← Chapters

ယင်ကန်းနှင့် လီကျွင်းအပြိုင် အပိုင်း(၃)

Vol. 56 Ch. 772

ယင်ကန်းနှင့် လီကျွင်းအပြိုင် အပိုင်း(၃)

Vol. 56 Ch. 772

ယင်ကန်းက တစ်ဖက်လူ ပြောစကား မှန်ကန်နေသည့်အတွက် မတုံ့ပြန်ခဲ့ပေ။ သူ့ဖုတ်ကောင်ပညာရပ်က ရှင်သန်မှုအစွန်းသည် သေခြင်းတရား ဖြစ်ပြီး သေခြင်းတရားအစွန်းသည် ရှင်သန်မှုဖြစ်သည်ဟူသည့် စကားကို ခြုံငုံထား၏။

သူက အသက်ရှင်သည့် လူတစ်ယောက်အဖြစ် နေထိုင်သော်လည်း ယင်စွမ်းအားများစွာကို စုပ်ယူပြီးသည့်နောက်တွင် လူသေအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ရှည်ကြာလှသည့် ကျင့်ကြံရေးတစ်လျှောက်တွင် သူက သေခြင်းရှင်ခြင်းကို ပြောင်းလဲပြီး သေဆုံးရာမှ ပြန်လည်ရှင်သန်လာခဲ့သည်။

ထိုဖြစ်စဉ်အတွင်း သူ့ခန္ဓာကိုယ်က ယင်ယန်စွမ်းအား၊ ဝမ်ဝေ့၏ ဗလာနတ္ထိစွမ်းအားနှင့် တူသည့် သေခြင်းရှင်ခြင်းစွမ်းအား ပါဝင်လာသည်။

ငါ ခန္ဓာကိုယ်ထဲ ကုသတာကို တားဆီးနေတယ်။ အဲဒီစွမ်းအားကို ဖယ်ရှားပစ်ဖို့လိုတယ်…

ယင်ကန်းက သုံးသပ်လိုက်သည်။ ကံဆိုးစွာဖြင့် သူ့စွမ်းရည်ကို တွေ့သွားပြီးသည့်နောက်တွင် လီကျွင်းက သူ့အား အချိန်မပေးဘဲ စတင်လှုပ်ရှားလာသည်။

သူ့လှံတစ်ချက်အဝှေ့တွင် လီကျွင်းနောက်တွင် သွေးမြစ်တစ်စင်းထွက်ပေါ်လာပြီး ယင်ကန်းဆီ အသက်ဓာတ်စွမ်းအား စုပ်ယူဖို့ ပြေးဝင်သွားသည်။ သို့သော်လည်း ယင်ကန်းက ထိုမြစ်ကြောင်းကို စုပ်ယူလိုက်ပြီး တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်သည်။

“ကျစ်”

သူက ကျိန်ဆဲလိုက်၏။ သူ့ဘယ်ဖက်လက်တွင် အစိမ်းရောင် အစက်အပြောက်များ ပေါ်ထွက်လာလေသည်။ သူက အဆိပ်ခတ်ခံလိုက်ရသည်။

ထိုစဉ် လီကျွင်းက ထိုအရာသည် နဂိုကတည်းက သူ့ရည်ရွယ်ချက် ဖြစ်နေသည့်အတွက် နှာခေါင်းရှုံ့လိုက်သည်။ သူက အဆိပ်ကို ဘယ်ဖက်မှ တခြားအစိတ်အပိုင်းများ ပျံ့နှံ့အောင် ထိန်းချုပ်ပြီး ယင်ကန်း၏ ခန္ဓာကိုယ်ကို အတွင်းဘက်မှ ဖျက်ဆီးပစ်လိုက်သည်။

လီကျွင်းက ခန္ဓာကိုယ်လေ့ကျင့်သူများသည် သတ်ဖို့ရာ ခက်ခဲကြောင်း သိလေ၏။ ယင်ကန်းက ရင်ဘတ်တွင် အပေါက်ကြီး ရှိနေသော်လည်း အကောင်းအတိုင်း လှုပ်ရှားနိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း အပေါက်နှင့် အဆိပ်ကို ထည့်တွက်လိုက်လျှင် ထိုလူ၏ သက်လုံနှင့် ခုခံစွမ်းအားကို ဖြည်းဖြည်းချင်း လျှော့ချနိုင်လိမ့်မည်။

တကယ်လို့ ငါသာ ဝှက်ဖဲကို ဝှက်ထားစရာမလိုရင် သတ်ဖြတ်ရေးလမ်းကို အသုံးပြုပြီးတော့ သူ့ကို တစ်ခါတည်း သတ်ပြီးပြီ…

လီကျွင်းက ခေါင်းအသာယမ်းရင်း တွေးလိုက်သည်။

ငရဲအော်သံ

လီကျွင်း၏ ခန္ဓာကိုယ်မှ ထူးထူးဆန်းဆန်း အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက လူမဆန်ကာ အရက်စက်ဆုံး နည်းလမ်းများဖြင့် သေဆုံးကြသည့် လူများဆီမှ အော်သံများ ဖြစ်၏။ ထိုတိုက်ကွက်က ယင်ကန်း၏ ခန္ဓာကိုယ်ကို ကျော်လွန်သွားကာ သူ့ဝိညာဉ်ဆီ ရောက်ရှိသွားသည်။

သို့သော်လည်း သူက မတုံ့ပြန်ပေ။ သူ့ ဖုတ်ကောင်ပညာရပ်က ဝိညာဉ်နှင့် သေခြင်းတရားတွင် ကျွမ်းကျင်သူဖြစ်အောင် ပြုလုပ်ထားသည်။ ထို့အပြင် အားကောင်းသည့် ခန္ဓာကိုယ်လေ့ကျင့်သူ တစ်ယောက်အနေဖြင့် သူ့စိတ်စွမ်းအားက ဝိညာဉ်တိုက်ကွက်များ ခံစားရစေဖို့အတွက် စိန်ခေါ်မှု ဖြစ်၏။

နှမြောစရာကောင်းလှသည်က လီကျွင်းက ထိုအချက်ကို သိထားကာ ရလဒ်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ဖွီး

ယင်ကန်းက သွေးတစ်ပွက် အန်လိုက်ရသည်။ သူက တုန်တုန်လှုပ်လှုပ်အကြည့်ဖြင့် သူ့နှလုံးသားသည် အစိတ်စိတ်အမြွာမြွာ ဖြစ်သွားကြောင်း တွေ့လိုက်ရသည်။ သူက လီကျွင်းကို ကြည့်ကာ ထိုသူ၏ နှလုံးသားက သူ့ကို ပစ်မှတ်ထားသည့် ထူးကဲသည့် ကြိမ်နှုန်းတစ်ခု ထုတ်လွှတ်နေသည်ကို တွေ့ရှိသွားသည်။ ယခင်တိုက်ကွက်က အပေါ်ယံကလွဲ၍ ဘာမှမဟုတ်ပေ။

ငါက ငါ့နှလုံးသားကို ပြန်ပေါက်အောင် လုပ်လို့ရတယ်။ ငါ့ရဲ့ သက်လုံနဲ့ ခုခံအားက အခု နိမ့်ကျနေပြီ…

ဤဖြစ်စဉ်တစ်ခုလုံးအတွင်းတွင် ယင်ကန်းက တည်ငြိမ်နေလေ၏။ ထို့နောက် သူက လီကျွင်းသည် လှံမှ တူကို ပြောင်းလဲလိုက်သည်ကို မြင်လိုက်ရသည်။

ထိုးဖောက်ရာတွင် အသုံးဝင်သည့် လက်နက်က ခန္ဓကိုယ်လေ့ကျင့်သူများနှင့် ရင်ဆိုင်ရသည့်အခါ အကောင်းဆုံးလက်နက် မဟုတ်ကြောင်း သဘောပေါက်သွားပြီး ထုချေမည့် လက်နက်ကို ပြောင်းလဲလိုက်သည်။ သူက ဤသို့ဖြင့် အပျက်အစီးများစွာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် လီကျွင်းက သူ့သတ်ဖြတ်ရေးတာအို၏ အစိတ်အပိုင်းဖြစ်သည့် လက်နက်တာအိုကို အသုံးပြုကာ တစ်ဖက်လူကို အားပြင်းပြင်းဖြင့် ထုနှက်လိုက်သည်။

ဧရာမတူက မိုးမြေအထက် ထွက်ပေါ်လာပြီး တစ်ဖက်လူကို အသားစိုင် စွတ်ပြုတ်လုပ်ဖို့ ရည်ရွယ်ချက်ဖြင့် ကျရောက်လာသည်။

ယင်ကန်းက ထိုတိုက်ကွက် သူ့ဆီ ရောက်လာသည်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။ သူသာ ထိမှန်မိသည်နှင့် ထိခိုက်ခံစားရမည်ဖြစ်ကြောင်း သိလေသည်။ ရှောင်ရှားခြင်းက ရွေးချယ်မှု မဟုတ်ပေ။ ထိုတိုက်ကွက်၏ အမြန်နှုန်းက မြန်ဆန်လွန်းလှသည့်အပြင် လီကျွင်းက ပတ်ဝန်းကျင်ကို ကူးသန်းမသွားလာနိုင်အောင် ပိတ်ဆို့ထားလေသည်။

နောက်ဆုံးအနေဖြင့် သူက ထိနှက်ချက်ကို လက်ခံရရှိလိုက်ပြီး ရှုံးနိမ့်မှုကို မကုစားနိုင်တော့ပေ။ ပြောရလျှင် သေခြင်းတရားက အာမခံသွားလိမ့်မည်။ ယင်ကန်းက သူ့မျက်စိရှေ့ဘဝကို ပြန်လည်ကြည့်လိုက်သည်။

မဟုတ်သေးဘူး။ ငါ စိတ်ငြိမ်ငြိမ်ထားရမယ်…

သူက သူ့ဘာသာသူ ထိန်းချုပ်လိုက်၏။ သူက နောက်ဆုံးမိနစ်အထိ လက်မလျှော့နိုင်ကြောင်း သိထားသည်။ ဤသို့သော အခြေအနေမျိုးတွင် ဖြေရှင်းနည်း တစ်ခုတော့ ရှိရမည်။ သူ့လက်ရှိပြဿနာအတွက် ဖြေရှင်းနည်းက သူ့ပြန်လည်ကောင်းမွန်နိုင်စွမ်းကို တားဆီးနေသည့် စွမ်းအား ဖြစ်သည်။ ထိုအရာကို ဖယ်ရှားလိုက်သည်နှင့် သူက ပြန်လည်ကောင်းမွန်လာနိုင်သည်။

ယင်ကန်း၏ အတွေးအားလုံးက အက်တိုစက္ကန့်ပိုင်းလေးအတွင်း ဖြတ်ပြေးသွားပြီး သူ့စိတ်က တစ်ဘဝလုံးတစ်လျှောက် အမြန်ဆန်ဆုံး အလုပ်လုပ်နေလေ၏။ ထို့နောက် ယင်ကန်းက တစ်စုံတစ်ခုကို တွေးမိသွားသည်။

ဝုန်း

အရိုးအက်သံက လေဟာနယ်ထဲ ထွက်ပေါ်လာပြီးသည့်နောက်တွင် ပေါက်ကွဲသံမှ ထွက်ပေါ်လာသည်။ ယင်ကန်း၏ ခန္ဓာကိုယ်က အလင်းနှစ်များစွာ လွင့်စင်သွားပြီး လမ်းကြောင်းရှိ အာကာပြင်အရာဝတ္ထုများကိုပင် ဖျက်ဆီးပစ်ခဲ့သည်။

သို့သော်လည်း ရပ်တန့်ပြီးသည့်နောက်တွင် သူက ဘာမှမဖြစ်သကဲ့သို့ အလျင်အမြန် ပြန်ရပ်လာသည်။

အဝေးတစ်နေရာတွင် ဝမ်ဝေ့က မျက်လုံးဖွင့်လာပြီး အကွာအဝေးကို လျစ်လျူရှုကာ ယင်ကန်းအား ကြည့်လိုက်သည်။

“စိတ်စွမ်းအား သဏ္ဌာန်ထုတ်ဖော်ပြခြင်းလား။ ဒါပေမဲ့ မပြီးပြည့်စုံသေးဘူးပဲ” သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“ဒီမျိုးဆက်က တကယ်ကို ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ”

ဝူဟုန်ဆီမှ သူသည် အားကောင်းသည့် ခန္ဓာကျင့်ကြံသူများက သူတို့၏ စိတ်စွမ်းအားကို သဏ္ဌာန်ပြထုတ်ဖော်နိုင်ကြောင်း သိထားသည်။ ထို့နောက် သူတို့က အတုအယောင်နှင့် ထာဝရဧကရာဇ်တို့၏ တာအိုဆန္ဒနှင့် တူညီသည့် အနေအထားအဖြစ် အသုံးပြုနိုင်သည်။ သို့သော်လည်း ခန္ဓာကိုယ်ကျင့်ကြံသူ အများစုက ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးမှသာ ထိုအနေအထားသို့ ရောက်ရှိနိုင်ကြသည်။ အနှစ်ချုပ်အားဖြင့် ပါရမီထူးကဲသူများက မကောင်းဆိုးဝါးနတ်ဘုရားအဆင့်တွင် မပြီးပြည့်စုံသည့် အရာတစ်ခုကို ရယူနိုင်သည်။

သို့သော် ယင်ကန်းက ကမ္ဘာဦးနဂါးအဆင့်ဖြင့် အောင်မြင်ခဲ့သည့်အတွက် သူ့ပါရမီကို ပြသနေသည်။

“စိတ်ဝင်စားစရာပဲ” လီကျွင်းက ပြောလိုက်သည်။

“ခင်ဗျားက ခန္ဓာကိုယ်လေ့ကျင့်ရေးလမ်းစဉ်မှာ ဒီလောက် ပါရမီရှိလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

“မင်းရဲ့ အကြည့်နဲ့ စကားနဲ့ဆိုရင် ငါက တော်တော်လေးကို ထူးချွန်တဲ့တစ်ခုခု လုပ်မိတဲ့ပုံပဲ” ယင်ကန်းက သူ ဆုံးရှုံးသွားသည့် ပြန်လည်ကောင်းမွန်နိုင်စွမ်းကို ပြန်လည်ခံစားမိ၍ ပြောလိုက်သည်။ သူ့စိတ်စွမ်းအားဖြင့် သူက သူ့ခန္ဓာကိုယ်မှ တုယီနယ်ပယ်စွမ်းအားကို ဖယ်ရှားနိုင်လိုက်ပြီး အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။

“အမှန်ပဲ” လီကျွင်းက ပြောလိုက်သည်။

“ဒါပေမဲ့ ဒါက ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး”

ယင်ကန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့စကားများက သတင်းအချက်အလက် ပိုမိုရယူချင်နေကြောင်း သိလိုက်သည်။ ခန္ဓာတာအိုချိုင့်ဝှမ်း၏ တည်ထောင်သူ ခန္ဓာဘိုးဘေးက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်မှတဆင့် တာအိုကို သက်သေပြခဲ့ပြီး ထာဝရဧကရာဇ်နှင့် ယှဉ်နိုင်သည့် မွေးကင်းစ မကောင်းဆိုးဝါး နတ်ဘုရားခွန်အားကို ရောက်ရှိဖို့ ကောင်းကင်အလိုဆန္ဒကို အသုံးပြုခဲ့ခြင်း မရှိသလို စည်းမျဉ်းကိုလည်း မကျင့်ကြံခဲ့ပေ။ ဤသို့သော အောင်မြင်မှုမျိုးက ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်ပင် ဒိုင်မေးရှင်းအမြင့်သို့ မရောက်ခင်အချိန်အထိ မရယူနိုင်ခဲ့သည့်အရာ ဖြစ်ပေသည်။

အကယ်၍ သန့်စင်သည့် ခန္ဓာကိုယ်ကျင့်ကြံသည့် လမ်းစဉ်က မကွဲပြားလျှင် အသင်္ချေအင်ပါယာကမ္ဘာ၏ ထာဝရဧကရာဇ်တစ်ယောက်အဖြစ် မှတ်ယူနိုင်လေသည်။

ဤသို့သော ပါရမီမျိုးဖြင့် သူက ပြီးပြည့်စုံသည့် စိတ်ဆန္ဒသဏ္ဌာန်ပြမှုကို ပြီးမြောက်စေခဲ့သည်။ ထို့ကြောင့် ယင်ကန်းက ဤစိတ်စွမ်းအားနှင့် ပတ်သက်ပြီး ထိုသူ ချန်ထားခဲ့သည့် မှတ်တမ်းတချို့ကို မြင်တွေ့ခဲ့ဖူးသည်။

“ငါတို့ ကြည့်ရသေးတာပေါ့” လီကျွင်း၏ တိတ်ဆိတ်မှုကို မြင်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

ယင်ကန်း၏ အရှိန်အဝါက ရုတ်ချည်း ပြောင်းလဲသွား၏။ သူ့မျက်လုံးက ခရမ်းရင့်ရောင် ပြောင်းသွားသော်လည်း နဖူးအထက် ရွှေရောင် အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။ သူ့ဆံပင်ရှည်များက နောက်တွင် လွင့်မြောနေပြီး ပိုမိုခန့်ညားသည့်ဟန်ဆောင်နေလေသည်။

သူက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး တစ်ဖက်လူဆီ ဝင်ရောက်လာကာ ကြောက်မက်ဖွယ် ခွန်အားဖြင့် ထိုးချလိုက်သည်။

လီကျွင်းက ဒိုင်းကာ အသုံးအဆောင်ပစ္စည်းတစ်ခုကို ထုတ်ဖော်လိုက်ပြီး သူ့ကိုယ်သူ ကာကွယ်လိုက်၏။ သို့သော်လည်း တိုက်ကွက်၏ ခွန်အားက သူ့ကို မီတာဒါဇင်ချီ လွင့်စင်သွားစေသည်။

သူ့အင်အားက ကမ္ဘာဦးနဂါး ငါးကောင်လောက် တိုးမြင့်လာတာပဲ…

ယင်ကန်းက လက်ကို ဝှေ့လိုက်ပြီး မိုးမြေကြားတွင် ဧရာမရွှေရောင် လက်သည်းချက်တစ်ခု ပေါ်ထွက်လာသည်။ ထိုတိုက်ကွက်က သူ့ကို မထိခင် လီကျွင်းက ရွှေရောင်အလင်းတန်းကြောင့် မသက်မသာ ခံစားလိုက်ရပြီး သူ့တာအိုက ချုပ်နှောင်ခံလိုက်ရပြီး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့သလို ခံစားလိုက်ရသည်။

ဘန်း

သူက တိုက်ကွက်ကို တားဆီးလိုက်သော်လည်း နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။

“ဗုဒ္ဓနည်းစနစ်” သူက ရေရွတ်လိုက်သည်။

“ဗုဒ္ဓက သက်ရှိအားလုံးအပေါ်မှာ သက်ညှာပေးပြီးတော့ ကယ်တင်ပေးတယ်။ အဲဒါကြောင့် သူ တည်ရှိနေရင် သတ်ဖြတ်ရေး စွမ်းအားကို ခွင့်ပြုမပေးဘူး”

“မင်းက မှန်မှန်ကန်ကန် တွေးနိုင်သား” ယင်ကန်းက ပြောလိုက်သည်။ ဗုဒ္ဓစွမ်းအားက သူ့ဖုတ်ကောင်ပညာရပ်၏ ရန်သူ ဖြစ်ပေသည်။ ထို့ကြောင့် သူက အသေးစိတ် လေ့လာခဲ့ပြီး သင်ယူဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း ယင်ကန်းက သူ နိုးထလာပြီးသည့်နောက်တွင်ပင် ဗုဒ္ဓနည်းစနစ်အများစုသည် အသုံးမပြုနိုင်ကြောင်း ခံစားမိလိုက်သည်။ ကံကောင်းစွာဖြင့် ဤတိုက်ပွဲကွင်းပြင်၌ သက်ရောက်မှုရှိပုံမပေါ်ပေ။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ထပ်မံ တိုက်ခိုက်လိုက်သည်။

တိဆန်းဖူဆ ငရဲ

တစ်ခါက ထိုသူသည် ငရဲမှ ဝိညာဉ်အားလုံး ကယ်တင်မခံရခင်အထိ ထွက်မသွားနိုင်ကြောင်း ကတိစကားဆိုခဲ့ဖူးသည်။

ငရဲမြင်ကွင်းက လီကျွင်းရှေ့မှာ ပေါ်ထွက်လာကာ သတ်ဖြတ်ရေးစွမ်းအားက သိသိသာသာ ချုပ်နှောင်ခံလိုက်ရပြီး အားနည်းသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“ဗုဒ္ဓဒေါသ ထွက်ရင် သွေးမြစ်စီးပြီး အလောင်း တောင်လိုပုံသွားမှာပဲ။ အဲဒါကြောင့် စွမ်းအားကြီးတဲ့ ဗုဒ္ဓကတောင် သတ်ဖြတ်ရေးစွမ်းအားကနေ မလွတ်မြောက်နိုင်ဘူး”

သူ့လှံက သူ့လက်ထဲ ပေါ်ထွက်လာကာ ရှေ့ကို ထိုးချလိုက်သည်။ သွေးမြစ်နှင့် အလောင်း တောင်ပေါ်မြင်ကွင်းက သူ့နောက်တွင် ပေါ်ထွက်လာ၏။

ဝုန်း

ယင်ကန်း၏ ငယ်ငယ်က ချက်ချင်းဆိုသလို ဖျက်ဆီးခံလိုက်ရပြီး လှံ၏ စွမ်းအားက သူ့ကို လွှမ်းခြုံသွားသည်။ အာကာပြင်က ငြိမ်သက်သွားပြီးသည့်နောက်တွင် သူ့အပေါ်ပိုင်းခန္ဓာကိုယ်တစ်ဝက် ဆုံးရှုံးသွားပြီး မျက်နှာနှင့် အောက်ပိုင်းခန္ဓာကိုယ်မှ သွေးများစီးကျနေသည်။

သူက သူ့စိတ်စွမ်းအားဖြင့် လီကျွင်း၏ တုယီနယ်ပယ်ကို တိုက်ခိုက်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ကိစ္စများက ယခင်လောက် မချောမွေ့ပေ။ ထိုစွမ်းအားက ယခင်ထက် ပိုမိုအားကောင်းလာဟန်ပေါ်၏။ ထို့အပြင် ယခုအခါ အသက်ဝင်နေသည့်အလား သူ့ကို မရပ်မနားတိုက်ခိုက်နေသည်။

ယင်ကန်းက သူသည် အချိန်ဆွဲထားဖို့ လိုကြောင်း သိသည့်အတွက် အာရုံစိုက်လိုက်သည်။ အကောင်းဆုံး ခုခံရေးက အားပြင်းသည့် တိုက်ခိုက်မှု ဖြစ်၏။

သူက သူ့တိုက်ကွက်ကို တိုးမြင့်ဖို့ ထိုစွမ်းအားကို အသုံးပြုလိုက်သည်။

ငါ့စိတ်စွမ်းအားနဲ့ရော အတူတူ လုပ်နိုင်မလား…

ယင်ကန်း၏ အကြည့်က တောက်ပလာကာ လီကျွင်းဆီ ပြေးဝင်သွားပြီး လက်တစ်ဖက်တည်းဖြင့် တိုက်ခိုက်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်သည် တစ်ဖက်လူထက် အားကောင်းနေသည်ကို အခွင့်ကောင်းယူကာ အနီးကပ် တိုက်ခိုက်ဖို့ ရွေးချယ်လိုက်၏။

ဘန်း…ဘန်း…ဘန်း…

သူတို့က မိနစ်ပိုင်းကြာ မရပ်မနား ဆက်တိုက် တိုက်ခိုက်ခဲ့ကြသည်။

ကြည့်ရတာ အလုပ်မဖြစ်ဘူးပဲ…

လီကျွင်းက တွေးလိုက်သည်။

All Chapters