မီးအက၊ သုံးထောင်
Vol. 16 Ch. 320
ဆွေးနွေးမှုများမှာ မဆုံးနိုင်တော့ပေ။ တခြားအချိန်မှာသာဆိုလျှင် နန်ကုန်းရှို့သည် ထိုအငယ်များ၏ ပါးစပ်များကို သွားဆွဲဖြဲမိမည်ဖြစ်သည်။ ဤ အခိုက်အတန့်တွင် သူ့အသက်မှာ အန္တရာယ်ကျနေသဖြင့် မကြားသလို ဟန်ဆောင်နေရသည်။ သို့သော် သူသည် စိတ်ထဲတွင် တိတ်တိတ်လေး ဆုံးဖြတ်ချက်ချနေမိသည်။ သူသာ ဤနေရာမှ အသက်ရှင်လျက်ထွက်သွားနိုင် လျှင် ထိုမိသားစုကြီးသုံးခုကို သက်သက်သာသာနေခွင့်ပြုမည် မဟုတ်ပေ။ သူသည် လာမည့်ပြိုင်ပွဲတွင် ထိုကောင်စုတ်ကလေးများကို သင်ခန်းစာပေးရ မည်။
သည်တစ်ခေါက် အဖွဲ့ကိုဦးဆောင်လာသည့် မျိုးနွယ်ကြီးသုံးခုမှ ခေါင်းဆောင်များအနေနှင့် တုန်ဖန်းအောင်နှင့် တခြားနှစ်ယောက်တို့သည် မျိုးနွယ်တွင်းမှ ကောင်လေးများ၏ မဆင်မခြင် ဆွေးနွေးမှုများကို မကြားဟန် ပြုနေသည်မှာ ယုံချင်စရာမကောင်းပေ။ သူတို့သည် ထိုနောက်လိုက်ကလေး များ အတင်းပြောနေသည်ကို တမင်မတားခြင်းပင်။
“နေဦး” နန်ကုန်းရှို့သည် နောက်ဆုံးတွင် မတ်တတ်ရပ်လိုက်သည်။ သူသည် ကင်းမြီးကောက်အမြီးနှင့်ခြင်္သေ့ပေါ်တွင်ရပ်ပြီး တိုက်ခိုက်ရေးစွမ်းအား ပျောက်နေသော မွန်မြတ်သောသားရဲများကို ညွှန်ပြလိုက်သည်။ သူသည် မောက်မာစွာ ပြောလေသည် “ဟုတ်ပြီ အဲမွန်မြတ်တဲ့သားရဲတွေက မင်းအတွက်ပဲ.. ငါတို့ကို သွားခွင့်ပေးတော့”
“သွားခွင့်ပေးရမယ်ဟုတ်လား” ပေထင်းဟွမ်သည် သူ့ကို မျက်လုံးထောင့် မှကြည့်လိုက်သည်။ သူမသည် ဤအဘိုးကြီးကို ထွက်သွားခွင့်ပြုမည်ဟု ဘယ်သောအခါမှ မတွေးခဲ့ပေ။ သူမသည် နန်ကုန်းမိသားစု၏ လူငယ်မျိုးဆက် ကို အခွင့်အရေးပေးခဲ့သည်။ သို့သော် ကံမကောင်းစွာပင် ထိုလူငယ်များသည် သူတို့၏အသက်ကို တန်ဖိုးမထားကြပေ “နောက်ကျသွားပြီ”
ဤအဘိုးကြီးသည် ယီနာ၏ဆိုင်တွင် သူမကို မည်သို့အနိုင်ကျင့်ခဲ့သည် ကို ဘယ်သောအခါမှမေ့ပျောက်မည်မဟုတ်ပေ။ ထိုအချိန်က သူမသည် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးသာဖြစ်ကာ ကောင်းကင်အဆင့်သို့ မရောက်သေးပေ။ သူမသည် မကောင်းမှုကို ကြင်နာမှုနှင့် ပြန်ဆပ်မည့်သူမျိုးမဟုတ်ပေ။ သူမသည် သူ့စကားကို မကြားသည့်အလား လက်ကိုဝေ့ယမ်းကာ ကိုယ်ထည် ကို အပြာနုရောင်အလင်းဖြင့် ဖုံးအုပ်လိုက်သည်။ သူမ၏ပခုံးပေါ်တါင် နီရဲနေ သော မြေခွေးတစ်ကောင်ပေါ်လာသည်။
သူမသည် ကျို့ယန်၏ခန္ဓာကိုယ်ပေါ်သို့လက်တင်ကာ အပြာနုရောင် ဒြပ်စင်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ နတ်သားရဲနောက်တစ်ကောင် ပေါ်လာသည်။ အားလုံး၏ ကြောက်လန့်နေသော အကြည့်များအောက်တွင် ၎င်း၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းကြီးလာသည်။ ၎င်းသည် တောင်တစ်လုံး ကဲ့သို့ မြင့်လာသည်။ ၎င်း၏နီရဲနေသောကျောက်နှင့်တူသည့် မျက်လုံးများသည် ညင်သာစွာခတ်ပြီး ဟိန်းလေသည်။ မှော်အလင်းလက်လာသည်။ အားလုံးသည် အမတတေးသံများ မိုးပေါ်မှကျလာသလို ခံစားလိုက်ရသည်။ သူတို့သည် မေ့လျော့ကာ ထိုတေးသံနှင့်အတူ လိုက်ပါကခုန်နေမိသည်။
“အားကောင်းလိုက်တဲ့ စိတ်စွမ်းအားတိုက်ခိုက်မှုပဲ” ရှီမန်ဆုန်းသည် ပင့်သက်ရှိုက်မိသည်။ အခုလေးတင် သူသည် ဤအမြီးကိုးချောင်းမီးမြေခွေး၏ ညှို့ယူခြင်းကို ခံလိုက်ရသည်။
“ကျို့ယန်.. ခန္ဓာကိုယ်အပြည့်ချပ်ဝတ်တန်ဆာအဖြစ်ပြောင်းလိုက်” ပေထင်းဟွမ်သည် တိုးညင်းစွာအော်လိုက်သည်။ နီရဲနေသောအလင်းတန်း သည် သူမပေါ်သို့ကျရောက်လာသည်။ လေထဲတွင် မီးတောက်အလွှာအလင်း တန်းတောက်ပလာကာ ချပ်ဝတ်တန်ဆာသည် တိမ်တိုက်ထပ်ပင် တောက်ပပြီး လူငယ်၏ ပိန်ပါးသော ပုံရိပ်ကို ရစ်ပတ်လိုက်သည်။ သူမ၏ဆံပင်နှင့်မျက်လုံး များလည်း အနီရောင်ပြောင်းသွားကာ ဆံပင်ရှည်များသည် လေနှင့်အတူလွင့်ပါ နေသည်မှာ သူမကို အဇူရာစစ်နတ်ဘုရားကဲ့သို့ ဖြစ်စေသည်။
“မီးအက သုံးထောင်”
အမြီးကိုချောင်းမီးမြေခွေး၏ ကြီးမားသောအသွင်အပြင်သည် သူမအနောက်တွင် ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော မီးတောက်များသည် ပတ္တမြားကဲ့သို့ မျက်လုံးထဲတွင် တောက်လောင်နေသည်။ ပေထင်းဟွမ် အော်လိုက်သည်နှင့် သူမအနောက်မှ အမြီးကိုးချောင်းမီးမြေခွေး သည် ရုတ်တရက် မျက်လုံးနှစ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်နှင့်အတူ အနီအလင်းတန်းများထုတ်လွှတ်လိုက်သည်။ မျက်လုံးနှစ်လုံးသည် ကလေးတစ်ယောက်၏ လက်မောင်းလောက်ကြီးမားကာ လျှပ်စီးလက်သလို အက်ကွဲနေသော အလင်းများသည် တဖျပ်ဖျပ်ခတ်နေ၏။ ထိုမျက်လုံးများထဲမှ စွမ်းအားတွင် တစ်ချက်ကြည့်လိုက်သည်နှင့် လူတစ်ဦး၏ ဝိညာဉ်ကို လှုပ်ခါစေနိုင်လောက်သည့်အရာပါဝင်နေတသည်။ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤကဲ့သို့ စွမ်းအားမျိုး သူတိုကို ထိမှန်လျှင် မည်သည့်နောက်ဆက်တွဲမျိုး ကြုံတွေ့လာနိုင်သည်ကို မည်သူမှ မတွေးနိုင်ကြ ပေ။
ကောင်းကင်အဆင့်ဝိညာဉ်သခင်၏ ကြယ်ဝိညာဉ်သိုင်းနှင့် နတ်သားရဲတို့ ပေါင်းစပ်ခြင်းသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလေသည်။ ဘေးပတ် ပတ်လည်မှ မိသားစုကြီးသုံးခုသည် ထိုအခိုက်အတန့်တွင် ငေးကြောင်နေမိ၏။ သူတို့၏အနက်ရှိုင်းဆုံးဝိညာဉ်ထဲမှလာသည့် တုန်ယင်မှုသည် အားလုံးကို ချွေးစေးများ မိုးရွာသလို စီးကျလာစေသည်။ သူတို့ခန္ဓာကိုယ်မှ ဝိညာဉ်သခင် ဝတ်ရုံများသည် စိုရွှဲကုန်တော့သည်။
သူတို့သည် လေထဲရှိ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါထွက်နေသည့် ပေထင်းဟွမ်အား စိုက်ကြည့်ကြသည်။ အနီရောင်မီးတောက်ချပ်ဝတ်တန်ဆာ သည် စူးရှသည့်နေရောင်ထက်ပင် တောက်ပစွာ သူမ၏ခန္ဓာကိုယ်ကို ရစ်ပတ် ထားသည်။ သူမ၏အေးစက်သောသဘောထားသည် ကောင်းကင်မီးဆိုလျှင် တောင်အရည်မပျော်နိုင်ပေ။ ရေခဲနှင့်မီး.. အစွန်းနှစ်ဖက်သည် သူမ၏ခန္ဓာကိုယ် တွင် ပြီးပြည့်စုံစွာ ဟန်ချက်ညီနေသည်။ ထိုအခိုက်အတန့်တွင် လူငယ်၏ အေးစက်သောပုံရိပ်သည် သူမ၏ အညှာတာမဲ့သော နည်းလမ်းများကို တဒင်္ဂမျှ မေ့သွားစေသည်။ တောက်လောင်နေသော မျက်လုံးအစုံများသည် သူမအား စိုက်ကြည့်ကြသည်။ သူတို့၏မျက်လုံးများ၊ အသည်းနှလုံးများနှင့် ဝိညာဉ်များ ထဲတွင် သူတို့၏ကြည်ညိုလေးစားမှုသည် အမြစ်တွယ်သွားလေတော့သည်…