← Chapters

ရှီဟို့ရဲ့ပရိသတ်တွေက အသုံးမဝင်ဘူး

Vol. 16 Ch. 311

ရှီဟို့ရဲ့ပရိသတ်တွေက အသုံးမဝင်ဘူး

Vol. 16 Ch. 311

ညနေခင်းတွင် သူတို့အဖွဲ့သည် နဂါးပျံ၏အသိုက်တွင် ယာယီအနားယူ ကြသည်။ ထိုအခါမှပင် ချူဖုန်းနျင့်တခြားသော အဆင့်တက်မည့် ဝိညာဉ်သခင် များသည် အမည်းရောင်ဝိညာဉ်သစ်သီးစားရန် အချိန်ရတော့သည်။ တစ်ညလုံး ပင် တစ်ခါပြီးတစ်ခါ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းများကျရောက်လာခဲ့၏။ အရုဏ်တက်ချိန်တွင် အဖွဲ့၌ ကောင်းကင်အဆင့်ဝိညာဉ်သခင်နှင့် ဝိညာဉ်သခင် ကြီး ၆ ဦးတို့ထပ်တိုးခဲ့သည်။ သူတို့၏ ခွန်အားသည် ထပ်မံတိုးသွားပြန်သည်။

“ဟုတ်ပြီ” ပေထင်းဟွမ်သည် မတ်တတ်ထကာ လက်ဝေ့ယမ်းလိုက်သည် “ငါတို့အဖွဲ့မှာ မွန်မြတ်တဲ့သားရဲတွေ အများကြီးလိုနေတုန်းပဲ.. ရှေ့ဆက်သွား မယ့်လမ်းတစ်လျှောက်ကို ရှီဟို့အမှုန့်ဖြူးဖို့ ငါ နွယ်ပင်လေးကို ခိုင်းထားပြီးပြီ.. မွန်မြတ်တဲ့သားရဲရှာဖို့ ဂူတိုင်းကိုလိုက်ကြည့်နေဖို့ အချိန်မရှိဘူး.. မှော်သားရဲ တွေကို အကုန်စုပြီး တစ်ခါတည်းဖမ်းရမယ့်ဒီနည်းလမ်းကိုသုံးရမှာပဲ”

အားလုံးသည် မှင်တက်စွာဖြင့် ပေထင်းဟွမ်အား အထိတ်တလန့်ကြည့် ကြသည်။ သူမက ဘာဖြစ်နေတာလဲ။ မှော်သားရဲတောမှာ ဘယ်လိုလုပ် ရှိဟို့ အမှုန့်သုံးရဲတာလဲ။

“ဒါက ဒါက.. အလုပ်ဖြစ်လို့လား” ဝမ်ဝေ့သည် တံတွေးများကို ပါးစပ် အပြည့်မျိုချလိုက်သည် “တစ်ခုခုဖြစ်လာမှာလား”

ရှီဟို့အမှုန့်သည် မှော်သားရဲများကို ရူးသွပ်သွားစေလောက်သည့် အမှုန့် ဖြစ်သည်။ အနံ့သည် လူများ မိန်းမောနိုင်သည့်ဆေးစားပြီးသည့် အခြေအနေ နှင့်မခြားလှပေ။ မွန်မြတ်တဲ့သားရဲ ဒါမှမဟုတ် နတ်သားရဲအုပ်လိုက်ကြီးကို ဆွဲဆောင်သလိုဖြစ်ရင် သေလမ်းရှာတာပဲမဟုတ်ဘူးလား။

“စိတ်မပူနဲ့ အဲဒီနေရာက ခြင်္သေ့ဘုရင်တောင်တန်းနဲ့နီးတယ်.. အဲဒီမှော် သားရဲတွေကို မကိုင်တွယ်နိုင်ရင် ခြင်္သေ့ဘုရင်တောင်တန်းဆီကို ဝင်ပြေးလို့ရ တယ်.. အဲအချိန်ကျရင် မိသားစုကြီးလေးခုက လူတွေနဲ့ စီရင်ချက်ဗိမ္မာန်ကလူ တွေလည်း အဲဒီကိုရောက်လောက်ပြီ.. ကျွန်တော်တို့တွေ သုတ်သင်ခံရတာကို မြင်ရင် သူတို့လည်း ဒီအတိုင်းထိုင်ပြီး အလင်းနတ်ဘုရားအောက်မှာ ဘာမှမလုပ်ဘဲနေမှာမှမဟုတ်တာ”

အရှက်မရှိလိုက်တာ။ ဒီကောင်လေးလောက် ဘယ်သူမှ အရှက်မဲ့တဲ့သူ မရှိတော့ဘူး။

မိသားစုကြီးလေးခု၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် တုန်ဖန်းကျောက်သည် ပေထင်းဟွမ်အား မျက်လုံးများကိုလှိမ့်ပြလေသည်။ ပြဿနာရှာသည်မှာလည်း သူမဖြစ်ကာ နတ်ဘုရား၏ဂုဏ်သရေကိုလည်း သူမကပဲ ပြောနေသေးသည်။

“သွားကြမယ်” ပေထင်းဟွမ်သည် လက်ဝေ့ယမ်းကာ လမ်းကိုဦးဆောင် သွားလေသည်။ သူမအနောက်တွင် ခမ်းနားလှသောအဖွဲ့ကြီးသည် မကောင်း သောအရာမှန်သမျှကို လုပ်မည့်အဖွဲ့ကဲ့သို့ ကျူးကျော်လာသည်။

“ရှောင်ကျို့.. ပြောပါဦး နွယ်ပင်လေးကို ဘယ်နေရာတွေကို ဆေးမှုန့်ဖြူး ခိုင်းထားတာလဲ”

ရှေ့မှလျှောက်နေသော ပေထင်းဟွမ်သည် စိတ်လှုပ်ရှားစွာကြည့်လေ၏။ တုန်ဖန်းကျောက် သူမကို ကြည့်လေလေ သူမသည် မှော်သားရဲအုပ်နှင့် သွား တိုက်ခိုက်မည့်သူနှင့်မတူပေ။ သူ မည်သို့ပင်ကြည့်စေကာမူ သူမသည် မကောင်းသည့်အရာ တစ်ခုခုကိုလုပ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြည့်ချင်သည့်လူနှင့်တူသည်။ တုန်ဖန်းကျောက်သည် စိတ်မအေးနိုင်တော့ ပေ။

“ငါ မင်းကိုပြောပြီးပြီမလား ခြင်္သေ့ဘုရင်တောင်တန်းနားမှာပါဆို.. အဲဒီမှာ နတ်သားရဲတွေပိုများတယ်.. တိုက်တိုက်ဆိုင်ဆိုင်ပဲ မိသားစုကြီးလေးခု နဲ့ စီရင်ချက်ဗိမာန်ကလည်း အဲဒီကိုသွားနေတာ.. နွယ်ပင်လေး ရွေးဖို့ကောင်းတဲ့ နေရာတစ်ခုပဲ” ပေထင်းဟွမ်သည် ကြမ်းတမ်းသောတစ်စုံတစ်ရာလုပ်ခဲ့သည် ကို သဘောမပေါက်ပေ။ သူမသည် ဘာမှမရှိသည့်မေးစေ့ကိုပွတ်ပြီး ကောင်းကင်ကြီးအား ကြည့်လေသည် “ဒီအချိန်ဆို သူတို့တွေ မကြာခင် တိုက်ခိုက်ကြတော့မယ် ငါတို့တွေ အချိန်မှီရောက်သွားရင် ဈေးပေါပေါ နတ်သားရဲတချို့ကို ကောက်ယူရုံပဲ”

“ပေထင်းဟွမ် မင်းကိုယ်မင်း ဘာလို့အရှက်မရှိဘူးလို့ မခေါ်ရတာလဲ” တုန်ဖန်းကျောက်သည် မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။

မိသားစုကြီးလေးခုသည် အားမနည်းသော်လည်း ထိုအဖွဲ့တွင် ကောင်းကင်အဆင့်ဝိညာဉ်သခင်မှာ ဆရာလေးဦးသာပါဝင်သည်။ မွန်မြတ် သောသားရဲ သို့မဟုတ် နတ်သားရဲအုပ်ရှေ့၌ ကောင်းကင်အဆင့်သခင်မှာလည်း မည်သို့တတ်နိုင်ဦးမည်နည်း။ မှော်သားရဲများ၏တိုက်ခိုက်မှုကို ကိုင်တွယ်ပြီး မျိုးနွယ်မှ အားနည်းသောတပည့်များကို ကာကွယ်ရမည်ကို တွေးပြီး တုန်ဖန်းကျောက ခေါင်းကိုက်လာသည်။

ကံကောင်းစွာပင် သူ၏အစ်ကိုကြီးသည် ကောင်းကင်အဆင့်ဖြစ်သည်။ သူ၏ ကလေးဘဝအတွေ့အကြုံကြောင့် တခြားမိသားစုဝင်များအတွက် ခံစားချက်မရှိသဖြင့် စိုးရိမ်ရန်တော့မရှိပေ။ အနာဂတ်တွင် သူသည် မျက်နှာနှစ်ဖက်ရှိသော ပေထင်းဟွမ်ကို ပြစ်မှား၍မရတော့ကြောင်းကို သူ ခံစားလိုက်ရသည်။

ဒီကောင်လေးသည် တခြားသူများကို လှည့်ဖြားရန် ကြံစဉ်ချိန်တွင် ရူးသွပ် သွားခဲ့သည်..

All Chapters