နွယ်ပင်လေး၏ဆင့်ကဲဖြစ်စဉ်၊ အဖြူရောင်အလုံးများ
Vol. 16 Ch. 304
“သခင် နွယ်ပင်းလေးကို ထုတ်ပေးဦး.. နွယ်ပင်လေးရဲ့ ကာကွယ်မှု အစွမ်းအစက အရမ်းသန်မာတယ်” နေရာထဲမှ နွယ်ပင်လေးသည် နွယ်ပင်နှင့် ထူထဲအောင်ရစ်ပတ်နေသည်။ သန်မာလာတဲ့သူမလည်း သခင့်ကိုကူညီချင် တယ်လေ ဟုတ်ပြီလား။
“ဟူး ငါလည်း အပြင်ထွက်ပြီး ငါရှိနေတာကို သိစေချင်တယ်” သက်ပြင်း ချပြီးနောက် နွယ်ပင်လေးသည် လျှပ်စီးအနီးသို့ကပ်ကာ လျှပ်စီး၏အမြီးပေါ်သို့ လဲလျောင်းလိုက်သည်။ မြက်ခင်းထားသည့် မြေကြီးနှင့်ယှဉ်လျှင် နွယ်ပင်လေး သည် လျှပ်စီး၏အမွေးပွအမြီးပေါ်တွင် အိပ်ရသည်ကို အသားကျပုံပင်။
အစက လျှပ်စီးသည် အနည်းငယ် ရွံ့ရှာခဲ့သည်။ သို့သော် သူမသည် မိန်းကလေးဖြစ်သည်ကို သတိရပြီးနောက် လျှပ်စီး သည်းခံခဲ့သည်။
လျှပ်တပြက်အတွင်းမှာပင် လူတစ်ယောက်အရပ်အမြင့်ရှိသည့် အစိမ်းရောင်နွယ်ပင်တစ်ခုသည် ပေထင်းဟွမ်ဘေးတွင်ပေါ်လာသည်။ ၎င်းသည် လူသားတစ်ယောက်ကဲ့သို့ ခါးကိုယိမ်းနွဲ့နေသည်။ အကိုင်းတစ်ခုစီမှ အဖြူရောင်အလုံးတချို့ ထွက်ပေါ်လာသည်။ ၎င်းတို့၏အနက်ရောင် ဖန်လုံး မျက်လုံးများသည် မှိတ်တုပ်မှိတ်တုပ်ဖြစ်နေကာ သံမဏိကြေးစားအဖွဲ့၏ အဖွဲ့ ဝင်များကို မျက်စိများပင် မှိတ်ပြနေသည်။ ၎င်းတို့၏ခေါင်းမှ အဖြူရောင် ကျောက်စိမ်းနားရွက်သည် နူးညံ့စွာလှုပ်ခတ်နေသည်။ ရုတ်တရက်ဆိုသလိုပင် အမျိုးသမီးအဖွဲ့ဝင်များသည် စွဲလန်းသွားကာ မည်သည့်နေရာသို့ ရောက်နေ သည်ကိုပင် မေ့လျော့နေခဲ့သည်။
“အာ… ချစ်စရာလေး”
“အိုး ချစ်ရာလေး”
“မိုးနတ်မင်းရေ ငါထိချင်လိုက်တာ ထိချင်လို့သေတော့မယ်”
“နွယ်ပင်လေး မင်းကို ချစ်စရာကောင်းအောင် လုပ်ခွင့်မပေးဘူး” ပေထင်းဟါမ်သည် နူးညံ့စွာအော်လိုက်သည်။ သူမ၏အကြည့်သည် တောင်ကြားတစ်ခုစီကို ဝေ့ပတ်ယမ်းလိုက်သည်။ “အရမ်းကောင်းတယ် ကြယ် ၃ ပွင့် မွန်မြတ်တဲ့သားရဲသုံးကောင်က မီးကြွက်ပဲ.. မဆိုးဘူး မဆိုးဘူး.. ငါ လတ်တလောမှာတင် အရမ်းကြိုးစားနေတာ မင်းသိထားရမယ်.. မွန်မြတ်တဲ့ သားရဲတွေ အများကြီး ငါ့ဆီတစ်ခါတည်းရောက်လာတာပဲ”
အချိန်တစ်ခုလောက်ထိ သူသည် ဤခရီး၏ရည်ရွယ်ချက်ကို ဂရုမစိုက်ခဲ့ ပေ။
ဝိညာဉ်သစ်သီးအပင်ကို ကြီးမားသောနတ်သားရဲ အနက်ရောင်စပါးအုံး မြွေ၏ကိုယ်ထည်ဖြင့် ဖုံးအုပ်ထားသည်။ ၎င်းသည် နှစ်ရက်အကြာတွင် ရင့်မှည့် တော့မည့် အနက်ရောင်ဝိညာဉ်သစ်သီးကို စောင့်လာသည်မှာ နှစ်ပေါင်းတစ်ရာ ကြာပြီဖြစ်သည်။ သူသည် ကြယ် ၂ ပွင့်နတ်သားရဲအဆင့်တွင် နေလာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကာ အဆင့်တက်သည့်ခံစားချက်ကိုပင် မေ့လျော့၍ နေလေပြီ ထိုသစ်သီးများသည် သူ့ကို ကြယ် ၃ ပွင့်နတ်သားရဲအဆင့်သို့ တက်စေနိုင်သည်။
ဤလူသားများသည် သူ၏အနက်ရောင်ဝိညာဉ်သစ်သီးကို လုချင်နေကြ သည်။ သိက္ခာရှိသော နတ်သားရဲထံမှ တစ်စုံတစ်ရာလုယူချင်လျှင် မည်သို့ ပေးဆပ်ရမည်ကို သိစေရမည်။
“ဟင်း လူသားအစုတ်အပြတ် ကောင်းကင်နဲ့မြေကြီး ဘယ်လောက် ကျယ်လဲဆိုတာ မင်းမသိဘူး.. ကြယ် ၂ ပွင့် နတ်သားရဲနဲ့ ကြယ် ၃ ပွင့်မွန်မြတ်တဲ့ သားရဲ ၇ ကောင်ကို ကိုင်တွယ်ဖို့က ဘယ်လောက်ခက်ခဲလဲဆိုတာ မင်း မကြာ ခင်သိလိမ့်မယ်” အနက်ရောင်စပါးအုံးမြွေသည် ၎င်း၏အေးစက်သော မြွေလျှာ ကိုထုတ်လိုက်သည်။ အနက်ရောင်မြူခိုးများသည် ၎င်း၏ပါးစပ်နားတွင်ဝဲနေရာ လေကပင် အနားမကပ်ရဲပေ။ အနက်ရောင်စပါးအုံးမြွေ၏ အဆိပ်မြူခိုးသည် အရာအားလုံးကို လွှမ်းမိုးလိုက်သည်။ တခြားသူသာဆိုလျှင် သူသည် ထောင်လွှားပိုင်ခွင့်ရှိသည်။ ကံမကောင်းစွာပင် သူသည် ပေထင်းဟွမ်နှင့်မှ လာတွေ့ရသည်။
“အဲလိုလား” ပေထင်းဟွမ်သည် လေထဲတွင်ရပ်ကာ အေးစက်စွာ ကြည့် နေလေသည်။ သူမ၏အကြည့်သည် မြွေ၏လျှာထက်ပင် ပိုအေးစက်သည်။ “ဆယ်လင်း ညီအစ်ကိုတွေကို ဦးဆောင်ပြီး မွန်မြတ်တဲ့သားရဲ ၇ ကောင်ကို ရှင်းလိုက်.. အဲဒီကြယ် ၃ ပွင့်မွန်မြတ်တဲ့သားရဲ ၇ ကောင်ကို မင်းတို့အတွက် ချန်ထားပေးမယ် ယုံကြည်ချက်ရှိလား”
“ရှိတယ်” ဆယ်လင်းသည် ရှေ့တစ်လှမ်းတိုးပြီး လှံကိုမြေကြီးပေါ် တင် လိုက်သည်။ သူမခန္ဓာကိုယ်ထဲမှ တိုက်ခိုက်ချင်စိတ်များ နိုးကြွလာပြီး သူမ၏ အင်္ကျီသည် လေနှင့်အတူ လွင့်ပါနေသည် “ညီအစ်ကိုတို့ အဲဒီ မွန်မြတ်တဲ့ သားရဲ ၇ ကောင်ကို အရှင်ဖမ်းပြီး ငါတို့အဖွဲ့အတွက် ခွဲပေးဖို့ အချိန်ကျပြီ”
“အရှင်ဖမ်းမယ် အရှင်ဖမ်းမယ် အရှင်ဖမ်းမယ်” မွန်မြတ်သောသားရဲ ပထမအသုတ်ရထားသော မေရှို့နှင့်တခြားသူများသည် ငွေရောင်အမွေးနှင့် ဖုံးအုပ်ထားသည့် မီးကြွက် ၇ ကောင်ကို မြင်နေရသည်။ သူတို့၏ စိတ်ပိုင်းဖြတ် ထားသော အမူအရာတို့သည် မီးကြွက် ၇ ကောင်ကို နောက်ဆုတ်ချင်စိတ်ဖြစ် အောင်ပြုလုပ်ပေးနေသည်။
“ဟင်း” ကြယ် ၂ ပွင့်နတ်သားရဲ အနက်ရောင်စပါးအုံးမြွေသည် အေးစက် စွာအော်လိုက်သည် “ငွေရောင်မီးတောက် အဲဒီလူသားအစုတ်တွေကို နှင်ထုတ် ပစ်လိုက်.. ငါ မင်းကို အနက်ရောင်ဝိညာဉ်အသီးရဲ့ ၅ ရာခိုင်နှုန်းပေးမယ်”