← Chapters

မင်းဟာက ငါ့ဟာပဲ၊ ငါ့ဟာလည်း ငါ့ဟာပဲ

Vol. 16 Ch. 309

မင်းဟာက ငါ့ဟာပဲ၊ ငါ့ဟာလည်း ငါ့ဟာပဲ

Vol. 16 Ch. 309

“ငါဘာလိုချင်လဲဟုတ်လား” ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည်။ သူမ သည် အနက်ရောင်စပါးအုံးမြွေရှေ့သို့ ခြေချပြီး လက်ထဲမှဓားပျော့ဖြင့် ချိန်ရွယ် လိုက်သည် “သူငယ်ချင်းတို့ ငါတို့ဘာလိုချင်လဲဆိုတာ ဒီကောင့်ကို ပြောပြ လိုက်”

“အနက်ရောင်ဝိညာဉ်သစ်သီး နတ်သားရဲနဲ့ မွတ်မြတ်တဲ့သားရဲတွေ”

တညီတညာတည်းထွက်လာသောအသံသည် တောင်ကြားတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ သံမဏိသွေးကြေးစားအဖွဲ့ဝင်များသည် လက်ဝါးချင်း ရိုက်ကာ ဘေးမှအဖွဲ့ဝင်အချင်းချင်း ပွေ့ဖက်ကြလေသည်။ အချီကြီး နောက် တစ်ခေါက်ရလိုက်ပြန်သည်။ သူတို့၏ခေါင်းဆောင်သည် အလွန်အားကောင်း သည်။ အစောက အကွက်နှစ်ကွက်သည် အလွန်ပင် မိမိုက်လွန်းသည်။

“နတ်သားရဲ မွန်မြတ်တဲ့သားရဲဟုတ်လား” အနက်ရောင်စပါးအုံးမြွေသည် ၎င်း၏မြွေမျက်လုံးများကို ကျဉ်းမြောင်းလိုက်သည် “မင်းက သားရဲထိန်းမို့လို့ လား”

“ဟုတ်တယ်” ပေထင်းဟွမ်သည် လက်ထဲမှ ဓားပျော့ဖြင့် အနက်ရောင် စပါးအုံးမြွေကို ညွှန်ပြလိုက်သည် “အညံ့ခံမှာလား အသေခံမှာလား”

အနက်ရောင်စပါးအုံးမြွေ၏မျက်လုံးများသည် ပေထင်းဟွမ်အပေါ်သို့ ကျရောက်နေသည်။ သူသည် အကျပ်ရိုက်နေသည်။ အလွယ်တကူ အညံ့မခံ တတ်တဲ့ နတ်သားရဲတွေက ပေထင်းဟွမ်နောက်ကို လိုက်ကြတာလား။ အနက် ရောင်စပါးအုံးမြွေသည် စိတ်ထဲမှ တယူသန်သောခံစားချက်ကို ခံစားရလေ၏။ ဤမျှအားကောင်းသောလူသားသည် သူ့သခင်ဖြစ်ရန် အရည်အချင်းပြည့်မှီ သည်။

“မင်းမှားသွားပြီ ငါက နတ်သားရဲမလိုဘူး.. ငါ့သူငယ်ချင်းတွေနဲ့ ငါ့အဖွဲ့က နတ်သားရဲလိုနေတာ.. ဖန်ဖင် ဒီကိုလာပြီး မင်းရဲ့စာချုပ်သားရဲယူလိုက်”

ပေထင်းဟွမ်သည် အနက်ရောင်စပါးအုံးမြွေ၏ အတွေးများကို ဖြတ်မြင် နေရသည်။ သို့သော် သူ့ကိုရွေးချယ်ခွင့်မပေးပေ။ သူမသည် အနက်ရောင် စပါးအုံးမြွေ၏ဦးခေါင်းပေါ် လက်တင်လိုက်ရာ သူမ၏ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ်စွမ်းအင်သည် အနည်းငယ် စီးဆင်းလာသည်။ အစက ရုန်းကန်ချင်သော အနက်ရောင်စပါးအုံးမြွေသည် ကြောင်လေးသဖွယ် နာခံလာသည်။ မကြာမီတွင် ထိန်းကျောင်းခြင်း ပြီးဆုံးလေသည်။

ပေထင်းဟွမ် နတ်သားရဲတစ်ကောင်ကို ထိန်းကျောင်းသည်မှာ ၁၀ မိနစ် ပင်မကြာပေ။ သူက သားရဲထိန်းသခင်ကြီးရော ဟုတ်သေးရဲ့လား။

သားရဲထိန်းသခင်ကြီးတစ်ဦးကို ကိုယ်တိုင်မြင်ဖူးခဲ့သော တုန်ဖန်းကျောက်သည် လုံးဝကိုမယုံနိုင်ပေ။ သို့သော် ဖန်ဖင်သည် အနက်ရောင် စပါးအုံးမြွေနှင့် လျင်မြန်စွာစာချုပ်တည်ထောင်ပုံကို မြင်သောအခါ ထို ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်သည် အောင်မြင်သည်မှာ ထင်ရှားလွန်းသည်။ တုန်ဖန်းကျောက်ပင် မတည်ငြိမ်နိုင်တော့ပေ။ သူသည် ငေးကြောင်စွာ စိုက် ကြည့်နေပြီး ရှုပ်ထွေးစွာဖြင့် ဝေဝါးနေသည် “ပေထင်းဟွမ် မင်းက အမြင့်ဆုံး ဝိညာဉ်ထိန်းသခင်လား”

“ငါက ဝိညာဉ်ထိန်းသခင်ကြီးပါလို့ မပြောဖူးဘူး” ပေထင်းဟွမ်သည် သူမ၏ ဆံပင်ရှည်များကို ခါယမ်းကာ ကျန်သည့်မွန်မြတ်သောသားရဲ ၇ ကောင် ကို ရပ်ဆိုင်းခြင်းမရှိ ထိန်းကျောင်းလေသည်။ သူတို့သည် သတ်မှတ်ထားသည့် အတိုင်း ခွဲဝေကြသည်။

“ဘာ သေလိုက်စမ်းပါ” တုန်ဖန်းကျောက်သည် ပေထင်းဟွမ်ရှေ့သို့ အလျင်စလိုပြေးသွားကာ သူမကို အားကုန်လှုပ်ယမ်းလိုက်သည် “ဟေ့ကောင် မင်း ဘာလို့စောစောမပြောတာလဲ.. ဝိုး ဝိုး ဝိုး မင်း ငါ့ကိုနောက်နေတာလား အမြင့်ဆုံးသားရဲထိန်းဟုတ်လား.. အမြင့်ဆုံးသားရဲထိန်းက ဘာလဲဆိုတာ မင်း သိရဲ့လား.. မင်းက နတ်သားရဲကိုတောင် တကယ်ကြီးထိန်းကျောင်းနိုင်တာပေါ့ ဟားဟား ငါ့နတ်သားရဲကြင်ဖက်အတွက် မျှော်လင့်ချက်ရှိသွားပြီ၊ ဟားဟား ငါတို့မှာ အမြင့်ဆုံးမျိုးဆက်တွေရှိလာတော့မယ်”

“ရတယ်လေ မင်းသာ နတ်သားရဲကို ဖမ်းနိုင်တဲ့အရည်အချင်းရှိရင် မင်း အတွက် အခမဲ့ထိန်းကျောင်းပေးမယ်.. ငါတို့က သူငယ်ချင်းတွေဆိုတော့လေ” ပေထင်းဟွမ်သည် မငြင်းဆန်ပေ။ ဤကဲ့သို့ အရာမျိုးသည် သူမအတွက် ဘာမှ မဟုတ်ပေ။ အနာဂတ်တွင် သူမသည် မှော်သားရဲများကို ထိန်းကျောင်းပြီး ပိုက်ဆံရှာရမည်ဆိုသော်လည်း တုန်ဖန်းကျောက်သည် လူဆိုးမဟုတ်ပေ။ သူမ သည် အနာဂတ်တွင် မှော်သားရဲတောတွင်း ဝမ်းကွဲအစ်ကိုကို စောင့်ရှောက်ရန် သူ့ကိုမှီခိုရဦးမည်။ ပေထင်းဟွမ်သည် အရင်ကအငြိုးများကို မေ့ပစ်ကာ တုန်ဖန်းကျောက်ကို သူငယ်ချင်းအဖြစ် သတ်မှတ်ရင် ဆုံးဖြတ်ပြီးသားဖြစ် သည်။

“အဓိပ္ပာယ်မရှိတာ.. မင်းက ငါ့ပိုက်ဆံလိုချင်သေးတာလား.. ငါ့ကို ပိုက်ဆံ အကြောင်းပြောရဲရင် ငါမင်းကို တစ်ခါတည်းကန်ထုတ်မယ်ဆိုတာ ယုံလား” တုန်ဖန်းကျောက်သည် နာကျင်စွာကြည့်ကာ ပေထင်းဟွမ်အား လက်သီးဝေ့ယမ်းပြလေသည်။

ပေထင်းဟွမ်သည် တုန်ဖန်းကျောက်၏ ပွင့်လင်းသော အကျင့်စရိုက်ကို သဘောကျသည်။ သူမသည် သူမ၏သွယ်လျသော လက်များကို လက်သီးဆုပ် ကာ တုန်ဖန်းကျောက်အား အသာတွန်းလိုက်သည် “ငါတို့က ညီအစ်ကိုတွေလို့ မပြောဘူးလား.. မင်းဟာက ငါ့ဟာပဲ ငါ့ဟာလည်းငါ့ဟပဲ.. အဲတော့ မင်းကို ကူပြီးနတ်သားရဲထိန်းပေးဖို့က ပြဿနာမရှိဘူး”

တုန်ဖန်းကျောက်သည် ကလေးတစ်ယောက်လို ပျော်ရွှင်စွာပြုံးပြီး ပေထင်းဟွမ်အား ပွေ့ဖက်လေသည် “ဟုတ်ပြီ မင်းစကားကို မင်းတည်ရမယ်.. ငါ့ဟာကလည်း မင်းဟာပဲ.. မင်းဟာလည်းမင်းဟာပဲ..”

All Chapters