← Chapters

ယင်ကန်းနှင့် လီကျွင်းအပြိုင် အပိုင်း(၂)

Vol. 56 Ch. 771

ယင်ကန်းနှင့် လီကျွင်းအပြိုင် အပိုင်း(၂)

Vol. 56 Ch. 771

ထျဲ့ကန်က အချိန်မဖြုန်းဘဲ ဆေးလုံးကို သောက်သုံးလိုက်သည်။

ဘန်း

သူ့အရှိန်အဝါက သိသိသာသာ တိုးပွားလာသည်။ သူက ပင်ကိုစွမ်းရည်ကို အသုံးပြုကာ မသေနိုင်သော စွမ်းရည်ဖြင့် ဆက်သွယ်လိုက်သည်။ သူက သူတို့အသက်ဓာတ်ကို မျှဝေရုံသာမက သူတို့၏ အင်အားကိုပါ ငှားယူထား၏။ နောက်ဆုံးတွင် သူက ယန်းလီလင်း၏ အစီအရင်နှင့် ဆက်သွယ်ကာ သူ့အင်အားကို ပိုမိုတိုးမြှင့်ခဲ့သည်။

ယင်ကန်းက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ သူက ထိုသူ၏ စွမ်းအားသည် လျှို့ဝှက်နည်းစနစ် သို့မဟုတ် တခြားနည်းစနစ်များမှ တဆင့် ထာဝရအရှင်အဆင့်သို့ ရောက်ရှိသွားသည်ဖြစ်ကြောင်း ပြောနိုင်လေသည်။ ထို့ကြောင့် သူက သူ့ကြယ်တာရာသားရဲ ဖုတ်ကောင်ကို ထျဲ့ကန် ပုံမှန်ပြန်မဖြစ်ခင်အချိန်အထိ တိုက်ပွဲကို အချိန်ဆွဲထားဖို့ အမိန့်ပေးလိုက်သည်။

“တိုက်ပွဲမှာ အာရုံများတာ ကောင်းတာမဟုတ်ဘူး”

ဝုန်း

ထိုအသံကို ကြားပြီးသည့်နောက်တွင် ယင်ကန်းက သူ့ရင်ဘတ်၌ လက် ကြက်ခြေခတ်ပုံစံဖြင့် ကာကွယ်လိုက်သည်။ ထို့နောက် ပြင်းထန်သည့် စွမ်းအားတစ်ခုက သူ့ကို ထိမှန်လာပြီး အလင်းနှစ်များစွာ လွင့်စင်သွားစေသည်။ ယင်ကန်းက ကြယ်တာရာတစ်ခုနှင့် ဝင်တိုက်မိသွား၏။

ဧရာမခန္ဓာကိုယ်ကြီးက ပေါက်ကွဲထွက်သွားပြီး လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။ သို့သော်လည်း ယင်ကန်းက ပေါက်ကွဲမှုနှင့် လီကျွင်း၏ တိုက်ကွက်တို့မှ အထိအခိုက်မရှိ ကျန်ရှိနေသေးသည်။

“သူ့ခန္ဓာကိုယ်က … ”ယင်ကန်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ သူက သူ့ခြေထောက်မှ ကြွက်သားများကို ထိန်းချုပ်ကာ စွမ်းအားကို စုစည်းလိုက်၏။ ယင်ကန်းက သူ့ခြေထောက်အောက်ရှိ လေဟာနယ်ကို တွန်းကန်အားအဖြစ် အသုံးပြုခဲ့၍ အက်ကွဲသွားလေသည်။

သူ့အင်အားမှတဆင့် အရှိန်သည် ဖော်မပြနိုင်သည့် အနေအထားတစ်ခုသို့ ရောက်ရှိသွား၏။ ထို့ကြောင့် စက္ကန့်ပိုင်းအတွင်း သူက လီကျွင်းရှေ့မှောက် ပေါ်ထွက်လာကာ လက်သီးဖြင့် ထိုးချလိုက်သည်။

သို့သော်လည်း ထိုသူက အရေးမနိမ့်လိုပဲ ထိပ်တိုက်ပြန်လည်တိုက်ခိုက်လိုက်၏။

ဝုန်း…ဝုန်း…ဝုန်း…

လက်သီးချက်များက ထိပ်တိုက်တွေ့ဆုံသွားကာ ဂလက်ဆီအစုအဝေးကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည့် တုန်ခါနှုန်းများ ထွက်ပေါ်လာသည်။ မိနစ်ပိုင်းလေးအတွင်း သူတို့က လက်သီးချက်ပေါင်း ကွန့်တီလီယမ် ဖလှယ်ခဲ့ကြသည်။

သူ့ခန္ဓာကိုယ်က…

ယင်ကန်းက အမူအရာ ပျက်ယွင်းလျက် တွေးလိုက်မိသည်။ သူက ဝမ်ဝေ့တွင် အားကောင်းသည့် ခန္ဓာကိုယ်ရှိထားမှန်း သိထားသော်လည်း ထိုသူ၏ စစ်သူကြီးက ဤအဆင့်အထိ ရောက်ရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

အဆိုးရွားဆုံးအရာက သူသည် ထိုသူ့ဆီမှ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း အငွေ့အသက်ကို မခံစားမိဘဲ ကွဲပြားသည့် ခန္ဓာကိုယ်သန့်စင်ရေးကျမ်းတစ်ခု ဖြစ်နေလေသည်။

ကျစ်

ယင်ကန်းက စိတ်ထဲတွင် ညည်းတွားလိုက်ပြီး လီကျွင်းကို လက်သီးဖြင့် ထိုးချကာ လွင့်စင်သွားစေသည်။ လီကျွင်းက ဂြိုလ်ရာချီနှင့် ဝင်တိုက်ပြီးသွားသည့်နောက်မှ ရပ်တန့်သွား၏။

သို့သော်လည်း သူ့ဒဏ်ရာများက အပေါ်ယံမျှဖြစ်ပြီး ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားသည်။

“အံ့ဩဖို့ကောင်းတဲ့ ခန္ဓာသန့်စင်ရေးနည်းစနစ်ပဲ။ နှမြောစရာကောင်းလိုက်တာ”

“ဘာကိုပြောတာလဲ” ယင်ကန်းက သူ့ရှေ့တွင် ပေါ်ထွက်လာကာ သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ပြီး စိတ်ငြိမ်ငြိမ်ထားလိုက်သည်။

“ကျုပ်တို့ဂိုဏ်းရဲ့ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းက ကျင့်ကြံဖို့ရာအတွက် ခက်ခဲနှုန်းကြောင့် နာမည်ကျော်တယ်။ ဒါပေမဲ့ ပါရမီရှိတဲ့သူတွေရှိနေတုန်းပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ နည်းစနစ်ကို ကျင့်ကြံနိုင်ဖို့က အတော်လေး ပိုပြီးတော့ ခက်ခဲလိမ့်မယ်။ အဲဒါကြောင့် ခင်ဗျားတို့ဂိုဏ်းက ဒီကျမ်းကို အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်တဲ့သူ ရှာတွေ့ရင် ကံကောင်း။ အစကတည်းက ကျင့်ကြံချင်တဲ့သူ ရှာတွေ့ပါ့မလား”

ယင်ကန်းက ထိုသူပြောသည်က မှန်ကန်နေကြောင်း သိလိုက်သည်။ သူက ဤနည်းစနစ်ကို ဖန်တီးခဲ့သောကြောင့် လူတချို့ကသာ ကျင့်ကြံလိုကြ၏။ ပြောရလျှင် ပထမအဆင့်တွင် ဖုတ်ကောင်လိုမျိုး ရွံရှာဖွယ်သတ္တဝါအဖြစ် ပြောင်းလဲပစ်ဖို့ ပါဝင်နေသည်။ ကျင့်ကြံသူများက လူသားအဖြစ် ပြန်လည်ပြောင်းလဲနိုင်သော်လည်း မြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်ရှိဖို့ လိုအပ်ပေသည်။

ကံဆိုးစွာဖြင့် ရွှေရောင်ဖုတ်ကောင်ပညာရပ် (ယခုအခါ အင်မော်တယ် ဖုတ်ကောင်ပညာရပ်ဟု ခေါ်နေသော) က ကျင့်ကြံဖို့ ခက်ခဲလှသည်။ ယင်ချီကို စုပ်ယူဖို့ရာအတွက် ဒုက္ခများစွာ ကြုံရပြီး ရူးသွပ်သွားနိုင်ချေလည်းရှိပေသည်။ ထို့ကြောင့် ထိန်းချုပ်နိုင်ဖို့အတွက် စိတ်စွမ်းအားမြင့်မားဖို့ လိုအပ်၏။ ထိုနည်းစနစ်က အစောပိုင်းအဆင့်တွင် အလင်းတာအို၊ ယန်တာအို၊ မိုးကြိုးတာအိုနှင့် ဗုဒ္ဓနည်းစနစ်များနှင့် ပတ်သက်ပြီး အားနည်းလေသည်။

ရွှေရောင်ဖုတ်ကောင်အဆင့်သို့ ရောက်ရှိပြီးမှသာ ထိုအားနည်းချက်များက ပျောက်ကင်းသွားမည် ဖြစ်၏။ ကံဆိုးစွာဖြင့် လူတချို့ကသာ ထိုအဆင့်ကို ရောက်ရှိနိုင်ကြသည်။

ယင်ကန်းက လီကျွင်းကို အေးစက်စက် ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်လေ့ကျင့်ရေး အမွေအနှစ်က ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်ကြောင်း သက်သေပြဖို့ စွဲလမ်းစိတ်က သူ့တာအိုနှလုံးသားကို ပြီးပြည့်စုံသည့် အခြေအနေသို့ မရောက်နိုင်အောင် တားဆီးထား၏။

ပြီးပြည့်စုံမှု လစ်ဟာခြင်းက ယင်ကန်းအား တာအိုကို သက်သေပြခြင်းကို မတားဆီးနိုင်သလို ထာဝရဧကရာဇ် ဖြစ်လာဖို့လည်း မတားဆီးနိုင်ပေ။ အချုပ်အားဖြင့် သူက ဝမ်ချုံးကို အနိုင်မယူနိုင်သရွေ့ ရှေ့ဆက်လျှောက်ရမည့် လှုံ့ဆော်မှုတစ်ခု ဖြစ်လာလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ထိုပြီးပြည့်စုံမှု လိုအပ်ချက်ကြောင့် သူသာ ဂရုမစိုက်ပါက တခြားသူများက အခွင့်ကောင်းယူသွားနိုင်သည်။

လီကျွင်းက ထိုဟာကွက်ကို သတိထားမိကာ စကားလုံးတချို့ဖြင့် သူ့စိတ်အခြေအနေကို သက်ရောက်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ကြယ်တာရာ သားရဲဖုတ်ကောင်၏ အငွေ့အသက်သည် ဖြည်းဖြည်းချင်း လျော့ကျလာသည်ကို ခံစားမိလိုက်၍ ဆက်လက် မကစားတော့ဖို့သာ ဆုံးဖြတ်လိုက်၏။

ယင်ကန်းက ညာဖက်လက်ကို မြှောက်ကာ လက်သည်းသဏ္ဌာန်အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူ့ကမ္ဘာဦးနဂါး ၆၆ကောင် ခွန်အားကို စုစည်းလိုက်သည်။ သူ့တိုက်ခိုက်ရေးစွမ်းအားက ထိပ်သီးပွင့်ချပ် ၆လွှာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ယင် လက်သည်းချက်

ဧရာမအပြာရောင် လက်သည်းချက်က လီကျွင်းရှေ့မှောက် ပြိုင်ဘက်ကင်း အလျင်ဖြင့် ဝင်ရောက်လာသည်။

အခု အလေးအနက်ထားရမဲ့အချိန်ပဲ…

လီကျွင်းက သူ့တာအိုသက်သေပြပစ္စည်းကို ဆင့်ခေါ်ရင်း တွေးလိုက်မိသည်။ သူက လက်ထဲတွင် လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ရှေ့ကို ထိုးစိုက်လိုက်သည်။ သတ်ဖြတ်ရေးစွမ်းအားက သူ့လက်နက်၏ ထိပ်ဖျားအထက် စုဝေးလာပြီး ထိုလက်သည်းချက်ကို အမြန်အဆန် ပယ်ဖျက်လိုက်သည်။

လီကျွင်း၏ တိုက်ကွက်က ရပ်တန့်မသွားဘဲ ရှေ့ဆက်တိုးသွားသည်။

ယင်ကန်းက အန္တရာယ်ကို ခံစားမိလိုက်၍ ရှောင်ရှားလိုက်သည်။ ကံဆိုးစွာဖြင့် သူ့အပြုအမူကိုလည်း ခန့်မှန်းထားပြီးသားဖြစ်နေလေသည်။

လီကျွင်းက သူ့ရှေ့တွင် ပေါ်ထွက်လာကာ သူ့ဦးခေါင်းကို ထိုးချလိုက်သည်။

ယင်ကန်းက ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်၏။ သူ့ဦးခေါင်း ပျောက်ကွယ်သွားမည်ဆိုလျှင်ပင် သူက ဂရုစိုက်မည် မဟုတ်ပေ။ သို့သော်လည်း သူက ထိုတိုက်ကွက်ကို ခံနိုင်ရည် မရှိကြောင်း သိလေ၏။ ထို့အပြင် သူ့အတွက် အကောင်းအတိုင်း ရှောင်နိုင်ဖို့ နောက်ကျလွန်းသွားခဲ့လေပြီ။

ထို့ကြောင့် သူက ခန္ဓာကိုယ်ကို လှုပ်ရှားကာ လှံကို သူ့ခန္ဓာကိုယ်အား ထိုးဖောက်စေခဲ့ပြီး အရွယ်ရောက် လူတစ်ယောက်၏ လက်ဝါးအရွယ် အပေါက်ကြီး ချန်ထားရစ်စေခဲ့သည်။ ယင်ကန်းက ပါးစပ်ဟကာ မှုတ်လိုက်ပြီး လီကျွင်းအား မီတာအနည်းငယ်လွင့်စင်သွားစေသည်။ ထိုအခွင့်အရေးကို အသုံးချကာ သူက သူ့ပြိုင်ဘက်နှင့် အကွာအဝေးချိန်လိုက်၏။

ယင်ကန်း၏ အသားအရည်က ကြည့်မကောင်းလှပေ။

သူက ငါ့ခန္ဓာကိုယ်ထဲက ယင်ချီကို သတ်ခဲ့တာပဲ…

သူက သူ့ခန္ဓာကိုယ်ကို လေ့လာရင်း သုံးသပ်လိုက်သည်။ ယင်ချီက သူ့သွေးစွမ်းအား၊ အရိုးနှင့် အတွင်းအင်္ဂါများထဲ ရှိနေလေသည်။ သို့သော်လည်း လီကျွင်း၏ တိုက်ကွက်က ယင်ချီကို သတ်ပစ်ပြီး သူ့စွမ်းအားကို ၁၅ရာခိုင်နှုန်းထက် လျော့ကျစေခဲ့သည်။

ထိုအတွေးဖြင့် ယင်ကန်းက ပတ်ဝန်းကျင်ရှိ ယင်ချီကို ထိန်းချုပ်ကာ သူ့ကိုယ်သူ အားဖြည့်လိုက်သည်။ ဤအရှေ့ပိုင်းနေရာတွင် လူများစွာ သေဆုံးခဲ့ပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို သက်ရောက်မှုရှိနေသည်။ သို့သော်လည်း ယင်ကန်းက သူ လိုချင်သလောက် ယင်ချီကို မထိန်းချုပ်နိုင်ကြောင်း သိလိုက်၏။ ထိုအရာ၏ တရားခံကမူ သူ့ကို တည်တည်ငြိမ်ငြိမ်ကြည့်နေသည့် လီကျွင်းသာ ဖြစ်၏။

“အံ့ဩသွားလား”

ယင်ကန်းက ပြန်မဖြေဘဲ စိတ်ငြိမ်ငြိမ်ထားဖို့သာ အာရုံစိုက်ထားသည်။ ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် လီကျွင်းက ဘာမှမပြောဖို့သာ ရွေးချယ်လိုက်သည်။ ယင်ကန်း၏ ယင်ချီအပေါ် အပြည့်အဝထိန်းချုပ်မှုက ချီ သို့မဟုတ် စွမ်းအင်ကို ထိန်းချုပ်မှုအပေါ် မူတည်ထား၏။ သို့သော်လည်း သူက စည်းမျဉ်း သို့မဟုတ် တာအိုကို မကျင့်ကြံဘဲ ခန္ဓာကိုယ်ချည်း လေ့ကျင့်ထားသူတစ်ဦး ဖြစ်ပေသည်။

ထိုစဉ် လီကျွင်း၏ သတ်ဖြတ်ရေးတာအိုက မရဏတာအို ပါဝင်နေသည့်အတွက် ယင်ချီလည်း ပါဝင်နေသည်။

ထိုစဉ် ယင်ကန်းအနားရှိ လေဟာနယ်က တွန့်လိမ်သွားကာ သူ့ခန္ဓာကိုယ်အတွင်း စွမ်းအားအသစ်တစ်ခု ဝင်ရောက်လာပြီး ယင်ချီ၏ စွမ်းအားကို အစားထိုးဝင်ရောက်သွားသည်။ သူ့အရှိန်အဝါက ပြောင်းလဲသွားပြီး သူက စွမ်းအားပြန်လည်ရရှိလာရုံသာမက ပိုမိုအားကောင်းလာလေသည်။

“အဆိုးမြင်စိတ်ခံစားချက် အပြစ်ကြွေး။ ဒါက မိစ္ဆာ ကံအပြစ်ကြွေးပဲ။” လီကျွင်းက သုံးသပ်လိုက်၏။ လီကျွင်းက ယင်ကန်း၏ ခန္ဓာကိုယ်ထဲ စီးဝင်သွားသည့် စွမ်းအားကို ခံစားမိရင်း သုံးသပ်လိုက်သည်။

ထိုသူအကြောင်း စုံစမ်းထားသည့် သတင်းအချက်အလက်များအရ သူ့တွင် ထိုစွမ်းအား မရှိပေ။ သို့သော်လည်း ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက သူသည် ရှင်းလင်းရေးမှ ပြန်လာပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံရေး ဝင်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အဲဒါဆိုတော့ သူက သူ့ရဲ့ ဖုတ်ကောင်ပညာရပ်ကို မြင့်မားတဲ့အဆင့်ရောက်ဖို့ မိစ္ဆာတွေရဲ့ ကံအပြစ်ကြွေးကို အသုံးပြုခဲ့တာပဲ

သူက လှံကို ဝှေ့ယမ်းပြီးသည့်နောက်တွင် သုံးသပ်လိုက်သည်။

လှံဥက္ကာပျံ

ဗလာလေဟာနယ်အတွင်း လှံသန်းချီထွက်ပေါ်လာပြီး ယင်ကန်းဆီ ထိုးဝင်သွားသည်။

ယင်ကန်းက အမူအရာ ပျက်ယွင်းသွား၏။ သူ့ပြန်လည်ကုသစွမ်းကို ပယ်ဖျက်နိုင်သည့် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ အဆိုးရွားဆုံးအပိုင်းက သူသည် ထိုအရာကို မည်သို့ပင်လုပ်စေကာမူ မဖယ်ရှားနိုင်ပေ။

ယင်ကန်းက သူ့စိတ်ကို နှစ်ပိုင်းခွဲလိုက်ပြီး ရောက်ရှိလာသည့် တိုက်ကွက်ကို အာရုံစိုက်ထားလိုက်သည်။ သူက လက်နှစ်ဖက်ကို အတူတူပူးကပ်ကာ လှံအများစုကို ဖျက်ဆီးပစ်နိုင်သည့် တုန်ခါလှိုင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။

ဘန်ရှီးအော်သံ

ဘန်ရှီးက တစ္ဆေ သို့မဟုတ် ယင်ချီ၊ အဆိုးမြင်စွမ်းအား၊ ဝိညာဉ်အပေါ် လွှမ်းမိုးနိုင်သည့် သတ္တဝါ ဖြစ်ပေသည်။

ယင်ကန်းက ပါးစပ်ဟကာ အသံတိုက်ကွက်ဖြင့် ကျန်ရှိနေသည့် လှံများကို တားဆီးလိုက်၏။ သူ့တိုက်ကွက်က နည်းလမ်းနှစ်ခု အသုံးပြုထားပြီး လှံကို တိုက်ခိုက်လိုက်သလို လီကျွင်း၏ ဝိညာဉ်အပေါ်လည်း သက်ရောက်မှု ရှိစေလိုက်သည်။

ကံဆိုးစွာဖြင့် ထိုသူက မတုံ့ပြန်ဘဲ ကြိုးပမ်းမှုကို လျစ်လျူရှုထားလေ၏။

ထို့အပြင် သူက ထိုလှံအားလုံးကို မရပ်တန့်ခဲ့သည့်အတွက် လှံ၅ချောင်းက ရောက်ရှိလာဆဲ ဖြစ်သည်။

ဘန်း

ယင်ကန်းက အနီးဆုံး လှံကို လက်သီးဖြင့် ထိုးချလိုက်သည်။ ထို့နောက် သူက တိုက်ကွက်၏ စွမ်းအားကို အသုံးပြုကာ သူ့ကိုယ်သူ အလင်းနှစ်များစွာအကွာသို့ နောက်ဆုတ်လိုက်သည်။ သူက ဂလက်ဆီအဖွဲ့အစည်းတစ်ခုတွင် ရပ်တန့်လိုက်ပြီး သူတို့ထုတ်လွှတ်သည့် အသက်ဓာတ်ကို စုပ်ယူလိုက်သည်။

လင်းလက်ကြယ် တိုက်ပွဲကွင်းပြင်က အသက်ဓာတ်မရှိသည့် ကောင်းကင်အလိုဆန္ဒအတွက် ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော်လည်း ဂြိုလ်များ၊ ကြယ်တာရာများနှင့် ဂလက်ဆီများက အသက်ဓာတ်ပြည့်ဝနေသည့် သက်ရှိအဖြစ် မှတ်ယူနိုင်သည်။

ယင်ကန်းက ရာချီကာ စုပ်ယူလိုက်ပြီး သူ့ကိုယ်သူ ပြန်လည်ကုသလိုက်၏။ ကံဆိုးစွာဖြင့် သူတို့က သူတို့၏ စွမ်းအားကို သိုလှောင်နိုင်သော်လည်း သူ့ရင်ဘတ်ရှိ အပေါက်ကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ။

ကျစ် ဒါက ဘာစွမ်းအားလဲ…

သူက တွေးလိုက်မိသည်။ ကံဆိုးစွာဖြင့် သူက စဉ်းစားနေဖို့ အချိန်မရှိပေ။

လီကျွင်းက သူ့လှံကို ပစ်လွှတ်လိုက်လိုက်သည်။ သတ်ဖြတ်ရေးလက်နက်က သက်ရှိအားလုံးကို သုတ်သင်ပစ်နိုင်သည့် စွမ်းအားနှင့်အတူ ပြိုင်ဘက်ကင်းအလျင်ဖြင့် ပျံသန်းရောက်ရှိလာသည်။

ဝုန်း

ယင်ကန်းက အနီးအနားရှိ ဂြိုလ်ကြီး ဝင်တိုက်မိသွားပြီး သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့အတွင်းအင်္ဂါများက ဂြိုလ်၏ တုန်ခါလှိုင်းကြောင့် လှုပ်ခါသွားသော်လည်း ဤတစ်ကြိမ်တွင် ပြန်လည်ကုသနိုင်ခဲ့သည်။

“ဟမ် ယင်ယန် စွမ်းအားလား” လီကျွင်းက ရေရွတ်လိုက်သည်။ သူက ယင်ကန်းဝန်းကျင်တွင် ရှိနေသည့် အနက်ရောင်နှင့် အဖြူရောင်ဒိုင်းကာကို ကြည့်လိုက်၏။

“ကျုပ် နားလည်သွားပြီ။ ခင်ဗျားရဲ့ ဖုတ်ကောင်ပညာရပ်ကို ကျင့်ကြံဖို့က သက်ရှိအဖြစ် ပြန်မပြောင်းခင် ဖုတ်ကောင် ဖြစ်သွားဖို့ လိုအပ်တယ်။ အဲဒါဆိုတော့ ခင်ဗျားက ယင်ယန်စွမ်းအားကို ထိန်းချုပ်နိုင်တာက အဓိပ္ပာယ်တော့ ရှိပါတယ်။ ခင်ဗျားက သေခြင်းရှင်ခြင်းကိုတောင် ထိန်းချုပ်နိုင်စွမ်းတချို့တော့ ရှိလိမ့်မယ်”

All Chapters