← Chapters

ကျင့်ကြံရေး ဆင့်ကဲပြောင်းလဲမှုနှင့် အောင်းရှန်၏ ထွက်ခွာခြင်း

Vol. 56 Ch. 784

ဝမ်ဝေ့က သူ့သီအိုရီကို အဆုံးသတ်လိုက်ပြီး တစ်စုံတစ်ခု လွဲချော်သွားလားဟု ပြန်လည်သုံးသပ်လိုက်သည်။ ထို့နောက် သူက အရေးကြီးသည့်အရာ တစ်စုံတစ်ခု လစ်ဟာနေကြောင်း ခံစားမိလိုက်၏။

ငါ တစ်ခုခု လွဲသွားတာလား။ ဘာများလဲ…

သူက မျက်မှောင်ကြုတ်ကာ အသေအချာ စဉ်းစားကြည့်လိုက်ပြီး အက်တိုစက္ကန့်ပိုင်းအတွင်း သူ့စိတ်ထဲ အတွေးသန်းချီ ဖြတ်ပြေးသွားသည်။

ချီသန့်စင်သူ…

ထာဝရအရှင်…

တာအိုနားလည်နိုင်စွမ်း…

သူ့စိတ်ထဲ မီးလုံးတစ်လုံး လင်းလာသလိုမျိုး သူ့အကြည့်များက တောက်ပလာသည်။

ချီသန့်စင်ရေးလမ်းစဉ်က စည်းမျဉ်းနားလည်ခြင်းဖြင့် အစပြုထားခြင်း မဟုတ်ပေ။ သူတို့၏ နာမည်အတိုင်း သူတို့က ချီ သို့မဟုတ် ဝိညာဉ်စွမ်းအင်ကို စုပ်ယူခြင်းဖြင့် စတင်ခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့၏ နည်းစနစ်တွင် ချီအသုံးပြုမှု ပါဝင်နေသည်။

အဆင့် ၁၀ တွင် သူတို့က ပင်ကိုစည်းမျဉ်းကို စတင်လေ့လာသည့်အခါ သူတို့၏ ချီက ထာဝရအရှင်များကဲ့သို့ အင်မော်တယ်ချီအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ဝမ်ဝေ့က သူ့သီအိုရီထဲ နောက်ထပ် သတင်းအချက်အလက်နှင့် အပြောင်းအလဲတချို့ကို ထပ်ထည့်လိုက်သည်။

ထို့ကြောင့် ရှေးဟောင်းချီသန့်စင်ရေးမှ စံပြများသည် ပုံမှန်၊ ပင်ကို၊ ကမ္ဘာဦးနှင့် မဟာတာအိုအရင်းအမြစ်အပြင် အင်မော်တယ်ချီပါ ရှိကြလေသည်။ သူတို့တွင် အကောင်းဆုံးအင်မော်တယ် ဘုရင်ထက်ပင် ပိုမိုများပြားသည့် ပမာဏမျိုး ရှိသင့်သည်။ အကြောင်းမှာ သူတို့ကျင့်ကြံဖို့ အရမ်းကြာမြင့်သည့် အချက်ကြောင့် ဖြစ်၏။

ဝမ်ဝေ့က ရှေးဟောင်း ချီသန့်စင်သူများသည် ယွမ်ခေတ်ကာလသန်းပေါင်းများစွာ ကျင့်ကြံထားမှုကြောင့် သူတို့တွင် ရှိနိုင်သည့် များပြားသည့် စွမ်းအင်ပမာဏကို မှန်းဆကြည့်လိုက်သည်။ ထိုများပြားလွန်းသည့် ချီပမာဏက အင်မော်တယ်ဘုရင်တချို့ကိုပင် ဆန့်ကျင်ကျင့်ကြံသူဖြစ်အောင် လုပ်ဖို့ လုံလောက်ပေသည်။

တကယ်လို့ သူတို့သာ အရင်းအမြစ် ချီနေရာလွတ်ကနေ ထူးကဲချီတချို့ရှိခဲ့မယ်ဆိုရင် အဲဒီလူတွေက တကယ်ကို လွန်လွန်းသွားပြီ…

ဝမ်ဝေ့က တွေးလိုက်မိပြီး သူ့သီအိုရီတွင် ပြစ်ချက်တစ်ခုကို ရှာတွေ့သွားခဲ့သည်။

ဒီအရေးသာချက်တွေအားလုံးနဲ့ဆိုရင် ရှေးဟောင်းချီသန့်စင်သူတွေက လက်ရှိချီသန့်စင်သူတွေထက်တကယ်ကြီး အားနည်းပါ့မလား…

ထိုပြစ်ချက်ကို ရှာတွေ့သွားပြီးသည့်နောက်တွင် သူက သူ့သီအိုရီ ပိုမိုအဓိပ္ပာယ်ရှိစေဖို့ ရှင်းပြချက်ကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက တစ်စုံတစ်ခု ထွက်ပေါ်လာသည်။ တာအိုဘိုးဘေးများ ဖြစ်၏။

တကယ်လို့ ရှေးဟောင်းချီသန့်စင်သူတွေက စံပြအဆင့်မှာ မဟာတာအိုအရင်းအမြစ်ကို တိုက်ရိုက်ထိန်းချုပ်နိုင်တာ မဟုတ်ဘူးလို့ မှတ်ယူလိုက်မယ်ဆိုရင် အဲဒီအစား တာအိုဘိုးဘေးတွေလိုမျိုး စွမ်းအားငှားယူနိုင်တာဆိုရင် ဘယ်လိုဖြစ်သွားမလဲ…

ဆိုလိုသည်မှာ သူတို့၏ အထွတ်အထိပ်တွင် သူတို့က မသေမျိုးဘုရင်နှင့် စည်းမျဉ်းအမြောက်အများ နားလည်ထားသည့် တာအိုအုပ်ချုပ်သူများကို ပေါင်းစပ်ထားသလိုမျိုး ဖြစ်လိမ့်မည်။

ဝမ်ဝေ့က အာရုံစိုက်ထားလိုက်သည်။

ဒီအချက်အပေါ်မူတည်ပြီး မဟာတာအိုက ရှေးဟောင်း ချီသန့်စင်ရေးလမ်းစဉ်ကို နှစ်ပိုင်းခွဲနိုင်တယ်။

တာအိုဘိုးဘေးနဲ့ ထာဝရအရှင်ဆိုပြီးတော့…

အဲဒီနောက် သူတို့က လက်ရှိချီသန့်စင်ရေး လမ်းစဉ် ဒါမှမဟုတ် အင်မော်တယ်လမ်းစဉ်ကို ဖန်တီးဖို့ ဝိညာဉ်လမ်းစဉ်နဲ့ ပေါင်းစပ်ခဲ့လိမ့်မယ်…

မဟာတာအိုက ဧကရာဇ်လမ်းစဉ်ကို မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကို ငှားယူမည့်အစား တိုက်ရိုက်ထိန်းချုပ်ခွင့်ပြုခဲ့သည်။ သို့သော်လည်း ဘာကြောင့် ထိုသို့လုပ်ခွင့်ပေးခဲ့သနည်း။

မဟာတာအိုက မဟာတာအိုအရင်းအမြစ်ကို တိုက်ရိုက်ထိန်းချုပ်ပြီးတဲ့နောက်မှာ ကျင့်ကြံသူတွေက အနိုင်ပိုင်းလိုက်မှာကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလား…

မဟာတာအို၏ နည်းဗျူဟာက ဧကရာဇ်လမ်းစဉ်အား အကြွင်းမဲ့ အင်အားပေးထားလေသည်။ သို့သော်လည်း ထိုလှုပ်ရှားမှုအတွက် စွန့်စားမှုများ ရှိနေ၏။ ထို့ကြောင့် သူက ထိုလှုပ်ရှားမှုနောက်ကွယ်မှ သဘောတရားကို နားမလည်နိုင်ပေ။

ဒီလှုပ်ရှားမှုက ဟွင်သွမ်းစကြဝဠာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြန်ဆန်စေတယ်။ ငါ့ဘိုးဘေးရဲ့ အပြုအမူနဲ့ဆိုရင် အစွဲကင်းတစ်ပိုင်းအဆင့်တွေက အနှေးနဲ့အမြန် ပုံမှန်လိုဖြစ်လာလိမ့်မယ်…

ဒါပေမဲ့ မဟာတာအိုရဲ့ လှုပ်ရှားမှုက ကိုယ်ကျိုးမငဲ့တာ ဖြစ်နိုင်ပါ့မလား…

granting all sentient beings direct control to the Grand Dao Source–one of the main sources of its power–without reservation goes against that instinct.'

ဝမ်ဝေ့က ထိုအကြောင်းအရင်းကို လက်ခံဖို့ ငြင်းဆန်လေသည်။ မဟာတာအိုက သက်ရှိဖြစ်၏။ အကယ်၍ အေးစက်ကာ စိတ်ခံစားချက်မရှိသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်နေလျှင်ပင် သက်ရှိဖြစ်နေဆဲ ဖြစ်သည်။

သက်ရှိအနေဖြင့် အလိုလိုသိစိတ်က သူ့ကိုယ်သူ ကာကွယ်ဖို့ ဖြစ်၏။ ထိုအလိုလိုသိစိတ်ကို ဆန့်ကျင်လျက် သက်ရှိအားလုံးကို သူ့စွမ်းအားအရင်းအမြစ်ထဲမှ တစ်ခုဖြစ်သည့် မဟာတာအိုအရင်းအမြစ်ပေါ် တိုက်ရိုက်ထိန်းချုပ်ခွင့် ပေးထားလေသည်။

ဝမ်ဝေ့က သူ့ဝိညာဉ်မှ နာကျင်မှုကို ခံစားမိလိုက်၍ ညည်းညူလိုက်သည်။ သူက သူ့စိတ်ထဲ မြန်ဆန်စွာ လုပ်ဆောင်နေသည့်အတွက် ဝန်ထုပ် ဖြစ်လာကြောင်း ခံစားမိလိုက်သည်။ ထို့အပြင် သူက အနန္တတန်ခိုးရှင်လောက်နီးပါးရှိသည့် သက်ရှိကို သုံးသပ်ဖို့ ကြိုးစားနေပြီး ထိုသူ၏ တွေးခေါ်ပုံနှင့် လုပ်ဆောင်ပုံတို့ကို သုံးသပ်ဖို့ ကြိုးစားနေလေသည်။ ထိုသို့အရာမျိုးက စိတ်နှင့် ဝိညာဉ်အပေါ် ဖိအားများစွာ ဖြစ်လာစေ၏။

သို့သော်လည်း သူ့အတွက် နာကျင်မှုက ဘာမှမဟုတ်ပေ။ ထိုအဆင့်က မသက်မသာဖြစ်သည့် အနေအထားပင် မရောက်ပေ။

အဲဒါဆိုရင် ဒီမူမမှန်မှုကို ရှင်းပြနိုင်တဲ့ သီအိုရီတချို့တော့ ရှိတယ်။ ပထမအချက်က ငါ့သီအိုရီက လုံးဝမှားယွင်းနေပြီးတော့ ငါ ကောက်ချက်ချထားတဲ့ရလဒ်က အဓိပ္ပာယ် မရှိဘူး။

ဒုတိယအချက်အနေနဲ့ မဟာတာအိုကို ထူးကဲသာလွန်သက်ရှိက ဖန်တီးထားပြီးတော့ ဒီလိုအရာမျိုးလုပ်ဆောင်ဖို့ သတ်မှတ်ခံထားရတာ။

တတိယအနေနဲ့ မဟာတာအိုက ကူကယ်ရာမဲ့ပြီးတော့ ဒီဆုံးဖြတ်ချက်ကို လုပ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတာ။ ဧကရာဇ်လမ်းစဉ်ကို ဒီလိုစွမ်းအား ပေးအပ်ဖို့ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တာမျိုး ဖြစ်နိုင်တယ်။

နောက်ဆုံးအနေနဲ့ကတော့…

ဝမ်ဝေ့က ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို နားလည်ဖို့ သူ ဖန်တီးထားသည့် ဂိမ်း သဘောတရားကို ပြန်လည်တွေးတောလိုက်သည်။

ဝမ်ဝေ့က ကစားသူတွေကို မဟာတာအိုအရင်းအမြစ် ထိန်းချုပ်ဖို့ ခွင့်ပြုပေးထားတယ်။ တကယ်လို့ အဲဒီလူတွေက အနိုင်ပိုင်းဖို့ ကြိုးစားတာမျိုး ဒါမှမဟုတ် မဟာတာအိုအရင်းအမြစ်နဲ့ အဲဒါကို သတ်ဖို့ ကြိုးစားတာမျိုးဆိုရင် အဲဒီလုပ်ပိုင်ခွင့်ကို ဖယ်ရှားဖို့ စွမ်းအားတော့ သူ့ဆီမှာ ရှိလိမ့်မယ်။ တခြားနည်းဖြင့် ပြောရမယ်ဆိုရင် မဟာတာအိုက စံပြတစ်ယောက်ရဲ့ မဟာတာအိုအရင်းအမြစ် ထိန်းချုပ်နိုင်စွမ်းကို ဖယ်ရှားနိုင်စွမ်းရှိလိမ့်မယ်…

ဝမ်ဝေ့က အာရုံစိုက်ထားလိုက်သည်။ ထိုအမှန်တရားက ကြောက်ဖို့ ကောင်းသော်လည်း သေချာတွေးကြည့်ပါက အဓိပ္ပာယ်ရှိလေသည်။ မဟာတာအိုအရင်းအမြစ်က မဟာတာအိုဆီမှ ဖြစ်သည့်အတွက် ထိန်းချုပ်ခွင့်ပေးနိုင်သလို ထိန်းချုပ်မှု ပြန်လည်ဖယ်ရှားနိုင်သည်က ပုံမှန်သာ ဖြစ်ပေသည်။

တကယ်လို့ တစ်ရက်ကျရင် ငါ မဟာတာအိုနဲ့ ထိပ်တိုက် ရင်ဆိုင်တယ်ဆိုရင် သူ့ရဲ့ လုပ်ပိုင်ခွင့်ကို တားဆီးမဲ့ နည်းလမ်းရှာတာမျိုး ဒါမှမဟုတ် သူနဲ့ အတူတူ အနေအထားမျိုး ရောက်အောင် လုပ်ရမယ်…

ထို့နောက် ဝမ်ဝေ့က သူ့စိတ်ထဲ ထူးကဲသာလွန်မှုဟု တပ်ထားသည့် ဖိုင်ထဲ ထည့်ထားလိုက်ပြီး အရေးအကြီးဆုံးအဖြစ် သတ်မှတ်ထားလိုက်သည်။ ထို့နောက် သူက ဟွင်သွမ်းစကြဝဠာနှင့် ပတ်သက်ပြီး ကောက်ချက်ချသည့် သီအိုရီကို အဆုံးသတ်လိုက်၏။

ကမ္ဘာဦးဟွင်သွမ်းခေတ်ကာလ၊ ခန္ဓာကိုယ်လေ့ကျင့်ရေးခေတ်ကာလ၊ ချီသန့်စင်ရေးခေတ်ကာလနဲ့ ဧကရာဇ်ခေတ်ကာလ…

ဝမ်ဝေ့က တွေးလိုက်သည်။

သမိုင်းကြောင်းအစား ဒါက ကျင့်ကြံရေးလမ်းစဉ်ရဲ့ ဆင့်ကဲပြောင်းလဲလာမှုနဲ့ တူတယ်…

သူက ဟွင်သွမ်းစကြဝဠာ၏ သမိုင်းကြောင်းသည် ပိုမိုရှည်လျားကာ ရှုပ်ထွေးမည်ဖြစ်ကြောင်း နားလည်လေ၏။ တချို့သော ခေတ်ကာလများက လူတစ်ယောက် သို့မဟုတ် မျိုးနွယ်တစ်ခု၏ လွှမ်းမိုးမှုကို ခံရနိုင်ချေပင်ရှိသည်။

စကြဝဠာ၏ ခေတ်ကာလအတွင်း ဖြစ်ပျက်ခဲ့သည့် ကျင့်ကြံရေး ဆင့်ကဲပြောင်းလဲမှုများလည်း ဖြစ်နိုင်ချေရှိသည်။

ငါ သွားရမှာ အဝေးကြီးလိုသေးတယ်။ အခု ဒါတွေ တွေးပြီး စိတ်ပူနေစရာမလိုဘူး…

သူက စံပြအဆင့်နောက်ပိုင်း အစွဲကင်းတစ်ပိုင်း ဖြစ်လာပြီးသည့်နောက်တွင် စကြဝဠာ၏ သမိုင်းကြောင်းကို သင်ယူပြီး မဟာတာအိုကို သုံးသပ်ဖို့ အချိန်များစွာ ရှိလေသည်။ ယခု သူ့အနေဖြင့် တာအိုကို သက်သေပြပြီး သေခြင်းနှင့် အချိန်အနှောင်အဖွဲ့တို့မှ လွတ်မြောက်ဖို့ကိုသာ အာရုံစိုက်ထားဖို့လိုအပ်သည်။

ထို့ကြောင့် သူက ဆေးလုံးတစ်လုံး မျိုချကာ သူ့ဝိညာဉ်၏ နာကျင်မှုကို ကုသလိုက်သည်။

……………………………………………………………………………………….

တောင်ဘက်ပိုင်း

အောင်းရှန်က သူ့လူများကြား ထွက်ပေါ်လာသည်။ သူက ဤနေရာမှ အချိန်မရွေး ထွက်သွားလို့ရစေရန် ကောင်းကင်တာအိုကို သူ့တိုက်ပွဲမှ နှုတ်ထွက်မည် ဖြစ်ကြောင်း တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။ သူ့အနေနှင့် တစ်စုံတစ်ယောက်သည် သူ့ကို လာရင်ဆိုင်ပြီး အခွင့်အရေးကို အသုံးချကာ သတ်ပစ်မည်ကို စိုးထိတ်နေခဲ့မိ၏။

ထို့နောက် သူက တပ်သားများကို ကြည့်ကာ ပြောလိုက်သည်။

“ငါတို့နတ်ဆိုးမျိုးနွယ်က အခု ပျက်သုဉ်းခြင်းကပ်ဘေးကို ခံစားနေရတယ်။ ဒီမျိုးနွယ် ရှင်သန်မှုအတွက် မင်းတို့ရဲ့ စတေးမှုကို လိုအပ်တယ်”

“ကျုပ်တို့တွေ ခေါင်းဆောင်အတွက် သေရဲပါတယ်”

“ကျုပ်တို့တွေ ခေါင်းဆောင်အတွက် သေဖို့ လိုလားပါတယ်”

ထိုတပ်သားများ၏ အသံများက ပဲ့တင်ထွက်လာပြီး စည်းချက်ကျကာ ရဲရင့်မှုအပြည့် အသံတစ်ခု ဖြစ်ပေါ်လာသည်။

“မင်းတို့ရဲ့ အနစ်နာခံမှုကို မှတ်ထားမယ်။ ငါ ဒီသေမျိုးလောကမှာ အသက်ရှင်နေသရွေ့ မင်းတို့ရဲ့ မိသားစုနဲ့ မျိုးနွယ်ကို ကာကွယ်ပေးမယ်” အောင်းရှန်က အနည်းဆုံးတော့ အပေါ်ယံတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

တပ်သားသန်းတစ်ရာက ဘာစကားမှ မပြောကြတော့ပေ။ သူတို့က တုံ့ဆိုင်းခြင်း မရှိဘဲ သူတို့၏ အသွေးအသား၊ ဝိညာဉ်နှင့် ကျင့်ကြံဆင့်တို့ကို စတေးကာ သန့်စင်သည့် အသက်ဓာတ်အဖြစ် ပြောင်းလဲပြီး အောင်းရှန်ကို ကုသဖို့ ကူညီပေးခဲ့ကြသည်။

မိနစ်ပိုင်းလေးအတွင်း သူက အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး နောက်ပိုင်းတွင် အသုံးပြုဖို့ သူ့ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသည့် အသက်ဓာတ်မြောက်များစွာလည်း ရှိနေဆဲ ဖြစ်သည်။ ထို့နောက် အောင်းရှန်၏ စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာ၏။

သူက တိုက်ပွဲကွင်းပြင်မှ ထွက်ခွာဖို့ မတောင်းဆိုခင် အထွတ်အထိပ်အခြေအနေ ပြန်ရောက်ရှိဖို့ ခေတ္တမျှ အချိန်ယူခဲ့ရသည်။ ထို့နောက် အဖြူရောင်အလင်းတန်းက သူ့ကို လွှမ်းခြုံသွားပြီးသည့်နောက် သူ မျက်လုံးဖွင့်လိုက်သည့်အခါ အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီး အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူက တိုက်ပွဲကွင်းပြင်၏ အဝင်ဝဆီ ရောက်ရှိသွားလိမ့်မည်ဟု ထင်ထားခဲ့မိ၏။ သို့သော်လည်း သူက နတ်ဆိုးမျိုးနွယ်နေထိုင်ရာ မြောက်ပိုင်းကုန်းမြေဆီ တန်းရောက်လာခဲ့သည်။

ဒါက စောင့်ရှောက်ပုံတစ်မျိုးလား…

သူက ကောင်းကင်ကို မော့ကြည့်ရင်း တွေးလိုက်မိသည်။ သူက အလယ်ပိုင်းကုန်းမြေမှ ထိုးဖောက်ထွက်လာဖို့ ပြင်ဆင်ထားခဲ့၏။

အောင်းရှန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက သူ့အပေါ် ကျရောက်လာသည့် အငွေ့အသက်ကို ဂရုမစိုက်ပေ။ သူ့လူများဖြစ်ကြောင်း အာရုံခံမိလိုက်၏။

“ခေါင်းဆောင်” လူအိုကြီးတစ်ယောက်က သူ့ရှေ့တွင် ရုတ်ချည်း ထွက်ပေါ်လာသည်။ အောင်းရှန်က ထိုသူသည် နတ်ဆိုးမျိုးနွယ်မှ ဆန့်ကျင်ကျင့်ကြံသူထဲမှ တစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။

“လက်ရှိအခြေအနေကို နားလည်တယ်မလား”

“အင်း”

“ဧကရာဇ်အစီအရင်နဲ့ အသုံးအဆောင်တွေကို အသက်သွင်းဖို့ ပြင်ဆင်ထားလိုက်ပါ” အောင်းရှန်က အမိန့်ပေးလိုက်သည်။

“အင်မော်တယ်ပုဂ္ဂိုလ်တွေ အကုန်လုံးကိုလည်း လှုပ်ရှားခိုင်းပြီးတော့ အစီအရင်နဲ့ အသုံးအဆောင်တွေအားလုံးကို ထိန်းချုပ်ရမယ်။ ဒီအမှတ်အသားပြားကို ယူသွားပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းကို ဆက်သွယ်လိုက်။ သူတို့က ကျုပ်တို့အတွက် ဖိအားအများစုကို မျှခံပေးလိမ့်မယ်။ တကယ်လို့ မဟုတ်ဘူးဆိုရင်လည်း ကျုပ်အတွက် တတ်နိုင်သလောက် အချိန် များများဆွဲပေးထား” သူက ဆက်ပြောလိုက်သည်။

“ခေါင်းဆောင် စမ်းသပ်ချက်ကို ဖြတ်ကျော်ချင်တာလား” ဆန့်ကျင်ကျင့်ကြံသူက မတုံးအပေ။ ထိုစမ်းသပ်ချက်ကသာ နတ်ဆိုးမျိုးနွယ်အတွက် ရှင်သန်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း နားလည်လေသည်။

“အင်း”

“ဘယ်လောက်သေချာလဲ”

“ကိစ္စမရှိဘူး” အောင်းရှန်က ပြောလိုက်သည်။ သူက ကျရှုံးမှုကို ဂရုမစိုက်ပေ။

“ကျုပ် ကျရှုံးသွားခဲ့ရင် ကျုပ်ရဲ့ သွေးမျိုးဆက်ကို စုဆောင်းပြီးတော့ နောက်ထပ်ခေါင်းဆောင်ကို ပြုစုပျိုးထောင်လိုက်ပါ” သူက ဆက်ပြောလိုက်သည်။

“တကယ်လို့ တာအိုအခွင့်အလမ်းဂိုဏ်းက ကျုပ်တို့ကို ကူညီပေးတယ်ဆိုရင် နတ်ဆိုးမျိုးနွယ်အပေါ် ဆက်လက် ကာကွယ်ပေးဖို့အတွက် ကျုပ်ရဲ့ ခန္ဓာကိုယ်ကို သူတို့ဆီ ပေးလိုက်ပါ”

“သူတို့ရဲ့ အင်အားနဲ့ဆိုရင် ဘယ်သူကမှ ဘာမှမပြောဘဲ ခန္ဓာကိုယ်ကို သေချာထိန်းသိမ်းထားနိုင်လိမ့်မယ်။”

ဆန့်ကျင်ကျင့်ကြံသူက ပြောလိုက်သည်။

“တကယ်လို့ သူတို့က သဘောမတူရင်ရော”

“အဲဒါဆိုရင်လည်း ကျုပ်ခန္ဓာကိုယ်အတွက် တခြားလူတွေ တိုက်ခိုက်ပါစေ။ သူတို့ရဲ့ တိုက်ပွဲက သူတို့အများစုကိုတော့ ဖျက်ဆီးပစ်နိုင်မှာပဲ။ ဒါပေမဲ့ တိုက်ပွဲကို မြောက်ပိုင်းကုန်းမြေမှာ မဖြစ်အောင်တော့ သတိထား” အောင်းရှန်က ရက်စက်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“သဘောအတိုင်းပါ” ဆန့်ကျင်ကျင့်ကြံသူက သက်ပြင်းချကာ ပြောလိုက်၏။

“နောက်ဆုံးအနေနဲ့ ကျုပ်ဆီကို အသက်ဓာတ် ပေးဖို့လိုလားတဲ့ လူသန်းရာချီကို ရှာပေးထား။ မဟုတ်ရင် သူတို့ကိုယ်သူတို့ ဒဏ်ရာအပြင်းအထန် ရခံနိုင်တဲ့ ထာဝရအရှင်နှစ်ယောက်ကို ရှာပေးထား”

ဆန့်ကျင်ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်ပြီး “ကျုပ်တို့ရဲ့ နတ်ဆိုးမျိုးနွယ်က အင်မော်တယ်ပုဂ္ဂိုလ်တွေကို ဒီလိုအခြေအနေမျိုးအတွက် ဆုံးရှုံးမခံနိုင်လောက်ဘူး”

“ကောင်းပြီ။ အဲဒါဆိုရင် သေမျိုးအဖွဲ့ဝင်တွေကို ရှာလိုက်။ သူတို့ကို အမှန်အတိုင်းပြောပြီးတော့ ဖိအားမပေးနဲ့။ ကျုပ်တို့တွေ ဒီလိုအခြေအနေမျိုးမှာ အမုန်းတရားတွေ ပွားစေလို့ မဖြစ်ဘူး”

“အဲ့လိုလုပ်လိုက်ပါ့မယ်”

အောင်းရှန်က ခေါင်းညိတ်ပြီးသည့်နောက်တွင် နတ်ဆိုးမျိုးနွယ်၏ အတွင်းပိုင်း ပိုင်နက်အတွင်း ပျံသန်းဝင်ရောက်သွားလေသည်။

All Chapters