← Chapters

မွန်မြတ်တဲ့သားရဲ ၄၃ ကောင်လိုချင်တယ်

Vol. 16 Ch. 316

မွန်မြတ်တဲ့သားရဲ ၄၃ ကောင်လိုချင်တယ်

Vol. 16 Ch. 316

ဤမျှကြီးမားသောဖွဲ့စည်းမှုသည် ပြင်းထန်ပြီး မိုးကြိုးကဲ့သို့ မြေပြင်အား ထိမှန်သွားသည်။ စစ်မြေပြင်တွင် နုနယ်သောမိန်းကလေးများ၏ အမြင်အာရုံ သည် မှောင်မိုက်သွားပြီး မေ့ကျလုမတတ်ပင်။

“ဘုရားရေ ဒါတွေက ဘာတွေလဲ”

သူတို့သည် မျိုးနွယ်ကြီးလေးခုအတွင်းတွင် ကြီးပြင်းခဲ့ကြသော်လည်း ဤမျှကြီးမားသောအဖွဲ့အစည်းကို မမြင်ဖူးကြပေ။ သူတို့၏စိတ်ထဲတွင် ထိုအရာကိုခန့်မှန်းမိကြသော်လည်း မည်သူမှ ရင်မဆိုင်ရဲကြပေ။ မိုးပေါ်မှ ကောင်းကင်အဆင့်ဝိညာဉ်သခင်များပင်လျှင် ယခုလိုအခြေအနေတွင် မှော်သားရဲအုပ်ကြီးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု တွေးမထားကြပေ။

နတ်သားရဲ ၅ ကောင်အပြင် သူတို့အနောက်မှပျံလာသည်မှာ မွန်မြတ် သောသားရဲများဖြစ်ကြသည်။

“ဝူး ဟူး ဟူး ဒီတစ်ခါ ငါ တကယ်သေတော့မယ်၊ ငါသေတော့မယ်”

“ငါကြိုသိရင် မှော်သားရဲတောကို ဝင်မလာဘူး.. အမေ ပြန်ချင်ပြီ၊ ပြန်လာချင်နေပြီ”

မိန်းကလေးများသည် ငိုကြယိုကြသည်။ မိသားစုကြီးလေးခုတွင် သူတို့ သည် သူတို့၏သွေးသားကြောင့် သာမန်လူများထက် ကျင့်စဉ်အနည်းငယ် သန်မာကြသည်။ သူတို့၏စိတ်နေသဘောထားမှာတော့ သာမန်လူလောက် မသန်မာကြပေ။

မှော်သားရဲအုပ်ကြီးသည် နီးကပ်လာသည်။ စစ်မြေပြင်တွင် မိသားစုကြီး လေးခုနှင့်တိုက်ခိုက်နေသော မွန်မြတ်သောသားရဲများသည် တောင့်မခံနိုင် တော့ပေ။ မှော်သားရဲအုပ်ကြီးလာရာဘက်သို့ကြည့်ပြီး သူတို့၏မျက်လုံးများမှာ တညီတညွှတ်ထဲ ပြူးကျယ်လာပြီး နောက်ပြန်ဆုတ်ချင်မိသည်။

“နတ်သားရဲ ၅ ကောင်.. ငါတို့ကို အသက်ရှင်လျက်လွှတ်ပေးမှာလား.. ငါတို့ဘာလုပ်ကြမလဲ ဘာလုပ်ကြမလဲ”

လက်ရှိအခြေအနေတွင် ဝိညာဉ်သားရဲ ၁၀ ကောင်မဆိုထားနှင့် ၁ ကောင် ပင်လျှင် သူတို့ကို ရိုက်ချနိုင်သည်။ ရှီဟို့အမှုန့်အနံ့သည် ပျောက်ကွယ်သွား သည်မှာကြာပြီဖြစ်သည်။ ဒါဆို မှော်သားရဲတွေ ဘာလို့ ဒီလောက်များရတာလဲ။ ဒီကသွေးနံ့က အရမ်းပြင်းနေလို့လား။ သို့သော် ထိုသို့လည်းမဖြစ်နိုင်ပေ။ ဤနေရာသည် ခြင်္သေ့ဘုရင်တောင်တန်းဝင်ပေါက်တွင်ဖြစ်သည်။ အားကောင်း သော ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ရှိနေလျှင် သာမန်နတ်သားရဲ များသည် သေလောက်အောင်ဗိုက်ဆာနေလျှင်တောင် ဤနေရာသို့မလာရဲကြ ပေ။

သူတို့တွေ ဒီတစ်ခါတော့ တကယ်ကြီးသေတာ့မယ်။

နန်ကုန်းရှို့သည် ပေထင်းလင်ကို စိုက်ကြည့်လိုက်သည်။ သူသည် ဤမျှ များပြားသောမှော်သားရဲများကို ဆွဲဆောင်သည့်အတွက် သူမကို အပြစ်တင်ချင် နေသည်။ ကံဆိုးလိုက်တာ။

ရှီမန်ဆုန်းသည် မရယ်ဘဲမနေနိုင်တော့ပေ။ သူသည် ပေထင်းလင်အား စနောက်သလိုကြည့်လေသည်။

ပေထင်းလင်သည် သူမဆီသို့ပျံလာသော မှော်သားရဲများကို ငေးငိုင်စွာ ကြည့်နေသည်။ သူမသည် ငိုချင်သော်လည်း မျက်ရည်ထွက်မလာပေ။ သူမသာ သတ္တိရှိလျှင် ပြောချင်မိသည် “ငါတို့အသက်ရှင်ပြီ တစ်ယောက်ယောက်က ငါတို့ကို လာကယ်ပြီ”

“အားလုံးပဲ အကုန်လူစုလိုက်ကြ မိသားစုကြီးသုံးခုကလူတွေ နားထောင် ကြ၊ နောက်ဆုတ်မယ်”

အားလုံး မှင်တက်ကုန်ကြသည်။ ရှီမန်ဖုန်းသည် ရှေ့တစ်လှမ်းတိုးပြီး အဖွဲ့ရှေ့၌ ရပ်လိုက်သည်။ မှော်သားရဲများကို မျက်နှာချင်းဆိုင်ပြီး အစွန်တွင်ရှိ နေသည့် မျိုးနွယ်ကြီးသုံးခုမှလူများကို အမိန့်ပေးခဲ့သည်။ မွန်မြတ်သော သားရဲများကြောင့် ငေးကြောင်နေသည့် အမျိုးသားငယ် အမျိုးသမီးငယ်များ သည် လျင်မြန်စွာပင် ပြန်စုစည်းကာ အနောက်မှတောင်နံရံဆီသို့ ဖြည်းဖြည်း ချင်းဆုတ်သွားလိုက်ကြသည်။

နတ်သားရဲ၏ အားကောင်းသော ဖိအားအောက်တွင် အားကောင်းသော တိုက်ခိုက်ရေးခွန်အားရှိသည့် နတ်သားရဲ အကောင် ၃၀ ကျော်သည် ဖြည်းဖြည်း ချင်းစုသွားကြသည်။ သူတို့သည် အတန်းလိုက်ပျံလာသော နတ်သားရဲများကို ကြောက်ရွံ့သောမျက်လုံးများဖြင့် ကြည့်နေသည်။ ထိုအရာသည် နန်ကုန်း မိသားစုကို ထွက်ပြေးရန် အခွင့်အရေးပေးလိုက်သည်။ တစ်ယောက်ပြီးတစ် ယောက် အမျိုးသားငယ် အမျိုးသမီးငယ်များသည် ဖေးမကာ နန်ကုန်းရှို့၏ နတ်သားရဲကျောပေါ်သို့ တွယ်တက်ကြသည်။ သူတို့သည် သက်ပြင်းချကာ ထွက်ပြေးတော့မည်ပြုလေသည်။ သို့သော် မှော်သားရဲအုပ်ကြီး ရောက်လာ သည်ကိုမြင်သောအခါ သူတို့၏မျက်လုံးများသည် ထိတ်လန့်ပြီး ပြုတ်ကျလု မတတ်ဖြစ်သွားလေသည်။

နန်ကုန်းမိသားစုတင်သာမကဘဲ ရှီမန်ဆုန်းအပါအဝင် တခြားသော မိသားစုသုံးခုသည်လည်း ထိတ်လန့်ကာ အေးခဲစွာကြည့်နေမိသည်။

နတ်သားရဲ ၅ ကောင်၏ဦးဆောင်မှုအောက်တွင် မွန်မြတ်သောသားရဲ အကောင် ၄၉ ကျော်ဝန်းရံလာပြီး ဤကမ္ဘာကိုဝိုင်းလိုက်ကြသည်။ နတ်သားရဲ ၏ အနောက်တွင် အနက်ရောင်ဝတ်စုံဝတ်ပြီး မျက်နှာဖုံးအုပ်ထားသော လူတစ် ယောက် ခုန်ထွက်လာသည်။ ဖန်ကဲ့သို့ ကြည်လင်နေသည့် မျက်လုံးတစ်စုံ ပေါ် ထွက်လာသည်။ သူ၏မေးစေ့သည် ကျောက်စိမ်းဖြူကဲ့သို့ ထူးခြားပြီး ဆံပင် ရှည်များသည် လေအဝေ့တွင် ယမ်းနေသည်။ သူသည် လေပေါ်တွင် စစ်နတ် ဘုရားကဲ့သို့ ပျံနေကာ ထောင်လွှားစွာပြောလေသည် “ငါ မွန်မြတ်တဲ့သားရဲ ၄၂ ကောင်လိုချင်တယ်.. မင်းတို့ အသက်ရှင်ချင်ရင် ဒီနေရာကနေထွက်သွားလိုက် ပါ”

All Chapters