← Chapters

နတ်သားရဲမရှိတဲ့ညီအစ်ကိုတွေအတွက် သွားကြမယ်

Vol. 16 Ch. 314

နတ်သားရဲမရှိတဲ့ညီအစ်ကိုတွေအတွက် သွားကြမယ်

Vol. 16 Ch. 314

ပေထင်းဟွမ်သည် ရုတ်တရက် လှည့်ပြီး သူမ၏အဖွဲ့နှင့် မျက်နှာချင်းဆိုင် လိုက်သည်။ သူမ၏ မည်းနက်သောမျက်လုံးများသည် မြေခွေးကဲ့သို့ ကောက်ကျစ်သောအနေအထားဖြစ်နေကာ သူမ၏နှုတ်ခမ်းများသည် အငြိုးကြီးသည့် အပြုံးအဖြစ်ကွေးတက်သွားသည် “ငါတို့ ခရီးရဲ့ရည်ရွယ်ချက် ကိုသိလား”

“သိတယ်” သူမ၏အသံသည် မိုးကြိုးသဖွယ်ဖြစ်ကာ ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေသည် “မွန်မြတ်တဲ့သားရဲ မွန်မြတ်တဲ့သားရဲ”

“ဟုတ်တယ်” ပေထင်းဟွမ်သည် သူမ၏ညာဘက်လက်ကို မြင့်မြင့်မြှောက်လိုက်သည်။ “မွန်မြတ်တဲ့သားရဲ ၄၃ ကောင်ရှိတယ်.. မင်းတို့ကို အဲဒါအကုန်ဖမ်းစေချင်တယ် လုပ်နိုင်ကြမလား”

“လုပ်နိုင်တယ်” အားလုံး၏မျက်နှာများသည် နီရဲလာကြသည်။ သူတို့၏ မျက်လုံးများသည် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။

“အရမ်းကောင်းတယ်” ပေထင်းဟွမ်သည် လက်ကိုဝေ့ယမ်းလိုက်သည် “အဖွဲ့ထဲမှာ မွန်မြတ်တဲ့သားရဲမရှိတဲ့ ညီအစ်ကိုတွေအတွက် သွားကြမယ်”

နေရောင်သည် မနက်ခင်းမြူခိုးများကို ထိုးဖောက်ဝင်ရောက်ကာ တောင်တန်းတစ်ခုလုံးကို ရွှေရောင်အလင်းတန်းအလွှာနှင့် လွှမ်းခြုံထားသည်။ ပြောင်မြောက်သည့် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်သည် ရှေ့တွင်ရပ်နေသည်။ သူ့တွင် ဖန်ကဲ့သို့ကြည်ပြီး မည်းနက်သောမျက်လုံးရှိကာ သူ၏ဆံပင်ရှည်များကို စုချည်နှောင်ထားသည်။ သူသည် ဦးဆောင်ပြီး ခုန်တက် သည်။ သူ့အနောက်မှ နတ်သားရဲ ၅ ကောင်သည် တန်းစီလိုက်ပါလာသည်။ နတ်သားရဲများအနောက်တွင် ၄၂ ကောင်သော မွန်မြတ်သောသားရဲများလိုက်ပါ လာကာ တောင်တန်းကိုဖြတ်ပြီး ခြင်္သေ့ဘုရင်တောင်တန်းဝင်ပေါက်ဆီသို့ တခမ်းတနားပင်သွားကြသည်။

ရှီဟို့အမှုန့်ကို အလုံးစုံကုန်အောင် စုပ်ယူပြီးသော်လည်း မွန်မြတ်သော သားရဲများသည် သူတို့၏အနံ့ကိုရနေတုန်းးပင်။ စစ်မြေပြင်မှ တိုက်ပွဲသည် ကြမ်းတမ်းနေတုန်းပင်။

မွန်မြတ်သောသားရဲ ၄၃ ကောင်သည် နန်ကုန်းမိသားစုမှလူအားလုံးကို ဝိုင်းထားကသည်။

နန်ကုန်းရှို့သည် နတ်သားရဲတစ်ကောင်ကို စီးပြီး တခြားမိသားစုသုံးခုမှ နည်းပြများကို သွားအကူအညီတောင်းသည်။ ရှီမန်ဆုန်း၏ စာချုပ်သားရဲသည် လည်း နတ်သားရဲဖြစ်သည်။ သို့သော် မွန်မြတ်သောသားရဲ ၄၃ ကောင်၏ ရူးသွပ်စွာတိုက်ခိုက်မှုကို မခံနိုင်ပေ။ မွန်မြတ်သောသားရဲ ၄၃ ကောင်သည် မိသားစုကြီးသုံးခုမှ တခြားအဖွဲ့ဝင်များကို ဝိုင်းထားကသည်။ ဒုတိယအဆင့် ပညာရှင်များပြီး အဆင့် ၃ ပညာရှင်မှာ ဒါဇင်ခန့်သာရှိသည်။ မွန်မြတ်သော သားရဲနှင့် စာချုပ်တည်ထောင်နိုင်သည့်လူသားမှာ အနည်းငယ်သာရှိသည်။ သို့သော် သူတို့သည် ရူးသွပ်နေသည့်မွန်မြတ်သောသားရဲများကို ခါမချနိုင်ပေ “နှမြောစရာပဲ နတ်သားရဲတစ်ကောင်မှကိုမတွေ့ရဘူး” ပေထင်းဟွမ်သည် နောင်တရစွာဖြင့် ခေါင်းခါလိုက်သည်။

ဆယ်လင်းသည် ဟန်ချက်ပျက်ကာ ခရမ်းရောင်နှင်းဝံပုလွေဘုရင်၏ ကိုယ်ပေါ်မှ ကျလုနီးပါးဖြစ်သွားသည်။ သူမသည် ထိတ်လန့်သွားသည်။ သူမ သည် ပေထင်းဟွမ်အား မျက်စောင်းထိုးကြည့်လိုက်သည်။ သူတို့ခေါင်းဆောင် က လောဘကြီးလွန်းတာမဟုတ်ဘူးလား။ “စစ်ဦးစီး နတ်သားရဲနဲ့အထက် သတ္တဝါတွေက အရမ်းအားကောင်းတယ်.. သူတို့တွေက စိတ်ကို အနှောင့်အယှက်ပေးနိုင်တဲ့ ရှီဟို့အမှုန့်လို ဆေးကိုခံနိုင်ရည်ရှိကြတယ်.. ပြီးတော့ ဒါက ခြင်္သေ့ဘုရင်တောင်တန်းနယ်နိမိတ်နားမှာလေ.. ခရမ်းရောင် မီးတောက်အတောင်ပံပါခြင်္သေ့ဘုရင်လိုမျိုး အဆင့်မြင့်နတ်သားရဲနားမှာဆိုရင် သာမန်ဝိညာဉ်သားရဲတွေက မကပ်ရဲကြဘူး.. မွန်မြတ်တဲ့သားရဲတွေကိုပဲ ရှီဟို့ အမှုန့်က ဆွဲဆောင်နိုင်မှာ.. ပြီးတော့ သူတို့အကုန်လုံးက အဆင့်မြင့်ကြယ် မွန်မြတ်တဲ့သားရဲတွေပဲ”

ဆယ်လင်းသည် တံတွေးမျိုချလိုက်သည်။ လေထဲတွင် မျက်လုံးနှင့်မြင်ရ သလောက်ဆိုလျှင် အနက်ရောင်ရှုပ်ထွေးမှုများရှိနေသည်။ သူတို့အားလုံးသည် အဆင့်မြင့်မွန်မြတ်သောသားရဲများဖြစ်ကြသည်။ အားလုံးပေါင်း ၄၃ ကောင်ရှိ သည်။

နန်ကုန်းရှို့၏ ပင်တိုင်တိုက်ကွက်သည် အလွန်ပင်အားကောင်းသည်။ ၎င်းသည် ဝိုင်းထားမှုတစ်ဝက်ကို ကာဆီးနိုင်ပြီး အားကောင်းသည့် မွန်မြတ် သောသားရဲ ၁၀ ကောင်ကျော်ကို နောက်ဆုတ်စေသည်။ သူ၏အားကောင်း သော ချွန်ထက်သောဆူးထစ်များပါသည့် ကင်းမြီးကောက်အမြီးသည် ၁၀ မီတာကျော်ရှည်သည်။ သံကြာပွတ်ကဲ့သို့ပင် ၎င်းသည် ကြမ်းတမ်းစွာ ယမ်းလိုက်သည်နှင့် အသွေးသားများကို စုတ်ဖြဲပစ်သည်။

ရှီမန်ဆုန်းကိုလည်း ဝိုင်းထားကြသည်။ သူ၏နတ်သားရဲသည် ကြယ်သုံး ပွင့်နီရဲမီးတောက်ဘီလုံးငှက်ဖြစ်သည်။ ၎င်းတွင် ရှေးဟောင်းနတ်သားရဲ ဟင်္သပဒါးငှက်၏ သွေးသားရှိသည်။ ၎င်း၏အသက်မီးတောက်သည် နီရဲ မီးတောက်ဖြစ်ကာ ကောင်းကင်မီးတောက်စာရင်းတွင့် အဆင့် ၃၆ ဖြစ်သည်။ ဤမီးငှက်သည် အလွန်ပင် ကြမ်းသည်။ ၎င်းပါးစပ်မှ မီးထုတ်နိုင်ပြီး မွန်မြတ် သောသားရဲများ၏ ကိုယ်ထည်ကိုမီးမြှိုက်လေသည်။ အသားကင်အနံ့များထွက် လာသည်။ ၎င်းသည် မွန်မြတ်သောသားရဲကို တိုက်ခိုက်ရေးခွန်အားလျော့ကျ ပြီး တိုက်ရိုက်မသတ်နိုင်သော်လည်း တစ်လှမ်းချင်းစီ နောက်ဆုတ်သွားအောင် လုပ်နိုင်သည်။

ပေထင်းလင်းနှင့် တုန်ဖန်းအောင်တို့သည် သူတို့၏စာချုပ်သားရဲများကို ဦးဆောင်ကာ ကျန်သည့် ဝိုင်းထားမှု သုံးပုံတစ်ပုံကို စောင့်ကြပ်နေသည်။ ရံဖန်ရံခါတွင် မွန်မြတ်သောသားရဲများသည် ဝိုင်းထားသည်မှ ဖောက်ထွက်လာ ရာ နန်ကုန်းမိသားစုမှ ယောက်ျားပျို၊ မိန်းမပျို ဝိညာဉ်သခင်များသည် အဝိုင်းခံရ သည့် ကြက်သွန်မြိတ်များသဖွယ် ခံစားရလေသည်။

All Chapters