← Chapters

မျက်နှာမလိုက်ဘဲသတ်ခြင်း

Vol. 16 Ch. 318

မျက်နှာမလိုက်ဘဲသတ်ခြင်း

Vol. 16 Ch. 318

“နန်ကုန်းချွင်းရဲ့ ထင်မြင်ချက်ကို ငြင်းတဲ့လူတွေ ဒီနှင်းဝံပုလွေကျောပေါ် ကို တက်လိုက်ကြ” ပေထင်းဟွမ်သည် ဆယ်လင်း၏အောက်ရှိ မှော်သားရဲအား ညွှန်ပြလိုက်သည်။

“ဟင်”

နန်ကုန်းမိသားစုမှ လူငယ်များအားလုံး မှင်တက်ကုန်ကြသည်။ သေရေး ရှင်ရေးအခိုက်အတန့်တွင် သူတို့သည် နန်ကုန်းချွင်း၏ တုံးအမှုကို ဆန့်ကျင်ရ မည်ဖြစ်သည်။ သို့သော် တခြားသောမိသားစုသုံးခု၏ရှေ့တွင် သူတို့သည် သူတို့ ၏ မိသားစုဝင်များကို လူသိရှင်ကြားဆန့်ကျင်ပြီး မိသားစု၏အကျိုးစီးပွားကို လက်လျှော့ရမည်။ သူတို့ကို ငယ်စဉ်ကတည်းကပင် မိသားစုမှပျိုးထောင်ပေးခဲ့ ကာ မိသားစု၏အကျိုးအမြတ်ကို ဦးစားပေးရမည်ဖြစ်သဖြင့် ဤအခိုက်တွင် တုန့်ပြန်ရန် အလွန်ခက်ခဲလှသည်။

“မိုးနတ်မင်းရေ ဒီလူတွေက ဘာလို့ ဒီအချိန်လိုမျိုးမှာတောင် လေးကန် နေကြတာလဲ”

“ဟုတ်တယ် စီရင်ချက်ဗိမာန်ကလူတွေက ခြင်္သေ့ဘုရင်တောင်တန်းကို ဝင်သွားကြပြီ.. ငါတို့တွေ မြန်မြန်သွားလိုက်ကြမလား.. နန်ကုန်းမျိုးနွယ်က ရူး နေကြပြီ.. ဒီအတိုင်းမွန်မြတ်တဲ့သားရဲတွေပဲမလား.. သူတို့တွေမလာရင် ငါတို့ တွေ သေသွားတာကြာနေလောက်ပြီ”

“နန်ကုန်းမိသားစုက လုပ်လိုက်ရင် ဒီလိုချည်းပဲ.. မင်း သူတို့နဲ့တွေ့တာ ဒါပထမဆုံးအကြိမ်မလား”

စစ်မြေပြင်တစ်ခုလုံးကြားရလောက်သည့် မိသားစုသုံးခု၏ တီးတိုးပြောသံများကိုကြားသောအခါ နန်ကုန်းချန်မိုသည် ရှက်သွား၏။ သူမသည် ချက်ချင်းပင် မတ်တတ်ရပ်ကာ စကားတစ်ခွန်းမှမပြောတော့ဘဲ နှင်းဝံပုလွေကျောပေါ် ခုန်တက်လိုက်သည်။ သူမသည် နတ်သားရဲ၏ အမွေးကို ဆုပ်ကိုင်ပြီး တစ်ဖက်ကိုမျက်နှာမူကာ ထိုင်လိုက်သည်။

“နန်ကုန်းချန်မို သစ္စာဖောက် မင်းက မိသားစုကို သစ္စာဖောက်ချင်တာ လား.. မင်းအဘိုးက မိသားစုရဲ့ ပထမအကြီးအကဲဆိုပေမဲ့ ဒီတစ်ခါ မင်းကို ဘယ်သူမှမကယ်နိုင်တော့ဘူး” နန်ကုန်းချွင်း၏ မျက်နှာသည် ဒေါသကြောင့် နီရဲလာကာ ဒေါသတကြီးပြောလေသည်။

နန်ကုန်းချန်မိုဟုတ်လား။ ပေထင်းဟွမ်၏ စူးရှသောအကြည့်သည် ထို မိန်းကလေးပေါ်သို့ ကျရောက်သွားသည်။ ထိုမိန်းကလေးသည် သူမ၏ မှတ်ဉာဏ်ထဲမှ နန်ကုန်းချန်ရှီးနှင့်အနည်းငယ် ဆင်သည်ကိုမြင်သောအခါ ခေါင်းညိတ်မိသည်။ သူမ၏အကျင့်စရိုက်သည် နန်ကုန်းချန်ရှီးနှင့် အနည်းငယ် ကွဲပြားသည်။ သူမသည် တိတ်ဆိတ်သည်၊ ဆင်ခြင်တုံတရားရှိသည်၊ အခြေအနေကို အကဲဖြတ်နိုင်စွမ်းရှိသည်။

“နန်ကုန်းချန်ရှီးက မင်းနဲ့ဘာတော်လဲ” ပေထင်းဟွမ် မေးလိုက်သည်။

“ဟင်” နန်ကုန်းချန်မိုသည် ဤအေးစက်သည့်လူငယ်မှ သူမကို စကား ပြောလာလိမ့်မည်ဟု ထင်မထားပေ။ သွေးများဖြင့် ပေကျံနေသည့် သူမမျက်နှာ မှာ နီရဲသွားသည် “ကျွန်မ အစ်မပါ”

ပေထင်းဟွမ်သည် ခေါင်းညိတ်ပြီး အကြည့်လွှဲလိုက်သည်။ သူမသည် နန်ကုန်းရှို့၏ နတ်သားရဲ၏အနောက်ကို ကြည့်လိုက်သည် “နောက်ဆုံး တစ် ခေါက်မေးမယ် နောက်ထပ်ရှိသေးလား”

လူငယ်တချို့သည် ဖိအားကိုမခံနိုင်တော့ဘဲ နန်ကုန်းချန်မိုနှင့်တူညီသော ရွေးချယ်မှုကို လုပ်ကြသည်။ သဘာဝကျကျပင် သူတို့သည် နန်ကုန်းချွင်း၏ ငေါက်ငမ်းခြင်းကိုခံရလေသည်။ သတ္တိရဲသောလူငယ်နှစ်ယောက် ပြန်ချေပ သည်မှာ “ဒီမွန်မြတ်တဲ့သားရဲတွေ ဘယ်လောက်ပဲ တန်ဖိုးရှိပါစေ ကျွန်တော်တို့ အသက်လောက် တန်ဖိုးရှိဦးမှာတဲ့လား.. တန်ဖိုးမရှိတဲ့အရာအတွက် မစွန့်စား နိုင်ဘူး”

“ဟုတ်တယ် ဒီကိစ္စကြောင့် မိသားစုက ကျွန်မတို့ကို နှင်ထုတ်ချင်တယ် ဆိုရင်လည်း ရှိပါစေတော့.. ဒီလိုမိသားစုမျိုးကို မှီခိုနေရတာ နှမြောစရာတော့ မရှိဘူး”

“မင်း.. မင်းတို့ စောင့်ကြည့်နေလိုက်” နန်ကုန်းချွင်းသည် မှော်သားရဲ၏ ကျောပေါ်တွင်ရပ်ကာ ရန်မူသောအကြည့်ဖြင့်ကြည့်လေသည်။ သူမသည် ချက်ချင်းပင် ရှေ့သို့သွာကာ ထို ‘သစ္စာဖောက်’ များကို ဖျက်ဆီးချင်မိသည်။

ကိစ္စများကိုဖြေရှင်းပြီးသောအခါ ပေထင်းဟွမ်သည် ဆယ်လင်းအား ခေါင်းညိတ်ပြလိုက်သည်။ ဆယ်လင်းသည် တစ်စုံတစ်ရာကို နားလည်သွားပုံ ပေါက်သည်။ သူမသည် နတ်သားရဲကိုစီးကာ မိသားစုသုံးခုဆီသို့ပျံသွားရာ နန်ကုန်းချန်မိုအပါအဝင် တခြားသူများသည် စစ်မြေပြင်ဆီသို့ ခမ်းခမ်းနားနား ပင်ပြန်သွားလေသည်။

“အရမ်းကောင်းတယ်” ပေထင်းဟွမ်သည် လေပေါ်ပေါလောပေါ်ရင်း အထက်မှ အောက်ကိုငုံ့ကြည့်လိုက်သည်။ အောက်နားရှိ မွန်မြတ်သောသားရဲ ၏ခန္ဓာကိုယ်ကိုကြည့်သော သူမ၏ မျက်လုံးများသည် ဓားသွားကဲ့သို့ တောက်ပ လျက်ရှိသည်။ “ဘယ်သူကမှ ငါ့လက်ထဲကနေ ဘာမှမလုရဲဘူး.. ဒီနေ့ ငါ့ဆီက ပစ္စည်းလုရင် ဘယ်လိုဖြစ်မလဲဆိုတာ ပြပေးရတာပေါ့”

ထိုအခိုက်အတန့်မှပင် ပေထင်းဟွမ်သည် နန်ကုန်းချွင်း၏ ထင်မြင်ချက်ကို ဆန့်ကျင်သူအားလုံးကို နှင်းဝံပုလွေအား ခေါ်သွားခိုင်းသည့် အကြောင်းအရင်းကို အားလုံး နားလည်သွားကြသည်။

ဤလူငယ်သည် အလွန်ပင်အညှာတာမဲ့လွန်းသည်။ သူသည် သူရယူရန် ဆုံးဖြတ်ထားသည့် မွန်မြတ်သောသားရဲများကဲ့သို့ နန်ကုန်းမိသားစုဝင်များကို သတ်ချင်နေခြင်းဖြစ်သည်။

All Chapters