← Chapters

လက်ဖွာခြင်း

Vol. 16 Ch. 307

လက်ဖွာခြင်း

Vol. 16 Ch. 307

ကစဥ့်ကလျားနတ်အရင်းအမြစ်၏ အကျိုးအမြတ်ကို ခံစားရပြီးနောက် အကြောထဲမှ ဒြပ်စင်စွမ်းအင်သည် ချက်ချင်းဆိုသလို အားပြည့်လာသည်။ သို့သော် ပေထင်းဟွမ်သည် နောက်ဆုံးတိုက်ကွက်မထုတ်ခင် ဒြပ်စင်စွမ်းအား ပြည့်သည်အထိမစောင့်ချင်ပေ။ အထူးသဖြင့် အနက်ရောင်စပါးအုံးမြွေ၏ မောက်မာသော ရန်စမှုကိုမြင်တွေ့ပြီးနောက်တွင်ဖြစ်သည်။ လေပေါ်တွင် ပျံဝဲ ပြီးနောက် ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ဖြင့် အနက်ရောင်စပါးအုံးမြွေ ကို ညွှန်ပြပြီးပြောလိုက်သည် “ငါ့မှာ ဘယ်လောက်စွမ်းအားရှိလဲဆိုတာ ပြောပြ ရတာပေါ့”

သူမ လက်ကောက်ဝတ်ကိုလှည့်လိုက်သည်နှင့် ကျောက်စိမ်းရောင်ဆေး သည် လေပေါ်ပျံဝဲသွားပြီး ပေထင်းဟွမ်၏ပါးစပ်အတွင်းသို့ လျင်မြန်စွာကျသွား လေသည်။ ၎င်းသည်အဝေးမှမြင်လိုက်ရသော်လည်း ဝိညာဉ်စွမ်းအင်ဖြင့် ပြည့် နေသည်ကို ခံစားရသည်။ ပန်းများ၊ အပင်များ၊ တိရစ္ဆာန်များနှင့် ငှက်များ အားလုံး အားတိုးသွားကြသည်။

“ဝိညာဉ်ဆေးလား”

နှစ်ပေါင်းများစွာ ခရီးသွားလာပြီးနောက် ဝမ်ဝေ့သည် ထိုဆေးတွင် အားကောင်းသော စွမ်းအင်ပါသည်ကို သိသည်။ သို့သော် မည်သည့်အဆင့်ရှိနေ သည်ကိုတော့ မသိပေ။ တိုက်ကြီးတွင် ပထမအဆင့်ဆေးသည် ဖိုးမဖြတ်နိုင် ပေ။ သို့သော် ဆေးတွင် အားကောင်းသောဆေးအာနိသင်နှင့် အလွန်သန့်ရှင်း သော စွမ်းအင်တို့ ပါဝင်သည်။ ထိုဆေး၏အဆင့်ကို တွေးကြည့်ရန် ခက်ခဲလှ သည်။

ဤလူငယ်၏နည်းလမ်းများသည် အဆုံးမရှိလှပေ။ အချိန်တိုင်း သူ၏ ကြောက်မက်ဖွယ်ကောင်းလှသောလှုပ်ရှားမှုများဖြင့် လူများကို အံ့အားသင့်စေ ပြီး သူသည် ရိုက်ခတ်မှုကြီးဖြင့် ရောက်လာတတ်သည်။

“ကျောက်စိမ်းဝိညာဉ်ဆေးလား”

ပေထင်းဟွမ်ပေးသည့် နတ်ဝိညာည်ဆေးကို စားပြီးနောက် ဤဆေးသည် နတ်ဝိညာဉ်ဆေးထက်မနိမ့်သည့် ကျောက်စိမ်းဆေးဖြစ်သည်ကို တုန်ဖန်းကျောက်တွေးကြည့်ရန်မခက်တော့ပေ။ ပုံမှန်အခြေအနေအောက်တွင် တုန်ဖန်းကျောက်သည် ကျောက်စိမ်းဝိညာည်ဆေးကို မြင်လိုက်ရလျှင် မယုံကြည်နိုင်ဖြစ်လိမ့်မည်။ သို့သော် သူ့ရှေ့တွင် နတ်ဝိညာဉ်ဆေးကိုမြင် ပြီးသည့်နောက်တွင် ပေထင်းဟွမ် ကျောက်စိမ်းဝိညာဉ်ဆေးစားသည်မှာ ထူးဆန်းလှသည်မဟုတ်တော့ပေ။

“အာ… ကျောက်စိမ်းဝိညာဉ်ဆေးလား.. ခေါင်းဆောင်က တစ်ခါတည်း နှစ်လုံးစားတာလား” ဝေ့အာရှင်းသည် ငိုချင်သော်လည်း မျက်ရည်များထွက် မလာပေ “ခေါင်းဆောင် ကျောက်စိမ်းဝိညာဉ်ဆေးက ပဲစေ့မဟုတ်ဘူးလေ.. ဘယ်လောက်ပဲ အငမ်းမရဖြစ်ပါစေ လူတွေအများကြီးရှေ့မှာ မလုပ်လို့မရဘူး လား”

“မိုးနတ်မင်းရေ ငါသိနေတယ် ဒီကောင်လေး… အာ.. ဒီကောင်နဲ့ သူငယ်ချင်းအဖြစ်က ရပ်စဲချင်နေပြီ” တုန်ဖန်းကျောက်သည် ဒေါသတကြီးနှင့် ခြေထောက်ဆောင့်လေသည်။ ကျောက်စိမ်းဝိညာဉ်ဆေးတစ်လုံးဆို လုံလောက်သည်။ အဲလောက်အများကြီးက ဖြုန်းတီးတာပဲမဟုတ်ဘူးလား။

ဝမ်ဝေ့သည် ခံနိုင်ရည်မရှိတော့ပေ။ သူသည် ခေါင်းငုံ့ပြီး နဖူးကိုလက်ဖြင့် ကိုင်ထားသည်။ သူသည် ငွေလရောင်အင်ပါယာ၏ တရားရုံးမှစစ်သည်ဖြစ်ခဲ့ ဖူးကာ လက်ဖွာသောသားများကိုမြင်ဖူးသည်။ သို့သော် သူ့တစ်ဘတလုံးတွင် ပေထင်းဟွမ်ကဲ့သို့ လူမျိုးကို မြင်ရလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။

“ကောင်စုတ်လေး မင်းမှာ ကျောက်စိမ်းဝိညာဉ်ဆေးရှိတာကို ဘာလို့ ငါ့ကို နတ်ဝိညာဉ်ဆေးပေးတာလဲ”

တုန်ဖန်းကျောက်သည် ဒေါသတကြီးဖြင့် အော်လေသည်။ သံမဏိသွေး ကြေးစားအဖွဲ့ဝင် အယောက် ၁၀၀ သည် တုန်ဖန်းကျောက်အား ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်ကြလေသည်။ သူတို့သည် မုန်းတီးမှု၊ အားကျမှုနှင့် အထင်သေးမှုများပါနေသည်။

“နတ်ဝိညာဉ်ဆေးက မင်းဒဏ်ရာတွေကို ကုပေးတာမဟုတ်ဘူးလား.. အဲဒီဆေးကိုစားပြီးသွားတော့ ဂုဏ်ယူပြီး အကုန်လုံးနာမည်ကိုမေ့ပစ်လိုက် သေးတယ်.. ပြီးတော့ နတ်ဝိညာဉ်ဆေးစားဖူးတဲ့လူရှိလားလို့ ပြောတာ ဘယ်သူလဲ” ချူဖုန်းသည် နားမထောင်နိုင်တော့ပေ။ ရှောင်ကျို့သည် မိုးပေါ်တွင် ထိုမြွေနှင့်တိုက်ခိုက်နေရကာ သည်လူသည် အောက်တွင် အော်ဟစ် နေသည်။ ရှောင်ကျို့အနှောင့်အယှက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

“သခင်တုန်ဖန်းကျောက် ဒါကတော့ရှင်မှားတာပဲ.. ရှင်က ကောင်းကင် အဆင့်ပညာရှင်ပဲ.. ဒဏ်ရာအပြင်းအထန်ရရင်တောင် အကြောတွေ မပျက်စီး သရွေ့ ပြန်ကောင်းဖို့လွယ်တယ်လေ.. နတ်ဝိညာဉ်ဆေးကို ဘယ်လိုလုပ် စားနိုင် ရတာလဲ” ဆယ်လင်းသည် ခေါင်းကိုက်သဖြင့် ခေါင်းခါလိုက်သည်။

“ဟုတ်တယ် အဲဒဏ်ရာက ဘယ်လေက်ပြင်းလို့လဲ.. ခေါင်းဆောင်က မင်းပါးစပ်ထဲကို နတ်ဝိညာဉ်ဆေးထည့်ပေးရင်တောင် မစားသင့်ဘူး” အရိုးသား ဆုံးပြောတတ်သည့် ဖန်ဖင်သည် သည်းမခံနိုင်တော့ပေ။

“အဲဒါနတ်ဝိညာဉ်ဆေးနော် အသက်ကိုကယ်တဲ့နေရာမှာ သုံးရင် ဘယ်လောက်များကောင်းလိုက်မလဲ” ဖုန်းဟိုင်သည် ရင်နာမိသည်။

“သခင်တုန်ဖန်း အဲလောက်ကောင်းတဲ့ပစ္စည်းကို တစ်ခါတည်းစားလိုက် တယ်လို့တော့မပြောနဲ့နော်.. မင်းဒဏ်ရာတွေကို ကုချင်ရင်တောင် နည်းနည်း လောက်လျက်လိုက်တာနဲ့ အကျိုးရှိနေပြီ” ခိုင်သည် လူကောင်ကြီးသည်။ မပြောလျှင်လည်း မပြောပေ၊ ပြောလျှင်လည်း ဒဲ့ထိသည်။

“အာ.. လွန်မလာနဲ့နော်.. ငါက အဲကောင်ကြောင့် သေတော့မလိုဖြစ်ခဲ့ တာ.. ငါဒဏ်ရာအပြင်းအထန်ရသွားတာလေ.. အဲဒါကိုဘယ်လိုလုပ် ငါက လွန်တယ်ဖြစ်ရတာလဲ.. ငါ့နှလုံးသားလည်း နာကျင်တတ်ပါတယ်နော် ဟုတ်ပြီ လား”

All Chapters