုးစုံကိုရောက်ဖူးသော်လည်း ဤနေရာ သည် အိပ်စက်ရာအတွက် အလွန်ပင်သင့်တော်သည်ဟု ဝန်ခံရပေမည်။

“ထွက်လာခဲ့ ငါ့တွဲဖက်”

ပေထင်းဟွမ် လက်ဝေ့လိုက်သည်နှင့် ကြီးမားသောသစ်တတ်ကျားသည် အားလုံးရှေ့တွင်ပေါ်လာသည်။ ၎င်း၏ ရွှေရောင်အစက်အပျောက်နှင့် အနက် ရောင်အမွေးသည် ပိုးထည်လိုပင်။ တောင်ကြားရှိ လေပြေတွင် လှိုင်းများအလွှာ လိုက်ဖြစ်နေသည်။ ၎င်းသည် အလွန်ပင် မိမိုက်လွန်းသည်။

ကြီးကျယ် မြင့်မြတ်ပြီး ပျင်းရိနေသည်။ နတ်သားရဲ၏ ခမ်းနားမှုမျိုးသည် သူ၏ရွှေရောင်မျက်လုံးထဲတွင် ပေါ်ပေါက်လာသည်။ ကြယ် ၂ ပွင့် နတ်သားရဲ ဖြစ်သည့်မိုးကြိုးသွားသည် သူနှင့်အဆင့်တူသည့် အနက်ရောင်စပါးအုံးမြွေကို အရေးတယူမရှိလှပေ။ “ငတုံးမြွေ.. မင်းလည်ပင်းရှင်းအောင်လုပ်ထားပြီး သခင် မိုးကြိုးသွား လာကိုင်တွယ်ပေးမှာကို စောင့်နေလိုက်”

“နတ်သားရဲ.. ခေါင်းဆောင်ရဲ့ နတ်သားရဲက မီးမြေခွေးမဟုတ်ဘူးလား ဘယ်လိုလုပ် သစ်တတ်ကျားဖြစ်နေတာလြ”

“ငတုံး သခင့်မှာက နတ်သားရဲတစ်ကောင်ထက်ပိုပြီးရှိနေလို့ပေါ့”

“မင်းကသာ တုံးနေတာ.. မင်းတို့မိသားစုတစ်ခုလုံးက ဒီမြွေထက်တောင် တုံးသေးတယ်”

အနက်ရောင်စပါးအုံးမြွေသည် ဒေါသတကြီးနှင့် အမြီးဖြင့်ရိုက်လိုက်ရာ အနောက်မှ ကြီးမားသောကျောက်တုံးကွဲသွားလေသည် “သေလိုက်လေ ငါ နေ့လယ်စာမစားရသေးတာနဲ့အတော်ပဲ.. အားနည်းနဲ့လူသားတွေလာရဲမှတော့ ငါ့နေ့လယ်စာဖြစ်လိုက်တော့”

သူ့ရှေ့မှ ဝိညာဉ်သခင်သည် ကောင်းကင်အဆင့်ဖြစ်သည်။ လူသားအဖွဲ့ တွင် ကောင်းကင်အဆင့်ဝိညာဉ်သခင် ၂ ယောက်ပါသည်။ သို့သော် နတ်သားရဲ တစ်ကောင်အနေနှင့် အနက်ရောင်စပါးအုံးမြွေသည် လုံးဝဂရုမစိုက်ပေ။ ကောင်းကင်အဆင့်ဝိညာဉ်သခင်တွင် အားကောင်းသော ကြယ်ဝိညာဉ်အရည် အချင်းရှိသော်လည်း ကြယ်ဝိညာဉ်အရည်အချင်းသုံးပြီးနောက် သူတို့ခန္ဓာကိုယ် မှ အဆီအနှစ်စွမ်းအားသည် ဒုတိယတစ်ကွက်ကို ထောက်ပံ့ရန် မလုံလောက် ပေ။

တစ်နည်းပြောရလျှင် ကြယ်ဝိညာဉ်အရည်အချင်းသည် အားကောင်း သော်လည်း သူတို့သည် ကြယ်ဝိညာဉ်သခင်မှ လူသတ်ရာတွင် အသုံးပြုသည်။ ၎င်းတို့ကို အညီအမျှတွဲဖက်လိုက်သည်နှင့် အများစုကို အသက်ကယ်နိုင်သည့် နေရာတွင် အသုံးပြုနိုင်သည်။

ကြယ် ၂ ပွင့်နတ်သားရဲသည် အားကောင်းသောကြယ်ဓားသခင် သုံးယောက်ကို မျက်နှာချင်းဆိုင်ထားသည်။ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး တွင် အားကောင်းသည့် အနက်ရောင်စပါးအုံးမြွေသည် သူတို့ကို အာရုံစိုက်ထား သည်မှအပ မည်သည့်ကြောက်ရွံ့မှုမှ မပြပေ။

“ထွက်လာခဲ့ ငါ့မြေကို ကျူးကျော်လာတဲ့လူတွေ” အနက်ရောင်စပါးအုံး မြွေသည် လူသားစကားပြောပြန်သည်။ သူစကားဆုံးသည်နှင့် ကြီးမားသော နှင်းဖြူရောင်ကြွက်ကြီးမားသည် ရုတ်တရက် တောင်ကြားတစ်ခုလုံးတွင် အသက်ဝင်သော မျက်လုံးများနှင့်တူ ပေါ်ထွက်လာလေသည်။

“မြွေနဲ့ကြွက်တွေရဲ့တွင်းလား” ပေထင်းဟွမ်သည် တအံ့တဩ အော် လိုက်သည်။ သူတောင်ကြားတွင် ဖုံးကွယ်နေသည့် အားကောင်းသော မှော် သားရဲများရှိသည်ကို သူမ၏အစွမ်းထက်သည့် စိတ်ခွန်အားဖြင့် သိထားသည်မှာ ကြာပြီဖြစ်သော်လည်း ကြွက်တွင်းဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားပေ…

All Chapters