← Chapters

ဟို့ဖုန်းဟွမ်နှင့် မိုရှင်းယွင် တို့ပြိုင်ဆိုင်ခြင်း နောက်ဆုံးအပိုင်း

Vol. 57 Ch. 791

ဟို့ဖုန်းဟွမ်နှင့် မိုရှင်းယွင် တို့ပြိုင်ဆိုင်ခြင်း နောက်ဆုံးအပိုင်း

Vol. 57 Ch. 791

ဟို့ဖုန်းဟွမ်က သူမအပေါ် ကျရောက်လာသည့် ကြောက်မက်ဖွယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူမ အတွေ့အကြုံနှင့် ဗဟုသုတများအရ ထိုစွမ်းအားသည် တာအိုဘိုးဘေးအဆင့် ဖြစ်ကြောင်း သိလိုက်၏။ ထို့အပြင် ရိုးရိုးရှင်းရှင်း အဆင့်တစ် တာအိုဘိုးဘေး စွမ်းအား မဟုတ်ပေ။

သူမ၏ လက်ရှိအင်အားဖြင့် လျှို့ဝှက်နည်းစနစ်များကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်ပါက အဆင့်တစ် တာအိုဘိုးဘေးကို အချိန်တို တိုက်ခိုက်နိုင်ရုံမျှသာ ဖြစ်ပေသည်။

သူမက အန္တရာယ်ကျရောက်နေသော်လည်း စကားဖြင့်ဖော်မပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေမိ၏။ သူမ၏ ဂမ္ဘီရက သူမသည် သေဆုံးနိုင်ချေရှိကြောင်း ဖော်ပြခဲ့ပြီး ယခုမူ သူမက အကြောင်းအရင်းကို နားလည်သွားခဲ့သည်။

နောက်ဆုံးတော့…

ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ သူမက ကြောက်ချင်ယောင်ဆောင်ပြီး ယင်ယန်အချိန်ပြောင်းပြန်နည်းစနစ်၏ စွမ်းအားကို ရွေ့လျားကာ တစ်ဖက်လူ လုပ်ချင်သည့်အရာကို တားဆီးဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က နှာခေါင်းရှုံ့လိုက်၏။ သူ့ခေါင်းအထက် ဓားတစ်ချောင်း ပေါ်ထွက်လာကာ သူမ နည်းစနစ်၏ ပိတ်ဆို့ထားသော အာကာပြင်ကို ဖျက်ဆီးပစ်လိုက်သည်။

“ငါ့ကို ဒီလောက်ထိ တွန်းအားပေးနိုင်တာ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်” ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က ပြောလိုက်သည်။ ထို့နောက် အချိန်ဆက်မဖြုန်းတော့ပေ။ ဓားက ဟို့ဖုန်းဟွမ်ကို သုတ်သင်ပစ်ချင်သည့်အလား ပြေးဝင်လာ၏။

သို့သော်လည်း ဓားက တာဝန်မပြီးမြောက်ခင် တစ်စုံတစ်ခု ဖြစ်ပျက်သွားလေသည်။ ဟို့ဖုန်းဟွမ်၏ တပ်ဖွဲ့က ဘေးပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ၅ဖွဲ့ ကွဲထွက်သွား၏။

ထို့နောက် သူတို့ဆီမှ မြင့်မြတ်သားရဲ ၅ကောင် ပုံရိပ်များပေါ်ထွက်လာသည်။ ထို့ကြောင့် နဂါးပြာက အရှေ့ဖက်မှ ပေါ်ထွက်လာပြီး အနောက်ဖက်တွင် ကျားဖြူ ရှိကာ အနောက်ဘက်တွင် လိပ်နက်ရှိပြီး တောင်ဘက်တွင် အနီရောင်ဇာမဏီ ရှိကာ အလယ်ပိုင်းတွင် အဝါရောင်ချီလင် ရှိ၏။

ထို့နောက် ထိုသားရဲ ၅ကောင်က ဓာတ်ငါးပါးနှင့် သက်ဆိုင်သည့် ဓာတ်ငါးခုကို ထုတ်လွှတ်လာပြီး ထိုဓာတ်ငါးပါးက အချင်းချင်း ပယ်ဖျက်သွားပြီး ဓာတ်ငါးပါး ဇယားချပ်အဖြစ် ပြောင်းလဲသွားသည်။

ဓာတ်ငါးပါးဇယားချပ်က မိုရှင်းယွင်အထက် ပေါ်ထွက်လာပြီး အောက်ဖက်တွင် ယင်ယန်ပုံကားချပ်ပါ ပေါ်ထွက်လာသည်။

မြင့်မြတ်သားရဲ ၅ကောင် စည်းတံဆိပ်

ထိုဇယားချပ်နှင့် ပုံကားချပ်တို့က ထိုဓားကို စည်းပိတ်လိုက်ကြသည်။ ထို့နောက် ထိုတာအိုပစ္စည်းက သာမန်ပစ္စည်းအဖြစ် ပြောင်းလဲသွား၏။ မိုးမြေကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားကြီး အငွေ့အသက်လည်း ပျောက်ကွယ်သွားလေပြီ။ ယခုအခါ သေမျိုးပန်းပဲဆရာ တစ်ယောက်မှ ထုဆစ်ထားသည့် ပုံမှန်ဓားတစ်လက်လို ဖြစ်လာသည်။

ပြီးသွားပြီး…

ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ ယခု သူမက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ဝိညာဉ်ကို ယူဖို့ရာ တစ်ဖက်လူကို နှိမ်နင်းဖို့ရာသာ လိုအပ်တော့သည်။ နောက်ဆုံးတွင် သူမက ဝမ်ဝေ့နှင့် တိထျန်းတို့ကို ယှဉ်ပြိုင်ပြီး အနိုင်ယူဖို့အတွက် အခွင့်အရေး ရလာလေပြီ။

ဤလျှို့ဝှက်နည်းစနစ်ဖြင့် မလွယ်ကူခဲ့သော်လည်း ယခုအခါ မျှော်လင့်ချက်ရှိလာပြီ ဖြစ်၏။

“အဲဒါဆိုတော့ ဒါက မင်းရဲ့ အစီအစဉ်ပေါ့” မိုရှင်းယွင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

သို့သော်လည်း သူ့တည်ငြိမ်မှုက ဟို့ဖုန်းဟွမ်ကို စိတ်ပူလာစေ၏။ မည်သို့ပင်ဆိုစေကာမူ သူမက တည်တည်ငြိမ်ငြိမ် ကျန်ရှိနေသေးသည်။ သူမက အခြေအနေ ပြောင်းလာမည်ကို စိုးရိမ်၍ အချိန်မဖြုန်းဖို့ရာသာ ဆုံးဖြတ်လိုက်သည်။

ဝုန်း

သူမ၏ အရှိန်အဝါက အနည်းငယ် တိုးပွားလာပြီး အလယ်ပိုင်းကုန်းမြေက အနီရောင်ပြောင်းလဲလာသည်။

သတ်ဖြတ်ရေး အမှတ်အသား

ဟိုဖုန်းဟွမ်၏ မျက်နှာအထက် ထူးထူးဆန်းဆန်း အမှတ်အသား သို့မဟုတ် သင်္ကေတတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာမှတဆင့် သူမသည် တိုက်ပွဲကွင်းပြင်မှ သတ်ဖြတ်ရေးချီများကို အသုံးပြု၍ သူမ၏ စွမ်းအားကို မြှင့်တင်နိုင်သည်။ ထို့နောက် သူမက အားအကောင်းဆုံး တိုက်ကွက်ကို အသုံးပြုလိုက်၏။

သက်ရှိသတ်ဖြတ်ရေး လက်သီး

သူမ၏ မိစ္ဆာသတ်ဖြတ်ရေး လက်သီးချက်သည် မိစ္ဆာများကိုသာ ပစ်မှတ်ထားသည့်အတွက် ထူးကဲလှသည်။ ယခုလက်သီးချက်ကမူ ကြမ်းတမ်းပြီး သက်ရှိအားလုံးကို ပစ်မှတ်ထားလေ၏။ ထို့ကြောင့် မိစ္ဆာ၊ နတ်ဆိုး၊ နတ်ဘုရား၊ အင်မော်တယ်၊ ဗုဒ္ဓ၊ မဟာဧကရာဇ် သို့မဟုတ် စွမ်းအားကြီးမည်သူပင် ဖြစ်စေကာမူ အားလုံးကို ပစ်မှတ်ထားထားသည်။

ဤလက်သီးချက်၏ တည်ရှိမှုက ဆန္ဒရှိရာကို သတ်ပစ်ဖို့အတွက် ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိ၏။

ဝုန်း

ဟို့ဖုန်းဟွမ်က နောက်လွင့်စင်သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝက်က ပျောက်ဆုံးသွားသည်။ သူမက အနီးကပ် လေ့လာကြည့်လိုက်ပါက သူမ၏ ကြေးခွံကို ဖြတ်တောက်သွားသည့် ထက်ရှသည့် ပစ္စည်းတစ်ခုကို အာရုံခံမိလေသည်။ အလွယ်တကူ ချိုးဖောက်သွားသည့်အတွက် တို့ဖူးတုံးကို ပိုင်းဖြတ်လိုက်သည့် ဓားတစ်ချောင်းအလား ဖြစ်နေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဟို့ဖုန်းဟွမ်က မိုရှင်းယွင်ရှေ့တွင် ရှိနေသည့် ဒုတိယမြောက် ဓားကို ကြည့်ရင်း ရေရွတ်လိုက်သည်။

“ဘာမှ အံ့ဩစရာ မရှိဘူး။ မင်း ရောက်ကတည်းက မင်းရဲ့ ရည်ရွယ်ချက်ကို သိပြီးသား အဲဒါကြောင့် သတိကြီးကြီးထားပြီးတော့ ငါ့ရဲ့ တာအိုသက်သေပြ ပစ္စည်းရဲ့ ပုံရိပ်ယောင်ကိုပဲ ဆင့်ခေါ်ခဲ့တာ” ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ပြောလိုက်သည်။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က နှာခေါင်းရှုံ့လိုက်၏။ သူက တာအိုအရှင်တစ်ယောက် ဖြစ်ပေသည်။ သူက ဝါးမျိုခြင်းတာအိုတွင် တစ်ဦးတည်းသော တာအိုအရှင် ဖြစ်၏။ သူ့မတိုင်ခင်က ဝါးမျိုရေးတာအိုသည် တားမြစ်ခံတာအို မဟုတ်ခဲ့ပေ။ အတိအကျပြောရလျှင် ထိုအရာကို လေ့ကျင့်သည့် တခြားသူများက ကန့်သတ်ခံထားရသည့်ပုံစံကိုသာ အသုံးပြုနိုင်ကြသည်။

ဤသည်က သူ့မျိုးဆက် မိုရှင်းယွင်အတွက်လည်း အတူတူသာ ဖြစ်၏။

သို့သော်လည်း သူက ဝါးမျိုရေးတာအိုကို အထွတ်အထိပ်အထိ ကျင့်ကြံခဲ့ပြီး တားမြစ်ခံတာအိုအဖြစ် အသက်သွင်းနိုင်ခဲ့သည်။ ထို့အပြင် သူ့ဆရာကြောင့် သူက စစ်ဆေးမှုအကြောင်း ကြိုတင်သိထားသည့်အတွက် အောင်မြင်ဖို့ရာအတွက် ခက်ခဲနှုန်း ရာခိုင်နှုန်းအနည်းငယ် မြင့်တက်သွားခဲ့သည်။

ထိုသို့ဆိုလျှင်ပင် သူက အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့၏။

“မင်းနဲ့ အချိန်ဖြုန်းမနေတော့ဘူး” သူက ပြောပြီးသည့်နောက်တွင် ဓား၏ စွမ်းအားကို ထုတ်ဖော်လိုက်သည်။

ဝုန်း

ဓား၏ စွမ်းအားက ကြောက်မက်ဖွယ် ပေါက်ကွဲမှုတစ်ခုကို ထုတ်ဖော်လာပြီး ဟို့ဖုန်းဟွမ်၏ ပတ်ဝန်းကျင်တစ်ခုလုံးကို လှိုင်းများ ထသွားစေသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဖုန်များ လွင့်စင်သွားပြီး သူမ၏ အနေအထား ထွက်ပေါ်လာ၏။

ဟို့ဖုန်းဟွမ်က ရှေ့တွင် အသုံးအဆောင်ပစ္စည်း ၃ခု ဝန်းရံလျက်ရှိနေပြီး အလယ်တွင် ၉ခု ရှိကာ အနောက်တွင် ၅ခု ရှိလေသည်။

ထာဝရဧကရာဇ်အသုံးအဆောင် ၃ခု၊ ပြိုင်ဘက်ကင်း ပင်ကိုအသုံးအဆောင် ၉ခုနဲ့ သွေးမျိုးဆက် အသုံးအဆောင် ၅ခုပဲ…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သုံးသပ်လိုက်ပြီး ရှေးဟောင်းမျိုးနွယ်၏ ချမ်းသာမှုနှင့် နောက်ခံကို အားကျမိသွားသည်။

ယခုကမ္ဘာတွင်လူများစွာက တာအိုအခွင့်အလမ်းဂိုဏ်းတွင် ထာဝရဧကရာဇ်လက်နက် အများဆုံးရှိလိမ့်မည်ဟု ယုံကြည်ထားကြ၏။ သို့သော် ထိုသို့ဟုတ်ဟန်မပေါ်ပေ။ ထိုဂုဏ်ပုဒ်က ရှေးဟောင်းမျိုးနွယ်ဆီ ပေးအပ်သင့်၏။

သူတို့ရဲ့ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်တဲ့ သမိုင်းကြောင်းအရ အဓိပ္ပာယ်တော့ရှိသား…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သုံးသပ်လိုက်သည်။ ရှေးဟောင်းမျိုးနွယ်က ဟော်သဲ့-ပင်ကိုစစ်ပွဲကို အနိုင်ရရှိဖို့ ကမ္ဘာကို ဦးဆောင်ခဲ့သည်။ သူတို့က တစ်ဦးတည်း လုပ်ခဲ့ခြင်းမဟုတ်ခဲ့သော်လည်း ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က ဒိုင်မေးရှင်းအနိမ့်တွင် အကောင်းဆုံးထဲမှ တစ်ယောက်ဖြစ်ခဲ့၏။

ထိုအောင်မြင်မှုမျိုးဖြင့် သူတို့၏ ရှေးဟောင်းမျိုးနွယ်သည် ကုသိုလ်၊ ကံကောင်းမှုနှင့် ကံကြမ္မာအမြောက်အများကြောင့် ထာဝရကြာရှည်အောင် စည်ပင်ပေါကြွယ်ဝသင့်ပေသည်။

ကံဆိုးစွာဖြင့် သူတို့က လောဘကြီးလွန်းပြီး အသင်္ချေအင်ပါယာကမ္ဘာကို ကောင်းကင်အလိုဆန္ဒ လယ်ကွင်းအဖြစ် ပြောင်းလဲလိုခဲ့ကြပြီး မျိုးဆက်တိုင်းရှိ ဧကရာဇ်များကို သူတို့မျိုးနွယ်မှသာ ဖြစ်စေချင်ခဲ့ကြသည်။

သူတို့၏ အပြုအမူက ကောင်းကင်တာအို၏ အောက်ခြေမျဉ်းကို ထိတွေ့ပြီး ဆက်ဆံရေးကို ပျက်သုဉ်းစေခဲ့သည်။ ထို့ကြောင့် သူတို့က ခေတ်ကာလ၏ စိတ်ဝိညာဉ်ကို ဆုံးရှုံးပြီး ကုသိုလ်နှင့် ကံကြမ္မာအများစုကိုလည်း ဆုံးရှုံးလိုက်ရသည်။

တကယ်တော့ ချီယွမ်က ရှေးဟောင်းမျိုးနွယ်အတွက် သူတို့၏ စိတ်သဘောထားနှင့် အတွေးအခေါ်များကို ပြင်ဆင်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်ခဲ့သည်။ သူတို့သာ ချီယွမ်၏ စကားကို နားထောင်ပြီး ကောင်းကင်တာအို၏ မျှခြေကို ဂရုစိုက်ခဲ့ပါက သူတို့အဆင်ပြေလိမ့်မည်။

ပို၍ကောင်းသည်က သူတို့သာ သူ့ကို မျိုးနွယ်မှ မောင်းမထုတ်ဘဲ ကောင်းမွန်စွာ ကြီးထွားလာခွင့်ပြုပြီး တာအိုကို သက်သေပြခွင့်ပြုခဲ့ပါက သူသည် သူတို့မျိုးနွယ်ကို ပိုမိုမြင့်မားသည့် အနေအထားသို့ ဦးဆောင်ခေါ်သွားလိမ့်မည်။ ချီယွမ်၏ တည်ရှိမှုက ရှေးဟောင်းမျိုးနွယ် ကံကြမ္မာနောက်ဆုံးသဏ္ဌာန်ပြမှု ဖြစ်ခဲ့၏။

ကံဆိုးစွာဖြင့် သူတို့က ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည်။

ချီယွမ် အရွယ်ရောက်လာပြီးသည့်နောက်တွင် ဂိုဏ်း၏ စမ်းသပ်ချက် ပြယုဂ် ဖြစ်လာခဲ့သည်။ နောက်ပိုင်း သူက သူတို့၏ ကံကြမ္မာနှင့် ကုသိုလ်အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

သူက တာအိုအခွင့်အလမ်းဂိုဏ်းကို တည်ထောင်ခဲ့စဉ် ထိုကုသိုလ်အများစုက သူတို့ဆီ ရောက်ရှိသွားပြီး ဝမ်၊ လီနှင့် ယန်းမျိုးနွယ်ဆီ ရောက်ရှိသွားခဲ့သည်။ ထိုအရာက ထိုမျိုးနွယ်သုံးခုမှ ပြိုင်ဘက်ကင်း ပါရမီရှင်များစွာ ထွက်ပေါ်လာရသည့် အကြောင်းအရင်း ဖြစ်ပေသည်။

ရှေးဟောင်းမျိုးနွယ်က အတိတ်တွင် မည်မျှပင်အားနည်းစေကာမူ သူတို့၏ အခြေခံအုတ်မြစ်က ခိုင်မာနေဆဲ ဖြစ်၏။ သမိုင်းကြောင်းတစ်လျှောက် သူတို့သည် ထာဝရဧကရာဇ်အများစု ရှိခဲ့လေသည်။ အများစုက သေဆုံးသွားကာ ဒိုင်မေးရှင်းအနိမ့်မှ ထွက်သွားဖို့ ဖိအားပေးခံခဲ့ရသော်လည်း ရှေးဟောင်းမျိုးနွယ်တွင် သူတို့ ချန်ထားခဲ့သည့် အသုံးအဆောင်ပစ္စည်းတချို့ရှိနေဆဲ ဖြစ်၏။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အခြေအနေကို မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။

သူမက ဧကရာဇ်အသုံးအဆောင် ပစ္စည်းတွေကို အားဖြည့်ပေးဖို့ ပင်ကိုရတနာတွေကို စတေးနေတာပဲ။ သူမရဲ့ ခုခံမှုက အချိန်အတော်ကြာ ကြာမြင့်လိမ့်မယ်…

သူမက သူ အချိန်ဖြုန်းနေလေလေ အပြောင်းအလဲများ ဖြစ်လာနိုင်ချေများကြောင်း သိထားသည်။ ထို့ကြောင့် သူက အလျင်အမြန် လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်၏။ သူက ဟို့ဖုန်းဟွမ်ကို အဖြူရောင်မီးတောက် လွှမ်းခြုံသွားသည်ကို မြင်လိုက်ရသည်။

သူက တုယီနယ်ပယ်ကို အသုံးပြုကာ သူမ၏ ကုသရေးကို နှောင့်နှေးစေဖို့ လုပ်ဆောင်လိုက်သည်။ သူက ဟို့ဖုန်းဟွမ်၏ အသုံးအဆောင်ပစ္စည်းများကို ဖိနှိပ်ဖို့ပင် ကြိုးစားလိုက်၏။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ထာဝရအသုံးအဆောင် ပစ္စည်းတစ်ခုသာရှိထားပြီး သူ ဝါးမျိုထားသည့် စွမ်းအားအမြောက်အများနှင့် ဧကရာဇ်အသုံးအဆောင်များအပေါ် ပိုမိုကောင်းမွန်သည့် နားလည်နိုင်စွမ်းအရ အရေးသာချက် ရှိလေသည်။

ထို့အပြင် အသုံးအဆောင် ပစ္စည်းတစ်ခုက စည်းပိတ်သည့် စွမ်းရည်မျိုး ရှိထား၏။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အနောက်ပိုင်းကုန်းမြေ၏ မိစ္ဆာအင်အားစုများမှ ငှားယူခဲ့သော ဧကရာဇ်အသုံးအဆောင်ပစ္စည်းများစွာကို ထုတ်ယူလိုက်သည်။ ထိုအရာများကို မိုမျိုးနွယ်၏ စွမ်းအားကို အသုံးပြုခြင်း သို့မဟုတ် သူတို့နှင့် အပေးအယူလုပ်ခြင်းဖြင့် ရယူထားခြင်း ဖြစ်သည်။

ထိုစည်းမျဉ်းက အသုံးအဆောင်ပစ္စည်း ၃ခုသာ အသုံးပြုနိုင်သည်ဟု ဆိုသော်လည်း နောက်ခံမြင့်မားသည့်သူများကမူ ထိုစည်းမျဉ်းကို အခွင့်ကောင်းယူဖို့ နည်းလမ်းများ ရှိနေကြသည်။ နမူနာအနေဖြင့် ထိုစည်းမျဉ်းသည် ပင်ကိုအသုံးအဆောင်ပစ္စည်း သို့မဟုတ် ဟွင်သွမ်း အသုံးအဆောင်ပစ္စည်းများအပေါ် ကန့်သတ်ချက် မရှိပေ။

ဒုတိယအနေဖြင့် စည်းမျဉ်းက လူတစ်ယောက်သည် အသုံးအဆောင်ပစ္စည်း ၃ခုကိုသာ တစ်ပြိုင်နက် အသုံးပြုနိုင်ကြောင်း ဖော်ပြထားသော်လည်း တစ်စုံတစ်ယောက်က များများစားစား ယူလာပြီး သိုလှောင်လက်စွပ်အတွင်း သိမ်းမထားနိုင်ကြောင်း မပြောခဲ့ဖူးပေ။

အသုံးအဆောင်ပစ္စည်းများစွာဖြင့် ကျင့်ကြံသူသည် ရွေးချယ်စရာများစွာ ရှိလာလိမ့်မည်။ ထာဝရအသုံးအဆောင် ပစ္စည်းများက သီးသန့်တာအိုရှိပြီး မတူညီသည့် အခြေအနေမျိုးအတွက် အသုံးဝင်လေသည်။

ဒီဟာကွက်က တိထျန်းနှင့် ဝမ်ဝေ့တို့လိုမျိုး ချမ်းသာကြွယ်ဝသည့်သူများအတွက် အတော်လေး အကျိုးကျေးဇူး ရှိ၏။

ဂျွတ်

စက္ကန့်ပိုင်းအတွင်း ဟို့ဖုန်းဟွမ်၏ ဒိုင်းကာအထက် အက်ကြောင်းများ ပေါ်ထွက်လာသည်။ သူမက ပင်ကိုအသုံးအဆောင်ပစ္စည်းများမှ စွမ်းအားများကို လှုံ့ဆော်ပြီး စတေးဖို့ ကြိုးစားလိုက်သည်။ သူမက ဆက်တိုက်ဆိုသလို ကုစားနေ၏။

ကံဆိုးစွာဖြင့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူမကို မြန်မြန် သုတ်သင်ပစ်လိုသည်။ ထို့ကြောင့် သူက တပ်ဖွဲ့ကို ဆင့်ခေါ်ပြီး သူ့အသုံးအဆောင် လက်နက်၏ စွမ်းအားကို မြှင့်တင်ဖို့ စည်းပိတ်ရေးအစီအရင်အဖြစ် အသုံးပြုခဲ့သည်။

ထို့ကြောင့် မိနစ်ပိုင်းလေးအတွင်း ဟို့ဖုန်းဟွမ်၏ ဒိုင်းကာက ပျက်စီးသွားလေသည်။

ထို့နောက် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ဓားက သတ်ဖြတ်ဖို့ရာအတွက် ဝင်ရောက်လာသည်။

ဝုန်း

အလယ်ပိုင်းတစ်လျှောက် ကြောက်မက်ဖွယ် တုန်ခါလှိုင်းတစ်ခု ပဲ့တင်ထွက်လာ၏။ သို့သော် တစ်စုံတစ်ယောက်က သူမရှေ့တွင် ရပ်နေသည့်အတွက် ဟို့ဖုန်းဟွမ်က အကောင်းအတိုင်း ကျန်ရှိနေဆဲ ဖြစ်သည်။

All Chapters