← Chapters

မင်း ဘာလိုချင်တာလဲ

Vol. 16 Ch. 308

မင်း ဘာလိုချင်တာလဲ

Vol. 16 Ch. 308

အစပိုင်း ပေထင်းဟွမ် မြေကြီးအဆင့်ချိန်၊ သူ ကောင်းကင်အဆင့် ဖြစ်ခဲ့စဉ်က သူသည် ပေထင်းဟွမ်၏ ရိုက်နှက်ခြင်းကိုခံခဲ့ရကာ သနားငဲ့ညှာရန် တောင်းဆိုခဲ့ရသည်။ ၎င်းသည် သစ္စာဆိုရန်အတွက် သူ့အဖို့ အလွန်ပင်ရှက်စရာ ကောင်းခဲ့သည်။ ပေထင်းဟွမ်သာ မပြောလျှင် တုန်ဖန်းကျောက်သည် ထိုအဖြစ်ကို တစ်သက်လုံးပြောသွားမည်မဟုတ်ပေ။ ထိုဝူးဝူးဝါးဝါးပြောနေ သောလူများကြောင့် ဒေါသထွက်ပြီးနောက် တုန်ဖန်းကျောက်သည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ အော်လိုက်သည်။

ကံကောင်းစွာပင် အားလုံးသည် မိုးပေါ်မှတိုက်ပွဲကို အာရုံစိုက်နေကြ၏။ မီးကြွက် ၇ ကောင်အပါအဝင် မည်သူမှ တုန်ဖန်းကျောက်ပြောသည့်စကားများ ကို မကြားကြပေ။ သူတို့သည် ပေထင်းဟွမ် ကျောက်စိမ်းဝိညာဉ်ဆေးနှစ်လုံး စားကာ စွမ်းအားများ မူလအနေအထားထိ တိုးတက်လာသည်ကိုသာ မြင်နေရ သည်။ သူမ၏တစ်ကိုယ်လုံးမှ ရောင်ဝါသည် အလွန်ပင် ထောင်လွှားလွန်းသည်။ သူမ၏စူးရှသောအကြည့်သည် အနက်ရောင်စပါးအုံးမြွေဆီသို့ ကျရောက်နေ ကာ သူမ၏ကြယ်ဝိညာဉ်သိုင်းသည် အသက်ဝင်လာတော့မည်ဖြစ်သည်။

အနက်ရောင်စပါးအုံးမြွေသည် မှင်တက်မိသည်။ ဒီလိုမျိုး တိုက်ခိုက်တဲ့လူ ရှိသေးတာလား။ သူတို့တွေက လုံးဝကိုအဆင့်မတူတာပဲ။ သူ ဘယ်လို ပြန် တိုက်ခိုက်ရမှာလဲ။

ကြယ်ဝိညာဉ်သခင်တစ်ဦးအနေနျင့် ပေထင်းဟွမ်သည် အနက်ရောင် စပါးအုံးမြွေနှင့်တိုက်ခိုက်ချိန်တွင် ကြယ်ဝိညာဉ်သိုင်းဖြင့်တိုက်ခိုက်ရန် မပြင်ဆင်ခဲ့ပေ။ ပေထင်းဟွမ်၏ ချောင်းမြောင်းတိုက်ခိုက်မှုအောက်တွင် အနက်ရောင်စပါးအုံးမြွေသည် ပေထင်းဟွမ်အား အရိုးထဲအသားထဲမှ မုန်းတီး လေသည်။ သူသာ ထပ်မံထိမှန်ပါက တို့ဖူးကဲ့သို့ ပျော့ခွေသွားမည်ဖြစ်သည်။ ကြယ်ဝိညာဉ်သိုင်းသည် ကိုင်တွယ်ရန်မလွယ်ကူပေ။ အထူးသဖြင့် ကြယ်ဝိညာဉ်သခင်နှင့် သူကဲ့သို့နတ်သားရဲတို့ အဆင့်တူပြီး တိုက်ခိုက်မှု အားပြင်းလျှင်ဖြစ်သည်။

သူသည် သံမဏိပြားတစ်ခုကို ကန်လိုက်သည်။ စိတ်တိုစရာအကောင်း ဆုံးကိစ္စမှာ ထိုသံမဏိပြားသည် သူ့ဆီသို့ပြေးလာပြီး ဆက်တိုက်စနောက်နေ ခြင်းပင်။ “လာခဲ့ လာကန်လေ”

ထို့နောက် သူသည် ထိုအရာကို အဆုံးသတ်မရှိသည်အထိ ကန်သည်။

“နေဦး” အနက်ရောင်စပါးအုံးမြွေသည် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ပေထင်းဟွမ်၏အနောက်တွင် ကြီးမားသော သစ်တတ်ကျား တစ်ကောင်ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူ၏ရွှေရောင်မျက်စိအိမ်သည် အရောင်လက်နေကာ အစွမ်းထက်သော ကြယ်ဝိညာဉ်သိုင်းကို ထုတ်လွှတ် တော့မလိုဖြစ်နေသည်။ အနက်ရောင်စပါးအုံးမြွေသည် ရင်နာမိသည် “မင်းက အနက်ရောင်ဝိညာဉ်အသီးမလိုချင်ဘူးလား ငါ မင်းကို တစ်ဝက်ပေးမယ်”

ပေထင်းဟွမ်သည် ယုတ်မာစွာပြုံးပြီး မရပ်ပေ “ငါက အနက်ရောင် ဝိညာဉ်သစ်သီးလိုချင်တယ်လို့ ဘယ်သူပြောလို့လဲ”

ရွှေရောင်အလင်းသည် သစ်တတ်ကျား၏ မျက်လုံးထဲတွင် လင်းလက်လာ သည်။ အနက်ရောင်စပါးအုံးမြွေသည် ပေထင်းဟွမ်၏ ဆိုလိုရင်းကို နားမလည် ပေ။ သို့သော် ထပ်မေးနေရန်လည်း မလိုတော့ပေ။ အနက်ရောင်မြူခိုးသည် ၎င်း၏ ကိုယ်ထည်ကို တင်းကြပ်စွာရစ်ပတ်ထားသည်။ ၎င်းသည် ကောင်းကင် တစ်ဝက်ကို ဖုံအုပ်ထားသည့် အနက်ရောင်တိမ်တိုက်နှင့်တူသည်။ ၎င်း၏ မီးပုံး အရွယ်အစားရှိ မြွေမျက်လုံးများသာ ပေါ်နေသည်။ ထိုမျက်လုံးများသည် အစိမ်း ရင့်ရောင်တောက်ပနေကာ အနက်ရောင်မြူခိုးများဝန်းရံနေသည့် စွမ်းအားလုံး အဖြစ် စုစည်းသွားလေသည်။ ၎င်းသည် သစ်တတ်ကျား၏မျက်လုံးမှထွက်လာ သော ရွှေရောင်အလင်းတန်းနှင့် တိုက်မိသွားလေသည်။

အနက်နှင့်ရွှေရောင် စွမ်းအားနှစ်ခု တိုက်မိလေသည်။ ရွှေရောင်စစ်လှံ သည် အနက်ရောင်စွမ်းအင်လုံးကို တစ်ခါတည်းထိုးဖောက်သွားကာ တစ်လွှာ ပြီးတစ်လွှာ ပေါက်ကွဲသွားလေသည်။ ကောင်းကင်ကိုခွဲပစ်စေနိုင်လောက်သည့် ရောင်ဝါနှင့်အတူ အနက်ရောင်စပါးအုံးမြွေကိုတိုက်ခိုက်လေသည်။ ၎င်းသည် ရုတ်တရက် အနက်ရောင်စပါးအုံးမြွေ၏ကိုယ်ထည်ကို ထိုးစိုက်သွားကာ ကြီးမားသောစွမ်းအားကို ထုတ်ပေးလေသည်။ အသွေးနှင့်အသားများ မိုးပေါ်သို့ ပြန့်ကျဲသွားလေသည်။

ဝမ်းနည်းစရာကောင်းသော ငိုကြွေးသံသည် ကောင်းကင်တစ်ခုလုံးကို ဖြတ်သွားပြီးနောက် ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသော ကျယ်လောင် သည့် အသံကြီးနောက်မှလိုက်ပါလာသည်။ မြေပြင်တွင်ယှဉ်ပြိုင်တိုက်ခိုက်နေ မှုများသည် မည်သည့်အခြေအနေရောက်နေသည်ကို မသိနိုင်ကြပေ။ တောင်တန်းအကြားတွင် သတ္တဝါကြီးများ လှိမ့်နေကြသည်ကိုသာ မြင်နေရ သည်။ သွေးများသည် မိုးရွာသွန်းလိုက်သကဲ့သို့ သွေးညှီနံ့များလှိုင်နေကာ တောင်ကြားတစ်ခုလုံး အနီရောင်လွှမ်းသွားလေသည်။

မြေပြင်မှ တိုက်ခိုက်ရေးသမားများသည် ဖရိုဖရဲရှောင်ရှားရသည်။ နောက်ဆုံးပေါက်ကွဲသံရပ်သွားချိန်တွင် သူတို့ လှမ်းကြည့်ကြသည်။ ကြယ် ၂ ပွင့်နတ်သားရဲ အနက်ရောင်စပါးအုံးမြွေသည် အသက်မြော့မြော့ပင်ကျန်တော့ ကာ မြေပေါ်တွင်လဲလျောင်းနေသည်။ သူ၏ခန္ဓာကိုယ်သည် အသားများဖွာနေ ကာ သွေးများဖြင့်ပေကျံနေပြီး အရိုးများပင်ပေါ်နေသည်။ ၎င်း၏မီးပုံးအရွယ် အစားရှိ မြွေမျက်လုံးများထဲတွင် နတ်အလင်းရောင်ပင် မရှိတော့ပေ။ ၎င်း၏ သေဆုံးတော့မည့် အသွင်အပြင်သည် ထိတ်လန့်ဖွယ်ရာပင်။

ရှုံးပြီ လုံးဝရှုံးသွားပြီ…

ကြယ် ၂ ပွင့် နတ်သားရဲအနက်ရောင်စပါးအုံးမြွေသည် တုံ့ပြန်ရန် ခွန်အား ပင်မရှိတော့ပေ။

“မင်း ဘာလိုချင်တာလဲ” ခပ်ပျော့ပျော့အသံသည် အရင်ကကဲ့သို့ မလွှမ်းမိုးနိုင်တော့ပေ။ အနက်ရောင်စပါးအုံးမြွေ၏ အေးစက်သောမြွေမျက်လုံး များသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။

All Chapters