← Chapters

ထုံရို့ပင်းနှင့် ကျင်းဝူဟွားအပြိုင်

Vol. 56 Ch. 776

ထုံရို့ပင်းနှင့် ကျင်းဝူဟွားအပြိုင်

Vol. 56 Ch. 776

ထုံရို့ပင်းက ကျင်းဝူဟွားအား ကုရွှမ်၏ လှည့်ဖျားရေးစစ်ဆေးမှုအတွင်း မြင်တွေ့ခဲ့သည်ကို အမှတ်ရလိုက်သည်။ သူမနှင့် ထာဝရကလေးငယ်တို့၏ တိုက်ပွဲက သူမအာရုံကို ဖမ်းစားနိုင်ခဲ့၏။ အကြောင်းမှာ ကျင်းဝူဟွားက ရှုံးနိမ့်ခဲ့သော်လည်း သူမ၏ စွမ်းအားအပြည့် ထုတ်မသုံးခဲ့ကြောင်း ခံစားမိနေ၍ ဖြစ်သည်။ ထိုသူ၏ အင်အားပြသမှုအရ ထုံရို့ပင်းသည် သူမကို ချက်ချင်းသတိထားမိပြီး သူမ၏ အသေးစိတ်အချက်အလက်ကို သိဖို့ရာ တက်တက်ကြွကြွ ရှာဖွေခဲ့သည်။ သူမသည် ယခင်ခေတ်ကာလက ကောင်းကင်ရွေးချယ်ခံတစ်ယောက် ဖြစ်ခဲ့ပြီး ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို တစ်ခါ ရှုံးနိမ့်ခဲ့ဖူးကြောင်း သိလိုက်ရ၏။

ထုံရို့ပင်းက အစီအရင်မှ ထွက်လာကာ တစ်ဖက်လူကို ကြည့်လိုက်ပြီး

“ဘာလိုချင်လို့လဲ”

“သိသာတယ် မဟုတ်ဘူးလား” ကျင်းဝူဟွားက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်၏။

“တိုက်ပွဲက စခါစပဲ ရှိသေးတယ်။ ကျွန်မတို့အဆင့်တွေ တိုက်ဖို့ မလိုသေးပါဘူး”

ထုံရို့ပင်းက အနည်းဆုံးတော့ ယခုတွင် မတိုက်ခိုက်ချင်သေးပေ။ သူမက စွမ်းအား၊ စွမ်းဆောင်ရည်နှင့် ဝှက်ဖဲများကို မပြသလိုပေ။

“နင့်လိုလူမျိုးက အချိန်ကြာလာတာနဲ့အမျှ အန္တရာယ်ပိုများလာမှာပဲ။ စောစောစီးစီး ရှင်းထုတ်လိုက်တာက နည်းဗျူဟာကောင်းတစ်ခုပဲ” ကျင်းဝူဟွားက တည်တည်ငြိမ်ငြိမ် ပြန်ပြောလေ၏။

“ယုံကြည်ချက် ရှိတယ်လား”

“ယုံကြည်ချက်က ဒီလောက်ထိ ရောက်လာနိုင်တဲ့ အရည်အသွေးထဲက တစ်ခုဆိုတာ သိသင့်တာပေါ့”

“အမှန်ပဲ” ထုံရို့ပင်းက ပြန်ပြောလိုက်သော်လည်း သူမ၏ မျက်ဝန်းထဲ တစ်စုံတစ်ခု ဖြတ်ပြေးသွားဟန်ပေါ်သည်။

“မေးခွန်းတစ်ခု မေးလို့ ရမလား”

“ငါက ဘာလို့ ပြန်ဖြေပေးရမှာလဲ”

“တကယ်လို့ ပြန်ဖြေပေးမယ်ဆိုရင် ကျွန်မနောက်ကွယ်မှာ ရှိတဲ့ အစီအရင် ဒါမှမဟုတ် ကျွန်မ တပ်ဖွဲ့ကို အသုံးမပြုဘူးလို့ ကတိပေးတယ်”

ကျင်းဝူဟွားက မျက်မှောင်ကြုတ်လိုက်၏။ တစ်ဖက်လူ၏ ပင်မတာအိုသည် ကျွမ်းကျင်အတတ်ပညာဆိုင်ရာ တာအိုဖြစ်ကြောင်း သိထားလေသည်။ သူမက ထိုနယ်ပယ်တွင် အကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်၏။ ထို့ကြောင့် ထုံရို့ပင်းက အစီအရင်ကို အသုံးပြုလျှင် အရေးသာချက် ရှိလာလိမ့်မည်။

ထို့အပြင် ကျင်းဝူဟွားက တစ်ဖက်လူ၏ တာအိုသည် သူမ၏ တပ်ဖွဲ့ကို ခြောက်လှန့်နိုင်ကြောင်း သိထားလေ၏။ အကယ်၍ ထုံရို့ပင်းနှင့် မဟာအဆောင်မြို့တော်ကသာ ဤတပ်ဖွဲ့အပေါ် အရင်းအမြစ်များစွာ အသုံးပြုဖို့ ဆုံးဖြတ်ထားလျှင် အားကောင်းသည့် အဆောင်ထောင်ချီဖြင့် တပ်ဆင်ပေးနိုင်သည်။

“ကောင်းပြီ။ မေး … ”

“ပထမတိုက်ပွဲတုန်းက ဘယ်လိုရှုံးနိမ့်သွားတာလဲ။ အခု‌လောက် အားမကောင်းတာလား။ ဒါမှမဟုတ် ပြိုင်ဘက်ကင်း ပါရမီရှင်နဲ့ တွေ့ခဲ့လို့လား”

“ဒါက မင်းရဲ့ မေးခွန်းလား”

“ဟုတ်တယ်”

ကျင်းဝူဟွားက စက္ကန့်ပိုင်းကြာ မျက်မှောင်ကြုတ်ပြီးနောက် ပြန်ဖြေလိုက်သည်။

“အဖြေက နှစ်မျိုးလုံးပဲ”

“အဲ့လိုလား။ ဘယ်သူ့ကို ရှုံးသွားတာလဲ”

“အဲဒါက မေးခွန်းတစ်ခုထက် ပိုသွားပြီ”

“စကားကို တည်သင့်တယ် မဟုတ်ဘူးလား” ထုံရို့ပင်းက အနည်းငယ် အေးစက်စက်ဖြင့် မေးလိုက်သည်။

ကျင်းဝူဟွားက အေးစက်စက်ပြန်ဖြေလိုက်၏။

“မီးတောက်ဧကရာဇ်”

“သူလား။ သူက မီးတောက်တာအို အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ ကျွမ်းကျင်ဆေးဝါးပညာရှင်လို့ ကြားတယ်”

“အမှန်ပဲ” ကျင်းဝူဟွားက လိမ်ညာလိုက်လေသည်။ သူမက ကောင်းကင်ဝါးမျိုရေး ဧကရာဇ်ထံ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။ ထိုတိုက်ပွဲက ကြောက်ဖို့ ကောင်းလှပြီး ပါဝင်ယှဉ်ပြိုင်သူ ၉၅ ရာခိုင်နှုန်းလောက်က ဝါးမျိုခံခဲ့ရပြီး ကံကောင်းသူတချို့ကသာ လွတ်မြောက်နိုင်ခဲ့ကြသည်။

သို့သော်လည်း သူမ၏ အဖေက မီးတောက်ဧကရာဇ်ထံ ရှုံးနိမ့်ခဲ့ရသည်။ သို့သော်လည်း သူက သူ့ကိုယ်သူ စည်းပိတ်ကာ အလယ်ပိုင်းဧကရာဇ်ခေတ်ကာလတွင် ပြန်လည်နိုးထလာပြီး တာအိုကို သက်သေပြခဲ့၏။ သူမအဖေ၏ နမူနာက ရှုံးနိမ့်မှု၏ အရိပ်မည်းကို ဖယ်ရှားနိုင်ခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သူမ၏ တာအိုနှလုံးသား အကောင်းအတိုင်း ကျန်ရှိနေရသည့် အကြောင်းအရင်းက သူ့အဖေကြောင့်သာ ဖြစ်၏။

သူ့အဖေက တူညီသည့် တာအိုကို ကျင့်ကြံရင်း မီးတောက်ဧကရာဇ်ထံ ရှုံးနိမ့်ခဲ့ရသည်။ သူ့ပြောစကားအရ ဤသည်မှာ သူ့ကျင့်ကြံရေးခရီးလမ်းတစ်လျှောက်အတွင်း အရှက်ကွဲဆုံး ရှုံးနိမ့်မှုတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း သူက ထိုအတားအဆီးကို ကျော်ဖြတ်ကာ ပထမတန်းစားဧကရာဇ် ဖြစ်လာခဲ့သည်။

“ကျွန်မသာ မှတ်မိတာ မှန်မယ်ဆိုရင် မီးတောက်ဧကရာဇ်က ယုံကြည်မှုခေတ်ကာလနဲ့ မိစ္ဆာခေတ်ကာလကြားမှာ တာအိုကို သက်သေပြခဲ့တာမလား။ အဲဒါက အတော်လေးကို ကြာခဲ့ပြီပဲ။ ရှင့်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဘာလို့ စောစောစီးစီး မနိုးထလာရတာလဲ”

ဧကရာဇ်မျိုးနွယ်များက စည်းပိတ်ထားသည့် ကောင်းကင်ရွေးချယ်ခံများ ရှိလေသည်။ သို့သော်လည်း ထိုသူများက သူတို့၏ ကံကြွေးကို ဆေးကြောပေးပြီးသည့်နောက်တွင်ပင် ချက်ချင်း နိုးထလာမည် မဟုတ်ပေ။ အစကတည်းက လူတချို့ကသာ စည်းပိတ်နိုင်ခြင်း ဖြစ်၏။

ထိုအင်အားစုများက ကြမ္မာပြည့်ဝနေသည့် မျိုးဆက်ကောင်းတစ်ခုကို စောင့်ဆိုင်းပြီး ထိုကောင်းကင်ရွေးချယ်ခံများကို နိုးထစေဖို့ အခွင့်အရေးကို စောင့်ဆိုင်းကြသည်။ သူတို့က ဤမျိုးဆက်အတွင်း သူတို့ကို ကိုယ်စားပြုမည့်သူ ရှိသည်လားဟုပင် ထည့်သွင်းစဉ်းစားရ၏။

ထိုစည်းပိတ်ခံ ကောင်းကင်ရွေးချယ်ခံများက သူတို့၏ ကိုယ်ပိုင်လူအဖြစ် ယုံကြည်ခြင်း မခံရပေ။ သူတို့က ဂိုဏ်းထံ ချန်ထားခဲ့သည့် မှတ်တမ်းများမှလွဲ၍ သူတို့အကြောင်းများများစားစား မသိရသည့်အတွက် စည်းပိတ်ထားသည့် ကောင်းကင်ရွေးချယ်ခံများသည် သူတို့၏ အင်အားစုကို သစ္စာရှိပါ့မလားမသိရပေ။

နောက်ဆုံးတွင် ထိုလူအများစုက ကံဆိုးသည့်သူများသာ ဖြစ်သည့်အတွက် နိုးထလာပြီးသည့်နောက်တွင်ပင် ပြောင်းလဲသွားမည် မဟုတ်လောက်ပေ။

သို့သော်လည်း အကယ်၍ ကောင်းကင်ရွေးချယ်ခံတစ်ယောက်က စည်းပိတ်မခံရခင် သေချာသည့် အဆင့်အတန်းတစ်ခု ရှိပါက အခြေအနေက ကွဲပြားသွားလိမ့်မည်။

“နင့်ရဲ့ မေးခွန်းတွေ အကုန်လုံးကို ဖြေပြီးသွားပြီ” ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။ သူမက မတော်တဆ သတင်းအချက်အလက်များ ပေါက်ကြားသွားလိမ့်မည်စိုး၍ ထိုစကားဝိုင်းကို ဆက်မပြောချင်တော့ပေ။

“တော်ပြီ။ အဲဒါဆို လုံလောက်ပြီ” ထုံရို့ပင်းက တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။ သူမက ထိုသူ၏ နှလုံးသားမှ နာကျင်မှုကို နှိုးဆွကာ စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိပြီး တိုက်ပွဲအတွင်း အခွင့်ကောင်းယူဖို့ ကြံထားခဲ့သည်။ သို့သော်လည်း သူမ၏ အစီအစဉ်က အောင်မြင်လား၊ မအောင်မြင်လား မပြောတတ်ပေ။

ဘိုးဘေးတစ်သောင်း စိတ်ဝိညာဉ်

ကျင်းဝူဟွားက အချိန်မဖြုန်းဘဲ ချက်ချင်း တိုက်ခိုက်လိုက်သည်။ သူမက သွေးမျိုးဆက် စွမ်းရည်ထဲမှ တစ်ခုဖြစ်သည့် သူမ၏ ရွှေကျီးမျိုးနွယ်ဝင်မှ ဘိုးဘေးများကို ဆင့်ခေါ်လိုက်သည်။

ရွှေကျီးသန်းချီက ပေါ်ထွက်လာပြီး ရွှေရောင်မီးတောက်များဖြင့် တောက်လောင်နေသည်။ ထိုအပူချိန်အနည်းငယ်ကပင် ဂလက်ဆီရာချီကို လောင်ကျွမ်းပစ်နိုင်ပြီး သက်ရှိထရီလီယံကို သတ်ပစ်နိုင်သည်။ ထိုကျီးများက သူတို့၏ ပစ်မှတ်ဆီ ပြာချလိုသည့် ရည်ရွယ်ချက်ဖြင့် ပျံသန်းလာကြ၏။

ထိပ်သီးပွင့်ချပ် ၅လွှာပဲ။ သူမက စစ်ဆေးပွဲပြီးကတည်းက အတော်လေး အားကောင်းလာခဲ့တာပဲ…

ထုံရို့ပင်းက သုံးသပ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက တည်တည်ငြိမ်ငြိမ် ကျန်ရှိနေဆဲဖြစ်၏။

အေးခဲနယ်မြေအဆောင်

ထို့နောက် ချက်ချင်းဆိုသလို ပတ်ဝန်းကျင်ဂလက်ဆီသန်းချီတွင်ရှိနေသည့် ရွှေကျီးများက အေးခဲကုန်ကြသည်။ နှင်းမုန်တိုင်းတစ်ခုက တိုက်ခိုက်လိုက်သလိုမျိုး လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ရေခဲအဖြစ် ပြောင်းလဲပစ်၏။

ဘန်း

ကျင်းဝူဟွားက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ရွှေရောင်မီးတောက်ဖြင့် ရေခဲအလွှာကို ချိုးဖောက်လိုက်သည်။

သူမရဲ့ အဆောင်တာအိုက အတော်လေးကို စွယ်စုံသုံးနိုင်တာပဲ။ စွယ်စုံသုံးနိုင်တော့ ရေခဲနဲ့ ယင်တာအိုအပေါ် ကျွမ်းကျင်မှု ရှိနေတယ်…

သူတို့တည်ရှိစဉ်ကတည်းက ရွှေကျီးများသည် မီးတောက်နှင့် ယန်တာအိုကို ကျွမ်းကျင်ခဲ့ကြသည်။ ရေခဲနှင့် ယင်တာအိုက သူတို့၏ သဘာဝရန်သူ ဖြစ်၏။

သူမလိုမျိုး ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ရာအတွက် အကောင်းဆုံးချဉ်းကပ်မှုက ဘာဖြစ်မလဲ…

အဝေးတိုက်ခိုက်ရေး မန္တန်လား။ ဒါမှမဟုတ် အနီးကပ် တိုက်ခိုက်မှုလား…

ကျင်းဝူဟွားက သူမသည် မှားယွင်းသည့် ရွေးချယ်မှု လုပ်ဆောင်လိုက်သည်နှင့် များစွာ ဆုံးရှုံးရမည်ဖြစ်ကြောင်း သိ၍ မဆုံးဖြတ်နိုင်ပေ။ သူမက တာအိုကို သက်သေပြကာ သူမအဖေ၏ တည်နေရာကို ရှာဖွေလိုသည်။

ထုံရို့ပင်းက သူမအား တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။

သူမက အချိန်ကြာလွန်းတယ်။ ဒါမှမဟုတ် ငါ သတိလက်လွတ်ဖြစ်အောင် လုပ်နေတဲ့ ထောင်ချောက်များလား…

သူမက ကိစ္စတချို့သည် သူတို့မြင်ရသလို မဟုတ်ကြောင်း ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။ ထို့ကြောင့် သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ရေခဲလှံမြောက်များစွာကို ဖန်တီးပြီး စမ်းသပ်ကြည့်လိုက်၏။

ကျင်းဝူဟွားက တိုက်ကွက်အများစုကို ရှောင်ရှားလိုက်သည်။ သူမ မရှောင်ရှားနိုင်သည့် အရာများအတွက်မူ သူမ၏ ရွှေရောင်မီးတောက်က ရင်ဆိုင်လိုက်၏။ မိနစ်ဝက်လောက် စမ်းသပ်ပြီးသည့်နောက်တွင် ထုံရို့ပင်းက ဆက်လက် တိုက်ခိုက်လိုက်သည်။

အကြွင်းမဲ့ ယင် ချုပ်နှောင်ခြင်း

သင်္ကေတလေးခုက လှောင်ချိုင့်သဖွယ် ပေါ်ထွက်လာပြီး ကျင်းဝူဟွားကို ပိတ်လှောင်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် ယင်စွမ်းအားက သူမ၏ မီးတောက်များကို ဖိနှိပ်ထားလေသည်။

ကျစ် ဒါက မပြတ်မသား လုပ်ရမဲ့အချိန် မဟုတ်သေးဘူး…

သန့်စင်ယန်ခန္ဓာကိုယ်

သူမက သန့်စင်ယန်စွမ်းအားများကို သူမ၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းလိုက်သည်။ အထူးသဖြင့် သူမ၏ သွေးဆီ ဖြစ်၏။ သူမ၏ အရှိန်အဝါက သိသိသာသာတိုးမြင့်သွားပြီး ခန္ဓာကိုယ်၏ ခွန်အားကလည်း သိသိသာသာ တိုးမြင့်လာသည်။

ခန္ဓာကိုယ်လေ့ကျင့်သူအများစုက သူတို့၏ ခန္ဓာကိုယ်ထဲတွင် ယန်စွမ်းအား အမြောက်အများ ရှိကြပြီး သူတို့၏ သွေးများက အပူဓာတ် ထုတ်လွှတ်ကာ တစ္ဆေနှင့် ဝိညာဉ်ကဲ့သို့ ယင်သက်ရှိများအတွက် သက်ရောက်မှု ရှိလေသည်။

ထိုအချက်ကို အသုံးပြုကာ ကျင်းဝူဟွားက သူမ၏ ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့်ဖို့ နည်းစနစ်တစ်ခုကို ဖန်တီးခဲ့သည်။ တော်ဝင်သွေးမျိုးဆက်ရှိသည့် နတ်ဆိုးမျိုးနွယ်အနေဖြင့် သူမ၏ ရုပ်ခန္ဓာက သာမန်ခန္ဓာကိုယ် လေ့ကျင့်သည့် ပါရမီရှင်များနှင့် ယှဉ်လိုက်လျှင် မဆိုးရွားပေ။

သို့သော် ယခုတွင် သူမက နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဘန်း

ကျင်းဝူဟွားက ပိတ်လှောင်ခံထားရမှုကို ချိုးဖောက်ကာ တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်သည်။ ထုံရို့ပင်းက သူမ၏ မြင့်မားသည့် တိုက်ခိုက်ရေးဉာဏ်ရည်ကို ပြသလာပြီး ခန္ဓာကိုယ်လေ့ကျင့်သူများကို ပစ်မှတ်ထားသည့် အဆောင်များစွာ အသုံးပြုလာသည်။

အားနည်းခြင်း ကျိန်စာအဆောင်

ခုခံကျဆင်းမှု အဆောင်

သက်လုံလျှော့ချရေး အဆောင်

ခွန်အားပျောက်ကွယ်ရေး အဆောင်

နှမြောစရာကောင်းလှသည်က ကျင်းဝူဟွားက ထိုအဆောင်အားလုံးကို ရှောင်ရှားခဲ့လေသည်။ သူမက ရပ်တန့်ခြင်း မရှိဘဲ ထုံရို့ပင်းဆီ ရောက်ရှိလာကာ လက်သီးဖြင့် ထိုးချလိုက်၏။

သူမကို အံ့အားသင့်သွားစေသည်က ထုံရို့ပင်းသည် ကီလိုမီတာအနည်းငယ်ခန့်သာ လွင့်စင်သွားလေ၏။

ခွန်အားပယ်ဖျက်ရေးအဆောင်ပဲ…

ကျင်းဝူဟွားက သုံးသပ်လိုက်သည်။ ထို့နောက် သူမ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

မဟုတ်သေးဘူး။ သူမက ငါ့ခန္ဓာကိုယ်ထဲက ယန်စွမ်းအားကို စုပ်ယူဖို့ အဆောင်တစ်ခုကို အသုံးပြုခဲ့တာပဲ..

သို့သော်လည်း ကျင်းဝူဟွားက သူမ၏ ခန္ဓာကိုယ်ထဲ ဘယ်အချိန်က အဆောင် ဝင်ရောက်သွားသည်ကို အာရုံမခံမိခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်က ထုံရို့ပင်း၏ ကြက်ခြေခေတ် ကာထားသည့် လက်မောင်းနှင့် ထိတွေ့သွားစဉ်အခါက ဖြစ်နေနိုင်၏။

ဘာဖြစ်သွားတာလဲ။ ငါက ဘာလို့ အဆောင်ကို မဖယ်ရှားနိုင်တာလဲ။

တုယီနယ်ပယ်အဆင့်…

တစ်ဖက်လူက ထိုအဆင့် ရောက်ရှိလိမ့်မည်ဟု ထင်မထားမိပေ။ ကျင်းဝူဟွားက သူမ၏ တုယီနယ်ပယ်အဆင့်ကို အသက်သွင်းကာ တုံ့ပြန်ဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် သူမက အားနည်းလွန်းနေသည်။

သူမက အံ့ဖွယ်ခန္ဓာကိုယ်အဆင့်တွင် တုယီနယ်ပယ်အဆင့်သို့ ဝင်ရောက်ခဲ့သည်။ ကံကြမ္မာကောင်းမီးတောက်ကို အသုံးပြု၍ ခန္ဓာကိုယ်ကို လေ့ကျင့်ကာ ဒွာရပေါက်များကို ဖွင့်ရမည့်အစား သူမက သန့်စင်ယန်မီးတောက်အဖြစ် ပြောင်းလဲပြီး အသုံးပြုခဲ့သည်။ ကံဆိုးစွာဖြင့် သူမက တုယီနယ်ပယ်အဆင့်ကို လေ့ကျင့်နိုင်ခဲ့ရုံမျှသာ ဖြစ်ပြီး တတိယအဆင့်သာ ရှိသေး၏။ ထိုစဉ်ထုံရို့ပင်းကမူ ၉ ဆင့်မြောက်သို့ ရောက်နေလေပြီ။

ထိုစဉ်ကျင်းဝူဟွားက သူမ၏ အဆောင်ကို ရပ်တန့်ဖို့ ကြိုးစားနေစဉ် ထုံရို့ပင်းက သူမကို အချိန်မပေးဘဲ တိုက်ခိုက်လာသည်။

ပါကွားငါးသွယ် စည်းပိတ်ရေးအဆောင်

အဆောင်စာရွက် ၅ခုက ကျင်းဝူဟွားကို ဗဟိုပြု၍ စက်ဝန်းသဏ္ဌာန် လည်ပတ်လာသည်။ သူတို့က ဆက်သွယ်ပြီး သူတို့၏ ခေါင်းအထက်တွင် ကြယ်တာရာတစ်ခု ဖြစ်ပေါ်လာစေသည်။

သူမဆီ ပြင်းထန်သည့် စည်းပိတ်စွမ်းအားများ ဦးတည်လာသည်ကို ခံစားမိလိုက်သည့်အခါ ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရသည်။

ရွေးချယ်စရာ မရှိတော့ဘူး။ ငါ ဒီနည်းလမ်းကိုပဲ အသုံးပြုရတော့မယ်…

ကျင်းဝူဟွားက တိုက်ပွဲအတွင်း ဤနည်းလမ်းကို စောစောစီးစီး အသုံးပြုရလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ ဤသည်က သူမ၏ နောက်ဆုံး ဝှက်ဖဲတစ်ခု ဖြစ်၏။

ဘန်း

ထိုစဉ် သူမ၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည့်အတွက် ထုံရို့ပင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ နှလုံးသားကလည်း တုန်ယင်လာမိသည်။

“ဒါက မဖြစ်နိုင်တာ”

All Chapters