← Chapters

ကျွန်မ မသေချင်သေးဘူး

Vol. 16 Ch. 315

ကျွန်မ မသေချင်သေးဘူး

Vol. 16 Ch. 315

သူခေါ်လာသည့်လူတစ်ဝက်ကျော်မှာ ကျသွားခြင်း သို့မဟုတ် ဒဏ်ရာရ သွားသည်ကို ကြည့်ပြီး နန်ကုန်းရှို့၏မျက်လုံးများသည် ပြုတ်ကျမတတ်ပင်။ သူ့လက်ထဲမှဓားရှည်သည် အဖွဲ့ဆီသို့ ပြေးဝင်လာသော စစ်ပုတ်သင်ကို ခုတ် လိုက်သည်။ သူသည် သူ့အဖွဲ့တစ်ဖွဲ့လုံး ကုန်သွားမည့်အဖြစ်မျိုး အဖြစ်မခံနိုင် ပေ။ ထိုအဆက် ၂၀ ကျော် ယောက်ျားပျိုနှင့် မိန်းမပျိုတို့သည် မိသားစု၏ လူငယ်မျိုးဆက်ဖြစ်ကာ ငါးယောက်မှာ တိုက်ရိုက်ဆက်ခံသူများဖြစ်ကြသည်။ သူတို့အားလုံးသာ ဤနေရာတွင်သေသွားပါက သူပြန်သွားရန်မဖြစ်နိုင်တော့ ပေ။

“သခင်တုန်ဖန်း၊ သခင်ပေထင်းနဲ့ သခင်ရှီမန်.. ဒီဝိုင်းထားတာကနေ ဖောက်ထွက်ဖို့ ကူညီပေးမယ်ဆိုရင် ကျုပ်တို့နန်ကုန်းမိသားစုက ခြင်္သေ့ဘုရင် တောင်တန်းက ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ် တစ်ဝက်ကို လက်လျှော့မယ်.. ပြီးတော့ မိသားစုကြီးသုံးခုအတွက် နတ်သားရဲတွေကို ထိန်းကျောင်းပေးမယ်လို့ ပြောထားတဲ့ ကတိကိုလည်းတည်မယ်.. ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ်ကိုလည်း မင်းတို့ပဲ အညီအမျှခွဲပေးမယ်” နန်ကုန်းရှို့၏မျက်လုံးများသည် နီရဲလျက်ရှိသည်။ အကယ်၍ မိသားစုကြီးသုံးခု သည် သူနှင့်ခရီးအတူထွက်ခဲ့ပြီး မိသားစုကြီးသုံးခုကလည်း ဤမွန်မြတ်သော သားရဲများကို တစ်ချိန်တည်း တွန်းလှန်ခဲ့ပါက ရှီဟို့အမှုန့်သည် ဤမိသားစုကြီး သုံးခုမှ တစ်ယောက်ယောက်ဆီသို့ ရောက်သွားမလားဟု တွေးနေမိသည်။

မွန်မြတ်သောသားရဲ ၁၀ ကောင်ကျော် ကျသွားသည်။ သို့သော် ထိတ်လန့် ဖွယ် တိုက်ခိုက်ရေးခွန်အားနှင့် မွန်မြတ်သောသားရဲ အကောင် ၃၀ နီးပါး ကျန် နေသေးသည်။ ထို့အပြင် သူတို့ဘက်မှ လူအများအပြား ဆုံးရှုံးလိုက်ရပြီဖြစ်၏။ မွန်မြတ်သောသားရဲများ ယခုလိုရက်စက်ပုံကို မည်သူမှမမြင်ဖူးကြပေ။ ဤတိုက်ပွဲရလဒ်သည် မတွေးနိုင်လောက်အောင်ပင်။

“သခင်နန်ကုန်းရှို့.. ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ် အကြောင်းကို အချိန်တစ်ခုလောက်တော့ မတွေးသေးနဲ့ဦး… ဟင်း ဒီကနေ အသက်ရှင်လျက် ထွက်နိုင်မလားဆိုတာ မသေချာသေးဘူး” ရှီမန်ဆုန်းနှင့် သူ၏ နတ်သားရဲတို့သည် ပူးပေါင်းပြီး ဆင်ကြီးကို မေ့သွားအောင်လုပ်ပြီး အထင်သေးစွာဖြင့် ပြောလိုက်သည်။

“ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်လား” တုန်ဖန်းအောင် သည် ပြုံးပြီး ခြင်္သေ့ဘုရင်တောင်တန်းဘက်သို့ ကြည့်လိုက်သည် “အခုလောက် ဆို အဲဒီ စီရင်ချက်ဗိမာန်က အဘိုးကြီးတွေက ခြင်္သေ့ဘုရင်တောင်တန်းကို ဝင်သွားလောက်ပြီ.. ကောင်းကင်အဆင့်ဝိညာဉ်သခင်နဲ့ ခရမ်းရောင်မီးတောက် အတောင်ပံခြင်္သေ့ဘုရင်ကြားက တိုက်ပွဲရလဒ်က ဘယ်လိုဖြစ်မလဲဆိုတာ သိချင်သေးရဲ့”

“အဲအဘိုးကြီးတွေ.. သေချာပေါက် အဲအဘိုးကြီးတွေပဲဖြစ်ရမယ်” နန်ကုန်းရှို့ဝင်လာချိန်က ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို နန်ကုန်းမိသားစုဆီယူသွားလျှင် မည်သို့သောဆုရမည်ကို တွေးရင်းနှင့် ပျော်မြူးခဲ့သည်။ သူသည် မိသားစု၏တိုက်ရိုက်မိသားစုဝင်အဖြစ် ရာထူးတိုး ချင်တိုးသွားနိုင်သည်။ သို့သော် ရှီဟို့အမှုန့်ကြောင့်ရောက်လာသည့် မွန်မြတ် သောသားရဲများကြောင့် အရာအားလုံးသည်ပျက်စီးသွားလေပြီ။

မိသားစုဝင်အများအပြား သေသွားရာ နောက်ဆုံးတွင် ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ်သာ သူ့ကိုကယ်နိုင်တော့မည်ဖြစ်သည်။

“အာ.. အကြီးအကဲ.. ကျွန်မတို့ကိုကယ်ပါဦး..ကျွန်မမသေချင်ဘူး မသေချင်ဘူး ဝူး.. ဘယ်သူမှမကယ်နိုင်တော့ဘူးလား” နန်ကုန်းမိသားစု၏ တိုက်ရိုက်ဆက်ခံသူ ကြယ် ၃ ပွင့်ဝိညာဉ်သခင် နန်ကုန်းချင်းမိုသည် ညည်းညူ လေသည်။ သူမ လေဝံပုလွေများ အနားကပ်လာသည်ကို မြင်စဉ်က သူမသည် ကြောက်လွန်းသဖြင့် ငိုမိသည်။

ပေထင်းလင်း သက်ပြင်းချလိုက်သည် “ကြယ်ဝိညာဉ်သိုင်းကို သုံးကြည့် ရအောင်.. ထပ်ပြီးကာမနေနဲ့တော့၊ ဒီတစ်ခါ အချိန်ဆဲလေလေ အကျိုးယုတ် လေလေဖြစ်လိမ့်မယ်.. ဒီကသွေးနံ့တွေက မှော်သားရဲတွေကို ဆွဲဆောင်သလို ဖြစ်သွားရင် ပိုဆိုးကုန်လိမ့်မယ်”

တုန်ဖန်းအောင်သည် အားကောင်းသော ကြယ်ဝိညာဉ်သိုင်းဖြင့် နတ် မိစ္ဆာသားရဲအုပ်ကို ချေမှုန်းလိုက်သည်။ သူသည် အော်မည်အပြုတွင် ကျယ်လောင်သောအသံကို ကြားလိုက်ရသည်နှင့် ရုတ်တရက် ပေထင်းလင်ကို ဆွဲပြီး ကြိမ်းမောင်းလိုက်သည်။ ဒါဘယ်လိုတောင် ကံဆိုးတာလဲ။

ရုတ်တရက်ဆိုသလိုပင် စစ်မြေပြင်တစ်ခုလုံးသည် တုန်ခါပြီး ထိတ်လန့် စေသည့်အသံများထွက်ပေါ်လာသည်။ မိုးပေါ်တွင် နန်ကုန်းရှို့နှင့် တခြားသူ များသည် ရပ်ပြီး အနောက်သို့ အလိုလိုကြည့်မိကြသည်။ ကြည့်လိုက်ရာ မိုးပေါ် မှ ဂုဏ်သရေရှိ ကောင်းကင်အဆင့်ဝိညာဉ်သခင်သည် ပြုတ်ကျလာပြီး သူတို့ မျက်စိရှေ့၌ပင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

နေထွက်လာရာဘက်၊ ကမ်းပါး၏တစ်ဖက်မှ ကြီးမားပြီး ရက်စက်သည့် ပုံရိပ်များသည် ကောင်းကင်နှင့်မြေကြီးကို ဖုံးထားပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေ သည်။ ကြီးမားသော အနက်ရောင်ရှုပ်ထွေးမှုများသည် ကောင်းကင်တစ်ဝက်ကို ဖုံးထားပြီး ကမ္ဘာကြီးသည် မှောင်မည်းသွားသည်။ ကြီးမားသောဖိအားလှုံးသည် လှိမ့်တက်လာကာ ဤကမ္ဘာကိုခံစားလေသည်။ စစ်မြေပြင်တစ်ခုလုံးရှိ လူသား သို့မဟုတ် သားရဲများပင် အသက်ရှူရန်ခက်လေသည်။

All Chapters