← Chapters

ဟွင်သွမ်းစကြဝဠာ၏ သမိုင်းကြောင်း

Vol. 56 Ch. 783

ဟွင်သွမ်းစကြဝဠာ၏ သမိုင်းကြောင်း

Vol. 56 Ch. 783

အရှေ့ဘက်ပိုင်း

ဝမ်ဝေ့က ကောင်းကင်လမ်းစဉ် စမ်းသပ်ချက် နည်းလမ်းကို ကြည့်ရှုကာ ထိုနည်းလမ်း၏ ရှုပ်ထွေးမှုအကြောင်း စဉ်းစားလိုက်သည်။ ထိုနည်းလမ်းက ပင်ကိုသွေးမျိုးဆက်ကို ကောင်းကင်တာအိုနှင့် သဟဇာတဖြစ်ဖို့ အသုံးပြုသည့် ထူးကဲသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။ ထို့နောက် ထိုအရာက ကျင့်ကြံသူအား စမ်းသပ်ချက် ဖြတ်ကျော်ဖို့ ထူးကဲသည့် နေရာတစ်ခုဆီ ပို့ဆောင်ပေးလိမ့်မည်။

စမ်းသပ်ချက်အတွက်မူ ဖော်ပြမထားပေ။ သို့သော်လည်း ကျင့်ကြံသူတစ်ယောက်က ကြယ် တစ်လုံးမှ ခြောက်လုံးအထိ ယွမ်ထီဖြစ်လာနိုင်ပြီး ထာဝရအရှင်မှ ထာဝရဧကရာဇ်အထိ အဆင့်ဆင့် ဖြစ်ပေသည်။

ငါ့ရဲ့ သီအိုရီက မှန်ကန်နေပုံပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက ထိုပုံမှန်၊ ပင်ကိုစည်းမျဉ်း၊ ကမ္ဘာဦးစည်းမျဉ်းနှင့် မဟာတာအိုအရင်းအမြစ်တို့က ဆက်နွယ်နေကြောင်း ယုံကြည်ထားခဲ့သည်။

သူ့သီအိုရီက ဟွင်သွမ်းစကြဝဠာတွင် ကောင်းကင်အလိုဆန္ဒ မတည်ရှိခဲ့လျှင် ကျင့်ကြံသူများက ထိုတစ်ဖြောင့်တည်း လမ်းစဉ်ကိုသာ လျှောက်လှမ်းကြရလိမ့်မည်။ ပထမဦးစွာ သူတို့က ပုံမှန်စည်းမျဉ်းများကို နားလည်အောင် ကြိုးစားရပြီး ဒိုင်မေးရှင်းအနိမ့်တွင် ကမ္ဘာများအလိုက် ကွဲပြားသည့်အရာ ဖြစ်ပေသည်။

ထို့နောက် သူတို့က သေချာသည့် ကျင့်ကြံဆင့်တစ်ခုသို့ ရောက်ရှိပြီးသည့်နောက်တွင် သူတို့က မိုးမြေ၏ မွေးဖွားလာကတည်းက တည်ရှိနေသည့် အဓိကစည်းမျဉ်းများဖြစ်သော ပင်ကိုစည်းမျဉ်းများကို ရယူနိုင်လိမ့်မည်။ ပင်ကိုစည်းမျဉ်းများက ဒိုင်မေးရှင်းအနိမ့်ရှိ ကမ္ဘာအားလုံးအတွက် အတူတူသာ ဖြစ်သင့်ပေသည်။ သို့သော်လည်း သူတို့က ဟွင်သွမ်းကမ္ဘာတစ်ခုချင်းစီအလိုက် ကွဲပြားလိမ့်မည်။

ပင်ကိုစည်းမျဉ်းများက လူသားများသည် မဟာဧကရာဇ်အထွတ်အထိပ်ထိ ရောက်အောင် ခေါ်ဆောင်သွားလိမ့်မည်။ ထို့ကြောင့် ကောင်းကင်ဘုံအဆင့်ဖြစ်လာဖို့က ကျင့်ကြံသူတစ်ယောက်သည် စကြဝဠာတစ်ခုလုံး၏ ဟွင်သွမ်းကို လွှမ်းမိုးအုပ်ချုပ်သည့် ကမ္ဘာဦးစည်းမျဉ်းကို ကျင့်ကြံရလိမ့်မည်။

နာမည်အတိုင်း ကမ္ဘာဦးစည်းမျဉ်းများသည် အချိန်စတင်ကတည်းက တည်ရှိလာသည်ဖြစ်ရာ သာမန်ဟွင်သွင်းကမ္ဘာနှင့် အရင်းအမြစ်ဟွင်သွမ်းကမ္ဘာများ မွေးဖွားစဉ်မတိုင်ခင်ကတည်းက ဖြစ်၏။ ထိုအရာကို ကိုင်စွဲခြင်းဖြင့် ကျင့်ကြံသူများသည် သူတို့၏ ဟွင်သွမ်းကမ္ဘာ၏ ကန့်သတ်ချက်ကို မခံရတော့ဘဲ ကမ္ဘာဦးဟွင်သွမ်းများအတွင်း စိတ်ကြိုက်သွားလာနိုင်ကာ မကောင်းဆိုးဝါးနတ်ဘုရားကဲ့သို့သော ကမ္ဘာဦးမျိုးစိတ်များနှင့်လည်း ထိတွေ့ဆက်ဆံနိုင်သည်။

နောက်ဆုံးတွင် စံပြဖြစ်လာဖို့အတွက် ကျင့်ကြံသူများက ဟွင်သွမ်းစကြဝဠာ၏ စည်းမျဉ်းအားလုံး၏ အရင်းအမြစ် သို့မဟုတ် မူလဇစ်မြစ်ဖြစ်သည့် မဟာတာအိုအရင်းအမြစ်ကို နားလည်ရမည်။

ထိုအခါ သူတို့က ကမ္ဘာဦးဟွင်သွမ်း၏ အထွတ်အထိပ်တွင် ရပ်တည်သည့် သက်ရှိများဖြစ်လာကာ အချိန်မြစ်ကြောင်းကို သာမန်မြစ်တစ်စင်းလို သဘောထားနိုင်လာလိမ့်မည်။

သို့သော်လည်း ကောင်းကင်အလိုဆန္ဒ ကျင့်ကြံသူများသည် ပုံမှန်စည်းမျဉ်းမှ မဟာတာအိုအရင်းအမြစ်ဆီ တိုက်ရိုက်လုပ်ဆောင်နိုင်၏။ ထို့အပြင် မဟာဧကရာဇ်များက တာအိုအရင်းအမြစ်ကို ကိုင်စွဲနိုင်သည့်အတွက် တခြားသော စည်းမျဉ်းများက မျှခြေညီဖို့ရာ အားဖြည့်ပေးရသည်။

ဝမ်ဝေ့က နက်နက်နဲနဲ စဉ်းစားကြည့်လိုက်၏။ သူက ထိုအရာသည် မဟာတာအိုအနေဖြင့် ဟွင်သွမ်းစကြဝဠာကို ပထမဦးဆုံး စီစဉ်ခဲ့ပုံဖြစ်မည်ဟု ယုံကြည်ထားသည်။ သို့သော်လည်း တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့၍ ကိစ္စများကို ပြောင်းလဲကာ ကောင်းကင်အလိုဆန္ဒ သဘောတရားကို ဖန်တီးခဲ့လေသည်။

ငါ့ကောက်ချက်ချမှု မှန်တယ်လို့ ယူဆလိုက်ရင် မဟာတာအိုက ကောင်းကင်အလိုဆန္ဒ လမ်းစဉ်ကို ဘာလို့ရွေးချယ်ခဲ့တာလဲ…

ဝမ်ဝေ့က ဆက်လက် စဉ်းစားလိုက်သည်။

ဟွင်သွမ်းစကြဝဠာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကြောင့်ပဲ…

အရင်နည်းလမ်းတုန်းက စံပြဖြစ်လာဖို့ အင်မတန် ခက်ခဲတယ်။ သူတို့က ပုံမှန်စည်းမျဉ်း၊ ပင်ကိုစည်းမျဉ်း၊ ကမ္ဘာဦးစည်းမျဉ်းနဲ့ မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ လိုအပ်တယ်။ လူတစ်ယောက်ချင်းစီအတွက် ပါရမီ ထူးကဲရင်တောင် စံပြဖြစ်လာဖို့ လိုအပ်တဲ့အချိန်က အတော်လေးကို များပြားလွန်းတယ်…

ပါရမီ အထူးကဲဆုံးသူပင် စံပြဖြစ်လာဖို့အတွက် အချိန်က ယွမ်ခေတ်ကာလ သိန်းချီ လိုအပ်လိမ့်မည်။ သို့သော် ယခင်စနစ်ဟောင်းတွင် စံပြများက မဟာတာအိုအရင်းအမြစ် ၁ရာခိုင်နှုန်းသာ နားလည်သည့် လူများ ဖြစ်လာလိမ့်မည်။

ထို့ကြောင့် ယွမ်ခေတ်ကာလ သိန်းချီက ပုံမှန်၊ ပင်ကိုနှင့် ကမ္ဘာဦးစည်းမျဉ်းများကို ကျင့်ကြံဖို့ လိုအပ်သည့် အချိန်အားလုံး၏ အပေါ်ယံမျှသာ ဖြစ်နေမည်။

အဲဒါဆိုရင် ပုံမှန်စံပြနဲ့ ထိပ်သီးစံပြကြားမှာ ကွာဟချက် ရှိနေတာပဲ…

လက်ရှိစနစ်တွင် စံပြများက မဟာတာအိုအရင်းအမြစ် ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ကြပြီး ထိပ်သီးစံပြများကမူ မဟာတာအိုအရင်းအမြစ် ၁၀၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ကြသည်။ သို့သော်လည်း ယခင်စနစ်ဟောင်းတွင် စံပြများက မဟာတာအိုအရင်းအမြစ် ၁ ရာခိုင်နှုန်းသာ ရရှိနိုင်ကြ၏။ ထိပ်သီးစံပြများကြားမှ ကွာဟချက်သည် အတော်လေး ကြီးမားလှသည်။ သူတို့က သူတို့ကို ကူညီဖို့ တခြားစည်းမျဉ်းများ ရှိသော်လည်း ကွဲပြားချက်က မရှိသလောက်နီးပါးသာ ဖြစ်၏။

ဒါပေမဲ့ ယခင်စနစ်ဟောင်းက အခုလက်ရှိထက်ပိုပြီး အားကောင်းတယ်ဆိုတာကို ဝန်ခံရလိမ့်မယ်…

စည်းမျဉ်းများစွာကို လေ့လာသဘောပေါက်ပြီးသည့်နောက်တွင် စည်းမျဉ်းနှင့် တာအိုနားလည်နိုင်စွမ်းက လက်ရှိစနစ်မှ လူများ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

အရင်စနစ်ဟောင်းက ကျင့်ကြံဖို့ အချိန်အများကြီးကြာတော့ စံပြလိုမျိုး ထိပ်သီးပုဂ္ဂိုလ် အရေအတွက်က လျော့ကျသွားလိမ့်မယ်။ အဲဒါဆိုတော့ မဟာတာအိုက ထိပ်သီးပုဂ္ဂိုလ်ဖြစ်လာဖို့ ခက်ခဲနှုန်းကို လျှော့ချဖို့ရန် ကောင်းကင်အလိုဆန္ဒကို မိတ်ဆက်ပေးခဲ့တာပဲ။ အဲဒါဆိုတော့ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးတော့ မြန်ဆန်လာစေလိမ့်မယ်…

ဝမ်ဝေ့က သူသည် အမှန်တရားနှင့် နီးကပ်လာပြီဖြစ်ကြောင်း ခံစားမိလိုက်၍ အကြည့်များ တောက်ပလာသည်။

မဟာတာအိုက အရင်စနစ်ဟောင်းရဲ့ တိုက်ပွဲစွမ်းအားကို အချိန်တိုတောင်းတဲ့ စနစ်အသစ်အတွက် စတေးခဲ့တာပဲ။ မဟုတ်သေးဘူး … သူက စတေးခဲ့တာ မဟုတ်ဘဲနဲ့ နောက်ထပ်နည်းလမ်းတစ်ခုနဲ့ အသုံးပြုခဲ့တာဖြစ်နိုင်တယ်…

အဲဒါက မကောင်းဆိုးဝါးနတ်ဘုရားတွေကို ဖန်တီးခဲ့ပြီးတော့ သူတို့ရဲ့ ကမ္ဘာဦးစည်းမျဉ်းတွေနဲ့ ပင်ကိုနတ်ဆိုးနဲ့ ပင်ကိုစည်းမျဉ်းတွေကို အားဖြည့်ပေးခဲ့တယ်။ ပြီးတော့ အဲဒီလမ်းစဉ် ၃ခုကြားက ထိပ်တိုက်ရင်ဆိုင်မှုကို တိတ်တဆိတ် လှုံ့ဆော်ခဲ့တာပဲ…

တိုက်ပွဲတွေ ဆက်တိုက် တိုက်ပြီးတော့ မကောင်းဆိုးဝါးနတ်ဘုရား၊ စံပြနဲ့ ကောင်းကင်ယွမ်ထီတွေက တစ်ယောက်နဲ့တစ်ယောက် အနိုင်ယူရင်း တိုက်ပွဲခွန်အားကို မြှင့်တင်နိုင်တယ်…

ဝမ်ဝေ့က မဟာတာအို၏ နေရာမှ စဉ်းစားကြည့်လိုက်သည်။ သူက ထိုအရာ၏ ဟွင်သွမ်းစကြဝဠာကို ပိုမိုအားကောင်းအောင် လုပ်လိုသည့် ဆန္ဒ သို့မဟုတ် လုပ်ဆောင်ချက်ကြောင့် ထိုအရာသည် စွမ်းအားမြှင့်တင်ဖို့ နည်းလမ်းတစ်ခုထဲကိုသာ ဂရုစိုက်ကြောင်း ယုံကြည်ထားသည်။

ဤသို့သော စိတ်အနေအထားမျိုးအောက်တွင် သူက အရာများစွာကို ရှာဖွေတွေ့ရှိသွားခဲ့၏။

ကောင်းကင်ယွမ်ထီ အပိုင်းမှာ တစ်ခုခုတော့ မှားယွင်းသွားပုံပဲ။ ဟုန်အာဆီကနေ သိထားသလောက် စကြဝဠာကြီးက စံပြနဲ့ မကောင်းဆိုးဝါးနတ်ဘုရားတွေကြားက သာလွန်မှု တိုက်ပွဲတစ်ခုပဲ..

အဲ့လိုဆိုရင် ကောင်းကင်ယွမ်ထီတွေက အပိုဖြစ်နေခဲ့တာပေါ့…

ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်သည်။ ပင်ကိုနတ်ဆိုးနှင့် ကမ္ဘာဦးနတ်ဘုရားများက သူတို့၏ သွေးမျိုးဆက်အပေါ် မှီခိုလွန်းပြီး ဆင့်ကဲပြောင်းလဲဖို့ မဖြစ်နိုင်ပေ။

အရိုးသားဆုံးပြောရလျှင် ဝမ်ဝေ့အနေဖြင့် မကောင်းဆိုးဝါးနတ်ဘုရားများသည်လည်း တူညီသည့် လားရာသို့ ဦးတည်နေကြောင်း ခံစားမိလေသည်။ သူ့သုံးသပ်ချက်အရ စံပြများက ကမ္ဘာဦးဟွင်သွမ်းကို ထိန်းချုပ်နေသည့်အတွက် သူတို့က အပို ဖြစ်လာလိမ့်မည်။

အထူးသဖြင့် အစွဲကင်းတစ်ပိုင်းအဆင့်လူများ ပေါ်ထွက်လာမှုကြောင့် ဖြစ်သည်။ အကယ်၍ သူတို့မျိုးနွယ်က အကြွင်းမဲ့တားမြစ်ချက်အတွင်း အခွင့်အရေးကို မရယူနိုင်ခဲ့လျှင် သူတို့၏ ကံကြမ္မာက ကောင်းကင်ယွမ်ထီများလို အတူတူ ဖြစ်သွားလိမ့်မည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ အာရုံစိုက်လိုက်သည်။ သူက သူ့သီအိုရီကို တခြားအရာများနှင့် ပေါင်းစပ်ပြီး ဟွင်သွမ်းစကြဝဠာ တစ်ခုလုံး၏ သမိုင်းကြောင်း အချိန်စက်ဝန်းကို ဖန်တီးလိုက်သည်။

အရင်ဆုံး ဟွင်သွမ်းစကြဝဠာကို အသင်္ချေအင်ပါယာ ကမ္ဘာလိုမျိုး ခေတ်ကာလတွေ ခွဲကြည့်ရအောင်…

စကြဝဠာကို ဟုန်မုန့်ကနေ မွေးဖွားလာသည်ဟု ဆိုကြသည်။ ထိုခေတ်ကာလက ကမ္ဘာဦးဟွင်သွမ်းခေတ်ကာလဖြစ်ပြီး သက်ရှိမရှိသလောက် နီးပါးဖြစ်၏။ ဝူဟုန်က ထူးခြားသည့် အရင်းအမြစ်ဟွင်သွမ်းကမ္ဘာ ၃၈၀၀ အကြောင်း ပြောပြခဲ့ဖူးသည်။ သူတို့က ထိုခေတ်ကာလအတွင်း ဖန်တီးခံခဲ့ရသည့် ပထမဆုံးကမ္ဘာများ ဖြစ်လိမ့်မည်။

အဲဒီဟာပြီးရင် ဖြစ်နိုင်ချေတွေ အများကြီးရှိလာပြီ…

ဝမ်ဝေ့က စကြဝဠာသည် မည်မျှသက်တမ်းရှိကြောင်းနှင့် ကမ္ဘာဦးဟွင်သွမ်းခေတ်ကာလသည် မည်မျှကြာမြင့်ကြောင်း စဉ်းစားကြည့်လိုက်သော်လည်း ထိုအရာမျိုးကို မတွေးကြည့်နိုင်ပေ။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ဒိုင်မေးရှင်းအနိမ့်ရှိ ကောင်းကင်အလိုဆန္ဒကမ္ဘာများထဲမှ တစ်ခုဖြစ်သည့် အသင်္ချေအင်ပါယာကမ္ဘာပင် ယွမ်ခေတ်ကာလသန်းချီရှိနေပြီ ဖြစ်၏။

ထို့ကြောင့် သူက အချိန်စက်ဝန်းအတွက် တစ်စုံတစ်ခုကို အာရုံစိုက်ထားလိုက်သည်။

ဒီခေတ်ကာလပြီးရင် မျိုးနွယ်စုအများစု မွေးဖွားလာသင့်တယ်။ ကျင့်ကြံရေးခေတ်ကာလကလည်း စတင်ပြောင်းလဲလာလိမ့်မယ်။ ဟော်သဲ့သက်ရှိတွေ ပထမဆုံးတွေ့ရှိတဲ့ ကျင့်ကြံရေးစနစ်က အစစ်အမှန်ခွန်အား တာအိုနယ်ပယ်အဆင့် ဒါမှမဟုတ် ခန္ဓာကိုယ်လေ့ကျင့်ရေးအဆင့်လို့ ထင်တယ်။

အဲဒါဆိုတော့ အဲဒီခေတ်ကာလကို ခန္ဓာကိုယ်လေ့ကျင့်ရေးခေတ်ကာလလို့ပဲ ခေါ်ရအောင်။ အဆုံးမဲ့ကမ္ဘာက သက်ရှိတွေ ထရီလီယံချီပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံပြီးတော့ အတွင်းအား ဆုံမှတ်ကို ဖွင့်ကြတယ်…

ဝမ်ဝေ့က သူတို့လက်သီးနှင့် ခန္ဓာကိုယ်များဖြင့်သာ ယှဉ်ပြိုင်သည့် ခန္ဓာကိုယ်လေ့ကျင့်သူများနှင့် ပြည့်နှက်နေသည့် ခေတ်ကာလတွင် နေထိုင်လိုသည့်အတွက် အကြည့်များတောက်ပလာသည်။ သူက ထိုခေတ်ကာလက ရရှိသည့်အရင်းအမြစ်များကို စဉ်းစားကြည့်ပြီး သွားရည်ပင် ကျလာမိ၏။

အဲဒီခေတ်ကာလကို အဆုံးသတ်ဖို့ တစ်ခုခုတော့ ဖြစ်ပျက်သွားရမယ်။ ဟုန်အာနဲ့ ငါက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်မှာ ဂိတ်၃ခုရှိတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ အဲဒီခေတ်ကာလအတွင်းမှာ တစ်ခုခုဖြစ်သွားပြီးတော့ ပထမဂိတ်ပေါက်ကို ဖယ်ရှားလိုက်တာပဲ။ အဲ့လိုဆိုတော့ ခန္ဓာကိုယ်လေ့ကျင့်ရေးက ပိုပြီးတော့ ခက်ခဲလာပြီးတော့ ချီသန့်စင်ရေးအတွက် မြင့်တက်မှုကို ဖြစ်ပေါ်လာစေတယ်…

သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး မဟာတာအိုက ခန္ဓာကိုယ်လေ့ကျင့်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးရန်အတွက် ပထမဂိတ်ပေါက်ကို ဖယ်ရှားပစ်နိုင်ချေရှိကြောင်း ယုံကြည်ထားသည်။

ပြီးတော့ အကြောင်းအရင်းက ရိုးရှင်းတယ်။ ခန္ဓာကိုယ်လေ့ကျင့်ဖို့က အရင်းအမြစ်အများကြီး လိုအပ်တယ်။ တကယ်လို့ စကြဝဠာရဲ့ ပင်မစနစ်သာ ဖြစ်လာခဲ့မယ်ဆိုရင် အဆီအနှစ်၊ ချီ၊ စိတ်ဝိညာဉ်ဖြစ်တဲ့ စနစ်သုံးခုရဲ့ ဇာတ်လိုက်က ပြဿနာဖြစ်လာနိုင်တယ်…

အဲဒါဆိုတော့ တစ်စုံတစ်ခုကြောင့် ဒီအပြောင်းအလဲရဲ့ ရလဒ်ကို ဖြစ်လာတာပဲ ဖြစ်ရမယ်…

ဖြစ်နိုင်ချေတွေက အရမ်းကို များလွန်းတယ်…

ဝမ်ဝေ့အနေဖြင့် မသေချာပေ။

ချီသန့်စင်ရေးခေတ်ကာလက စကြဝဠာအတွင်း ယခင်စနစ်ဟောင်း ပျံ့နှံ့လာသည့်အချိန် ဖြစ်သင့်ပေသည်။ ရှေးဟောင်းချီသန့်စင်သူများက ပုံမှန်၊ ပင်ကို၊ ကမ္ဘာဦးနှင့် မဟာတာအိုအရင်းအမြစ်များကို နားလည်ကြရမည်။

ဒီခေတ်ကာလက ခန္ဓာကိုယ်သန့်စင်သူနဲ့ အချိန်သန့်စင်သူတွေကြားမှာ ခက်ထန်တဲ့ ယှဉ်ပြိုင်မှုတစ်ခုတော့ ရှိခဲ့လောက်တယ်။ ဂိတ်ပေါက်တစ်ခု ဆုံးရှုံးပြီးတဲ့နောက်မှာတောင် ခန္ဓာကိုယ်လေ့ကျင့်သူတွေက လွှမ်းမိုးထားနိုင်ဆဲ ဖြစ်လောက်တယ်။ ဘာလို့လဲဆိုတော့ ချီသန့်စင်သူတွေက စံပြဖြစ်လာဖို့ အရမ်းကို အချိန်ကြာလွန်းလို့ပဲ။

အဲ့လိုဆိုတော့ မဟာတာအိုက ကောင်းကင်အလိုဆန္ဒ စနစ်ကို မိတ်ဆက်ပြီးတော့ ချီသန့်စင်သူတွေအတွက် သာလွန်မှုကို ချီးမြှင့်ပေးခဲ့တာပဲ…

ဝမ်ဝေ့က သူသည် စကြဝဠာ၏ အမှန်တရားနှင့် နီးကပ်လာပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူ့စိတ်အခြေအနေက ပိုမိုပင် သိမ်မွေ့သွား၏။

အခု ဝိညာဉ်ကျင့်ကြံသူတွေကရော သူတို့ရဲ့ခေတ်ကာလ ရှိမလားဆိုတာကို သိချင်လာပြီ။

ဟုန်အာ ပြောသလောက်တော့ အရင်းအမြစ်ဟွင်သွမ်းကမ္ဘာတွေမှာ ထာဝရအရှင်နဲ့ တာအိုဘိုးဘေးလိုမျိုး တူညီတဲ့ ဝိညာဉ်လမ်းစဉ်တွေ ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ တချို့တလေကတော့ မရှိကြဘူး။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာလိုမျိုးပေါ့။

အဲဒါဆိုတော့ သူတို့က သမိုင်းကြောင်းအတွင်းမှာ သူတို့ရဲ့ ဂုဏ်ကျက်သရေမြင့်မားတဲ့အချိန် ရှိခဲ့တာလား။ ပြီးတော့ ခန္ဓာကိုယ်လေ့ကျင့်သူတွေလိုမျိုး တစ်ခုခု ဖြစ်သွားခဲ့တာလား…

ခန္ဓာကိုယ်လေ့ကျင့်သူများသည် မငြှိမ်းသတ်နိုင်ဖွယ် စံပြများဖြစ်လာစဉ် ချီသန့်စင်ရေးကမူ အဆုံးစွန်မဲ့ စံပြများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သဘောတရားအရ ပြောပါက ဝိညာဉ်လမ်းစဉ်သည်လည်း စံပြဖြစ်လာဖို့ နည်းလမ်း ရှိသင့်သည်။

သို့သော်လည်း သူ သိထားသလောက် ဝိညာဉ်လမ်းစဉ်သည် တာအိုဘိုးဘေးနှင့် ထာဝရအရှင်တို့ထက် နိမ့်ကျသည့် တာအိုပုံစံ ဖြစ်၏။ ဝိညာဉ်လမ်းစဉ်ရှိ လူများက ပုံမှန်စံပြများနှင့် ယှဉ်နိုင်ဖို့အတွက် သူတို့က ဆန့်ကျင်ကျင့်ကြံသူ ဖြစ်လာရမည်။

ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်၏။ သူ့တွင် သတင်းအချက်အလက် နည်းပါးလွန်းသည်။

ကမ္ဘာဦးဟွင်သွမ်း ခေတ်ကာလ၊ ခန္ဓာကိုယ်လေ့ကျင့်ရေး ခေတ်ကာလ၊ ရှေးဟောင်းချီသန့်စင်ရေး ခေတ်ကာလနဲ့ လက်ရှိချီသန့်စင်ရေး ခေတ်ကာလတို့ပဲ…

သူက တွေးလိုက်မိသည်။ တကယ့်အမှန်တရားကမူ ပိုမိုရှုပ်ထွေးကြောင်း သိလေ၏။ သူ့သီအိုရီက ဤဟွင်သွမ်းစကြဝဠာ၏ သမိုင်းကြောင်းဆီမှ အရိပ်အမြွက်ကို ဖမ်းဆုပ်မိရုံမျှ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုအရိပ်အမြွက်က စံပြများပင် ရှာမတွေ့နိုင်သည့်အရာ သို့မဟုတ် ကောက်ချက်မချနိုင်သည့်အရာ ဖြစ်၏။

All Chapters