← Chapters

နန်ကုန်းမိသားစုက သေတော့မလို့

Vol. 16 Ch. 313

နန်ကုန်းမိသားစုက သေတော့မလို့

Vol. 16 Ch. 313

လမ်းတစ်လျှောက်တွင် ရှီဟို့အမှုန့်ရပြီး ပေထင်းဟွမ်၏အဖွဲ့ကို အနှောင့် အယှက်ပေးသည့် ရူးသွပ်နေသော နတ်သားရဲ သုံးကောင်ရှိသည်။ ၎င်းတို့သည် တိမ်တိုက်ဝံပုလွေ၊ နှင်းအစက်အပျောက်သစ်နက်နှင့် မိုးကြိုးလင်းယုန်တို့ ဖြစ် ကြသည်။ အဖွဲ့ထဲတွင် သံမဏိသွေးကြေးစားအဖွဲ့ဝင်များအတွက် နတ်သားရဲ ၄၂ ကောင်၊ အဖွဲ့ခေါင်းဆောင်အတွက် နတ်သားရဲ ၅ ကောင်ရပြီးဖြစ်လေသည်။ သူတို့ ဝိညာဉ်ခွဲတောင်ကြားမှထွက်လာသည်နှင့် အပြင်ဘက်ရှိ တိုက်ခိုက်နေသံ များကို ကြားရလေသည်။

“နွယ်ပင်လေး မင်း ရှိဟို့အမှုန့်ကို စုပ်ယူနိုင်လား” ပေထင်းဟွမ်နှင့် နွယ်ပင်လေးတို့သည် စိတ်နှင့်ဆက်သွယ်ကြသည်။

“သေချာပေါက် ရတာပေါ့ သခင် မင်းမှတ်ဉာဏ်က မဆိုဘူးပဲ.. ငါက အဆိပ်စားရတာကြိုက်တယ်လို့ ပြောဖူးတယ်လေ” နွယ်ပင်လေး၏ အသံသည် သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ချိုမြစွာထွက်ပေါ်လာသည်။

“ဟုတ်ပြီ ငါတို့သွားမယ့်နေရာတိုင်းမှာ ရှီဟို့အမှုန့်တွေ အကုန်စုပ်ယူလိုက်” ပေထင်းဟွမ် အမိန့်ပေးလိုက်သည်။ သူမသည် ရူးသွပ်နေသည့် မွန်မြတ်သော သားရဲများကို အခေါက်ပေါင်းရာချီ မတိုက်ခိုက်ချင်တော့ပေ။

မြင့်မားသောတောင်တန်းပေါ်တွင်ရပ်ပြီး ပေထင်းဟွမ်သည် အောက်မှ တောင်ကြားလမ်းကို ကြည့်နေသည်။ ကျယ်ဝန်းလှသော တောင်ကြားလမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မြင့်မားသော သစ်ကတိုးပင်များ၊ ထင်းရှူးပင်များ နှင့် တောင်တန်းများကိုဖုံးအုပ်နေသည့် တခြား နှစ်သက်တမ်းထောင်ချီရှိ သစ်ပင်များရှိနေသည်။ အောက်ခြေထိမြင်နေရသည့် ကြည်လင်သော မြစ်ကျယ်ကြီးတစ်စင်းလည်းရှိသည်။ ဝိညာဉ်ခွဲမြစ်ရှိနေရသည် ဖောက်ထွင်း မြင်နိုင်လောက်သည်။ ၎င်းသည် တောင်နံရံကိုစီးဖြတ်ကျော်လာကာ အဝေး တစ်နေရာသို့ စီးဝင်သွားသည်။ နားကွဲမတတ်အော်သံများသည် တောင်နံရံ၏ တစ်ဖက်မှထွက်ပေါ်လာသည်။

တိုက်ပွဲမှာ ဆက်လက်ဖြစ်သွားနေသည်။ ပေထင်းဟွမ် အဖွဲ့ကိုဦးဆောင် သွားတော့မည်အပြုတွင် ပုံရိပ်လေးခုသည် သူမ၏မျက်လုံးအား ဖြတ်ခနဲပေါ် လာသည်။ စီရင်ချက်ဗိမာန်မှ ကောင်းကင်အဆင့်ဝိညာဉ်သခင်လေးဦးဖြစ်၏။ ထိုအခိုက်အတန့်တွင် သူတို့သည် စစ်မြေပြင်နားပတ်လည်ပျံကာ ခြင်္သေ့ဘုရင် ၏တောင်တန်းဆီသို့ ဦးတည်သွားလေသည်။

အရင်ရောက်လာတာပေါ့လေ။ ပေထင်းဟွမ်သည် ခပ်သဲ့သဲ့ ပြုံးလိုက်၏။ နှံကောင်က ပုစဉ်းရင်ကွဲနောက် လိုက်လာတာလား။

“သခင် သခင်” နွယ်ပင်လေး၏ အသံသည် အသိစိတ်ပင်လယ်မှ နောက် တစ်ဖန်ထွက်လာပြန်သည်။ “ရှီဟို့အမှုန့်ကို စုပ်ယူပြီးပြီ မွန်မြတ်တဲ့သားရဲတွေ ငြိမ်ကျသွားပြီ.. သခင် အခုလာလို့ရပြီ.. အားလုံးပေါင်း မွန်မြတ်တဲ့သာရဲ ၄၃ ကောင်ရှိတယ်.. မျိုးနွယ်ကြီးလေးခုမှာ နတ်သားရဲ ၂ ကောင်နဲ့မွန်မြတ်တဲ့သားရဲ တွေအများကြီးရှိပေမဲ့ သူတို့ရဲ့ အဓိကပြိုင်ဘက်က ဝိညာဉ်သခင်ကြီးအဆင့် တွေချည်းပဲ.. သူတို့တွေ ကြာကြာတောင့်မခံနိုင်လောက်တော့ဘူး.. နန်ကုန်း မိသားစုကလူတွေက ကံအဆိုးဆုံးပဲ.. အာ.. နောက်တစ်ယောက်သေသွားပြန်ပြီ အကုန်သေလုနီးပါးပဲ”

ပေထင်းဟွမ်သည် ဘာမှမရှိသည့်မေးစေ့ကို ပွတ်ပြီး ခေတ္တမျှစဉ်းစားလေ သည်။ သူမသည် ခေါင်းလှည့်ပြီး ညွှန်ကြားလေသည် “သံမဏိသွေးဖွဲ့က ဝိညာဉ်သခင်တွေ အကုန်လုံး ငါ့နောက်လိုက်ခဲ့.. ကောင်းကင်အဆင့်မရောက် သေးတဲ့ ကျန်တဲ့ဓားသမားတွေက နေခဲ့လိုက်ကြ.. အစ်ကိုတုန်ဖန်း မင်းလည်း နေခဲ့လိုက်.. ဒီနေရက ခြင်္သေ့ဘုရင်တောင်တန်းနဲ့နီးလွန်းတယ်.. အဆင့်မြင့် မှော်သားရဲတွေ အချိန်မရွေးပေါ်လာနိုင်တယ်… မင်းကိုပဲ အဖွဲ့အပ်ခဲ့လိုက် တော့မယ်”

တုန်ဖန်းကျောက်သည် တုန်ဖန်းမိသားစုဝင်ဖြစ်သော်လည်း ပေထင်းဟွမ် သည် မိသားစုကြီးလေးခုအကြားမှ ပတ်သက်မှုကို များများစားစားမသိပေ။ သူသည် သူ၏ရာထူးကို ပြောပြပြီး ပေထင်းဟွမ်ဘက်တွင် ရပ်တည်ခဲ့ သော်လည်း ထိုအရာကြောင့်ပင် ပေထင်းဟွမ်သည် သူ့ကိုခက်ခဲအောင်မလုပ် ပေ။

“စိတ်မပူနဲ့ ငါရှိတယ်” တုန်ဖန်းကျောက်သည် ပေထင်းဟွမ်၏ ခံစားချက် ကိုဘာကြောင့် မသိဘဲနေမည်နည်း။ “မိသားစုကြီးလေးခုမှာ သဘောတူညီ ချက်ရှိတယ်လို့ ငါ အစ်ကိုကြီးဆီက ကြားထားတယ်.. သူတို့တွေက ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ်ကိုရဖို့ နောက်ဆုံးအချိန်မှာ စုကြမှာတဲ့.. တကယ်တော့ မိသားစုလေးခုထဲမှာလည်း ပဋိပက္ခတွေရှိတယ်.. နန်ကုန်း မိသားစုက တခြားမိသားစုသုံးခုကို အမိန့်ပေးရတာကြိုက်နေတာ.. ငါ အရင်တုန်းက မိသားစုထဲမှာရှိတုန်းက နန်ကုန်းမိသားစုကို ဘယ်လိုကိုင်တွယ် ကြမလဲဆိုပြီး အဘိုးတို့ပြောတာကြားဖူးတယ်.. အဲဒါကြောင့် မိသားစုကြီးလေး ခုလည်း စည်းလုံးမှာမဟုတ်ဘူး.. နန်ကုန်းမိသားစုကြောင့် တခြားမိသားစု သုံးခု ကိုမမုန်းပါနဲ့”

ညီအစ်ကိုများအကြားတွင်ပင် ရန်ငြိုးများရှိတတ်ကြသည်။ မိသားစု အဆင့်အတွက် အမြဲတိုက်ခိုက်နေကြသည့် မိသားစုကြီးလေးခုကို ပြောရန်ပင် မလိုတော့ပေ။ ပေထင်းဟွမသည် အရူးမဟုတ်ပေ။ ဒီပြဿနာကို ဘယ်လိုလုပ် မသိဘဲနေမလဲ။

“စိတ်မပူပါနဲ့” ပေထင်းဟွမ်သည် သူစိတ်ချစေရန် ပခုံးကိုပုတ်လိုက်သည် “ပေထင်းမိသားစုရဲ့ ခေါင်းဆောင်က ငါ့အဒေါ်လေ.. အစ်ကိုကြီးတုန်ဖန်းအောင် က ငါ့ကိုအရမ်းကောင်းပေးတယ် အစ်ကိုရှီမန်ဆုန်းလည်း ကောင်းတာပဲ.. သူတို့ အခက်တွေ့အောင် ငါ မလုပ်ပါဘူး”

All Chapters