အခန်း (၇၉၂) : ဝင်ရောက်စွက်ဖက်မှု
Vol. 57 Ch. 792
ဘန်း
ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က ဟို့ဖုန်းဟွမ်အား ထိမှန်သွားသည့် တိုက်ကွက်နောက်ကွယ်မှ အံ့မခန်းစွမ်းအားကို ကြည့်နေလိုက်သည်။ သို့သော်လည်း သိပ်မကြာခင် သူက မျက်မှောင်ကြုတ်လိုက်၏။ သူက သူမရှေ့တွင် တစ်စုံတစ်ယောက် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည့်အတွက် အာရုံစိုက်ထားလိုက်သည်။
သူက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်စဉ် အဖြစ်အပျက်ကို နားမလည်နိုင်တော့ပေ။ ပြောရလျှင် သူက လက်ခံဖို့ ငြင်းဆန်နေ၏။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့အသိဉာဏ်၊ ဉာဏ်ပညာနှင့် အတွေ့အကြုံအားလုံးကို အသုံးချ၍ ဤအခြေအနေကို သုံးသပ်ဖို့ အချိန်ခဏယူလိုက်ရသည်။ ထို့နောက် သူက ဒေါသထွက်လာ၏။
သူ့အရှိန်အဝါက ထွက်ပေါ်လာကာ ပတ်ဝန်းကျင် အာကာပြင်ကိုပင် တွန့်လိမ်သွားစေသည်။ အလယ်ပိုင်း နေရာတစ်ခုလုံးက ခေတ္တမျှ နီရဲသွား၏။
“ကျစ်” သူက အော်ပြောလိုက်ပြီး သူ့အသံက ဖျက်ဆီးခြင်းလမ်းစဉ်ကို လျှောက်လှမ်းတော့မည့် ဒေါသကြီးသည့် နတ်ဘုရားတစ်ပါးအလား ဖြစ်လာ၏။ ထို့နောက် သူက ဟို့ဖုန်းဟွမ်ကို ပြင်းထန်စွာ ထပ်မံ တိုက်ခိုက်လာသည်။
ယခင် စက္ကန့်ပိုင်းလေးအတွင်း
ဟို့ဖုန်းဟွမ်က သူမ ဒိုင်းကာ အက်ကွဲသွားသည်ကို ကြည့်နေရင်း ထိုကြောက်မက်ဖွယ် ကောင်းသည့် ဓားကြီးက သူမဆီ ချဉ်းကပ်လာသည်ကိုသာ ကြည့်နေလာသည်။ သူမ၏ စိတ်စွမ်းအားဖြင့် သေခြင်းတရားအပေါ် ထိတ်လန့်မှုကို ဖယ်ရှားပြီး စိတ်ငြိမ်ငြိမ်နေဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သေခြင်းတရား နီးကပ်လာပြီဖြစ်ကြောင်း သိလိုက်ပြီး သူမအနေဖြင့် ဘာမှတတ်နိုင်သည့်အရာ မရှိပေ။ ခဏအကြာတွင် သူမဘဝ၏ မှတ်ဉာဏ်များက စိတ်ထဲ ပြန်လည်မြင်ယောင်လာသည်။ သူမ ၃နှစ်ကလေးအရွယ်ကတည်းက ရှေးဟောင်းမျိုးနွယ်၏ ဂုဏ်ကျက်သရေကြီးမားခဲ့သည့် အတိတ်အကြောင်းကို သင်ယူခဲ့ရသည်။
သူတို့ ဟို့မျိုးနွယ်၏ ဘိုးဘေးက လူသားများ မသိတတ်ဘဲ နေခဲ့စဉ်ခေတ်ကာလပင် ထူးချွန်ပြောင်မြောက်သည့် လူတစ်ယောက် ဖြစ်ခဲ့သည်။ သူက အစားအစာ အစိမ်းစားသည့် ခေတ်ကာလမှ လူသားအားလုံးကို ခေါ်ဆောင်ပြီး မီးကို ဖန်တီးပေးခဲ့သည်။ သူတို့က ဆောင်းရာသီတွင် နွေးထွေးနိုင်သလို အသက်များစွာ ကယ်တင်ပေးနိုင်ခဲ့၏။
ဤအောင်မြင်မှုဖြင့် ထိုသူသည် ကုသိုလ် အမြောက်အများရရှိခဲ့ပြီး မျိုးဆက်များဆီ ဖြန့်ဝေနိုင်ခဲ့သည်။ ထို့နောက် သူမ၏ ဘိုးဘေးက မီးဟု အဓိပ္ပာယ်ရသည့် ဟို့နာမည်ကို မျိုးရိုးအဖြစ် ယူခဲ့သည်။
ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က ဧကရာဇ်ခေတ်သစ်ကို ဖွင့်လှစ်ပြီးသည့်နောက်တွင် သူတို့ဟို့မျိုးနွယ်က မြင့်တက်ဖို့ အခွင့်အရေးယူခဲ့၏။ သူတို့က မိသားစုအတွက် ဇာမဏီသွေးမျိုးဆက်ကို အသုံးပြုခဲ့သည်။ ဇာမဏီက မီးဓာတ်သွေးမျိုးဆက်၏ အထွတ်အထိပ်ကို ကိုယ်စားပြုလေ၏။
ဟို့ဖုန်းဟွမ်က မှတ်ဉာဏ်များစွာကို မြင်လိုက်ရသည်။ သို့သော်လည်း သူမက ထိုဖြစ်ရပ်ကို အလျင်အမြန် ဖိနှိပ်ထားလိုက်၏။ သူမက နောက်ဆုံး အခိုက်အတန့်မတိုင်ခင် လက်မလျှော့လိုပေ။
သူမက ဦးနှောက်ထဲ ဤထိပ်တိုက်တွေ့ဆုံမှုမှ အသက်ရှင်သန်နိုင်မည့် နည်းလမ်းကို စဉ်းစားနေ၏။ သူမက သေဆုံးတော့မည့်ဆဲဆဲတွင် သူမစိတ်ထဲ တစ်စုံတစ်ခု ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။ ထိုအရာက ထူးချွန်ပြောင်မြောက်သည့် ကျင့်စဉ်တစ်ခုဖြစ်ပြီး သူမ ယခင်က တွေးခဲ့ဖူးသည့် အရာများနှင့် မတူပေ။
ဝုန်း
တိုက်ကွက်က ရောက်ရှိလာသော်လည်း ဟို့ဖုန်းဟွမ်က အကောင်းအတိုင်း ကျန်ရှိနေသေး၏။ အကြောင်းမှာ တစ်စုံတစ်ယောက်က သူမရှေ့တွင် ပေါ်ထွက်လာ၍ ဖြစ်သည်။ ထိုသူက အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် နောက်ထပ် သူမ တစ်ယောက် ဖြစ်သည်။
အဖြူရောင်ဝတ်စုံနှင့် ဟို့ဖုန်းဟွမ်က ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်၏ တာအိုလက်နက်နှင့်ပင် ယှဉ်နိုင်သည့် အငွေ့အသက်ကို ထုတ်လွှတ်လာသည်။ သူမကပင် ပိုမိုအားကောင်းနေဟန်ပေါ်၏။
ဟို့ဖုန်းဟွမ်က သူမကို ကာကွယ်ပေးလာသည့်သူကို ကြည့်လိုက်သည်။ နောက်ဆုံးသော မိနစ်ပိုင်းလေးတွင် သူမက ကံကောင်းမှုတာအိုနှင့် ယင်ယန်တာအိုကို ပေါင်းစပ်ပြီး နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သည်။
သူမ၏ ကံကောင်းမှုတာအိုက ဖြစ်နိုင်ချေကို ထိန်းချုပ်ဖို့ ခွင့်ပြုပေးထားပြီး ဖြစ်နိုင်ချေကမူ အဆုံးမဲ့အနာဂတ်နှင့် အဆုံးမဲ့ဖြစ်နိုင်ချေတို့ကို ကိုယ်စားပြု၏။ ဟို့ဖုန်းဟွမ်က ဤတိုက်ကွက်ကို တားဆီးပြီး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို သတ်နိုင်မည့် စွမ်းအားရလာဖို့ ဖြစ်နိုင်ချေကို မည်သို့ လုပ်ဆောင်နိုင်လဲဟု မေးခဲ့၏။
အဖြေကမူ နဝမအဆုံးစွန်အုတ်မြစ်နှင့် အဆင့် ၅ တာအိုဘိုးဘေးအဆင့် ရရှိဖို့ ဖြစ်သည်။
ထို့နောက် သူမက ယင်ယန်တာအိုကို အသုံးပြုကာ အမှန်(အစစ်အမှန်)နှင့် အမှား(အတုအယောင်)ကို ထိန်းချုပ်လိုက်ပြီး သူမက နဝမအဆုံးစွန်အုတ်မြစ် ရှိထားသည့် သူမ၏ အတုအယောင်ပုံစံကို ဖန်တီးခဲ့သည်။ ထို့နောက် သူမက အမှားကို အမှန်ပြောင်းကာ သူမ ဖန်တီးလိုက်သည့် အတုအယောင်ပုံစံကို ဖြစ်တည်စေခဲ့သည်။
အဖြူရောင်ဝတ်ရုံနှင့် ဟို့ဖုန်းဟွမ်က ပေါ်ထွက်လာလေ၏။
ဟို့ဖုန်းဟွမ်က ဒေါသထွက်နေသည့် မိုရှင်းယွင် ဒုတိယအကြိမ်မြောက် တိုက်ခိုက်လာသည်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ် ထင်ထားသည့်အတိုင်း သူမ၏ တခြားကိုယ်က လက်ကိုဝှေ့လိုက်ပြီး ထိုဓားချက်ကို အသာအယာ တားဆီးခဲ့သည်။
“ထွက်လာခဲ့” ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အရူးတစ်ယောက်လိုမျိုး အော်ဟစ်နေသည်။
ကံဆိုးစွာဖြင့် မည်သူကမှ ပြန်မဖြေပေ။ ဟို့ဖုန်းဟွမ်ကလည်း သူ ဘယ်သူ့ကို ပြောနေတာလဲဟု နားမလည်နိုင်ဖြစ်နေမိ၏။
“ဝမ်ဝေ့ … မင်း ရောက်နေတာ သိတယ်။ ထွက်ခဲ့”
ယခုတိုင် အဖြေမရသေးပေ။
“ငါက တုံးအတယ်များ ထင်နေလား။ သူမက နဝမအဆုံးစွန်အုတ်မြစ်ရဲ့ အုတ်မြစ်အကြောင်း သေချာမသိထားပဲနဲ့ ဒီလိုနည်းစနစ်မျိုးကို ဖန်တီးနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ သူမ ဖန်တီးနိုင်တယ်ဆိုရင်လည်း အဆင့် ၅ စွမ်းအားကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ဆုံး ပြီးတော့ မင်းတို့နှစ်ယောက်ကြားမှာ ကံကြိုးမျှင် ဆက်နွယ်နေတာကို သိထားတယ်။ ငါ့ဆီကနေ ဒီလိုအရာမျိုးကို ဝှက်ထားလို့ရမယ်များ ထင်နေလား” ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်” ပတ်ဝန်းကျင်တွင် အသံတစ်သံ ပဲ့တင်ထွက်လာ၏။
“ခင်ဗျားတို့လိုမျိုး အနေအထားရောက်သွားတဲ့သူကို ဘယ်တုန်းကမှ လျှော့မတွက်သင့်ဘူး။”
“နောက်ဆုံးတော့ ထွက်ပေါ်လာပြီးတော့ နောက်ကွယ်မှာ ရုပ်သေးဆရာ မလုပ်ပဲ ရပ်တန့်လိုက်တော့မယ်ပေါ့” ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ပြောလိုက်၏။
“ထွက်လာမှာတဲ့လား။ ခင်ဗျားက ကျုပ် ပြိုင်ဘက်မဟုတ်သေးဘူး” ကြီးကျယ်မြင့်မြတ်သည့် အသံတစ်သံက ပြောလာသည်။ ထို့နောက် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက မိုရှင်းယွင်ရှေ့တွင် ထွက်ပေါ်လာ၏။
“ဝမ်ကျူလား” ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က မာနထိခိုက်သည့်အလား မေးလိုက်သည်။
“သူမက ငါ့ကို ဖြေရှင်းဖို့ လုံလောက်တယ်လို့များ ထင်နေလား” သူက အံကြိတ်ကာ မေးလိုက်၏။
“ဒီတိုက်ပွဲမှာ ကျုပ်အတွက် တကယ့်အစစ်အမှန်ပြိုင်ဘက်နဲ့ အပြောင်းအလဲဆိုတာ တစ်ယောက်ထဲပဲ ရှိတယ်။ ဒါပေမဲ့ ခင်ဗျားတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ ခင်ဗျားက အပျော့စားလေးပါပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။
“ဟား…ဟား…ဟား…” ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က ရယ်မောလိုက်သည်။ သူ့အသံကမူ တည်ငြိမ်သော်လည်း ရူးသွပ်နေဟန်ပေါ်သည်။ အမြင်ကောင်းသည့်သူတိုင်းက သူ ဖိနှိပ်ဖို့ ကြိုးစားနေရသည့်ဒေါသကို ခံစားမိနေ၏။
“ဒီလိုမျိုး နှစ်သန်းချီအတွင်းမှာ သေဆုံးရမဲ့ နှပ်ချေးတွဲလဲ ကောင်စုတ်လေးဆီကနေ အထင်သေးခံရတယ်ဆိုတာ မယုံနိုင်သေးဘူး”
သူက အရှိန်အဝါကို ချုပ်ထိန်းထားပြီး ဝမ်ကျူကို စိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းမှ သတ်ဖြတ်ငွေ့သည် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ဂလက်ဆီကိုပင် သက်ရောက်မှု ရှိလာစေသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ဓားကို လှုပ်ရှားလိုက်၏။
သို့သော်လည်း ဝမ်ကျူက တည်တည်ငြိမ်ငြိမ် ကျန်ရှိနေသေးပြီး တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားပြီး သူမကို အမိန့်ပေးထားသည့်အတိုင်း တစ်ဖက်လူကို သုတ်သင်ပစ်ဖို့ ပြင်ထားသည်။
ထိုစဉ် ဟို့ဖုန်းဟွမ်၏ အတွေးများက ယောက်ယက်ခတ်နေပြီး အဖြူရောင် ဝတ်စုံနှင့် သူမ ပျောက်ကွယ်သွားသည်ကိုပင် သတိမပြုမိခဲ့ပေ။ သူမက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို စမ်းသပ်ဖို့အတွက် နယ်ရုပ်အဖြစ် အသုံးချခံရလိမ့်မည်မှန်း ထင်မထားမိခဲ့ပေ။
သူမက ထိုအချက်ကြောင့် ဒေါသထွက်မိသလို ဤထိပ်တိုက်တွေ့ဆုံမှုတွင် အသက်ရှင်သန်ခဲ့သည့်အတွက် ပျော်ရွှင်နေမိသည်။ သူမ၏ စိတ်အခြေအနေက ထိုအစွန်းနှစ်ဖက်ကြားမှာ ထပ်ခါထပ်ခါ ပြောင်းလဲနေလေ၏။
နောက်ဆုံးတော့ ဒါက ငါ့ရဲ့ အင်အား မလုံလောက်မှုနဲ့ နည်းဗျူဟာ အမြင်မရှိလို့ ဖြစ်ရတာပဲ…
သူမက သုံးသပ်လိုက်သည်။ သူမက ဝမ်ဝေ့ သို့မဟုတ် မည်သူ့ကိုမှ အပြစ်တင်ခြင်း မရှိပေ။ ထိုအစား သူမက ဤအခိုက်အတန့်ကို အခွင့်အရေးအဖြစ် မှတ်ယူကာ ကြီးထွားဖို့ သင်ယူရန် ဆုံးဖြတ်ခဲ့သည်။
နောက်ဆုံးတွင် ဟို့ဖုန်းဟွမ်က သူ့နားတွင် ပေါ်ထွက်လာသည့် ရုပ်ချောချော အနီရောင် ဆံပင်အမျိုးသားကို ကြည့်လိုက်သည်။
“ရှင်က ဘာလိုချင်တာလဲ”
“မင်းနဲ့ စကားပြောဖို့ လိုတယ်။ ပြီးတော့ ငါ့အစ်ကိုကြီးက မင်းနဲ့တွေ့ချင်နေတယ်” လီကျွင်းက ပြောလိုက်သည်။
ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက် ခေါင်းညိတ်လိုက်သည်။
“တကယ်လို့ မင်း စိတ်ထဲ မထားရင် မင်းခန္ဓာကိုယ်ထဲက တုယီနယ်ပယ်ကို ဖယ်ရှားပေးလိုက်ရမလား” သူက ဆက်ပြောလိုက်၏။
“မလိုဘူး” ဟို့ဖုန်းဟွမ်က ပြန်ပြောလိုက်ပြီးသည့်နောက်တွင် အဖြူရောင်မီးတောက်တစ်ခုက သူမကို လွှမ်းခြုံသွားပြီး အရာအားလုံးကို လောင်ကျွမ်းပစ်စေခဲ့သည်။ သူမက နောက်ထပ် နိဗာနတစ်ခုကို ဖြတ်ကျော်ခဲ့ပြီး ပျောက်ဆုံးနေသည့် အောက်ပိုင်းခန္ဓာကို ပြန်လည်ကောင်းမွန်စေခဲ့သည်။
သို့သော်လည်း သူမ၏ အမူအရာက ဖြူဖျော့နေသည့်အတွက် ထိုဖြစ်စဉ်က ထင်ရသလောက် မလွယ်ကူကြောင်း ပြသနေသည်။
“ဘာအကြောင်း ပြောချင်တာလဲ” သူမက မေးလိုက်သည်။
“သတ်ဖြတ်ရေးတာအို နားလည်စွမ်းကို ဖလှယ်ချင်တယ်” လီကျွင်းက ပြောလိုက်၏။ ဝမ်ဝေ့၏ အကူအညီဖြင့် သူက တိုက်ပွဲအများစုကို မြင်တွေ့ခဲ့ရသောကြောင့် သူတို့၏ တာအိုကွဲပြားမှုကို မြင်တွေ့ခဲ့ရသည်။
သူ့သတ်ဖြတ်ရေး တာအိုက အရေအတွက်အများအပြားကို သတ်ဖို့ အလေးထားသည့် နည်းလမ်းမျိုးကို အာရုံစိုက်ထားသည့်အတွက် သူက ရောဂါ၊ အဆိပ်နှင့် စိတ်ကျန်းမာရေးကဲ့သို့သော အရာမျိုးကို ထိန်းချုပ်နိုင်သည်။
ထိုစဉ် ဟို့ဖုန်းဟွမ်၏ သတ်ဖြတ်ရေးတာအိုက တစ်ဦးချင်းစီ သတ်ဖြတ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကို အလေးထားလေ၏။ သူမက သူ့သတ်ဖြတ်ရေး နည်းလမ်းများ မရှိသလို အရေအတွက် အများအပြားကို ဖျက်ဆီးရစဉ်အခါတွင်လည်း အားနည်းခြင်း မရှိသော်လည်း တစ်ယောက်ချင်းစီ ရင်ဆိုင်ရသည့်အခါ သူက သူမ၏ စွမ်းဆောင်ရည်ထက် အနည်းငယ် မှေးမှိန်နေလေ၏။
အဓိကကွဲပြားချက်က သူတို့၏ သတ်ဖြတ်ရေးတာအိုအရ လီကျွင်းသည် ထိုတာအို၏ စစ်ပွဲခန္ဓာကို အလေးထားစဉ် ဟို့ဖုန်းဟွမ်ကမူ သတ်ဖြတ်ရေးကဏ္ဍကို အလေးထားခဲ့သည်။
သူမက ခေတ္တမျှ တွေးတောပြီးသည့်နောက်တွင် သဘောတူလိုက်၏။
ဟို့ဖုန်းဟွမ်က ထိုအရာသည် အခွင့်အရေးတစ်ခု ဖြစ်မည်မှန်း သဘောပေါက်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက ယခုရှုံးနိမ့်သွားသည့် ဘုရင် ဖြစ်သည့်အတွက် သူမ၏ ဧကရာဇ်လမ်းစဉ်က အဆုံးသတ်သွားလေပြီ။
ထို့ကြောင့် ဤအခြေအနေမှ အကျိုးအမြတ်ရယူဖို့က အကောင်းဆုံး ဖြစ်၏။
လီကျွင်းက သူမနှင့် တာအိုနားလည်နိုင်စွမ်းအကြောင်း ဖလှယ်ရင်း အရှေ့ဘက်ပိုင်းဆီ ခေါ်ဆောင်သွားခဲ့သည်။ သူက ချက်ချင်းဆိုသလို ကူးသန်းပြောင်းရွှေ့ခြင်း မရှိသလို မြန်ဆန်လွန်းသည့် အရှိန်ဖြင့်လည်း ပျံသန်းသွားခြင်း မရှိပဲ သူတို့နားလည်နိုင်စွမ်း ဖလှယ်မှုအတွက် အချိန်ယူခဲ့သည်။
…………………………
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အရှိန်အဝါ ထုတ်လွှတ်ထားသည့် ဝမ်ကျူကို ကြည့်လိုက်သည်။ သူက အနည်းငယ် ထူးထူးဆန်းဆန်း ရင်းနှီးနေသလို ခံစားနေရ၏။ ထို့နောက် သူက တစ်စုံတစ်ခုကို မှတ်မိသွား၍ မျက်မှောင်ကြုတ်လိုက်သည်။
ဒိုင်မေးရှင်းအမြင့်ဆီ မောင်းထုတ်ခံခဲ့ရစဉ်အတွင်း တာအိုအခွင့်အလမ်းဂိုဏ်းမှ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး သူတို့မျက်နှာကို မဖော်သည့် ထူးထူးဆန်းဆန်း လူတစ်ယောက် ပါရှိခဲ့သည်။ ထိုသူကို အရိပ်(၁)ဟု ခေါ်ဆိုကြောင်း အမှတ်ရလိုက်၏။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ထိုဆန့်ကျင်ကျင့်ကြံသူသည် လှည့်ဖျားတတ်ပြီး သူ့ကို အကြိမ်ဒါဇင်ချီ ထိုးနှက်ခဲ့ကြောင်း အမှတ်ရလိုက်သည်။ သူက ထိုလူကို သတ်ပစ်ဖို့ ကြိုးစားသည့်အချိန်တိုင်း သူက ထွက်ပြေးသွားခြင်း သို့မဟုတ် ထူးထူးဆန်းဆန်း လိပ်ခွံရှိသည့် နောက်ထပ် ဆန့်ကျင်ကျင့်ကြံသူတစ်ယောက်က သူ့ကို ကာကွယ်ပေးခြင်းမျိုး ကြုံရလေ့ရှိသည်။
သူမရဲ့ အရှိန်အဝါက အဲဒီလူနဲ့ တူနေတာပဲ…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သုံးသပ်လိုက်သည်။ သူ့စိတ်ထဲ ယခင်ထက် မြန်ဆန်စွာ တွက်ချက်ကြည့်ပြီး ပဟေဠိအပိုင်းအစများကို ဆက်နေသည်။
ဧကရာဇ်တစ်ယောက်က သူတို့ရဲ့စွမ်းအားကို လူတစ်ယောက်ဆီမှာ ကောင်းချီးပေးထားနိုင်တဲ့ ဆန့်ကျင် ကျင့်စဉ်တစ်ခု…
အဲဒီကျင့်စဉ်က အရိပ်သဘာဝ ရှိတယ်ဆိုတော့ အရိပ်အုပ်ချုပ်သူရဲ့ လက်ချက်ပဲ ဖြစ်ရမယ်…
သူက သူမသည် အဘယ်ကြောင့် အားကောင်းနေမှန်း နားလည်သွားလေ၏။ ဝမ်ဝေ့က ထိုကျင့်စဉ်ဖြင့် သူမကို သူ့အဆင့် ၅ တာအိုဘိုးဘေးနှင့် ယှဉ်နိုင်ဖို့ရာ စွမ်းအား ဌားပေးထားခြင်းသာ ဖြစ်ရမည်။
သူမကို လွှတ်လိုက်တာက ငါ့ကို အရှက်ခွဲခိုင်းပြီးတော့ တိုက်ပွဲအတွင်းမှာ ငါ့စိတ်အခြေအနေ သက်ရောက်မှုရှိအောင် လုပ်နေတဲ့ပုံပဲ။ ငါက ဒီလိုသိသာတဲ့ လှည့်ကွက်မျိုးမှာ ကျဆင်းသွားမှာ မဟုတ်ဘူး