ကိုးကောင်းကင်မိုးကြိုး၊ ဖောက်ဖျက်ခြင်း
Vol. 16 Ch. 305
ဤနေရာသည် အမှန်တကယ်ပင် မြွေနှင့်ကြွက်များ၏ တွင်းဖြစ်နေ၏။ ဤအနက်ရောင်စပါးအုံးမြွေနှင့် ကြွက်များသည် အကျိုးအမြတ်ကြောင့် သဘောတူညီချက်ယူထားကြသည်။ သို့သော် နားလည်ရန်မဖြစ်နိုင်ပေ။ ဤ အန္တရာယ်များလှသည့် ဝိညာဉ်ခွဲတောင်ကြားတွင် ကြယ် ၂ ပွင့်နတ်သားရဲ အနက်ရောင်စပါးအုံးမြွေသည် ဘာကြောင့် အနက်ရောင်ဝိညာဉ်သစ်သီးကဲ့သို့ မြေကြီးအဆင့်ရတနာကို ကာကွယ်ပေးနေရသနည်း။
“ဒါဆိုလည်း ဘယ်သူက အစွမ်းအစရှိလဲ ကြည့်ကြတာပေါ့” ပေထင်းဟွမ် ၏ တည်တံ့သောအသံသည် တောင်ကြားတစ်ခုလုံးကို တုန်ခါသွားစေသည်။ သူမသည် လက်ကိုဝေ့ယမ်းပြီး ဆယ်လင်းကို တိုက်ပွဲဦးဆောင်ရန် အချက်ပြ လိုက်သည်။
ပေထင်းဟွမ်၏လက်ပေါ်တွင် အပြာနုရောင်အလင်းတန်းနှစ်ခုသည် လျှပ်စီးနှင့် နွယ်ပင်လေးကို အသီးသီးဖုံးအုပ်ထားကာ အပြာနုရောင်အဆီအနှစ် စွမ်းအင်ဖြင့် လွှမ်းခြုံထားလေသည်။ ကြည်လင်သောအသံသည် တောင်ကြား ထဲတွင်ထွက်လာသည် “လျှပ်စီး ချပ်ဝတ်တန်ဆာအပြည့်၊ နွယ်ပင်လေး ချပ်ဝတ်တန်ဆာတစ်ပိုင်း”
သူမ စကားဆုံးသည်နှင့် အနက်ရောင်အလင်းနှင့် ငွေရောင်အလင်း စီးကြောင်းတို့သည် ပေထင်းဟွမ်အပေါ်သို့ ခုန်အုပ်လေသည်။ ထူးခြားသော အနက်ရောင်ချပ်ဝတ်တန်ဆာသည် သူမ၏ပိန်ပါးပြီးမြင့်မားသောပုံရိပ်ကို ရစ်ပတ်လိုက်သည်။ အနက်ရောင်ပုံစံများသည် အလင်းများသဖွယ် စီးဆင်းနေ ပြီး သူမကို ပိုလှပအောင် ပြုလုပ်ပေးနေသည်။ သူမ၏ဆံပင်အနက်နှင့် မျက်လုံး များသည် ထူးဆန်းသောအလင်းနှင့်အတူ တောက်ပနေသည်။ နတ်သားရဲ စစ် ချပ်ဝတ်တန်ဆာသည် အရင်မွန်မြတ်သောသားရဲ ချပ်ဝတ်တန်ဆာထက်ပင် ပိုလှသည်။
နွယ်ပင်လေး၏ ငွေရောင်မျက်နှာဖုံးသည် ပေထင်းဟွမ်၏မျက်နှာကို ထပ်မံဖုံအုပ်လိုက်သည်။ အဖြူရောင်အမွေးပွလုံးများသည် တောင်ကြားထဲတွင် ပျောက်ကွယ်သွားသည်။ သို့သော် ပေထင်းဟွမ်၏အသိစိတ်ပင်လယ်ထဲတွင် ၎င်းတို့သည် မျက်လုံးအစုံ ၃၀ ပင်ကျော်ပုံပေါက်သည်။ သူတို့သည် သူမ၏ အသိစိတ်ပင်လယ်ထဲမှ ရှုထောင့်အမျိုးမျိုးမှနေ၍ စစ်မြေပြင် အခြေအနေကို စောင့်ကြည့်နေသည်။
“ကောင်းကင်ကို အံတုနိုင်လိုက်တာ” ပေထင်းဟွမ်သည် နွယ်ပင်လေး၏ စွမ်းရည်အသစ်ကို စိတ်ထဲမှ ချီးကျူးမမိသည်။ သည်လိုဆိုလျှင် သူမသည် မြေပေါ်မှ အဖွဲ့ကို စိုးရိမ်ရန်မလိုတော့ပေ။ ချူဖုန်းလည်းရှိသေးသည် ဤဘဝတွင် သူ ထပ်မံနာကျင်သည်ကို သူမ မမြင်ချင်တော့ပေ။
“ဟင်း မင်းက အခုလေးတင်မှ ကောင်းကင်အဆင့်ရောက်တာလေးပဲကို.. မင်းမှာ ဘယ်လောက်အစွမ်းအစရှိလဲကြည့်ကြတာပေါ့”
မြွေများသည် အန္တရာယ်ပေးတတ်သည့် သတ္တဝါများဖြစ်သည်။ အနက်ရောင် စပါးအုံးမြွေသည် စကားဆုံးသည်နှင့် ပေထင်းဟွမ်ရှိရာသို့ ကြီးမားသည့် အဆိပ်မြူခိုးများ ထုတ်လွှတ်လေသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ကြီးမားသောနတ်သားရဲကိုယ်ထည်သည် လေထဲသို့ မြောက်သွားသည်။ ကြီးမားသောစွမ်းအားများ စုပုံနေသည့် သူ၏မြွေအမြီး ပေထင်းဟွမ်အား ရိုက် လေသည်။
“ဟုတ်ပြီ” အားပြင်းပြင်းနှင့်အော်ပြီးသည်နှင့် ပေထင်းဟွမ်၏ ခန္ဓာကိုယ် ကို တောက်ပသောအဖြူရောင်အလင်းတန်းဖြင့် ဖုံးအုပ်လိုက်လေသည်။
အပြာနုရောင်ကို ကိုးရောင်မီးတောက်နှင့်တွဲဖက်လိုက်သောအခါ လူအများလေးစားရလောက်သည့် လှပသည့်ပေါင်းစပ်မှုဖြစ်သါားသည်။ သို့သော် အနက်ရောင်စပါးအုံးမြွေသည် ဝိညာဉ်အတွင်းထဲမှ ကြောက်ရွံ့မှု အရိပ်အယောင်ကို ခံစားရလေသည်။
ကြယ် ၂ ပွင့်နတ်သားရဲသည် အထင်ကြီးလောက်စရာပင်။ ကိုးရောင် နိဗ္ဗာန်မီးပေါ်လာသည်နှင့် မီးကြွက်တို့မှ ထုတ်လိုက်သည့် မြေကြီးမီးသည် ပျောက်ကွယ်သွားလေတော့သည်။ ထိုမီးတောက်များကို မည်သို့လုပ်ရမည်ကို မသိသဖြင့် ခေါင်းကိုက်နေကြသည့် ကြေးစားများအတွက် အခွင့်အရေးရောက် လာသည်။ တစ်ယောက်ပြီးတစ်ယောက်ပင် သူတို့၏မွန်မြတ်သောသားရဲများ ကို စီးနင်းပြီး မီးကြွက်ဆီသို့ အမြန်ပြေးသွားကာ လက်ထဲမှလက်နက်ဖြင့် အညှာတာမဲ့စွာ ခုတ်လေသည်။
“ကိုးကောင်းကင်မိုးကြိုး ဖြတ်မယ်”
ပေထင်းဟွမ်၏မျက်လုံးများသည် လူသတ်မည့်အကြည့်များဖြင့် ပြည့်နေ သည်။ သူမသည်ဝိညာဉ်စွမ်းအားကို နက်ရောင်စပါးအုံးမြွေ၏ ခန္ဓာကိုယ်ပေါ်သို့ ချုပ်နှောင်လိုက်ပြီး အေးစက်စွာ အော်လေသည်။ ကြီးမားသော မိုးကြိုးသွား သည် သူမအနောက်တွင် ပေါလောပေါ်လာသည်။ ထိုမိုးကြိုးသွားသည် မြေကြီး ကို အက်ကွဲစေလောက်သည့်ရောင်ဝါဖြင့် မိုးပေါ်သို့ မာန်ဟိန်းလေသည်။ ၎င်း၏ ရွှေရောင်မျက်အိမ်များသည် ရုတ်တရက် လက်လာပြီး ငွေရောင် အလင်း တန်းများသည် အဆုံးမရှိသည့် ရွှေရောင်စစ်လှံတံကဲ့သို့ပင် အေးစက်ပြီး ကြောက်မက်ဖွယ် စွမ်းအားနှင့်အတူ အနက်ရောင်စပါးအုံးမြွေကို အညှာတာမဲ့ စွာ တိုက်ခိုက်လေသည်။
ကောင်းကင်အဆင့်နှင့် မြေကြီးအဆင့်တို့ကြားမှ အကြီးမားဆုံးကွာခြားမှု သည် ကြယ်ဝိညာဉ်နည်းနိဿယပင်ဖြစ်သည်။ အကယ်၍ မြေကြီးအဆင့်သည် ဝိညာဉ်စွမ်းအင်နှင့် လက်နက်အဖြစ်သို့ပေါင်းစပ်ပြီး တိုက်ပွဲအတွင်းရှိ စွမ်းရည် ကို မြင့်တက်စေပါက ကောင်းကင်အဆင့်သည် ခန္ဓာကိုယ်မှ ဒြပ်စင်စွမ်းအင်ကို စုစည်းပြီး တိုက်ခိုက်မှုကိုထုတ်ပေးသည်။ ၎င်းသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ပေါက်ကွဲစေသည့် ဗုံးတစ်လုံနှင့်တူသည်။ ၎င်းသည် ၂၁ ရာစုရှိ ဓားလှံတို့နှင့် သေနတ်တို့ကြားမှ ကွာခြားချက်လိုမျိုးပင်။
၎င်းတို့ကြားမှ ကွာခြားချက်သည် ကောင်းကင်နှင့်မြေကြီးကြားမှ ကွာခြားချက်နှင့်တူသည်။ ထိုမှနေ၍ ခွန်အားကွာခြားချက်ကို မြင်နိုင်သည်။