← Chapters

ဟို့ဖုန်းဟွမ်နှင့် မိုရှင်းယွင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၃)

Vol. 57 Ch. 789

ဟို့ဖုန်းဟွမ်နှင့် မိုရှင်းယွင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၃)

Vol. 57 Ch. 789

ဘန်း

မိုရှင်းယွင်၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို မြင့်တက်လာသည်။ သူ့ခန္ဓာကိုယ်အထက် တက်တူးအမှတ်အသားများစွာ ပေါ်ထွက်လာပြီး သူ့စွမ်းအင် သိသိသာသာ တိုးပွားလာသည်။ သူက လက်သီးဆုပ်ကာ သွေးကြောများမှ စီးဆင်းနေသည့် စွမ်းအားကို ခံစားလိုက်၏။

ပွင့်ချပ် ၉လွှာအဆင့်ပဲ ရှိသေးတယ်…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိသည်။ သူက တာအိုဘိုးဘေး၏ စွမ်းအားကို ရောက်ရှိနိုင်သည့် လျှို့ဝှက်နည်းစနစ်ကို ဖန်တီးချင်ခဲ့သည်။

ကံဆိုးစွာဖြင့် သူ့အခြေခံအုတ်မြစ်က မလုံလောက်ခဲ့ပေ။ သူ့ဘဝတစ်လျှောက် သေမျိုးနှင့် မသေမျိုးအတားအဆီးကို မချိုးဖောက်နိုင်ခဲ့သည့်အတွက် သူက ထိုနယ်ပယ်တွင် ဗဟုသုတနှင့် အတွေ့အကြုံများ လိုအပ်နေသည်။

ထို့နောက် သူ ထာဝရဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအမြင့်သို့ မောင်းထုတ်မခံခဲ့ရခင်အထိ ကြာကြာမနေခဲ့ရပေ။ သူ ထိုနေရာသို့ ရောက်သည်နှင့် နှစ်သန်းချီအတွင်း သေဆုံးခဲ့ရသည်။

ထို့အပြင် သူက ထိုသူများ၏ အမဲလိုက်မှုကို ရှောင်ဖို့ အချိန်အများစု ထွက်ပြေးခဲ့ရသည်။ ထိုအတွေ့အကြုံကြောင့် သူသည် ဧကရာဇ်တစ်ယောက်၏ အခြေခံအုတ်မြစ် လစ်ဟာနေခဲ့၏။ သူက မိုးမြေ၏ လျှို့ဝှက်ချက်များကို သင်ယူဖို့ အချိန်အနည်းငယ်မျှသာ ရှိခဲ့လေသည်။

သူ သေဆုံးသွားသည့်အခါ သူ့မဟာတာအိုအရင်းအမြစ်၏ နားလည်နိုင်စွမ်းက ၂၃ ရာခိုင်နှုန်းမျှသာ ရှိနေသည်။ ထိုအကြောင်းအရင်းကလည်း သူက အသင်္ချေအင်ပါယာကမ္ဘာ၏ အရင်းအမြစ်များစွာကို စုပ်ယူခဲ့၍ ဖြစ်သည်။

ထို့ကြောင့် သူက မိုရှင်းယွင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ဤမျိုးဆက်အတွင်း အလားအလာကောင်းသည့် ကောင်းကင်ရွေးချယ်ခံအဖြစ် ပြုစုပျိုးထောင်ခဲ့သော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အနေဖြင့် ကန့်သတ်ချက်များစွာ ရှိနေကြောင်း ခံစားမိလေသည်။ သူက သူ့အလားအလာ အပြည့်ကို ထုတ်မသုံးနိုင်ပေ။

ကောင်းပြီ။ ငါ ဒီလောက်နဲ့ပဲ ကျေနပ်သင့်တယ်…

သူက စဉ်းစားလိုက်၏။ သူ့လက်ရှိတာအိုအုတ်မြစ်ဖြင့် သူ့ကိုယ်သူ အသက်ပြန်ရှင်အောင် လုပ်ပြီးသည့်နောက်တွင် ပိုမိုကောင်းမွန်သည့် တာအိုခန္ဓာကိုယ် ဖွဲ့စည်းနိုင်လိမ့်မည်။ သူ့အမြင်တွင် ယခင်တစ်ခုက အမှိုက်သာသာ ဖြစ်၏။

နိုးထအသက်ဝင်လာပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအမြင့်သို့ မတက်လှမ်းခင် သူက မဟာတာအိုအရင်းအမြစ် ၁ ရာခိုင်နှုန်းသာ မရှိခဲ့ပေ။ ၁ ရာခိုင်နှုန်းရောက်သည့်အခါ သူက ဧကရာဇ်အသစ်တစ်ယောက်ကိုသတ်ပြီး သူမ၏ တာအိုခန္ဓာကို စုပ်ယူခဲ့သည်။

ကံဆိုးစွာဖြင့် သူ့အပြုအမူက လူအများကြား ထုတ်ဖော်ပြသသလို ဖြစ်သွားခဲ့၏။ ထို့နောက် အသင်္ချေအင်ပါယာကမ္ဘာ၏ ယခင်ဧကရာဇ်များစွာက သူ့ကို စတင်အမဲလိုက်ကြသည်။

သူ သေဆုံးခါနီးအချိန်သို့ ရောက်ရှိလာသည့်အခါ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ဒေါသထွက်လာမိ၏။ အကြောင်းအရင်းက ထိုသူများသည် ပူးပေါင်း၍ သူ့ကို သတ်ဖြတ်ခဲ့သည့်အတွက် မဟုတ်ပေ။ မိစ္ဆာကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့ကံအပြစ်ကြွေးများကြောင့် သေဆုံးဖို့ သို့မဟုတ် ကပ်ဘေးခံစားရဖို့ အမြဲတမ်းလိုလို ပြင်ဆင်ထားခဲ့သည်။

သူ ဒေါသထွက်ရသည့် အကြောင်းအရင်းက တစ်စုံတစ်ယောက်သည် သူ့ကို အကွက်ကျကျ လုပ်ကြံခဲ့ကြောင်း သံသယရှိမိ၍ ဖြစ်သည်။ ထိုသူက ဧကရာဇ်ခုံသာ ဖြစ်၏။

ဧကရာဇ်တစ်ယောက်ကို သတ်ပြီးသည့်နောက် သိပ်မကြာခင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့ကိုယ်ပိုင်အဖြစ် အသွင်ပြောင်းနိုင်ရန်အတွက် တာအိုခန္ဓာကိုယ်တချို့ကို စုပ်ယူဖို့ စဉ်းစားထားခဲ့သည်။ သို့သော်လည်း ဧကရာဇ်ခုံက ပေါ်ထွက်လာပြီး တူညီသည့်နေရာမှ ထာဝရဧကရာဇ်တချို့သည် ကြီးမားသည့် အကြောင်းအရင်းတစ်ခုကြောင့် အတူတကွ အလုပ်တွဲလုပ်ဖို့ရာ ဖိတ်ကြားခဲ့၏။

သို့သော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ထိုသူသည် ကြီးမားသည့် အကြောင်းအရင်းဟူသော စကားကို ဝေဝေဝါးဝါးသာ ပြောခဲ့သည့်အတွက် သံသယဖြစ်လာမိသည်။ သူ့အသိဉာဏ်ဖြင့် သူသည် တော်လှန်ရေးနှင့် ပတ်သက်နေကြောင်း မှန်းဆမိလိုက်သည်။ သူက ကပ်ပါးများနှင့် တော်လှန်ရေးတပ်ဖွဲ့ကြားမှ တိုက်ပွဲမှ ဝေးဝေးနေဖို့ ဆုံးဖြတ်ခဲ့ပြီး ဖရိုဖရဲဖြစ်မှုကို အခွင့်ကောင်းယူဖို့ပင် ဆုံးဖြတ်ထားခဲ့သည်။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့၏။ ကံဆိုးစွာဖြင့် ထိုကိစ္စပြီးနောက် မကြာခင် သူက အသင်္ချေအင်ပါယာကမ္ဘာ၏ ဧကရာဇ်အများစု၏ ရန်သူ ဖြစ်လာခဲ့သည်။ သူတို့က သူ့အား နှစ်များစွာ အမဲလိုက်ခဲ့ပြီး သတ်ဖြတ်ပစ်ခဲ့သည်။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ သေဆုံးပြီးသည့်နောက်တွင် အခြေအနေကို သုံးသပ်ကြည့်လိုက်သည်။ သူ့သေဆုံးမှုသည် ဧကရာဇ်ခုံဆီမှ သတိပေးချက်တစ်ခုကလွဲ၍ ဘာမှမဟုတ်ကြောင်း သဘောပေါက်သွားခဲ့၏။ သူ အသက်ပြန်ရှင်လာပြီးသည့်နောက်တွင် ထိုသူက သူ့ကို ထပ်မံဖိတ်ကြားမည် ဖြစ်ကြောင်း သိလေသည်။

ထိုအခါ သူသာ ထပ်မံ ငြင်းဆန်ခဲ့ပါက သူ့ကံကြမ္မာသည် အမှန်အကန် သေဆုံးခြင်း ဖြစ်သွားနိုင်သည်။

………………………

သူ့ သွေးကြောများမှတဆင့် စီးဆင်းနေသည့် စွမ်းအားကို ခံစားမိပြီးသည့်နောက်တွင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တစ်ဖက်လူကို ကြည့်လိုက်သည်။

ဘန်း

သူက တစ်ဖက်လူဆီ ပြင်းထန်သည့် အရှိန်ဖြင့် ပြေးဝင်သွားလိုက်၏။ သူမက သူ့ကို မခုခံနိုင်ခင် သူမရှေ့ ရောက်သွားကာ လက်သီးဖြင့် ထိုးချလိုက်သည်။ နံရိုးအက်သံများက လေဟာနယ်ထဲ ထွက်ပေါ်လာ၏။

ဟို့ဖုန်းဟွမ်က တိုက်ကွက်နောက်ကွယ်မှ စွမ်းအားအများစုကို ပြောင်းလိုက်သည့်အတွက် အနည်းငယ် ညည်းညူလိုက်ရသည်။ သူမက သွေးတစ်ပွက် အန်လိုက်ပြီးသည့်နောက် သူမ၏ ခန္ဓာကိုယ်ကို အဖြူရောင်မီးတောက်တစ်ခု လွှမ်းခြုံသွားပြီး သူမ၏ ဒဏ်ရာများကို ကုစားဖို့ ကြိုးစားနေသည်။

ဒီကြမ်းတမ်းခက်ထန်တဲ့ အငွေ့အသက်က သူ့ဆီမှာ ရှေးဟောင်းလူရိုင်း ရုပ်ခန္ဓာရှိထားတာပဲ…

အဆင့် ၂၁ ကောင်းကင်ရုပ်ခန္ဓာဖြစ်သည့် ရှေးဟောင်းလူရိုင်းရုပ်ခန္ဓာ…

လူသားများသည် ကျင့်ကြံရေးနည်းစနစ် မရှိခင် ရှေးခေတ်အချိန်တွင် တောင်တန်းများကို ခြေမွပြီး မြစ်များကို ရွေ့လျားနိုင်သည့် အားကောင်းသော လူသားများ ရှိခဲ့ဖူးသည်ဟု ကောလဟာလ ရှိခဲ့ဖူးသည်။ သူတို့၏ အင်အားက ပင်ကိုနတ်ဆိုးနတ်ဘုရားနှင့် ယှဉ်လိုက်လျှင် သေးနုပ်သော်လည်း အားနည်းသည့် နတ်ဆိုးနတ်ဘုရားများကိုမူ တိုက်ခိုက်နိုင်လေ၏။

သူတို့၏ အားကောင်းလှသည့် ခန္ဓာကိုယ်ကြောင့် ထိုသူများကို လူရိုင်းမျိုးနွယ်ဟု သိကြသည်။

ဒဏ္ဍာရီအရ သူတို့မျိုးနွယ်သည် သီးသန့်ကျွန်းတစ်ခုအပေါ် နေထိုင်သည့် လူသားအုပ်စုအဖြစ် ရည်ညွှန်းကြ၏။ တစ်ရက်ကျ ဒဏ်ရာရရှိသည့် ကမ္ဘာဦးနတ်ဘုရားက ထိုကျွန်းပေါ် ရောက်ရှိလာကာ သေဆုံးသွားခဲ့သည်။ ထိုလူသားများက သူ့သွေးကို သောက်ကာ သူ့အသားကို စားသုံးခဲ့ကြသည်။ ရလဒ်အနေဖြင့် အများစုက သေဆုံးသွားကြသော်လည်း အသက်ရှင်ကျန်သူများကမူ အခြေခံအားဖြင့် ပြောင်းလဲသွားကြသည်။

သူတို့က ပိုမိုအားကောင်းလာကာ အံ့ဖွယ်စွမ်းရည်များကို ထုတ်သုံးလာနိုင်၏။

“မင်း အသက်ရှင်သေးတယ်လား” ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“အဲဒါဆို ပြောင်းလိုက်ကြရအောင်”

လူသားတစ်ဝက်နှင့် ကျွဲရိုင်းတစ်ဝက် ပုံရိပ်က သူ့နောက်တွင် ထွက်ပေါ်လာကာ သူမကို ခြေဖြင့် နင်းချေဖို့ ကြိုးစားနေသည်။

ဟို့ဖုန်းဟွမ်၏ ယင်ယန် ဒိုင်းကာက အားနည်းချက်(ယင်) ကို တိုက်ခိုက်စွမ်းအား လျှော့ချဖို့ အသုံးပြုပြီး ခွန်အား(ယန်) ကို သူမ ဒိုင်းကာ၏ ကာကွယ်စွမ်းအားကို တိုးမြင့်ဖို့ အသုံးပြုခဲ့လျှင်ပင် တစ်စက္ကန့်မျှ မခုခံနိုင်ခဲ့ပေ။

ကံကောင်းစွာဖြင့် သူမက နောက်ထပ် သွေးမျိုးဆက် အသုံးအဆောင်ပစ္စည်းတစ်ခုကို အသက်သွင်းလိုက်၏။

လိပ်နက်ဒိုင်းကာ

ဘန်း

တိုက်ကွက်ဆီမှ တုန်ခါမှုက သူမ၏ အတွင်းအင်္ဂါများကို ဖျက်ဆီးပစ်လိုက်သည့်အတွက် သွေးအန်သွားစေသည်။

ကျစ် သွားပြီ…

ဟို့ဖုန်းဟွမ်က တုယီနယ်ပယ်၏ စွမ်းအားသည် သူမကို ကုသခြင်းမှ တားဆီးနေကြောင်း ခံစားမိ၍ တွေးလိုက်သည်။ သူမက ထိုအရာသည် ၉ဆင့်မြောက် တုယီနယ်ပယ်အဆင့် ဖြစ်ကြောင်း သုံးသပ်လိုက်၏။

သူမ၏ ဇာမဏီမီးတောက်က ကုသဖို့အတွက် အပြင်းအထန် ကြိုးစားနေရသော်လည်း ဖြစ်စဉ်ကမူ နွံထဲနစ်နေသည့် လူတစ်ယောက်သဖွယ် ဖြစ်နေသည်။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က စကားမပြောဘဲ သူမကို တတ်နိုင်သမျှ မြန်မြန်သတ်ဖို့ရာ ကြံရွယ်ထား၏။

သူ့လျှို့ဝှက်နည်းစနစ်က သူ ဝါးမျိုထားသည့် စွမ်းအားများကို အသုံးပြု၍ သူ့စွမ်းအားကို တိုးမြှင့်ခြင်း ဖြစ်သည်။ ထိုသို့သော နည်းစနစ်မျိုးက အချိန်ကန့်သတ်ချက်နှင့် အကျိုးဆက် ရှိလေ၏။ သို့သော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အတွက်မူ ထိုအချက်က တစ်စိတ်တစ်ပိုင်းသာ မှန်ကန်လေသည်။ ထိုအရာတွင် အမှန်တကယ် အချိန်ကန့်သတ်ချက် ရှိသော်လည်း သူက အချိန်ဆွဲဆန့်ဖို့အတွက် သိုလှောင်ထားသည့် စွမ်းအားများကို ထုတ်သုံးနိုင်လေ၏။

သူ ဝါးမျိုလိုက်သည့် စွမ်းအားကို အသက်ဓာတ်အဖြစ် ပြောင်းလဲကာ ထိပ်သီးအခြေအနေသို့ ပြန်ရောက်အောင် ချက်ချင်းဆိုသလို ကုစားနိုင်သည်။ ထို့ကြောင့် ဤသို့သော ပြောင်မြောက်လှသည့် နည်းလမ်းဖြင့် သူတို့သည် စွမ်းအားကို ထိန်းသိမ်းထားပြီး အနည်းဆုံး တစ်ပတ်ကြာ တိုက်ခိုက်နိုင်လေသည်။

အကယ်၍ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တစ်ဖက်လူ၏ စွမ်းအားကို ဆက်လက် ဝါးမျိုနေပါက အချိန်ကန့်သတ်ချက်ကို ဆွဲဆန့်နိုင်သည်။

ဝုန်း

မိုရှင်းယွင်က ထပ်မံ တိုက်ခိုက်လိုက်သည်။ ဟို့ဖုန်းဟွမ်၏ ဒဏ်ရာက ပြင်းထန်လှ၏။ ထို့နောက် သူမ၏ အမူအရာက ချက်ချင်းဆိုသလို ပျက်ယွင်းသွားသည်။

စွမ်းအင်တစ်ခုက သူမ၏ စွမ်းအင်ဗဟိုချက်ရှိ သွေးချီနှင့် အသိစိတ်ပင်လယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကို စုပ်ယူနေကြောင်း တွေ့ရှိသွားသည်။ သူမ ခံစားရသည့် အကြောက်ဆုံးအပိုင်းက သူမ၏ သွေးမျိုးဆက်မှ ပင်ကိုစည်းမျဉ်းသည် ထိုစွမ်းအား၏ သက်ရောက်မှုခံရသည့်အလား အနည်းငယ် တုန်ရီလာ၏။

ဘာဖြစ်နေတာလဲ…

ငါက စွမ်းအားအပေါ် အပြည့်အဝ ထိန်းချုပ်မှုရှိတယ်။ သူက ဒါကို မဝါးမျိုနိုင်သင့်ဘူး…

သူမ၏ တိုက်ကွက်များကို ဝါးမျိုသည်မှာ တစ်ခု ဖြစ်သော်လည်း သူမခန္ဓာကိုယ်ထဲရှိ အရာအားလုံးကို တိုက်ရိုက်ဝါးမျိုခြင်းကမူ တခြားအရာတစ်ခု ဖြစ်ပေသည်။

ဝုန်း…ဝုန်း…ဝုန်း…

မိုရှင်းယွင်က ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ထွက်ပေါ်လာပြီး ဟို့ဖုန်းဟွမ်အား သူ့ဇနီးနှင့် သူ့အမေကို သတ်သွားသည့်လူအလား အပြင်းအထန် တိုက်ခိုက်နေသည်။ တိုက်ကွက်တစ်ခုချင်းစီတွင် သူမ၏ စွမ်းအားကို ဝါးမျိုသွား၏။

ဟို့ဖုန်းဟွမ်က ထိုအဖြစ်အပျက်ကို တားဆီးဖို့ နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သည်။ သူမက ဇာမဏီဆီမှ မသေမျိုးဆန္ဒဖြင့် သူမဘာသာသူမ ကောင်းချီးပေးခဲ့၏။ သို့သော်လည်း ထိုအရာက အသုံးမဝင်ခဲ့ပေ။

သူမ အလျင်အမြန် သုံးသပ်ပြီးသည့်နောက်တွင် တစ်ဖက်လူက သူမဒဏ်ရာရပြီး အားနည်းသွားသည့်အချိန်တိုင်း သူမ၏ စွမ်းအားကို စုပ်ယူနိုင်ကြောင်း သိရှိသွား၏။ ထိုအခိုက်အတန့်အတွင်း သူမ၏ ခန္ဓာကိုယ် သို့မဟုတ် ဝန်းကျင်က ဒဏ်ရာရရှိလိုက်သည်နှင့် သူမသည် သွေးချီ၊ ဝိညာဉ်စွမ်းအားနှင့် စည်းမျဉ်းကိုပင် ထိန်းချုပ်မှု ဆုံးရှုံးသွားလိမ့်မည်။

ထိုအချိန်က အက်တိုစက္ကန့်ပိုင်းမျှသာ ဖြစ်သော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အတွက် လုံလောက်နေပြီ ဖြစ်၏။

စက္ကန့်ပိုင်းအတွင်း ဟို့ဖုန်းဟွမ်၏ ခန္ဓာကိုယ်က မံမီ တစ်ကောင်ထက်ပင် ကျုံ့လာလေသည်။ သူမက ယင်ယန်ကြေးမုံ၏ အထောက်အပံ့ဖြင့် ယင်ယန်စွမ်းအားကို သူမ၏ လိပ်နက်ဒိုင်းကာဆီ အသုံးမပြုထားလျှင် သေဆုံးသွားနိုင်သည်။

ငါ ဒီလို လိုက်ပြီး ခုခံနေလို့တော့ မဖြစ်တော့ဘူး…

သူမက တွေးလိုက်မိသည်။ ခုခံရေးဧကရာဇ် အသုံးအဆောင်ကို ဆင့်ခေါ်သည်က အကြံကောင်း မဟုတ်ကြောင်း ဆုံးဖြတ်လိုက်၏။ သူမ၏ လက်ရှိအနေအထားက ထိုအသုံးအဆောင်ပစ္စည်းသည် သူမ၏ အသက်ဓာတ်ကို ပိုမိုဆုံးရှုံးသွားပြီဖြစ်ကာ သေစေလိမ့်မည်။

ထို့အပြင် သူမက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်သည် အသုံးအဆောင်ပစ္စည်းကို ဝါးမျိုနိုင်လားဟု စောင့်ကြည့်ရဦးမည် ဖြစ်၏။ ထို့ကြောင့် သူမက ရုပ်ပိုင်းဆိုင်ရာ ကြေးမုံကို မဆင့်ခေါ်နိုင်သေးပေ။

ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို စုပ်ယူခြင်းက မဖြစ်နိုင်သည့် အနေအထားသို့ ရောက်ရှိသင့်သော်လည်း သူမက ထာဝရဧကရာဇ်ဟောင်းနှင့် ရင်ဆိုင်နေရကြောင်း သိထားလေသည်။ ထို့ကြောင့် ပုံမှန်သဘောတရားက သူမအတွက် အလုပ်မဖြစ်ပေ။

ဟို့ဖုန်းဟွမ်က နောက်ထပ် နည်းဗျူဟာတစ်ခုကို ရွေးချယ်လိုက်၏။ သူမ၏ မျက်ဝန်းအထက် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

ဝုန်း

သူမက ခန္ဓာကိုယ်နှင့် ဝိညာဉ်အစိတ်အပိုင်း တစ်ခုကို ဖောက်ခွဲပစ်ခဲ့ပြီး အားကောင်းသည့် တုန်ခါလှိုင်းဖြင့် မိုရှင်းယွင်ကို လွင့်စင်သွားစေသည်။

သို့သော် အကွာအဝေးတစ်ခုတွင် မြစ်ရေစက်နှင့် တူသည့် အနီရောင်သလင်းကျောက်တစ်ခုကို အဖြူရောင်မီးတောက်ဖြင့် လွှမ်းခြုံထားလေ၏။ သလင်းကျောက်က ဟို့ဖုန်းဟွမ်၏ ဇာမဏီသွေးမျိုးဆက် အသုံးအဆောင်ဖြစ်သည့် ဇာမဏီမျက်ရည် ဖြစ်ပေသည်။

ထိုအရာဖြင့် သူမသည် အသက် အရေအတွက်အနည်းငယ် ရှိထားလေသည်။ ထို့ကြောင့် သူမက ထိုအရာကို အသုံးပြု၍ သူမဘာသာသူမ ရှင်သန်စေခဲ့ပြီး တစ်ဖက်လူနှင့် အကွာအဝေး ထိန်းညှိလိုက်သည်။

သူမ ပေါ်ထွက်လာသည်နှင့် လုံးဝကွဲပြားသွားပြီ ဖြစ်၏။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ဟို့ဖုန်းဟွမ်အသစ်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

သူမက ကြေးခွံဖြင့် ပြုလုပ်ထားသည့် အပြာရောင်ချပ်ဝတ် ဝတ်ထားသည်။ ပြောရလျှင် ချပ်ဝတ် မဟုတ်ဘဲ သူမ၏ အရေပြားက နဂါးကြေးခွံအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ သူမ၏ မျက်ဝန်းက သွေးနီရောင်ဖြစ်ကာ ကျားတစ်ကောင်လိုမျိုး ဖြစ်နေသည်။ သူမ၏ နောက်တွင် မီးတောက်တောင်ပံနှစ်စုံ ရှိနေပြီး မြွေကြေးခွံနှင့် အမြီးတစ်ခု ရှိသည်။ သူမ၏ ခေါင်းအထက် သမင်ဦးချိုနှစ်ခု ရှိနေလေ၏။ သို့သော်လည်း သူတို့က နဂါးဦးချို မဟုတ်ဘဲ ချီလင်ဦးချို ဖြစ်၏။

မြင့်မြတ်သားရဲ ၅ကောင်ရဲ့ သွေးမျိုးဆက်ပဲ…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တွေးလိုက်မိပြီး ယခင်ထက် ပိုမိုအလေးအနက် ဖြစ်လာသည်။ သူ့အကြည့်များက ဟို့ဖုန်းဟွမ်၏ ကြေးခွံပေါ်ရှိ သေးငယ်သည့် လိပ်နက်အမှတ်အသားကို မြင်လိုက်စဉ် ထိုသူ၏ ခုခံနိုင်စွမ်းက ကြောက်ဖို့ကောင်းနေသည့် အနေအထားသို့ ရောက်နေကြောင်း သိလိုက်ရသည်။

ထို့အပြင် တစ်ဖက်လူ၏ အရှိန်အဝါက ပိုအားမကောင်းလျှင်ပင် သူ့ထက် မနိမ့်ကျပေ။

All Chapters