← Chapters

စကားဝိုင်း

Vol. 57 Ch. 793

စကားဝိုင်း

Vol. 57 Ch. 793

လီကျွင်းနှင့် ဟို့ဖုန်းဟွမ်တို့က အံ့ဖွယ်အသိစိတ်မှတဆင့် တာအိုနားလည်စွမ်းကို ဖလှယ်ခဲ့ကြသည်။ ထိုဖြစ်စဉ်အတွင်း နှစ်ဦးသားက အကျိုးအမြတ် အမြောက်အများ ရရှိခဲ့ကြ၏။

ဟို့ဖုန်းဟွမ်က သူမ၏ သတ်ဖြတ်ရေး နည်းလမ်းအပေါ် ကဏ္ဍမျိုးစုံကို ချဲ့ထွင်ဖို့ သင်ယူခဲ့ရသည်။ လီကျွင်းကမူ တစ်ဦးချင်းစီ ရင်ဆိုင်ရာ၌ အဖျက်စွမ်းအား ပိုရှိစေဖို့ သတ်ဖြတ်ရေး နည်းလမ်းများကို အလေးထားဖို့ သင်ယူခဲ့ရသည်။

သူတို့စကားပြောပြီးသည့်နောက် အရှေ့ဘက်ပိုင်းသို့ ရောက်ရှိလာ၏။

ဝမ်ဝေ့က တိုက်ပွဲစတင်ကတည်းက ကြည့်နေသည့် ကျက်တီးဂြိုလ်ပေါ်တွင် စောင့်ဆိုင်းနေသည်။

“အခု ကိစ္စအတွက် ကျေးဇူးတင်ပါတယ်” လီကျွင်းက ပြောလိုက်သည်။ “ငါ အကျိုးအမြတ် အများကြီး ရလိုက်တယ်”

ဟို့ဖုန်းဟွမ်က သူ့တောင်းဆိုချက်ကို လက်ခံမည်ဟု မတွေးခဲ့ဖူးပေ။ သူက ကြုံရာမေးလိုက်ခြင်းဖြစ်ပြီး အငြင်းခံရဖို့အထိ ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူမက သဘောတူရုံသာမက ပူးပေါင်းမှုလည်း ရှိ၏။

“ကိစ္စမရှိပါဘူး” ဟို့ဖုန်းဟွမ်က ပြန်ဖြေလိုက်သည်။ သူမ၏ ရှုံးနိမ့်မှုကို လက်ခံပြီးသည့်နောက်တွင် စိတ်အခြေအနေက ပြောင်းလဲသွားပြီး ပိုမို ငြိမ်းအေးလာ၏။ ဤသို့သော စိတ်အခြေအနေမျိုးက လီကျွင်း၏ တောင်းဆိုချက်ကို လက်ခံသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။

ယခု သူမက ဤအချိန်တိုလေးအတွင်း အကျိုးအမြတ် မြောက်များစွာ ရရှိလိုက်သည့်အတွက် မှန်ကန်သည့် ရွေးချယ်မှုကို ပြုလုပ်ခဲ့မှန်း သိလိုက်သည်။

လီကျွင်းက ခေါင်းညိတ်လိုက်၏။ သူက တစ်ဦးနှင့်တစ်ဦး မကြာခဏ ဆွေးနွေးသင်ယူဖို့ ပြောချင်သော်လည်း ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် နောက်တစ်မျိုးကိုသာ ဆုံးဖြတ်လိုက်သည်။

ဟို့ဖုန်းဟွမ်က ဤတိုက်ပွဲမြေပြင်မှ ထွက်သွားပြီးသည့်နောက်တွင် ယွမ်ထီ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူမက သူ့လို သေမျိုးတစ်ယောက်နှင့် ဆွေးနွေးစရာရှိမည် မဟုတ်ပေ။ သူကလည်း မဟာဧကရာဇ် ဖြစ်လာမည့်အကြောင်း မထုတ်ဖော်နိုင်သည့်အတွက် မတောင်းဆိုဖို့ရာသာ ရွေးချယ်လိုက်သည်

ဝမ်ဝေ့က သူတို့နှစ်ဦး စကားဆုံးသည်အထိ စောင့်ဆိုင်းနေသည်။ ထို့နောက် သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အစိမ်းရောင်ကုဗတုံးတစ်ခုက လီကျွင်းကို လွှမ်းခြုံသွားပြီး သူ့ကို အဝေးတစ်နေရာသို့ ပို့ဆောင်လိုက်၏။

ငါ အချိန်စွမ်းအားကို ခံစားမိတယ်…

ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။

သူက လီကျွင်းကို ငါတို့ဖလှယ်ပြောခဲ့တာတွေ အလျင်အမြန် နားလည်စေပြီးတော့ သူ့စွမ်းအားကို တိုးမြှင့်ပေးဖို့ အချိန်ပူဖောင်းထဲမှာ ထည့်လိုက်တာလား…

ဟို့ဖုန်းဟွမ်က သူတို့၏ ဆက်ဆံရေးကို အားကျမိသည့်အတွက် တိတ်တဆိတ်သာ သက်ပြင်းချလိုက်သည်။ ရှေးဟောင်းမျိုးနွယ်တွင် သူမက သူမ၏ ဟို့မျိုးနွယ်ဝင်များကိုပင် မယုံကြည်နိုင်ပေ။ ထို့ကြောင့် အားကောင်းသည့် စစ်သူကြီးတစ်ယောက်ကို လေ့ကျင့်ပေးဖို့ရန်အတွက် မဖြစ်နိုင်ပေ။ ဤသို့ ဂုဏ်ကျက်သရေထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလမျိုးနွယ် ထိပ်သီးကောင်းကင်ရွေးချယ်ခံ တစ်ယောက်နှင့် ယှဉ်ဖို့ရာ ထည့်ပြောဖို့ပင် မလိုတော့ပေ။

နောက်ဆုံးတွင် ဟို့ဖုန်းဟွမ်က ဝမ်ဝေ့ကို အာရုံစိုက်လိုက်သည်။ သူမက ထိုသူသည် စားပွဲငယ်တစ်လုံးကို ဖန်တီးလိုက်ပြီး သူမကို ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။ ထို့ကြောင့် သူမက တည်တည်ငြိမ်ငြိမ်ဖြင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။

“အဖန်ရည် သောက်မလား၊ သေရည် သောက်မလား”

ဟို့ဖုန်းဟွမ်က ခေတ္တမျှ စဉ်းစားလိုက်၏။ သူမက ဧကရာဇ်လမ်းစဉ်ကို အဆုံးသတ်သွားစေသည့် တိုက်ပွဲကို ရှံးနိမ့်ကာစ ဖြစ်သည့်အတွက် သေရည် သောက်သုံးချင်သည့်စိတ် ဖြစ်နေသည်။ ပြောရလျှင် အားပြင်းသည့် အရာမျိုးကို သောက်ချင်၏။ သို့သော်လည်း ဤတွေ့ဆုံမှုက အရေးကြီးကြောင်း ခံစားမိလေသည်။ ထို့ကြောင့် သူမက ပြန်ဖြေလိုက်၏။

“အဖန်ရည်ပဲ ပေးပါ”

ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် အဖန်ရည်အိုးကို ထုတ်ကာ သူမရှေ့တွင် ကျိုချက်လိုက်ပြီး ပြီးပြည့်စုံသည့် အဖန်ရည်တည်ခင်းမှုကို ပြသခဲ့သည်။

“ဒါက ငါ့အကြိုက်ဆုံး လုံကြွယ်အဖန်ရည်လေ” သူက ရှင်းပြလိုက်သည်။

“ဒါကို ကံကြမ္မာကောင်းစွမ်းအား အသုံးပြုပြီးတော့ ကိုယ်တိုင်စိုက်ထားတာ”

သူက တည်တည်ငြိမ်ငြိမ်ဖြင့် သူမကို အဖန်ရည် ဧည့်ခံလိုက်၏။

“ငါတို့မစခင် ငါတို့စကားဝိုင်းကို ပြင်ပလောကက ကြည့်နေတယ်ဆိုတာ သတိပေးချင်တယ်”

ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့သတိပေးချက်၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။

“ကျွန်မ သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“တိုက်ခိုက်ရေးဆိုတာက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ အဆိုးဆုံးနည်းလမ်းဖြစ်ပြီးတော့ နောက်ဆုံးအခြေအနေမှာပဲ အသုံးပြုသင့်တယ်လို့ ထင်တယ်။ အဲဒါကြောင့် မိတ်ဆွေ၊ မဟာမိတ် ဖွဲ့စည်းပြီးတော့ ပြဿနာတစ်ခုခုကို ဖြေရှင်းဖို့ အတူတကွ တွဲလုပ်သင့်တယ်လို့ ထင်တယ်။”

“ရှေးဟောင်းမျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေတာလား”

“အနည်းနဲ့ အများပေါ့။ ငါက မဟာမိတ်ကို သဘောကျတယ်။ ဒါပေမဲ့ ချုပ်နှောင်ရေး မဟုတ်ဘဲနဲ့ သဘောတူညီချက်ဆိုရင်လည်း အဆင်ပြေပါတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။

ဟို့ဖုန်းဟွမ်က အဖန်ရည်တစ်ငုံ သောက်ပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာသည်။ အဖန်ရည်က အရသာရှိလွန်းပြီး နားလည်နိုင်စွမ်း ၁၅ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်သည့် ကောင်းချီးမျိုး ရှိထားသည်။

ထို့အပြင် သူမက ထိုကောင်းချီးသည် အနည်းဆုံး ၃ရက်တာ ကြာရှည်ခံကြောင်း ခံစားမိ၏။

“အဖန်ရည်ကောင်းပဲ” သူမက ချီးကျူးလိုက်သည်။

“ကျေးဇူး”

ဟို့ဖုန်းဟွမ်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးသည့်နောက် ပြောလိုက်သည်။

“ကျွန်မတို့ အင်အားစုနှစ်ခုရဲ့ အရှုပ်အထွေးတွေရှိနေတဲ့ သမိုင်းကြောင်းအရ မဟာမိတ် ဖြစ်လာမယ်လို့ ဘယ်လိုများ ထင်ရတာလဲ”

“ထာဝရရန်သူဆိုတာ မရှိဘူး။ အကျိုးအမြတ်ပဲ ရှိတဲ့ဆိုတဲ့ စကားပုံ ရှိတယ်မလား”

“အကျိုးအမြတ်တဲ့လား” ဟို့ဖုန်းဟွမ်က ရေရွတ်လိုက်သည်။ ကိစ္စများက မရိုးရှင်းပေ။ ရှေးဟောင်းမျိုးနွယ်က မာနကြီးပြီး အငြိုးတရားကို ကိုင်စွဲထားကြသည်။ မျိုးနွယ်အများစုက ချီယွမ်သည် သူတို့မိသားစု အားနည်းလာရသည့် အကြောင်းအရင်းဟု ယုံကြည်ထားကြသည်။ အသင်္ချေအင်ပါယာကမ္ဘာကို အကြွင်းမဲ့အုပ်ချုပ်နိုင်သည့် အိပ်မက်ကို ဖျက်ဆီးပစ်ခဲ့သည်ဟုပင် အပြစ်တင်ကြ၏။ ထို့ကြောင့် သူတို့အား ရန်ကြွေးနှင့် မာနကို ဖယ်ထားပြီး တခြားအင်အားစုများနှင့် အလုပ်တွဲလုပ်ဆောင်ဖို့ ဖျောင်းဖျဖို့ရာ စိန်ခေါ်မှုတစ်ခု ဖြစ်နေလိမ့်မည်။ အထူးသဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းဖြင့် ဖြစ်သည်။

“ရှင် ပြောတဲ့ အကျိုးအမြတ်တွေကို ပြောပါဦး”

ဟို့ဖုန်းဟွမ်က မဟာမိတ်ဖြစ်လာဖို့ မလွယ်ကူမှန်း သိထားသော်လည်း အရင်ဆုံး ကြားချင်မိသေးသည်။ ညှိနှိုင်းဖို့ အခွင့်အလမ်းရှိနေသေး၏။

“ယုံမလား မသိဘူး။ ငါတို့ရဲ့ ရည်မှန်းချက်တွေက အတူတူပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ရှင်က ဘာကို ပြောချင်တာလဲ”

“မင်းလိုမျိုးပဲ။ ငါက အသင်္ချေအင်ပါယာကမ္ဘာကို ဧကရာဇ်အစပိုင်းခေတ်ကာလနဲ့ ယှဉ်နိုင်တဲ့ ပင်ကိုပတ်ဝန်းကျင်လိုမျိုး ပြန်ပြောင်းဖို့ စီစဉ်ထားတာ”

ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် သူမ၏ နှလုံးခုန်နှုန်းက အတော်အတန် မြန်ဆန်လာသည်။ ကံကောင်းစွာဖြင့် သူမက အလျင်အမြန် ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် စိတ်ငြိမ်အောင် ထိန်းလိုက်သည်။

“တကယ် ပြောတာလား”

“ဒါပေါ့”

ဟို့ဖုန်းဟွမ်က သူမ၏ စိတ်ခံစားချက်များကို စက္ကန့်ပိုင်းကြာ မထိန်းချုပ်နိုင်အောင် ဖြစ်သွားလေသည်။ ရှေးဟောင်းမျိုးနွယ်များက အောင်မြင်မှု မရှိဘဲ ထိုအကြောင်းကို ကြံစည်ခဲ့သည်မှာ ခေတ်ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မျိုးနွယ်တစ်ခုလုံးက သူတို့၏ ဂုဏ်ကျက်သရေ၊ ရည်မှန်းချက်နှင့် အိပ်မက်များကို သူမ ပုခုံးပေါ် လွှဲပြောင်းပေးခဲ့သည်။

အရိုးသားဆုံးပြောရလျှင် ဟို့ဖုန်းဟွမ်အနေနှင့် ယွမ်ထီ ဖြစ်လာဖို့ နည်းလမ်းဖြင့်ပင် ယုံကြည်ချက် မရှိပေ။ ယခု တခြားတစ်ယောက်က သူတို့နှင့် အစီအစဉ်တူ ရှိနေကြောင်း ကြားလိုက်ရသည်။

သူမက ဝမ်ဝေ့၏ စွမ်းအားကို သိထားလေ၏။ သူသာ ထာဝရဧကရာဇ် ဖြစ်လာသည်နှင့် အောင်မြင်နိုင်ချေက သူမထက် ပိုမိုမြင့်မားလေသည်။

ဟို့ဖုန်းဟွမ်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူမက ထိုရုတ်ချည်း အပြောင်းအလဲ၏ ဖြစ်လာနိုင်ချေများကို စဉ်းစားကြည့်လိုက်၏။ ရှေးဟောင်းမျိုးနွယ်က ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ယခုအခါ တာအိုအခွင့်အလမ်းဂိုဏ်း၏ အမြင်ကို ထည့်တွက်ပြီး ကွဲပြားသည့် အနေအထားမှ ပြန်လည်ကြည့်ရှုရမည်။

တစ်မိနစ်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူမက ပြောလာသည်။

“ရှင်က ဘယ်လို အလုပ်တွဲလုပ်ချင်တာလဲ”

ဝမ်ဝေ့က ပြုံးလိုက်ပြီးသည့်နောက်တွင် တဲ့တိုးသာ ပြောလိုက်၏။

“ပထမပူးပေါင်းမှုက ကျင့်ကြံရေးနည်းစနစ် ပါဝင်နေတယ်။ ပတ်ဝန်းကျင်ပြောင်းလဲပြီးတဲ့နောက်မှာ ရှေးဟောင်းနည်းစနစ်က ပြန်ပြီးတော့ ရှင်သန်လာလိမ့်မယ်။ အဲဒါက တာအိုအခွင့်အလမ်းဂိုဏ်းအနေနဲ့ ခွင့်မပြုနိုင်တဲ့ ကိစ္စပဲ။ ငါက မူလနည်းစနစ်ကို ပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ပြန်ပြောင်းလဲဖို့ စီစဉ်ထားပြီးသား။

တကယ်လို့ မင်းတို့သာ ငါတို့ရဲ့ မဟာမိတ်ဖြစ်လာမယ်ဆိုရင် ရှေးဟောင်းနည်းစနစ်ကို မဖိနှိပ်ဘူးလို့ ကတိပေးနိုင်တယ်။ တကယ်လို့ ငါတို့ရဲ့ ပူးပေါင်းမှုက နက်နဲမယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုအထိ ခွင့်ပြုပေးနိုင်တယ်”

“ဒါက ဘယ်လိုလုပ် မဟာမိတ် ဖြစ်ရမှာလဲ။ ရှင်က ကျွန်မတို့ကို ခြိမ်းခြောက်နေတာပဲ”

“ဟုတ်တယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။

“ငါတို့ဂိုဏ်းရဲ့ အဓိကကံကောင်းမှုနဲ့ ကံကြမ္မာတွေ ပါဝင်နေတယ်ဆိုတာကို နားလည်သင့်တယ်။ အဲဒါကြောင့် ညှိနှိုင်းခွင့် မရှိဘူး”

ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ခံစားချက် မပြသပေ။ အတိတ်တုန်းက ရှေးဟောင်းမျိုးနွယ်သည် သူတို့၏ ကျင့်ကြံရေးနည်းစနစ်ကို အဖိုးတန်ဆုံးအရာကဲ့သို့ ကာကွယ်ခဲ့ကြသည်။ သို့သော်လည်း နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က စနစ်တစ်ခုလုံး၏ ကံကောင်းမှုကို စုဝေးခြင်းမှ အကျိုးအမြတ်ကို နားလည်လာခဲ့၏။

အကယ်၍ ရှေးဟောင်းမျိုးနွယ်က ခေတ်သစ်ကာလတွင် စည်ပင်ကြွယ်ဝလာပါက သူတို့မျိုးနွယ်သည် အတော်အတန် အကျိုးကျေးဇူးရရှိလိမ့်မည်။

“တခြားရှိသေးလား” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။

“ဒုတိယ ပြဿနာက ပင်ကိုနတ်ဆိုးနတ်ဘုရားတွေ ပါဝင်နေတယ်။ ငါတို့ကမ္ဘာမှာ သူတို့မျိုးနွယ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း သဟဇာတဖြစ်တာကိုပဲ လိုချင်တယ်။ စစ်ပွဲကို မလိုချင်ဘူး”

သိနေတာလား…

ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ ရှေးဟောင်းမျိုးနွယ်၏ အစီအစဉ်တွင် ပင်ကိုနှင့် ဟော်သဲ့သက်ရှိများကြား စစ်ပွဲကို တိတ်တဆိတ် လှုံ့ဆော်ပေးဖို့ ပါဝင်လေသည်။ ထို့နောက် သူတို့က ဟော်သဲ့သက်ရှိများကို အနိုင်ရရှိအောင် ဦးဆောင်ပြီး ကုသိုလ်အမြောက်အများ စုဝေးနိုင်သည်။

တခြားနည်းဖြင့် ပြောရလျှင် သူတို့က ဗလာခေတ်ကာလအပြီး အခြေအနေကို ပြန်လည်ဖန်တီးလိုခြင်း ဖြစ်၏။

ဝမ်ဝေ့က သူမကို ကြည့်လိုက်ပြီးသည့်နောက်တွင် သူမ တွေးသည့်အရာများကို မှန်းဆမိလိုက်သည်။ သူက ရှေးဟောင်းမျိုးနွယ်၏ အစီအစဉ်ကို သိထားလေသည်။ သူ့မှတ်ချက်များက ထိုသူများသည် အတိတ်၏ အရိပ်ထဲသာ ရူးမိုက်စွာ နေနေကြောင်း ပြောဆိုခြင်း ဖြစ်၏။

သူ့မှန်းဆချက်အရ ရှေးဟောင်းမျိုးနွယ်၏ အစီအစဉ်သာ အသင်္ချေအင်ပါယာကမ္ဘာတွင် အောင်မြင်ခဲ့ပါက သူတို့၏ ရည်မှန်းချက်သည် ကျယ်ပြန့်လာမည် ဖြစ်ကာ ပင်ကို-ဟော်သဲ့စစ်ပွဲကို ပြန်လည်ဖန်တီးပြီး ဒိုင်မေးရှင်းအနိမ့်ကို လွှမ်းမိုးသွားလိမ့်မည်။

အဆိုးဆုံးအခြေအနေအရ ရှေးဟောင်းမျိုးနွယ်သည် ဒိုင်မေးရှင်းအနိမ့်ကို သူတို့၏ ကောင်းကင်အလိုဆန္ဒ လယ်ကွင်းအဖြစ် ပြောင်းလဲပစ်လိမ့်မည်။ သူတို့က ပင်ကို-ဟော်သဲ့စစ်ပွဲကို အသုံးချပြီး ကောင်းကင်အလိုဆန္ဒကမ္ဘာ၏ လူမှုအဖွဲ့အစည်းအားလုံးကို ဖျက်ဆီးပစ်ကာ သူတို့၏ အင်အားကိုမူ ထိန်းသိမ်းထားလိမ့်မည်။

ထို့နောက် သူတို့က ထိုကောင်းကင်အလိုဆန္ဒကမ္ဘာများတွင် အဖွဲ့ခွဲများ ဖန်တီးပြီး သူတို့၏ အခြေခံအုတ်မြစ်ကို အသုံးပြုကာ ကောင်းကင်အလိုဆန္ဒများကို တစ်ခုပြီးတစ်ခု အနိုင်ယူပြီး မိစ္ဆာမျိုးနွယ် လုပ်ခဲ့သလိုမျိုး ဒိုင်မေးရှင်းအနိမ့်ကို လွှမ်းမိုးထားလိမ့်မည်။

သူတို့မျိုးနွယ်က ရူးသွပ်သည့် အနေအထားတော့ မရောက်သေးပေ။ လက်ရှိ သူတို့က အသင်္ချေအင်ပါယာကမ္ဘာကိုသာ အာရုံစိုက်ထားလေ၏။ သို့သော်လည်း ဝမ်ဝေ့အနေနှင့် သူတို့အောင်မြင်သွားပါက သူတို့၏ နောက်ခြေလှမ်းကို ခန့်မှန်းမိလေသည်။

အကယ်၍ သူတို့သာ ထိုအဆင့် ရောက်ရှိသွားပါက သူတို့၏ ကံကြမ္မာသည် ပျက်သုဉ်းခြင်းသာ ဖြစ်သွားလိမ့်မည်။

အချိန်က ပြောင်းလဲနေပြီး ပင်ကိုသက်ရှိများ ပေါ်ထွက်လာမှုက ကိစ္စကြီးကြီးမားမား မဟုတ်ပေ။ ဝမ်ဝေ့က မိုးမြေ၏ စည်းမျဉ်းများကို သူတို့၏ မွေးဖွားမှုအပေါ် သက်ရောက်မှုရှိဖို့ ပြောင်းလဲဖို့ စီစဉ်ထားပြီးသား ဖြစ်၏။

သို့သော်လည်း တစ်ခုလုံးကို တွေးကြည့်ပြီးသည့်နောက်တွင် သူတို့၏ ပေါ်ထွက်လာမှုကြောင့် သက်ရောက်မှုသည် အသင်္ချေအင်ပါယာကမ္ဘာ၌ အားကောင်းသည့် ဧကရာဇ်မျိုးနွယ်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာသလိုမျိုးသာ ဖြစ်လိမ့်မည်။

ထာဝရအရှင်၊ တာအိုဘိုးဘေးနှင့် ဆန့်ကျင်ကျင့်ကြံသူများ ပြည့်နှက်နေသည့် ကမ္ဘာတွင် ပင်ကိုနတ်ဆိုး သို့မဟုတ် ကမ္ဘာဦးနတ်ဘုရားများက ယခင်လုပ်ခဲ့သလိုမျိုး ကမ္ဘာကို လွှမ်းမိုးအုပ်ချုပ်ဖို့ အရေးသာချက်မျိုး ရှိမည် မဟုတ်ပေ။

လူသားများသည် ဧကရာဇ်အစပိုင်းခေတ်ကာလတုန်းကလို သူတို့၏ ခန္ဓာကိုယ်ကို တိတ်တဆိတ် လေ့လာကာ အားကောင်းလာပြီး အသက်ရှင်သန်ဖို့ လိုအပ်သည့် အားနည်းသော မျိုးစိတ်များ မဟုတ်တော့ပေ။

လူသားများက ယခုအခါ ကမ္ဘာ၏ ဇာတ်လိုက်များ ဖြစ်နေလေသည်။ ထို့ကြောင့် အကယ်၍ ပင်ကိုနတ်ဆိုး နတ်ဘုရားများ၏ မျိုးဆက်အသစ်က သူတို့၏ ကမ္ဘာကို အုပ်ချုပ်ဖို့ ကြိုးစားခဲ့ပါက သူတို့၏ ကံကြမ္မာသည် နောက်ထပ် ပျက်သုဉ်းခြင်းကိုသာ ဖြစ်ပေါ်သွားစေလိမ့်မည်။

All Chapters