နတ်သားရဲဆီမှကောင်းကင်သစ်သီးလုရန် စိတ်ကူးခြင်း
Vol. 16 Ch. 310
ထိုအချက်တွင် တစ်စုံတစ်ရာမှားယွင်းနေသည်ကို ရုတ်တရက် ခံစားမိ လိုက်ရသည်။ သူသည် သတိထားပြီး ထိုစကား၏အဓိပ္ပာယ်ကို ကြေညက် အောင်လုပ်ပြီးနောက် သတိပြန်ဝင်လာသည်။ သူသည် ပေထင်းဟွမ်အား ကောက်ကျစ်သောအကြည့်များဖြင့်ကြည့်ကာ မျက်စိမှိတ်ပြလေသည်။
တုန်ဖန်းကျောက်သည် ဒေါသထွက်လွန်းသဖြင့် လက်သီးကို ကျစ်ကျစ်ပါ အောင်ဆုတ်ထားပြီး ပေထင်းဟွမ်ကို အသက်ရှူကြပ်အောင်လုပ်ချင်မိသည်။ “မင်းက တစ်စက္ကန့်လောက်တောင် မစရရင် မပျော်ဘူးလား”
“ဟား”
စစ်မြေပြင်ကိုရှင်းလင်းပြီး အကြွင်းအကျန်ပစ္စည်းများသိမ်းနေသည့် သံမဏိသွေးကြေးစားအဖွဲ့ဝင်များသည် ရယ်မောပြိး ခေါင်းခါကြသည်။ သူတို့၏ ခေါင်းဆောင်သည် အမှန်ကတယ်ပင် မြေခွေးကဲ့သို့ ကောက်ကျစ်၏။ သို့သော် ဤခေါင်းဆောင်သည် အားကောင်းပြီး တည်ငြိမ်ကာ ဉာဏ်ကောင်း သလို အနည်းငယ် ရက်စက်သည်။ သို့သော် သူတို့ ဘာကြောင့် သူ့ကို ဤမျှ သဘောကျနေကြသည်ကို မသိနိုင်ပေ။
ထိုအပင်တွင် အားလုံးပေါင်း အမည်းရောင်ဝိညာဉ်သစ်သီး ၁၈ လုံးရှိ၏။ အနက်ရောင်စပါးအုံးမြွေသည် အမည်းရောင်ဝိညာဉ်သစ်သီးကို နှစ်တစ်ရာကြာ အောင်စောင့်ပြီး နောက်ဆုံး ၂ ရက်အတွင်း ရင့်မှည့်တော့မည့်အချိန်ကို စောင့် နေခဲ့သည်။ သို့သော် ပေထင်းဟွမ်သည် သူတို့ကို ရိုက်နှက်ခဲ့သည်။ အစက အနက်ရောင်စပါးအုံးမြွေသည် ဒေါသထွက်လွန်းသဖြင့် သွေးအန်ချင်မိသည်။ သို့သော် အမည်းရောင်ဝိညာဉ်သစ်သီနှင့်ယှဉ်လျှင် ပေထင်းဟွမ်ဆီမှရလိုက် သည့် အကျိုးအမြတ်သည် ပိုကြီးမားသည်။ ပေထင်းဟွမ်၏ထိန်းကျောင်းမှု သည် အနက်ရောင်စပါးအုံးမြွေ၏ ကြယ်အဆင့်ကို ကြယ် ၂ ပွင့် တိုက်ရိုက် တက်သွားစေသည်။ အမည်းရောင်ဝိညာဉ်သစ်သီး ၁၈ လုံး ရင့်မှည့်လျှင် အနက်ရောင်စပါးအုံးမြွေသည် မွန်မြတ်သောသားရဲ မီးကြွက် ၇ ကောင်ကို ပေးရဦးမည်ဖြစ်သည်။ ကျန်သည့် အမည်းရောင်ဝိညာဉ်သစ်သီးသည် ဆေးသက်ရောက်မှု ကြီးလျှင်တောင် သူ၏ ကြယ်ဆင့်ကို ၂ ပွင့် တက်စေမည် မဟုတ်ပေ။
ခိုင်သည် ၎င်းနှင့် စာချုပ်တည်ထောင်လိုက်သော်လည်း အနက်ရောင် စပါးအုံးမြွေသည် ပျော်ရွှင်မိတုန်းပင်။ ခိုင်သည် ပေထင်းဟွမ်နောက်လိုက်သည် ကို သိရပြီးနောက် ပေထင်းဟွမ်နောက်လိုက်ရသည်နှင့် မခြားတော့ပေ။
အဖွဲ့ထဲတွင် ချူဖုန်းအပါအဝင် အားလုံးပေါင်း ၇ ယောက်ရှိသည်။ သူတို့ သည် အဆင့်တက်လုနီးပါးဖြစ်နေခဲ့သည်။ အမည်းရောင်ဝိညာဉ်သစ်သီး ၇ လုံး ကိုခွဲဝေပြီးနောက် ကျန်သော ၁၁ လုံးကို ပေထင်းဟွမ်သည် ရှန်းယန်ပိုနှင့် တခြားသုံးယောက်၊ သူမ၏ဇနီးလောင်း မုချင်းလင်ကိုတွေးပြီးချန်ထားလိုက် သည်။ ပေထင်းဟွမ်သည် ၅ လုံးတောင်းပြီး ကျန်သောအလုံးများကို ချူဖုန်းကို သိမ်းထားခိုင်းလိုက်သည်။
“ရှောင်ကျို့ ဒီလောက်အဖိုးတန်တာကို…” ချူဖုန်းသည် လက်ထဲတွင် သိုလှောင်လက်စွပ်ကိုင်ထားသည်။ ကျောက်စိမ်းပုလင်းထဲတွင်ထည့်ထားသည့် အမည်းရောင်သစ်သီးသည် အားလုံးပေါင်း ၁၂ လုံးရှိသည်။ တစ်လုံးမှာ သူ အဆင့်တက်ရန်အတွက် ပြင်ဆင်ထားခြင်းပင်။ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီး သည် အမည်းရောင်ဝိညာဉ်သစ်သီးစားပြီးနောက် ကောင်းကင်အဆင့်သို့ တက် နိုင်သည်။
“ဝမ်းကွဲအစ်ကို ကြေးစားအစည်းအရုံးကိုသွားပြီး ငါတို့ကြေးစားအဖွဲ့ကို စာရင်းသွားသွင်းကြမယ်.. ငါ တချို့ကိစ္စတွေကို ရှင်းရဦးမှာ.. သံမဏိသွေးကို မင်းကိုပဲ အပ်ထားခဲ့မယ် ဒီအမည်းရောင်ဝိညာဉ်အသီးတွေက နောက်ပိုင်း အဆင့်တက်ဖို့ခက်တဲ့သူတွေအတွက် ထားထားမယ်.. ဒါက အမည်းရောင် ဝိညာဉ်သစ်သီးလေးပါ.. မြေကြီးရတနာတို့ ကောင်းကင်ပစ္စည်းတို့သာဆိုရင် လူတွေအကုန်လုံးသုံးလို့ရမှာမဟုတ်ဘူးလား.. ငါတို့အဖွဲ့ သန်မာပြီး ခွန်အား များလာရင် နောက်ဆို ကောင်းကင်အသီးကိုတောင် လုလို့ရမှာပဲ” ပေထင်းဟွမ် ၏ အသံသည် တောင်ကြားထဲတွင် ပဲ့တင်ထပ်နေသည်။ ၎င်းသည် အားကောင်း ပြီး အားလုံး၏စိတ်ကို ရိုက်ခတ်နိုင်စွမ်းရှိလေသည်။
ကောင်းကင်အသီးသည် နတ်သားရဲများပင် တန်ဖိုးထားသည့် အမြင့်ဆုံး ဝိညာဉ်သစ်သီးဖြစ်သည်။ အရင်ကသာဆိုလျှင် အနာဂတ်တွင် ကောင်းကင် သစ်သီးလုမည်ဟု ပြောလာမည်ဆိုပါက မှော်သားရဲတောတွင် တစ်နှစ်ပတ်လုံး လှည့်လည်သွားလာခဲ့သည့် ထိုစွန့်စားသူများသည် သေချာပေါက် ကျယ်လောင် စွာ အော်ရယ်ကြမည်ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် အားလုံးသည် နတ်သားရဲဆီမှ ကောင်းကင်သစ်သီးကို လုရန် မျှော်လင့်နေကြပြီဖြစ်သည်။ ဘယ်လောက်တောင် သူရဲကောင်းဆန်လိုက်လဲ။
တုန်ဖန်းကျောက်၏မျက်နှာပင် နီရဲလာသည်။ ကောင်းလိုက်တဲ့ သခင်ကြီး နတ်သားရဲဆီက ပစ္စည်းကိုလုပြီး ညှဉ်းပန်းနှိပ်စက်ဦးမယ်။ ထို အကြောင်းကို တွေးကြည့်လိုက်သည်နှင့် သွေးများကို ဆူပွက်လာစေသည်။
သူတို့သည် ဝိညာဉ်ခွဲတောင်ကြားအတွင်းထဲသို့ လျှောက်လာခဲ့ကြသည်။
မရိုးသားသော ခေါင်းဆောင်ပေထင်းဟွမ် ဦးဆောင်သည့် သံမဏိ ကြေးစားအဖွဲ့သည် သတ်ဖြတ်ပြီး လုယက်သည်။ တစ်နေ့တွင် သူတို့သည် မှော်သားရဲတွင်း ၃ ခုနှင့် နတ်သားရဲ ၃ ကောင် မွန်မြတ်သောသားရဲ ၂၅ ကောင် တို့ကို ထိန်းကျောင်းသည်။ နေ့တစ်ဝက်တည်းနှင့်တင် နတ်သားရဲ ၅ ကောင် မွန်မြတ်သောသားရဲ ၃၇ ကောင်နှင့် အဆင့်မြင့်ဝိညာဉ်သားရဲ ၃၇ ကောင်ကို ထိန်းကျောင်းပြီးလေသည်။