← Chapters

ဒြပ်စင်စွမ်းအင်၊ ထောင်လွှားခြင်း

Vol. 16 Ch. 306

ဒြပ်စင်စွမ်းအင်၊ ထောင်လွှားခြင်း

Vol. 16 Ch. 306

ဘုန်း

မြေကြီးနှင့် တောင်များ တုန်ခါသွားသည်။ တောက်ပသော မီးပွားများ အောက်မှ ခမ်းနားသောအရောင်များသည် မလေးစားဘဲကို မနေနိုင်လောက် ပေ။ ကြီးမားသောစွမ်းအင်သည် အဘက်ဘက်သို့ လှိုင်းတစ်ခုသဖွယ် ပျံ့နှံ့သွား ၏။ အရာအားလုံးသည် သက်ရောက်မှုကြောင့် ပြိုကွဲသွားပြီး ပျက်စီးကြလေ သည်။ တောင်ထိပ်မှ အနက်ရောင်စပါးအုံးမြွေ၏အသိုက်သည် ပျက်စီးသွား၏။ ကြီးမားသောကျောက်တုံးများ လိမ့်ကျလာသည်။ မီးခိုးများအကြားမှ ကျောက်တုံးများသည် တောင်ကြားထဲသို့ လိမ့်ကျလာပြီး ကြီးမားသော မီးကြွက်များကို အဘက်ဘက်သို့ လန့်ဖျပ်ပြေးစေ၏။ မွန်မြတ်သောသားရဲများ ပင် ထိုကြီးမားသောကျောက်တုံးများကို မရိုက်ရဲကြပေ။

မွန်မြတ်သောသားရဲများ၏ စစ်မြေပြင်သည် မူလက မိုးပေါ်မှာဖြစ်သော် လည်း နတ်သားရဲများသည် အပေါ်တွင်တိုက်ခိုက်နေကြသဖြင့် မိုးပေါ်သို့ ပျံရဲ သည့်မည်သူမဆို သေလမ်းရှာခြင်းပင်ဖြစ်သည်။ မထင်မှတ်စွာပင် မြေပေါ်မှ တိုက်ခိုက်နေသူများလည်း အညှာတာမရှိပေ။ ၎င်းသည် ခွန်အားကွာခြားမှုများ ကို သယ်ဆောင်လာသည်။

သန်မာသူဖြစ်လာခြင်းသည် ကျင့်ကြံသူများ၏ အဆုံးမရှိ နောက်မှလိုက် ခြင်းကိုခံရသည်။

မြေပေါ်မှ တိုက်ခိုက်သူများသည် လေအေးများကို စုပ်ယူသွင်းမိသည်။ ကြယ် ၂ ပွင့် နတ်သားရဲနှင့် ကြယ် ၁ ပွင့်ဝိညာဉ်သခင်တို့၏ ကြယ်ဝိညာဉ် သိုင်းအောက်တွင် ခုခံရေးသန်မာလှသော ကြယ် ၂ ပွင့်နတ်သားရဲပင်လျှင် ဤမျှ ကြီးမားသောပျက်စီးမှုကြီးအောက်တွင် ခံနိုင်ရည်မရှိတော့ပေ။ သွေးများသည် မိုးပေါ်ရှိ အနက်ရောင်စပါးအုံးမြွေ၏ခန္ဓာကိုယ်မှ စီးကျလာပြီး သူ၏ကိုယ်ထည် သည် လဲကျလုမတတ်ပင်။ သွေးများသည် ကောင်းကင်တစ်ဝက်ပြည့်သွားပြီး အားလုံး၏မျက်လုံများကို ထိတ်လန့်မှုများဖြစ်စေသည်။

အားကောင်းလိုက်တာ..

ထိုအခိုက်အတန့်တွင် အနက်ရောင်စပါးအုံးမြွေသည် နောင်တရသလို ခံစားရသည်။ သူသည် ဤလူသားအစုတ်အပြတ်ကို အထင်မသေးခဲ့သင့်ပေ။ သူသည် ဤလူသားကို အထင်သေးခဲ့ခြင်းမဟုတ်ပေ။ သို့သော် ဤလူသားသည် ကောက်ကျစ်ပြီး အားကောင်းနေခြင်းပင်။ သူ့ကိုယ်သူ အဆိပ်မြူခိုးများဖြင့် အုပ်ပြီး မိုးပေါ်သို့တက်လိုက်ချိန်တွင် သူသည် ပေထင်းဟွမ်ကဲ့သို့ပင် ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

မထင်မှတ်လောက်စရာပင် ထိုလူသားသည် ပြင်ဆင်ပြီးဖြစ်နေသည်။ သူမသည် ကိုးရောင်နိဗ္ဗာန်မီးကို ထည့်ပေါင်းကာ မမြင်နိုင်သည့် ကာကွယ်ရေး ဓားပျော့ကိုသုံးပြီး သူ၏အဆိပ်မြူခိုးများကို တားဆီးလေသည်။ တစ်ချိန်တည်း မှာပင် သူမသည် ကြယ်ဝိညာဉ်သိုင်းကို စိတ်ပိုင်းဖြတ်ပြီးသုံးခဲ့သည်။

ပထမဆုံးအချိန်မှာပင် ကြယ်ဝိညာဉ်သိုင်းကို သုံးရလောက်အောင် ဒီဝိညာဉ်သခင်က ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်လဲ။

ကြယ်ဝိညာဉ်သိုင်းများသည် အားကောင်းသော်လည်း နတ်သားရဲအဆင့် ဝိညာဉ်သားရဲကို တိုက်ခိုက်မည်ဆိုပါက ခုခံရေးအားကောင်းလှသည့် အနက်ရောင်စပါးအုံးမြွေ၏ တိုက်ခိုက်ရေးခွန်အားဆုံးရှုံးအောင် ပြုလုပ်ရန် အလွန်ခက်ခဲလှသည်။ သူ တကယ် သေချင်နေတာလား။

ဝိညာဉ်သိုင်း ပိုအားကောင်းလေလေ ဒြပ်စင်စွမ်းအင် ပါဝင်မှုများလေဖြစ် သည်။ ထို့အပြင် အဆင့်တက်ခါစ ကြယ်ဝိညာဉ်သခင်သည် အစကတည်းကပင် ဒြပ်စင်စွမ်းအင်ကို မထည့်နိုင်ပေ။ သူ၏ ဒြပ်စင်စွမ်းအင်ကို မထိန်းသိမ်းနိုင်ပါက ရှုံးနိမ့်ရန် လွယ်ကူသည်။

“ဒီကောင် ဘုရားရေ.. ငါ ပြောဖို့မေ့သွားတယ်.. ကြယ်ဝိညာဉ်သိုင်းကို ဘယ်သူက အဲလိုလက်လွတ်စပယ်သုံးလို့လဲ” တုန်ဖးန်ကျောက်သည်လည်း အနည်းငယ် ပူပန်နေသည်။ သူသည် မြေပေါ်တွင်နေကာ ပေထင်းဟွမ်အား ကူညီပေးရန် သူ့နတ်သားရဲကို အချိန်မရွေးခေါ်ရန် အသင့်ပြင်ထားသည်။

အနက်ရောင်စပါးအုံးမြွေသည် အားကောင်းသော ကြယ်ဝိညာဉ်သိုင်း ကြောင့် အသက်တစ်ဝက်ဆုံးရှုံးလုနီးပါးဖြစ်သွားသည်။ နာကျင်မှုသည် သူ့ကို ဒေါသထွက်စေသည်။ သို့သော် အောင်နိုင်မှုသည် သူ့အတွက်သာဖြစ်သည်။ ထိုအခိုက်အတန့်တွင် အနက်ရောင်စပါးအုံးမြွေသည် ဤတုံးအသောလူသား သူ့ခြေထောက်အောက်တွင် တောင်းပန်သည်ကို မြင်ချင်သည်။ ကြယ်ဝိညာဉ် သိုင်းကိုသုံးပြီးနောက် ဤလူသား၏တခြားသောစွမ်းရည်များကို ကြည့်ချင်သေး သည်။

“ဟင်း လူသားငအ မင်းရဲ့ဒြပ်စင်စွမ်းအင် လျော့သွားတာ မသက်မသာ မဖြစ်ဘူးလား” အနက်ရောင်စပါးအုံးမြေါသည် ကျယ်လောင်စွာအော်ရယ်ကာ ၎င်း၏မြွေလျှာသည် မိုးပေါ်သို့ ဆန့်ထွက်လာလေသည် “အခု မင်းရဲ့ စွမ်းအား ဘယ်လောက်ကြီးလဲ ကြည့်တာပေါ့”

ပေထင်းဟွမ်သည် သူမ၏အားကောင်းသော အဆုံးစွန်တိုက်ကွက်များကို ထုတ်လွှတ်ပြီးနောက် ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအင်တစ်ဝက်ကျော် ထွက်သွား သလို ခံစားလိုက်ရ၏။ သူမ သက်ပြင်းချမိသည်။ စွမ်းအားကုန်သည့်အရှိန်သည် သက်ရောက်မှုလောက်ပင် ကြောက်ဖို့ကောင်းသည်။ ပေထင်းဟွမ်သည် စိတ်ထဲမှ ကျိန်ဆဲနေချိန်တွင် ခန္ဓာကိုယ်ထဲမှကစဥ့်ကလျားနတ်အရင်းအမြစ် သည် သူမ၏သွေးကြောထဲမှ လစ်လပ်သွားသော ဒြပ်စင်စွမ်းအင်ကို အလျင်အမြန်ပင် ပြန်ဖြည့်ပေးနေသည်ကို ခံစားလိုက်ရ၏။

သူမ အပျော်လွန်သွားသည်။ ၎င်းသည် အမှန်တကယ်ပင် ကောင်းသော အရာဖြစ်သည်။ ထို့ကြောင့်ပင် စီရင်ချက်ဗိမာန်သည် နှစ်ပေါင်းများစွာကြာ သည့်တိုင်အောင် ကစဥ့်ကလျားနတ်အရင်းအမြစ်ရှာခြင်းကို လက်မလျော့ခြင်း ပင်.. ထိုအရာနှင့်ဆိုလျှင် ချိုးဖောက်ရန် ရိုးရှင်းသွားမည်ပင်…

All Chapters