← Chapters

ငါတို့ကဘယ်သူလဲဆိုတာ မင်းသိလား

Vol. 16 Ch. 317

ငါတို့ကဘယ်သူလဲဆိုတာ မင်းသိလား

Vol. 16 Ch. 317

“မင်းကဘယ်သူလဲ ဘာလို့ ငါတို့ကိုထွက်သွားစေချင်တာလဲ” နန်ကုန်းချွင်းသည် နန်ကုန်းရှို့၏ နတ်သားရဲကျောပေါ်တွင်ရပ်ပြီး အောက်မှ ဒဏ်ရာရထားသည့် မွန်မြတ်သောသားရဲများကို လက်ညှိုးထိုးပြလေသည် “ဒါက ငါတို့စစ်တိုက်လို့ရလာတဲ့ အမြတ်တွေပဲ.. မင်းက လာလုချင်တာလား”

ရှီမန်ဖုန်း၏ စနစ်တကျရွှေ့ပြောင်းမှုအောက်တွင်၊ တောင်ခြေရှိ ကျောက် တုံးအနောက်တွင် သေသပ်စွာဆုတ်ခွာသွားခဲ့သော မိသားစုဝင်များသည် မှင်တက်သွားကြသည်။ ဒီမိန်းမက တော်တော်တုံးတာပဲ။ ဒီလိုအချိန်မှာတောင် စစ်ပွဲကရလာတဲ့ပစ္စည်းကို ဂရုစိုက်နိုင်သေးတာလား။

ထို့ပြင် သူမသည် စစ်ပွဲနိုင်ပစ္စည်းအတွက် ဤကဲ့သို့ အံ့ဩရလောက်သည့် လူနှင့်တိုက်ခိုက်နေသည်။ သူမခေါင်းထဲမှာ ရေတွေပဲရှိနေတာလား။ သူမက သူ့ သရုပ်မှန်ကို မကြည့်တတ်ဘူးလား။ သူ့မှာ ရာယာအင်ပါယာခွန်အားထက် မနိမ့်တဲ့ နတ်သားရဲတပ်ကြီးရှိနေတာလေ။ တစ်ဖက်လူသည် မွန်မြတ်သော သားရဲများကို မျက်စိကျနေပုံပင်။ အကယ်၍ ဤနတ်သားရဲတပ်ကြီးသာ ရောက်မလာခဲ့လျှင်၊ နတ်သားရဲ ၅ ကောင်၏ဖိအားမရှိလျှင် အောက်မှ မွန်မြတ် သောသားရဲများသည် ဘာကြောင့် ကျိုးနွံ့သွားမည်နည်း။

ပေထင်းဟွမ်၏ ကြယ်နှင့်တူသောမျက်လုံးထဲတွင် ရက်စက်သော အကြည့်များလက်သွားသည်။ ဒီမိန်းမက စကားမပြောခင် မတွေးတတ် လောက်အောင် တုံးအလွန်းတာလား။ သူမ နှာမှုတ်လိုက်သည် “သေခါနီးလူဆီ က ဘာလို့စစ်ပွဲနိုင်ပစ္စည်းတွေ လုချင်နေတာလဲ.. ငါပြောတာနားမလည်ဘူး လား မင်းက ခက်ခက်ခဲခဲလိုချင်နေတာလား.. မဟုတ်ရင် ဒီမွန်မြတ်တဲ့သားရဲ တွေရဲ့ရှေ့မှာ လမ်းဖွင့်ပေးလို့ရတယ်”

“ဘာအဓိပ္ပာယ်လဲ.. ငါတို့ ဘယ်သူလဲဆိုတာ မင်းကသိလို့လား.. မင်းက မှော်သားရဲတောမှာ ငါတို့နန်ကုန်းမိသားစုကို တိုက်ခိုက်ချင်လို့လား” နန်ကုန်း ချွင်းသည် မှုန်ကုတ်သည့် မျက်နှာထားနှင့် နန်ကုန်းရှို့ကို ညွှန်ပြလေသည်။ “ဒါက နန်ကုန်းမိသားစုရဲ့ အကြီးအကဲပဲ.. သူက ဒီတိုက်ကြီးမှာ သားရဲထိန်း သခင်ကြီးအဖြစ် နာမည်ကြီးတယ်.. မင်းက ဒီမွန်မြတ်တဲ့သားရဲတွေရလည်း အသုံးဝင်မှာမဟုတ်ဘူး.. ငါတို့ကို ဒီမွန်မြတ်တဲ့သားရဲကိုသာ ပေးရင် မင်းတို့မှာ တခြားမွန်မြတ်တဲ့သားရဲဖမ်းနိုင်တဲ့ အစွမ်းအစရှိရင် သူတို့ကို ထိန်းကျောင်းဖို့ ကူညီပေးနိုင်တယ်”

အစွမ်းအစရှိရင် တခြားကောင်တွေကို ဖမ်လိုက်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အဲလူတွေမှာ အစွမ်းအစမရှိဘူးလို့ ပြောတာပဲ။ ရှီမန်ဆုန်းနှင့်တခြားသူများ သည် နန်ကုန်းချွင်းအား ငတုံးတစ်ယောက်လို ကြည့်ပြီး ခေါင်းခါကြလေသည်။ ဤမိန်းမ ဝက်ကဲ့သို့ တုံးအသည်ကို အပြစ်တင်၍မရတော့ပေ။ ပေထင်းဟွမ် သည် ငယ်ရွယ်လွန်းကာ အစွမ်းအစရှိသည်ဟု ယုံရခက်နေခြင်းကြောင့်ပင်။ သူတို့၏ကိုယ်တိုင်မျက်လုံးနှင့်မြင်လျှင်တောင် ဤကောင်လေးတွင် ဤမျှ ကြီးမားသောမွန်မြတ်သောသားရဲတပ်ဖွဲ့ရှိနေသည်ကို မယုံနိုင်ပေ။

ပေထင်းဟွမ်သည် ထိုတုံးအသောမိန်းမကို ဂရုစိုက်မနေတော့ပေ။ သူမသည် ရှီမန်ဆုန်း၏မျက်နှာမှ နာကြည်းသောမျက်နှာထားကို ကြည့်လိုက် သည်။ သူမသည် အခြေအနေကို မည်သို့အကဲဖြတ်ရမည်ကို မသိတတ်သော နန်ကုန်းမိသားစု၏ခေါင်းဆောင် ထိုအဘိုးကြီးအကြောင်းကို ကောင်းကောင်း သိသည်။ ထိုအခိုက်အတန့်တွင် ဤအဘိုးကြီးသည် နန်ကုန်းချွင်းနှင့် အတွေးတူ နေလိမ့်မည်။ သူသည် နန်ကုန်းချွင်းကို ကိုယ်စားပြောခိုင်းနေခြင်းပင်။

“နန်ကုန်းမိသားစုက အရမ်းကိုအထင်ကြီးစရာကောင်းတယ်လို့ ထင်နေ တာလား.. ကျုပ်က ခင်ဗျားတို့ကို အခမဲ့ကယ်ပြီး စစ်နိုင်ပစ္စည်းတွေလည်း ပေးရ ဦးမှာလား” ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည်။

“ဟုတ်တယ်လေ အဲလိုမဟုတ်ဘူးလား.. နန်ကုန်းမိသားစုက တိုက်ကြီး ပေါ်က မိသားစုကြီးလေးခုမှာ ပထမအဆင့်ပဲ.. ငါတို့နန်ကုန်းမိသားစုနဲ့ ရင်နှီး အောင်လုပ်ထားတာ မင်းတို့အတွက် အကျိုးမယုတ်ပါဘူး” နန်ကုန်းချွင်းသည် မေးစေ့ကို ထောင်လွှားစွာမော့ထားပြီး ပေထင်းဟွမ်အား ကျေနပ်အောင် ကြိုးစားနေသလိုပင်။

“အရူး” ပေထင်းဟွမ်သည် သူမအား အထင်သေးသလို ကြည့်လိုက်သည်။ သူမသည် နန်ကုန်းရှို့နှင့်တခြားသူများကို ညွှန်ပြပြီး ဆယ်လင်းအားပြောလိုက် သည် “ဟိုဘက်ကိုသွား”

ဆယ်လင်းသည် အဖြစ်အပျက်ကိုနားမလည်သေးပေ။ သို့သော် နတ်သားရဲစီးပြီး သွားလိုက်သည်။ ဤမျှကြီးမားသောအဖွဲ့အစည်းထဲတွင် ငတုံးနန်ကုန်းရှို့မှ ဆယ်လင်းကို တိုက်ခိုက်မည်ကို ပေထင်းဟွမ်မကြောက်ပေ။ ထိုအဘိုးကြီးသည် နန်ကုန်းမိသားစု၏ လူငယ်မျိုးဆက်ကို တန်ဖိုးထားနေတုန်း ပင်။ သူသည် လူငယ်များ ထိခိုက်မည်ကိုကြောက်သဖြင့် အလွယ်တကူ မတိုက်ခိုက်နိုင်ပေ။ မဟုတ်လျှင် ပေထင်းဟွမ်သာ ရှီဟို့အမှုန့်ကြောင့် ရောက် လာသော ဤမွန်မြတ်သောသားရဲအုပ်နှင့်ပေါင်းပြီး တိုက်ခိုက်လျှင် သူသေသွားလောက်ပြီဖြစ်သည်။ သို့သော် ပေထင်းဟွမ်သည် သူ့ကိုလွှတ်ပေး ရန်မတွေးခဲ့ပေ။

All Chapters