အရှက်မရှိတဲ့အဘိုးကြီး
Vol. 16 Ch. 319
စစ်မြေပြင်အပြင်ဘက်တွင် တုန်ဖန်းအောင်နှင့်တခြားသူများသည် လေအေးများကို ရှိုက်သွင်းမိသည်။ သူတို့၏ခြေလှမ်းများလှုပ်ရှားမည်အပြုတွင် ရှီမန်ဆုန်းမှ တားလိုက်သည်။ သူတို့သည် တစ်ဖက်လူ၏ အဖွဲ့အစည်းကို မြင်နေရသည်။ သူတို့တွင် နတ်သားရဲ ၅ ကောင်၊ မွန်မြတ်သောသားရဲအုပ်ကြီး တစ်အုပ်နှင့် ဝိညာဉ်သခင် တစ်ရာနီးပါးရှိသည်။ ထိုထဲမှသုံးယောက်သည် ကောင်းကင်အဆင့်ဖြစ်သည်။ ဝိညာဉ်သခင်ကြီး အယောက် ၂၀ ကျော်ရှိကာ ကျန်လူများမှာလည်း အဆင့်မြင့်ကြယ်ဝိညာဉ်သခင်များဖြစ်ကြသည်။
“အဲလူတွေ အဲလူတွေ…” တုန်ဖန်းအောင်သည် ထစ်အနေသည်။
“သူတို့က ဘယ်သူတွေလဲ”
“သူတို့တွေက ဘယ်သူပဲဖြစ်ဖြစ် ဒီလူငယ်နောက်ကို လိုက်ဖို့ အရည်အချင်းရှိတယ်ဆိုရင် သာမန်လူတွေမဖြစ်နိုင်ဘူး” ရှီမန်ဆုန်းသည် လှပ သောမျက်လုံးများကို ကျဉ်းမြောင်းလိုက်သည် “အဲလူတွေရဲ့ လူသတ်ချင်တဲ့ အကြည့်ကိုမမြင်ဘူးလား.. သူတို့တွေအကုန်လုံးက အတွေ့အကြုံရင့်တဲ့ စစ်သည်တွေပဲ.. နန်ကုန်းမိသားစုအတွက် ရပ်တည်ချင်သေးတာလား”
“မဟုတ်ဘူး” တုန်ဖန်းအောင်သည် ခေါင်းခါယမ်းပြီး ရယ်မောလိုက်သည် “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထိုလူသည် ကြယ်ဝိညာဉ်သခင်အဆင့်တက်စလူဖြစ်သည်။ သို့သော် သူ၏ အေးစက်သောသဘောထား၊ အညှာတာမဲ့သည့်နည်းလမ်းများနှင့် ပြောင်မြောက်သည့်အတွေးများသည် တုန်ဖန်းအောင်အတွက် ထိုကဲ့သို့လူမျိုး ကို ရန်သူအဖြစ်မခံနိုင်အောင် လုပ်နေသည်။ ထို့အပြင် ထိုကောင်လေးသည် သူ အရင်ကမြင်ဖူးသည့် ခံစားချက်မှုမျိုးကိုပေးနေသည်။ သူသည် နန်ကုန်းမိသားစု အတွက် လက်လွတ်စပယ်မလှုပ်ရှားရဲပေ။
“အာ.. ငါလည်း ဆင်းချင်တယ် ငါလည်းဆင်းချင်တယ်.. ဒီမှာမနေချင်ဘူး”
ပေထင်းဟွမ်၏ ရည်ရွယ်ချက်များကို သိပြီးနောက် ကင်းမြီးကောက် အမြီးခြင်္သေ့ကျောပေါ်မှ မိန်းကလေးသည်ပြုတ်ကျမတတ်ဖြစ်သွားလေသည်။ သူမသည် မှော်သားရဲများနှင့် ကျွမ်းကျင်သူများ၏ ဝိုင်းခြင်းကိုမခံချင်ပေ။ ဟန်ချက်လွတ်သွားသည်နှင့် သူမသည် ကင်းမြီးကောက်အမြီးနှင့်ခြင်္သေ့ကျော ပေါ်တွင်ရပ်ကာ ခုန်ချလိုက်ရာ မိုးပေါ်မှ ကျလေသည်။
“အရူး” ချူဖုန်းသည် ထိုစကားနှစ်ခွန်းကို မညှာမတာပြောဆိုလေသည်။ အစောက သူသည် သူမကိုအခွင့်အရေးပေးခဲ့သော်လည်း သူမသည် မဆုပ်ကိုင် ခဲ့ပေ။ ဤအခိုက်အတန့်တွင် သူမ၏အသက်အတွက် သစ္စာဖောက်သည့် လုပ်ရပ်ကို လုပ်ခဲ့သည်။ ဤကဲ့သို့လူမျိုးကို ကျွေးမွေးရသည်မှာ အစားအသောက်ဖြုန်းတီးခြင်းပင်။
တစ်ဖက်တွင် ပေထင်းဟွမ်သည် ကြည့်ပင်မကြည့်ပေ။ သဘာဝကျကျ ပင် ထိုမိန်းကလေးကျသွားပြီးနောက် မွန်မြတ်သောသားရဲတစ်ကောင်မှ ဖမ်းပြီး တစ်ကိုက်တည်းကိုက်ဝါးမျိုလိုက်လေသည်။
ထိုမြင်ကွင်းကိုမြင်ပြီးနောက် နန်ကုန်းမိသားစုမှလူများ၏ စိတ်များ ရုတ်တရက်ပြောင်းသွားကြသည်။ ထိုအခိုက်အတန့်တွင် ကင်းမြီးကောက်အမြီး နှင့် ခြင်္သေ့ပေါ်မှ အမျိုးသားငယ် အမျိုးသမီးငယ်များသည် သေခြင်းတရားကို ကြောက်ရွံ့ခြင်းမှ ပေထင်းဟွမ်အား မုန်းတီးခြင်းအဖြစ်ပြောင်းသွားလေသည်။ သူတို့၏ ဆဲဆိုမှုများသည် စစ်မြေပြင်တွင် ပေါ်လာပြီး တခြားမိသားစုများကို နန်ကုန်းမိသားစု၏ တိုက်ခိုက်ရေးစွမ်းအားကို မြင်စေချင်လာသည်။
“မင်း လာနောက်နေတာလား.. ဘာလို့ ဒီလောက်တောင် အကျိုးအကြောင်းမသင့်ရတာလဲ”
“အဖွဲ့ကို ဘယ်သူဦးဆောင်လာလဲဆိုတာ ဘာလို့မကြည်တာ့လဲ.. နန်ကုန်းမိသားစုမှာ နန်ကုန်းရှို့က အရှက်မဲ့ဆုံးဆိုတာ မသိဘူးလား.. ကောင်းကင်အဆင့်မိန်းကလေး ဝိညာဉ်သခင်တစ်ယောက်က သူ့ကို သားရဲ ထိန်းကျောင်းဖို့ အကူအညီသွားတောင်းဖူးတယ်လို့ ကြားဖူးတယ်.. သူမက ပိုက်ဆံမပေးတာလည်းမဟုတ်ဘူး.. အဲနှာဘူးအဘိုးကြီးက အဲဒီမိန်းကလေး ဝိညာဉ်သခင်ကလှပြီး ခွန်အားလည်းကောင်းတာကိုတွေ့တော့ သူနဲ့ တစ်ညတာ ဖြတ်သန်းပြီးမှ ကူညီမယ်ဆိုပြီးပြောတယ်တဲ့”
“ဝိုး.. သူ့အသက်ဘယ်လောက်တောင် ရှိနေပြီလဲ အဲလိုလုပ်တယ်ပေါ့”
“ဘာလို့မလုပ်ရမှာလဲ.. သူက အသက်တစ်ရာကျော်ပြီလို့ မတွေးလိုက်နဲ့ အဲအဘိုးကြီးက ကောင်းကင်အဆင့်ရောက်တုန်းက အသက် ၄၀ ပဲရှိသေးတာ.. ကောင်းကင်အဆင့်ကိုတက်ပြီးတော့ သူ့အသက်ကြီးနှုန်းလည်း နှေးသွားတယ်၊ သူက အခုမှ အသက် ၅၀ ဝန်းကျင်ပဲရှိဦးမယ်.. ဆေးတချို့သုံးတာနဲ့ဆိုရင် အဲဒီ အသွင်အပြင်မှာ ခွန်အားကိုကြွားလုံးထုတ်တုန်းပဲ”
“သေလေ အဲအဘိုးကြီး မကောင်းမှုတွေ အများကြီးလုပ်ထားတာပဲ.. ငါ မိသားစုထဲက အကြီးအကဲတွေပြောတာ ချောင်းနားထောင်ဖူးတာတော့ ဒီအဘိုးကြီးက စီရင်ချက်ဗိမာန်ကလူတွေနဲ့ လျှို့ဝှက်ကြံစည်နေတာတဲ့.. အဲသတင်းကို ဘယ်ကရလဲတော့မသိဘူး.. ဒါပေမဲ့ ပေထင်းမိသားစုက အသုံးမကျတဲ့သခင်လေး ၉ က မိန်းကလေးဆိုပြီးလည်း လှောင်သေးတယ်၊ ငါ ခဏတော့ ယုံလိုက်သေးတယ်.. ငါ့မျက်စိနဲ့သာမမြင်ရဘူးဆိုရင် ပေထင်းမိသားစုက သခင်လေး ၉ က မိန်းကလေးလို့ထင်သွားတော့မှာ”
“သူက ရူးများနေတာလား.. အသုံးမကျတဲ့ သခင်လေး ၉ ဂုဏ်သတင်းကို တိုက်တစ်ခုလုံးသိနေတာ.. အဲဒါကို မိန်းကလေးဘာလို့ ဘာအခွင့်အရေးနဲ့ ပြော နေတာလဲ”
“အဲဒီအကြောင်းတော့ ငါလည်းမသိဘူး၊ အကြီးအကဲတွေ မိသွားတော့ ငါလည်း တစ်ဝက်တစ်ပျက်ပဲနားထောင်လိုက်ရတာ.. ငါသာ အပြေးမမြန်ရင် ဖင်အကန်ခံနေရလောက်ပြီ”
“ဒီအဘိုးကြီးက အရှက်မရှိလိုက်တာ.. ဒီအဘိုးကြီးကြောင့်သာမဟုတ်ရင် နန်ကုန်းမိသားစုရဲ့ အားနည်းတဲ့ကျင့်ကြံမှုနဲ့ဆိုရင် မိသားစုကြီးလေးခုမှာ ဘယ်လိုလုပ် ထိပ်ဆုံးရောက်ဦးမှာလဲ”