သေစမ်း ဘယ်သူလဲ
Vol. 16 Ch. 312
တုန်ဖန်းကျောက်နှင့် ပေထင်းဟွမ်တို့သည် အသံမလျော့ကြပေ။ အဖွဲ့ထဲမှလူများသည် နားပါး မျက်စိပါးကြရာ သူတို့ပြောသမျှကို ရှင်းလင်းစွာ ကြားနေရသည်။ သူတို့သည် မျက်စိစွေစောင်းကြည့်ကြသည်။ နမိတ်မကောင်း လိုက်တာ.. မဟုတ်သေးဘူး အကြံကောင်းတယ်။ သူတို့ခေါင်းဆောင်က ဘယ်လိုလုပ် အဲလိုအကြံရသွားတာလဲ။
မနက်ခင်း၏ ပထမဆုံးနေရောင်သည် မြေပေါ်ကျရောက်လာသည်။ နွေရာသီအစောပိုင်းတွင် သစ်ပင်ရှိ အရွက်များသည် စိမ်းစိမ်းစိုစိုရှိလှသည်။ ခြင်္သေ့ဘုရင်တောင်တန်းသို့ သွားသည့်လမ်းတွင် မိသားစုလေးခုမှ အမျိုးသား ငယ် အမျိုးသမီးငယ်တို့သည် အလွန်ပင် စိတ်လှုပ်ရှားလျက်ရှိသည်။ ဝိညာဉ်ခွဲ တောင်တန်းသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သည်တစ်ကြိမ် တွင် သူတို့သည် ကိုယ်တိုင် ဤနေရာသို့ ရောက်လာခဲ့သည်။ အားနည်းသော မွန်မြတ်သောသားရဲ တစ်ကောင် နှစ်ကောင်တို့နှင့် တွေ့သည်မှအပ အခြေခံ အားဖြင့် ဘေးကင်းခဲ့ကြသည်။
“ဝိညာဉ်ခွဲတောင်တန်းကို အထင်မသေးလိုက်နဲ့.. ဒီမှာ မရေမတွက်နိုင်တဲ့ အားကောင်းတဲ့ ဝိညာဉ်သခင်တွေ နေ့တိုင်းသေနေတာ.. ငါတို့တွေက ဒီနှစ်ရက် အတွင်းမှာ ကြောက်စရာကောင်းတဲ့ အဆင့်မြင့်မှော်သားရဲတွေကိုမတွေ့ခဲ့တာ ပဲရှိတာ.. နောက်ကို မတွေ့ဘူးလို့ မဆိုလိုဘူး” ပေထင်းလင်သည် ပေထင်း မိသားစုမှ လူငယ်များကို တည်တံ့စွာပင် သတိပေးလိုက်သည်။ သူမသည် သူတို့ကို ခေါ်လာရင်းနှင့် ပေထင်းဟွမ်ကိုလည်း စိတ်ပူမိသည်။ ထိုကောင်လေး ဘာလုပ်နေသည်ကို သူမ မသိပေ။
“သခင်ပေထင်းလင် အရင်လိုမျိုးငြိမ်သက်ပြီး မှော်သားရဲတွေပေါ်မလာ ရင် ကျုပ်တို့ခရီးက အလဟဿဖြစ်မှာလေ.. ဒီမှာ ခင်ဗျားတို့အတွက် မွန်မြတ် တဲ့သားရဲတွေလုံလုံလောက်လောက် ထိန်းကျောင်းမပေးဘူးလို့ ကျုပ်ကို လာ အပြစ်မတင်နဲ့” နန်ကုန်းရှို့၏ တြိဂံပုံစံမျက်လုံးများသည် ပေထင်းလင်ကို အထင်သေးခြင်းမရှိသလို အထင်ကြီးခြင်းလည်းမရှိပေ။
တုန်ဖန်အောင်သည် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူ့အပြုံးသည် အထင် သေးမှုများဖြင့် ပြည့်နေသည်။ ဒီအဘိုးကြီးက မှော်သားရဲတွေကို ထိန်းကျောင်း ဖို့ သူ့အပေါ်ကိုပဲ မှီခိုနေတယ်လို့ တကယ်ကြီးထင်နေတာလား။ မိသားစုကြီး လေးခုသည် ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ရရန် အတူတကွ လုပ်ဆောင်ရန် သဘောတူပြီး မှော်သားရဲတောသို့ဝင်ရန် နှစ်ဖွဲ့ခွဲခဲ့သော်လည်း တစ်ဝက်မှာ နန်ကုန်းမိသားစုအပိုင်ဖြစ်ကာ နောက်တစ်ဝက်မှာ ကျန်မိသားစု ကြီးသုံးခုတို့ဖြစ်သည်။ မိသားစုကြီးသုံးခုမှ ဖမ်းမိလာသော မွန်မြတ်သောသားရဲ များကို နန်ကုန်းရှို့မှ ထိန်းကျောင်းပေးရမည်.
သို့သော် ဤအဘိုးကြီးသည် တစ်နေ့လျှင် မွန်မြတ်သောသားရဲ တစ်ကောင်သာ ထိန်းကျောင်းခဲ့ရသည်။ မျိုးနွယ်ကြီးသုံးခုသာ ပူးပေါင်းလိုက် လျှင် တစ်နေ့လျှင် မွန်မြတ်သောသားရဲတစ်ကောင်ထက်ပိုပြီး ဖမ်း၍ရနိုင်သည်။ အများကြီးဖမ်းလည်း ဘာအသုံးဝင်မှာလဲ။
ရှီမန်ဖုန်းသည် နှင်းဖြူရောင်ဝတ်ရုံဝတ်ဆင်ထားကာ အဖြူရောင် ကျောက်စိမ်းခါးပတ်ကို ခါးတွင်ပတ်ထားသည်။ ၎င်းသည် သူလမ်းလျှောက် တိုင်းတွင် မြက်ပင်များကို တိုက်သွားသည်။ သူ၏ ဆံပင်များသည် နက်မှောင် ကာ အင်္ကျီသည် ဖြူစွတ်နေသည်။ သူသည် ထင်းရှူးပင်ကဲ့သို့ လှပသည်။ သူသည် နန်ကုန်းရှို့၏ ဆိုလိုရင်းကို မကြားလိုက်သလို ပြုမူနေသည်။ သူသည် ထူးထူးခြားခြား ရွေ့လျားနေသည့် မြင်ကွင်းနှင့်တူသည်။ သူသည် ရုတ်တရက် ခေါင်းမော့ကာ လှပသောမျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူသည် ရှေ့သို့ အတန်ကြာအောင် စိုက်ကြည့်နေသည်။ ခဏကြာပြီးနောက် သူ့နှုတ်ခမ်း ထောင့်များ ကွေးတက်သွားသည် “စိတ်ဝင်စားဖို့ကောင်းတယ်”
“ဘာဖြစ်လို့လဲ” သူတစ်စုံတစ်ရာပြောလိုက်သည်ကို တုန်ဖန်းအောင် ကြားလိုက်သဖြင့် သိချင်စိတ်ဖြင့် မေးလေသည်။
သူ့စကားဆုံးသည်နှင့် မျက်မှောင်ကြုတ်ကာ သူ့နောက်မှအဖွဲ့ကို ရပ်ရန် လက်မြှောက်လိုက်သည်။ သူသည် ဒေါသတကြီး ကျိန်ဆဲလိုက်သည် “သေလိုက်စမ်း ဘယ်သူလဲ”
“ရှီဟို့အမှုန့်လား” နန်ကုန်းရှို့သည် ထခုန်ပြီး ပျာယာခတ်သွားသည်။ မွန်မြတ်သောသားရဲများ၏ အကောင်းဆုံးအရင်းအမြစ်ကိုလုရန် နန်ကုန်း မိသားစုသည် ရှေ့မှသွားသည်။ တုန်ခါနေသောအသံသည် မြေကြီးနှင့်တောင် များကို လှုပ်ခါသွားစေကာ အဘက်ဘက်မှရောက်လာသည်။ ကြီးမားသော မွန်မြတ်သည့်သားရဲများ၏ ပုံရိပ်သည် ပိုပိုရှင်းလာသည်။ စစ်ကင်းလိပ်ချော၊ ချပ်ဝတ်တန်ဆာနဂါး၊ မီးကျား၊ အမွေးရှည်ဆင်ကြီးနှင့် သွေးကျောက်စိမ်း ပင့်ကူများ.. ထိုအားကောင်းသော မွန်မြတ်သည့်သားရဲများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် နန်ကုန်းရှို့၏ မျက်လုံးများ မှောင်မိုက် သွားပြီး မေ့လဲလုမတတ်ပင်။
“အာ… မွန်မြတ်တဲ့သားရဲ အုပ်ကြီးပဲ ဘာတွေဖြစ်နေတာလဲ” မြက်ခင်း ပေါ်တွင်လျှောက်ပြီး ပန်းရှာနေကြသော နန်ကုန်းမိသားစု၏အဖွဲ့ရှိ အမျိုးသားငယ် အမျိုးသမီးငယ်များသည် ထိုမြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူး ကြပေ။ အားကောင်းသည့် မွန်မြတ်သောသားရဲများ၏ဖိအားသည် စုခဲလာကာ သူတို့ပေါ်သို့ ကောင်းကင်အဆင့်စိတ်ကို ပိတ်လှောင်လိုက်သကဲ့သို့ပင်။ ချက်ချင်းဆိုသလိုပင် သူတို့အတွက် လှုပ်ရှားရန်ပင် ခက်ခဲလာသည်။
“ကောင်စုတ် လမ်းပေါ်မှာ ဘယ်သူက ရှီဟို့အမှုန့်ဖြူးထားတာလဲ.. စီရင်ချက်ဗိမာန်ကလား.. စီရင်ချက်ဗိမာန်ပဲဖြစ်ရမယ်.. အဲအဘိုးကြီးတွေက ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကိုရဖို့ဆို ဒီလိုခွင့်မလွှတ်နိုင် တဲ့ လုပ်ရပ်တောင် လုပ်ထွက်တယ်” နန်ကုန်းရှို့သည် သူ၏စာချုပ်သားရဲဖြစ် သည့် နတ်သားရဲကင်းမြီးကောက်အမြီးနှင့်ခြင်္သေ့ကို ဆင့်ခေါ်လေသည်။