← Chapters

ယင်ကန်း၏ ကံကြမ္မာ

Vol. 56 Ch. 774

ယင်ကန်း၏ ကံကြမ္မာ

Vol. 56 Ch. 774

ယင်ကန်းက အနောက်ဘက်ပိုင်းကို ကြည့်ရင်း တွေးနေမိသည်။ သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူ့မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွား၏။

“သွေးစွမ်းအင်” သူက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ ဖုတ်ကောင်ပညာရပ်က မကောင်းဆိုးဝါး နည်းစနစ်တစ်ခု ဖြစ်ပေသည်။ ဖုတ်ကောင်များက သံသရာ၏ အမိန့်ကို သွေဖယ်နေသည့်အတွက် မိုးမြေဆီမှ ငြင်းပယ်ခံရသည့် တည်ရှိမှုများ ဖြစ်၏။

ထို့ကြောင့် ယင်ကန်းအနေဖြင့် သူ့ကျင့်စဉ် ကျင့်ကြံနှုန်း မြှင်တင်နိုင်မည့် နည်းလမ်းတစ်ခုက သွေးစွမ်းအင်ကို စုပ်ယူဖို့ ဖြစ်ပေသည်။ အသွေးအသား သတ္တဝါများဆီမှ ယန်စွမ်းအားကို စုပ်ယူခြင်းဖြင့် သူသည် ဖုတ်ကောင်များ၏ ခန္ဓာကိုယ်ထဲမှ ယင်ချီကို ထိန်းထားနိုင်သည်။ ထို့ကြောင့် ထိုနည်းစနစ်၏ ကျင့်ကြံနှုန်းကို မြှင့်တင်နိုင်ပြီး ရွှေရောင်ဖုတ်ကောင်အဆင့်ကို ရောက်ရှိနိုင်ကာ သက်ရှိအဖြစ် ပြန်လည်ပြောင်းလဲနိုင်သည်။

ထို့အပြင် ဝိညာဉ်များက ယင်သဘာဝ ဖြစ်သည့်အတွက် ဤကျင့်စဉ်ကို အရှိန်မြှင်တင်ပေးနိုင်သည်။

သို့သော်လည်း သူက ကျင့်ကြံရေးခရီးလမ်း တစ်လျှောက်လုံးတွင် ထိုအရာမျိုးကို တစ်ခါမှ မလုပ်ဖူးခဲ့ပေ။ သူ့ကိုယ်သူပင် ခန္ဓာတာအိုချိုင့်ဝှမ်း၏ အနာဂတ်မျိုးဆက်များကိုပင် ထိုနည်းလမ်းကို ဘယ်သောအခါမှ အသုံးမပြုဖို့ သတိပေးထားခဲ့သည်။

ယင်ကန်းတွင် အကြောင်းအရင်းများစွာ ရှိ၏။ ပထမဦးစွာ ဤသို့လုပ်ဆောင်ခြင်းက ကောင်းကင်စမ်းသပ်ချက်ကို စုဝေးကာ သူ့ကျင့်စဉ် ကျင့်ကြံဖို့ရာအတွက် ပိုမိုခက်ခဲလာစေလိမ့်မည်။ ကောင်းကင်တာအိုက ဤသို့သော အားကောင်းသည့် ကျင့်စဉ်မျိုးအတွက် ဖြတ်လမ်းကို ခွင့်ပြုမထားကြောင်း သိလေသည်။

ဒုတိယအကြောင်းအရင်းအတွက်ကမူ ကံအပြစ်ကြွေးများကြောင့် ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က ထိုနည်းလမ်းကို အသုံးပြုပြီး ကျင့်ကြံခဲ့မည်ဆိုလျှင် သူ သက်ရှိဘဝသို့ ပြန်ရောက်သွားလျှင်ပင် ဗုဒ္ဓနည်းစနစ်များနှင့် ယန်စွမ်းအားများက ရန်သူအဖြစ် ကျန်ရှိနေလိမ့်မည်။ ယင်ကန်းက အကောင်းဆုံးနည်းစနစ်ကို ဖန်တီးလိုခဲ့သည့်အတွက် ထိုသို့သော အားနည်းချက်မျိုးကို ခွင့်ပြုမည် မဟုတ်ပေ။

နောက်ဆုံးတွင် လူများ၏ အသားနှင့် သွေးစွမ်းအင်ကို စုပ်ယူခြင်းက ခန္ဓာကိုယ်ကို သန့်စင်မှု နည်းပါးသွားစေပြီး နောင်အနာဂတ်တွင် ကျင့်ကြံဖို့ ပိုမိုခက်ခဲသွားလိမ့်မည်။

အခုတော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး…

ယင်ကန်းက တွေးလိုက်မိသည်။ သူက ခန္ဓာကိုယ်သန့်စင်ခြင်းဖြင့် နောက်ပိုင်းတွင်ရှိလာမည့် ဆိုးကျိုးများကို ရင်ဆိုင်ရလေသည်။ သူက လူများစွာကို မသတ်ခဲ့သည့်အတွက် ကံအပြစ်ကြွေးကို စိုးရိမ်နေစရာ မလိုပေ။

ငါ မြန်မြန်သွက်သွက်လက်လက် လုပ်ဖို့လိုတယ်

သူက စီစဉ်လိုက်သည်။

တိထျန်းဆီ ပြေးသွားပြီးတော့ သတ်ပြီးတော့ သူ့ရဲ့ အသွေးအသားကို စုပ်ယူလိုက်မယ်။ ငါသာ အားအကောင်းဆုံး အနေအထားနဲ့ တိုက်ကွက်ကို အသုံးပြုနိုင်တယ်ဆိုရင် သူ့စစ်သူကြီးတွေက ဘာမှမဟုတ်ဘူး။ မြန်မြန်ဆန်ဆန် ရှင်းထုတ်လို့ရတယ်…

ယင်ကန်းက သူ့အစီအစဉ်ကို ခေတ္တမျှ သုံးသပ်ပြီးသည့်နောက်တွင် ပြီးပြည့်စုံသွားပြီး တိထျန်းဆီ သွားဖို့ ဆုံးဖြတ်လိုက်သည်။

သူက ဘုရင်။ ငါ့ရဲ့ ရည်မှန်းချက်ပဲ။ သူ့ရဲ့ သွေးစွမ်းအင်ကိုသာ ရရင် ဒီမျိုးဆက်မှာ တာအိုကို သက်သေပြနိုင်ချေ ရှိလာလိမ့်မယ်…

သူက ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် တုံ့ဆိုင်းနေခြင်း မရှိပေ။ သူက ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို ဆင့်ခေါ်လိုက်ပြီး လက်အိတ်ကို ဝတ်ဆင်လိုက်သည်။

ဘန်း

အနောက်ဘက်ပိုင်းတွင် ဧရာမသက်ရှိတစ်ယောက်က တိထျန်းတို့၏ အဖွဲ့ရှေ့ ပေါ်ထွက်လာသည်။ ထိုသက်ရှိက အရေပြား၊ မျက်လုံး၊ ပါးစပ်နှင့် နှာခေါင်းများ မရှိပေ။ ထိုအစား တောင်တန်း၊ မြစ်၊ တောအုပ်၊ မီးတောင်နှင့် မီးတောင်မှ ပြုလုပ်ထားသည့် ခန္ဓာကိုယ်မျိုးရှိပြီး နေနှင့်လ ဖြစ်သည့် မျက်ဝန်းနှစ်ခု ရှိလေသည်။

ဧရာမသက်ရှိ ပေါ်ထွက်လာသည်နှင့် တိကျားယင်ကို စတင် တိုက်ခိုက်လာသည်။

ဒီတိုက်ကွက်က ပွင့်ချပ်၇လွှာအဆင့်ထက် ကျော်လွန်နေပြီးတော့ ထိပ်သီးပွင့်ချပ် ၈လွှာအဆင့်အထိ ရောက်တော့တယ်…

တိကျားယင်က သူမ၏ လက်ရှိအနေအထားဖြင့် ထိုတိုက်ကွက်ကို မတားဆီးနိုင်ကြောင်း ချက်ချင်း သိလိုက်သည်။ သို့သော်လည်း သူမက စိတ်ပျက်ခြင်း မရှိပေ။

ကောင်းပေါ်ချင်း

သူမက အံ့ဖွယ်အသိစိတ်မှတဆင့် ဆက်သွယ်လိုက်သည်။ ထို့နောက် တစ်နေရာမှ ရွှေရောင်ချပ်ဝတ် တစ်ခုပေါ်ထွက်လာကာ သူမက ဝတ်ဆင်ပြီးသား ဖြစ်သွား၏။

မိစ္ဆာ…

သူမက အော်ပြောလိုက်စဉ် အစားကြူးသူက သူ့စွမ်းအားကို ငှားပေးလိုက်သည်။

တိုင်းပြည်တစ်ခု၏ စတေးမှု

အာဏာရှင်က အကျိုးအမြတ်အတွက် လူသန်းချီကို စတေးနိုင်လေသည်။ သူတို့က သူတို့ကာကွယ်ကာ အုပ်ချုပ်ပေးရမည့် လူများကိုပင် စတေးနိုင်ကြ၏။ အာဏာရှင်တစ်ယောက်၏ စိတ်ဆန္ဒနှင့် အလိုဆန္ဒတို့က အရာအားလုံးအထက်တွင် ရှိကာ သက်ရှိအားလုံး၏ အသက်များလည်း ပါဝင်နေသည်။

တိကျားယင်က အငြိုးအတေး၊ အမုန်းတရားနှင့် ကျိန်စာများပါဝင်နေသည့် အနက်ရောင်နှင့် အနီရောင်ဒိုင်းကာကို ဖန်တီးလိုက်သည်။ ထိုဒိုင်းကာ၏ အနှစ်သာရက သူတို့၏ဘုရင် သို့မဟုတ် အုပ်ချုပ်သူ၏ စတေးမှုကို ခံခဲ့ရသည့် လူများစွာ၏ ဝိညာဉ်နှင့် အသက်များ ဖြစ်ပေသည်။

ဝမ်းနည်းစရာကောင်းသည်က ထိုလူများ မလိုလားကြလျှင်ပင် ထိုအာဏာရှင်ကို ကာကွယ်ပေးရုံမှအပ ရွေးချယ်စရာ မရှိပေ။ အကြောင်းမှာ သူ့ဆန္ဒက အကြွင်းမဲ့ ဖြစ်နေ၍ ဖြစ်သည်။

ဝုန်း

ယင်ကန်း၏ လက်သီးချက်က ကာကွယ်ရေးဒိုင်းကာကို ထိမှန်လာ၏။ သူတို့၏ ထိပ်တိုက်တွေ့ဆုံမှု၏ တုန်ခါနှုန်းက ပတ်ဝန်းကျင်ဂလက်ဆီများကိုပင် သိသိသာသာ ပျက်စီးသွားစေသည်။

ထို့အပြင် အနောက်ဘက်ပိုင်းနေရာအများစုတွင် ဝမ်းနည်းမှုပြည့်နှက်နေသည့် ငိုကြွေးသံတစ်ခု ပျံ့လွင့်လာသည်။ ထိုအရာ၏ ဇစ်မြစ်က ဒိုင်းကာ ဖြစ်၏။ တိကျားယင်၏ ဒိုင်းကာက အက်ကွဲသွားသော်လည်း တိုက်ကွက်ကို ခုခံနိုင်လိုက်သည်။ အနည်းဆုံးတော့ ယာယီ ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားကာ သူမ၏ ကန့်သတ်ချက်ထက် ကျော်လွန်နေသည့် စွမ်းအားကို အသက်သွင်းလိုက်ရသည်။ သူမ၏ အာဏာရှင်တာအိုဖြင့် စည်းတံဆိပ်ကို အားဖြည့်ဖို့ အငြိုးတရားအများကြီးကို စုဆောင်းနိုင်သည်။

သူမက စက္ကန့်နှင့်အလိုက် သက်ရှိ ထရီလီယံများစွာကို စတေးပစ်သော်လည်း ထိုဝိညာဉ်များက အမှန်တကယ် ဖြစ်ဟန်မပေါ်ပေ။ သို့သော်လည်း သူမ၏ နည်းစနစ် ပြောင်မြောက်မှုသာ ဖြစ်၏။ ထိုအရာက လက်တွေ့နှင့် ပုံရိပ်ယောင်ကြားမှ သဘောတရားကို လျစ်လျူရှုထားလေသည်။

ယင်ကန်း ပေါ်ထွက်လာသည်နှင့် တိထျန်းက သူ့ကို ချက်ချင်း သတိထားမိလိုက်သည်။ သူ့ကို မျက်လုံးဖွင့်လာပြီးသည့်နောက်တွင် သူ့အဖွဲ့ကို တိုက်ခိုက်နေသည့် ဧရာမသက်ရှိကြီးကို မြင်လိုက်ရ၏။

ဒါက ခန္ဓာဘိုးဘေးရဲ့ မိုးမြေခန္ဓာလား…

သူ့အကဲဖြတ်မှုအပေါ် မူတည်၍ ချီသန့်စင်ရေး လွှမ်းမိုးရာ ခေတ်ကာလတွင် အပြောင်မြောက်ဆုံး ခန္ဓာကိုယ်သန့်စင်ရေး နည်းစနစ်နှစ်ခု ရှိခဲ့သည်။ တစ်ခုက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းနှင့် မိုးမြေခန္ဓာတို့ ဖြစ်ပေသည်။

အကယ်၍ သူသာ ထိုနှစ်ခုထဲမှ ပြန်ရွေးရမည်ဆိုလျှင် အရှေ့တစ်ခုကိုသာ ရွေးချယ်မိလိမ့်မည်။ မိုးမြေခန္ဓာက ပြောင်မြောက်သည့် ခန္ဓာကိုယ်ကျင့်ကြံရေးနည်းစနစ် ဖြစ်သော်လည်း ဆိုးကျိုးကမူ ကျင့်ကြံဖို့ရာအတွက် အရင်းအမြစ်မြောက်များစွာ လိုအပ်လေသည်။

ထို့ကြောင့် ရှေးဟောင်းခန္ဓာ သန့်စင်ကျမ်းလောက် နာမည်မကြီးခြင်း ဖြစ်၏။

ထိုနည်းစနစ်၏ အနှစ်သာရက ခန္ဓာကိုယ်ကျင့်ကြံရေး နည်းစနစ်အများစုနှင့် တူညီပြီး အရေပြား၊ ကြွက်သား၊ အရိုး၊ အတွင်းအင်္ဂါနှင့် သွေးတို့ကို လေ့ကျင့်ပေးရသည်။ ခန္ဓာကိုယ်အတွက် အရင်းအမြစ်များကို စုပ်ယူဖို့ လိုအပ်သည့် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းနှင့်ပင် တူညီ၏။

သို့သော်လည်း လိုအပ်သည့် အရင်းအမြစ်များက ကြောက်ဖို့ ကောင်းလှသည်။ အရေပြားကို သန့်စင်ဖို့အတွက် ကျင့်ကြံသူများက ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသည့် ကာကွယ်ရေး အလွှာကို စုပ်ယူရမည်။ အလွှာနိမ့်၊ အလယ်အလတ်၊ မဟာကမ္ဘာ သို့မဟုတ် ကောင်းကင်အလိုဆန္ဒကမ္ဘာ ဖြစ်စေကာမူ သူတို့က အဆုံးမဲ့လေဟာနယ်အတွင်း ရပ်တည်နေသည့်အတွက် သူတို့ကို လွှမ်းခြုံထားသည့် ကာကွယ်ရေးအလွှာတစ်ခု ရှိလေသည်။ ထိုနည်းစနစ်၏ ပထမအဆင့်က ထိုကာကွယ်ရေးအလွှာကို အရေပြားထဲ စုပ်ယူဖို့ ဖြစ်၏။

ကြွက်သားအတွက်မူ ကျင့်ကြံသူများက ကမ္ဘာ၏ ဝိညာဉ်သွေးကြောများကို စုပ်ယူရမည်။ ထို့နောက်တွင် ကြွက်သားများက သူတို့ကို အားဖြည့်ပေးဖို့ အဆုံးမဲ့ဝိညာဉ်ချီ ရရှိလာလိမ့်မည်။

အရိုးအတွက်မူ ကမ္ဘာ့အရင်းအမြစ် လိုအပ်ပေသည်။ အတွင်းအင်္ဂါများအတွက်မူ ကွဲပြားသည့် ကျမ်းအင်္ဂါများအတွက် ဓာတ်ငါးပါး လိုအပ်၏။ မြေဓာတ်အတွက် တောင်တန်း၊ သစ်သားဓာတ်အတွက် တောအုပ်၊ ရေဓာတ်အတွက် ပင်လယ်၊ မီးဓာတ်အတွက် ကမ္ဘာ့ဗဟိုချက်နှင့် သတ္တုဓာတ်အတွက် သတ္တုသွေးကြောတို့ ဖြစ်ပေသည်။ နောက်ဆုံးတွင် မျက်လုံးက ကြယ်တာရာနှင့် လများကို စုပ်ယူလိမ့်မည်။

တိထျန်းအနေဖြင့် ခန္ဓာတာအိုချိုင့်ဝှမ်းရှိ လူတချို့သာ သိထားသည့် ကောင်းကင်တာအိုကို စုပ်ယူခြင်းဖြင့် ဦးနှောက်ကို လေ့ကျင့်ပေးနိုင်သည့် အချက်ကိုပင် သိထားလေသည်။

ထိုနည်းစနစ်က အင်မတန် ပြောင်မြောက်လှပြီး ခန္ဓာဘိုးဘေးက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။ နှမြောစရာကောင်းလှသည်က လိုအပ်သည့် ပါရမီနှင့် အရင်းအမြစ်များကြောင့် လူတချို့ကသာ ထိုနည်းစနစ်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ကြသည်။

တိထျန်းက ယင်ကန်း၏ အခြေအနေကို ကြည့်ကာ ထိုသူက မိုးမြေခန္ဓာအစစ် မဟုတ်ဘဲ မန္တန်တစ်ခုသာ အသုံးပြုထားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

ငါ သူ့ဆီက ဝမ်ဝေ့ရဲ့ စွမ်းအားကို ခံစားမိနေတယ်။ ကြည့်ရတာ ဝိညာဉ်အရိပ်အမြွက် တူတယ်။ ငါ့ကို စမ်းသပ်ဖို့ နယ်ရုပ်တစ်ခုကို သုံးနေတာလား…

တိထျန်းက တွေးလိုက်မိပြီးသည့်နောက် လှုပ်ရှားလိုက်သည်။

ယင်ကန်း၏ လက်ရှိခန္ဓာကိုယ်ထက် ကြီးမားသည့် အနက်ရောင်နှင့် အဖြူရောင် လက်ဝါးတစ်ခု ပေါ်ထွက်လာသည်။ သူက ထိုလက်ဝါးကို ကြည့်နေရင်း သေခြင်းတရားက သူ့ဆီ ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။ သူက မည်မျှအင်အားကင်းမဲ့နေသည်ကို သဘောပေါက်သွားခဲ့၏။ ထိုစဉ် သေခြင်းနှင့် ရှင်ခြင်းကြား သူ့မျက်ဝန်းများက တောက်ပကာ သန့်စင်လာပြီး မှုန်ဝါးနေခြင်း မရှိတော့ပေ။

ဒါက ငါ့လမ်းရဲ့ အဆုံးသတ်ပဲ…

သူက တွေးလိုက်မိသည်။

ဘန်း

လေဟာနယ်က တုန်ခါသွား၏။

လွတ်သွားတာလား။ ဘာလို့ သူ့ကို ကယ်လိုက်တာလဲ…

တိထျန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။ ယင်ကန်းက စတေးခံနယ်ရုပ်တစ်ခုဟု ထင်ထားခဲ့မိသည်။ ဝမ်ဝေ့က အကြောင်းအရင်း မရှိဘဲ လှုပ်ရှားမည့်သူ မဟုတ်သည့်အတွက် ထိုသူ၏ ရည်ရွယ်ချက်ကိုသာ တွေးနေမိသည်။

သူက နောက်ထပ် စစ်သူကြီးတစ်ယောက်ကို စုဆောင်းလိုက်တာလား…

သူက ထိုသုံးသပ်ချက်သည် မှားယွင်းကြောင်း ခံစားမိသော်လည်း စက္ကန့်ပိုင်းမျှ စဉ်းစားပြီးသည့်နောက်တွင် သူ ကျေနပ်လောက်သည့် အဖြေကို ကောက်ချက်မချနိုင်ခဲ့ပေ။ ထို့ကြောင့် သူက လက်လျှော့ပြီး မျက်လုံးသာ ပြန်မှိတ်ဖို့ ပြင်လိုက်သည်။

“ဟမ်” သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်ပြီးသည့်နောက်တွင် တစ်စုံတစ်ခုက သူ့အာရုံစိုက်မှုကို လိုအပ်နေကြောင်း သတိပြုမိသွားခဲ့သည်။

……………………………

အလယ်ပိုင်းနေရာ

ယင်ကန်းက သူ့နဂိုပုံစံနှင့် ပြန်လည်ပေါ်ထွက်လာသည်။ သို့သော်လည်း သူက ဆိုးဆိုးရွားရွား အခြေအနေ ဖြစ်နေလေ၏။ သူက အရိုးထက်ပင် ပိန်လှီနေပြီး မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်ကာ ဆံပင်က ဖြူဖွေးစွတ်နေသည်။ သူ့ခန္ဓာကိုယ်က အချိန်မရွေး သေဆုံးသွားတော့မည့်ဟန် ပေါ်နေ၏။

“ဟား…ဟား…ဟား… စွန့်ပစ်ခံ နယ်ရုပ်တစ်ရုပ်ပဲ” သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ မဖော်ပြနိုင်ဖွယ် ဝမ်းနည်းမှုတို့ ထွက်ပေါ်လာသည်။

“မဟုတ်ဘူး။ ငါက အဖိုးတန်တဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်နေတုန်းပဲ”

ယင်ကန်းက လီကျွင်း၏ စကားကို အမှတ်ရလာမိသည်။

သူက မှားယွင်းသည့် ခေတ်ကာလတွင် မွေးဖွားလာခဲ့၏။

“ငါက ဝမ်ချုံးကို ရှုံးနိမ့်သွားခဲ့တယ်။ အခု ငါ့ရဲ့ တန်ဖိုးတွေကို စွန့်ပယ်ပြီးတဲ့နောက်မှာတောင် သူ့ရဲ့မျိုးဆက်ဆီမှာ ရှုံးနိမ့်သွားပြီးတော့ နယ်ရုပ်တစ်ရုပ်တောင် ဖြစ်လာရတယ်”

သူက သက်ပြင်းချပြီးသည့်နောက်တွင် ထိုတိုက်ပွဲက သူ့အတွက် ထိနှက်ချက်ကြီး ဖြစ်ခဲ့လေ၏။

ကောင်းပြီ ကိစ္စမရှိဘူး။ ငါ အသက်ရှင်နေတယ်ဆိုတော့ မျှော်လင့်ချက် ရှိတယ်…

လက်လျှော့သည်ဆိုသော စကားလုံးက ယင်ကန်း၏ အဘိဓာန်တွင် မရှိပေ။ သူ သေမျိုးဖြစ်ခဲ့စဉ်အခါကပင် ခန္ဓာတာအိုချိုင့်ဝှမ်းတွင် ဝင်ခွင့်ရဖို့အတွက် ၅ နှစ်တာ ဒူးထောက်ခဲ့သည်။ ထို၅နှစ်တာအတွင်း သူက အစားစားခြင်း မရှိသလို ရေသောက်ခြင်းလည်း မရှိပဲ ၃လ ကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က သေလုနီးပါးအခြေအနေအထိ ရောက်ရှိသွားခဲ့သည်။

သို့သော် သူက တောင့်ခံထားပြီး စိတ်ဆန္ဒပြင်းပြမှုဖြင့်သာ သူ့ကိုယ်သူ ချုပ်ထိန်းထားခဲ့သည်။ ယခင်အခါက သူသည် သေမျိုးသက်တမ်း ဖြစ်သည့် နှစ် ၈၀မှ ၉၀ အထိ ဒူးထောက်ဖို့ရာအထိ ပြင်ဆင်ထားခဲ့သည်။

ဝမ်ချုံးထံ ရှုံးနိမ့်ပြီးသည့်နောက်တွင် သူ့ကိုယ်သူ စည်းပိတ်ပြီး ပုံမှန်ထက် အဆဒါဇင်ချီ ကြာမြင့်အောင် ကုန်ဆုံးခဲ့ပြီး သူ့ကံကြွေးကို ဆေးကြောခဲ့ကာ သူ့ကိုယ်သူ တိုးတက်အောင် ပြုလုပ်ခဲ့သည်။

ငါနောက်ထပ် နှစ်သန်းအနည်းငယ်လောက် အိပ်ဖို့ လိုအပ်နေရုံပဲ…

ယင်ကန်းက အသက်ပြင်းပြင်းရှူလိုက်ပြီးသည့်နောက် ပြောလိုက်သည်။

“ကျုပ် ဒီတိုက်ပွဲကို လက်လျှော့တယ်”

အဖြူရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်အထက် ပေါ်ထွက်လာပြီး ယင်ကန်းက သူသည် ဤတိုက်ပွဲမှ တရားဝင် ထုတ်ပယ်ခံလိုက်ရကြောင်း သိလိုက်သည်။

All Chapters