← Chapters

ကမ္ဘာ၏ တုံ့ပြန်မှု

Vol. 57 Ch. 794

ကမ္ဘာ၏ တုံ့ပြန်မှု

Vol. 57 Ch. 794

“ကျွန်မတော့ ဒါကို အကျိုးအမြတ်ရှိတဲ့ မဟာမိတ်လို့ မမြင်မိဘူး” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“ကျွန်မတို့ရှေးဟောင်းမျိုးနွယ်က ဘာမှမရဘူးလေ”

သူတို့မျိုးနွယ်က ဤစစ်ပွဲအတွက် နှစ်များစွာ ပြင်ဆင်ထားခဲ့ရသည်။ ဟို့ဖုန်းဟွမ်၏ စကားတစ်ခွန်းတည်းဖြင့် ထိုအရာကို ရပ်တန့်ဖို့ မလုံလောက်ပေ။ သူမအနေဖြင့် အကြွင်းမဲ့အင်အား ရှိထားသည့် ထာဝရဧကရာဇ် ဖြစ်နေလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ ထို့အပြင် သူမကိုယ်တိုင်ကလည်း ထိုအစီအစဉ်သည် မျိုးနွယ်ကို ပြန်လည်ရှင်သန်လာစေဖို့ နည်းလမ်းကောင်းဖြစ်မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော်လည်း သူမက ကိစ္စများသည် ဖြည်းဖြည်းချင်း ဂရုတစိုက် လုပ်ဆောင်သင့်ကြောင်း တွေးမိသည့်ဘက်မှ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူမက ဝမ်ဝေ့၏ ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ အမြင်အပေါ် မှတ်ချက်မပေးပေ။ လူပေါင်း ထရီလီယံက ဤစကားဝိုင်းကို စောင့်ကြည့်နေကြသည့်အတွက် တစ်ကမ္ဘာလုံးကို စစ်ပွဲ ဆင်နွဲစေမည့် သူတို့မျိုးနွယ်၏ အစီအစဉ်ကို မထုတ်ဖော်လိုပေ။

အကယ်၍ တခြားသူများသာ သိသွားပါက သူမ၏ ရှေးဟောင်းမျိုးနွယ်သည် ကမ္ဘာ့ရန်သူ ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် သူမအနေဖြင့် ဝမ်ဝေ့က ထိုအကြောင်း မပြောခဲ့သည့်အချက်ကို အနည်းငယ် စိတ်အေးမိသွားသည်။ မဟုတ်ပါက သူမသည် အင်အားကုန်သုံး၍ ငြင်းဆန်ပြီး အမှန်တရားဖြစ်ကြောင်း ဘယ်သောအခါမှ ဝန်ခံမည်မဟုတ်ပေ။

“မဟာမိတ်ကနေတဆင့် အကျိုးအမြတ် ရနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ အတွေးအခေါ်၊ အရင်းအမြစ်နဲ့ အချင်းချင်း ထောက်ပံ့ပြီးတော့လည်း လုပ်နိုင်တာပဲ။ ဒါက အခြေခံသဘောတရားပဲ ရှိသေးတယ်။ ငါတို့ တာအိုအခွင့်အလမ်းဂိုဏ်းက အသင်္ချေအင်ပါယာကမ္ဘာမှာ အားအကောင်းဆုံး အင်အားစု ဖြစ်ပြီးတော့ မင်းတို့ရဲ့ ရှေးဟောင်းမျိုးနွယ်က အခြေခံအုတ်မြစ် အနက်ရှိုင်းဆုံးမျိုးနွယ်ပဲ။ အဲဒါကြောင့် ငါတို့ကြားက မဟာမိတ်က နှစ်ဖက်လုံးကို အကျိုးကျေးဇူး ရှိစေမှာပါ”

ဝမ်ဝေ့က သူ့ဘိုးဘေးသည် ရှေးဟောင်းမျိုးနွယ်၏ စွမ်းအားဖြင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ အုတ်မြစ်ကို ခင်းကျင်းခဲ့လျှင်ပင် ထိုသူတို့က အနက်နဲဆုံးအုတ်မြစ် ရှိထားသည့် အင်အားစုဖြစ်ကြောင်း ဝန်ခံရပေမည်။

ဗလာခေတ်ကာလတွင် ရှင်သန်လာပြီးသည့်နောက် ရှေးဟောင်းမျိုးနွယ်တွင် ဝှက်ဖဲ မည်မျှရှိနေသည်ကို မည်သူကမှ မသိကြပေ။ ပြီးပြည့်စုံသည့် နမူနာတစ်ခုက ဟို့ဖုန်းဟွမ်၏ ထာဝရဧကရာဇ် အသုံးအဆောင်ပစ္စည်း ၃ခု ဖြစ်သည်။

ရှေးဟောင်းမျိုးနွယ်တွင် ထို၃ခုထဲ ရှိနေသည်လားဟု သက်သေ မရှိပေ။ ဗလာခေတ်ကာလမတိုင်ခင် ကမ္ဘာ့အရင်းအမြစ်က လက်ရှိကာလနှင့် မတူညီပေ။

ထို့အပြင် ဗလာခေတ်ကာလက စစ်ပွဲနှင့် ဖျက်ဆီးခြင်းတို့ ရှိခဲ့သော်လည်း စစ်ပွဲက အရင်းအမြစ်များစွာ စုဝေးဖို့ အချိန်ကောင်းတစ်ခုလည်း ဖြစ်ပေသည်။ ပင်ကို-ဟော်သဲ့စစ်ပွဲက ကမ္ဘာ့အသိုက်အဝန်း ၃၈၀၀ လုံးကို ရောက်ရှိသွားသည့် အချိန်အရ ရှေးဟောင်းမျိုးနွယ်သည် အရင်းအမြစ်ဟု ခေါ်ဆိုနိုင်သည့် အရာများကို စုဆောင်းဖို့ ပိုမိုရွေးချယ်ခွင့်ရှိလိမ့်မည်။

ထိုစကားများကို ပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က သူမ၏ အဖြေကို စောင့်ဆိုင်းလိုက်၏။ သူက သူ့အစီအစဉ်တချို့ကို ပိုမိုကောင်းမွန်သည့် မဟာမိတ်ဖြစ်အောင် ထုတ်ပြောပြနိုင်သည်။ သို့သော်လည်း ယခုအချိန်ပြောသည်က အချိန်ကောင်း မဟုတ်သေးကြောင်း ဆုံးဖြတ်မိ၏။ ပြောရလျှင် ရှေးဟောင်းမျိုးနွယ်ကို ယုံကြည်၍ မရသေးပေ။

ငါ့ရဲ့ခေတ်ကာလ စတင်တာနဲ့ ငါ တက်လှမ်းသွားပြီးတဲ့နောက်မှာ ရှေးဟောင်းမျိုးနွယ် လုပ်ကိုင်မဲ့ သူတို့ရဲ့အစီအစဉ်တွေနဲ့ ရည်မှန်းချက်တွေကို ထုတ်ဖော်ပြီး သေချာခိုင်မာစေမဲ့ အုတ်မြစ်တချို့ ထားခဲ့ရမယ်။ သူတို့က မဟာမိတ်ထဲ မပါဘူးဆိုရင်တော့ ငါ မတက်လှမ်းခင် သူတို့ကို ဖျက်ဆီးပစ်တာမျိုး ဒါမှမဟုတ် ဒုတိယအကြိမ် စည်းပိတ်တာမျိုး လုပ်ရမယ်…

သူက တွေးလိုက်မိသည်။

ထိုစဉ် ဟို့ဖုန်းဟွမ်က ခေတ္တမျှ စဉ်းစားလိုက်၏။

“အခုလက်ရှိ အဖြေ ပြန်မပေးနိုင်သေးဘူး။ ဆုံးဖြတ်ချက် မချခင် စဉ်းစားဖို့ အချိန်ပေးပါဦး”

ဟို့ဖုန်းဟွမ်က ယာယီဆိုလျှင်ပင် မဟာမိတ်ကို လိုလား၏။ သို့သော်လည်း ရှေးဟောင်းမျိုးနွယ်၏ အာဏာပိုင်းဆိုင်ရာအရ အလွန်ရှုပ်ထွေးပြီး သူမအနေဖြင့် လက်ရှိနောက်တက်မည့် ခေါင်းဆောင်ဆိုလျှင်ပင် ဆုံးဖြတ်ချက်ချခွင့် မရှိသေးပေ။

ဆက်တိုက်ဆိုသလို တခြားထည့်သွင်းစဉ်းစားရမည့် အချက်များလည်း ရှိနေသေး၏။ ဝမ်ဝေ့က ယခုအထိ တိုက်ပွဲကို အနိုင်မရရှိသေးသည့်အတွက် ဟို့ဖုန်းဟွမ်အနေနှင့် သူ အနာဂတ်အကြောင်း စီစဉ်နေသည်က စောလွန်းကြောင်း ခံစားမိလေသည်။ အကယ်၍ တခြားသူဖြစ်နေပါက သူမသည် ထိုသူအား စိတ်ကြီးဝင်နေသည်ဟု သတ်မှတ်လိမ့်မည်။

သို့သော်လည်း တိထျန်းကသာ သူ၏ ပြိုင်ဘက်အစစ်အမှန် ဖြစ်ကြောင်း မှတ်ယူပြီးသည့်နောက် ထိုသူသည် မောက်မာနိုင်စွမ်းရှိကြောင်း အသိအမှတ်ပြုရမည်။

နောက်ဆုံးတွင် ဟို့ဖုန်းဟွမ်က တိုက်ပွဲမြေပြင်မှ ထွက်သွားပြီးသည့်နောက်တွင် ကြယ် ၆ လုံး ယွမ်ထီဖြစ်ဖို့ လိုအပ်၏။ ထို့နောက် သူမက မျိုးနွယ်အတွင်း အကြွင်းမဲ့အာဏာ မရရှိခင် လူများစွာကို ဖိနှိပ်ထားရမည်။

“ကောင်းပြီ” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ သူက အဖြေကို တန်းရလိမ့်မည်ဟု ထင်မထားပေ။ သူက ဟို့ဖုန်းဟွမ်သည် သူ့အတွေးအခေါ်များကို နားထောင်ထည့်သွင်း စဉ်းစားပေးသရွေ့ ကျေနပ်နေပြီ ဖြစ်သည်။

ဟို့ဖုန်းဟွမ် အဖန်ရည် သောက်မပြီးခင်အထိ နှစ်ဦးသားက စကားစမြည်ပြောခဲ့သည်။ နောက်ဆုံးတွင် အဖြူရောင်အလင်းတန်းက သူမကို လွှမ်းခြုံပြီး တိုက်ပွဲမြေပြင်မှ ထွက်ခွာသွား၏။

ဝုန်း

ဝမ်ဝေ့က သူမ ထွက်ခွာသွားသည်ကို ကြည့်နေရင်း အကြည့်က အဝေးတစ်နေရာကို ရောက်ရှိသွားသည်။ ဟို့ဖုန်းဟွမ်ကို ဖိတ်ကြားလိုက်သည့် သူ့အပြုအမူက ရည်ရွယ်ချက်များစွာ ရှိ၏။ ပထမတစ်ခုက ရှေးဟောင်းမျိုးနွယ်နှင့် မဟာမိတ် ဖြစ်သည်။ သူက သူမကို ပြောထားသည့်အတိုင်း ပြဿနာကို ဖြေရှင်းဖို့ အကြမ်းပတမ်းနည်း သုံးရသည်ကို မကြိုက်ပေ။ ထိုအရာက တစ်ခုတည်းသော သို့မဟုတ် အသက်ရောက်မှုအရှိဆုံး နည်းလမ်း မဖြစ်သရွေ့ သူ့အနေနှင့် အကြမ်းနည်း မသုံးလိုပေ။

ထို့ကြောင့် အောင်မြင်နိုင်ချေ နည်းပါးမှန်း သိထားလျှင်ပင် တခြားနည်းကို ကြိုးစားကြည့်ရုံ ဖြစ်သည်။

သူ့ဒုတိယ ရည်ရွယ်ချက်ကမူ ဟို့ဖုန်းဟွမ်ဆီမှ ရှေးဟောင်းမျိုးနွယ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်တချို့ကို ရှာဖွေဖို့ ဖြစ်၏။ သူတို့၏ စကားဝိုင်းအတွင်း သူက သူမ၏ ကံကြမ္မာကြိုးမျှင်ကို တိတ်တဆိတ် ဖတ်ရှုခဲ့ပြီး သူမ မွေးဖွားလာစဉ်ကတည်းက အဖြစ်အပျက်အားလုံးကို သိရှိခဲ့ရသည်။

သူမက ကံကြမ္မာကြိုးမျှင်ကို ကာကွယ်ထားသည့် အသုံးအဆောင် ရှိထားသော်လည်း ဝမ်ဝေ့၏ လက်ရှိအင်အားပေါ် အသုံးမဝင်ပေ။ သူ ရှာမတွေ့နိုင်သည့် တစ်ခုတည်းသော သတင်းအချက်အလက်က ဒုတိယတန်းစားနှင့်အထက် ဧကရာဇ်အဆင့် စည်းတံဆိပ်များသာ ဖြစ်၏။

နှမြောစရာကောင်းလှသည်က သူ့အနေဖြင့် ဟို့ဖုန်းဟွမ်သည် သူနှင့် မတူညီကြောင်း သိလိုက်ရသည်။ သူမက မျိုးနွယ်အဖွဲ့အစည်း၏ အင်မော်တယ်အဆင့် လျှို့ဝှက်ချက်များစွာကိုပင် မသိထားပေ။ ပြောရလျှင် သူမက ဟို့မျိုးနွယ်၏ နက်နဲသော လျှို့ဝှက်ချက်များကိုပင် မသိသေးပေ။

သူ ရှာဖွေသည့် သတင်းအချက်အလက်တစ်ခုက ရှေးဟောင်းမျိုးနွယ်နှင့် အနောက်ပိုင်းကုန်းမြေရှိ မိစ္ဆာကျင့်ကြံသူများနှင့် ဆက်နွယ်မှု ဖြစ်၏။ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက သူတို့သည် ခေတ်ကာလများစွာတိုင် အင်အားစု အများအပြားနှင့် မဟာမိတ် ရှိခဲ့ကြောင်း သိခဲ့ရသည်။

မိစ္ဆာကျင့်ကြံသူများက ဖရိုဖရဲဖြစ်ပြီး စစ်ပွဲကာလကို လိုလားသည့်အတွက် သူတို့အစီအစဉ်အတွက် ပြီးပြည့်စုံသော တွဲဖက်များ ဖြစ်လာနိုင်သည်။ ထို့အပြင် ရှေးဟောင်းမျိုးနွယ်က သူတို့လုပ်ခဲ့သည့် အရာများကို လူအများက သိရှိသွားပြီး ကမ္ဘာ့ရန်သူ ဖြစ်သွားမည်ကို စိုးရိမ်ကြ၏။

အဆိုးဆုံးအခြေအနေအရ သူတို့သည် အနောက်ပိုင်း၏ မိစ္ဆာကျင့်ကြံသူအသွင်ဖြင့် အားကောင်းသည့် မဟာမိတ်များ ရှိလာလိမ့်မည်။

ဝမ်ဝေ့၏ နောက်ဆုံး ရည်ရွယ်ချက်က ကမ္ဘာကြီးထံ အနာဂတ်အပြောင်းအလဲနှင့် ပတ်သက်ပြီး အသိပေးရန် ဖြစ်သည်။ သူက သူ့စကားများက အပြင်ဘက်တွင် မည်မျှ အုတ်အော်သောင်းနင်း ဖြစ်သွားစေမည်ကို စဉ်းစားကြည့်နိုင်သည်။

အရာအားလုံးတော့ ပြင်ဆင်ပြီးသွားပြီ။ အခု အနိုင်ရဖို့ပဲ ကျန်တော့တယ်…

သူက ခေတ်သစ်ကာလအတွက် နှစ်သုံးသိန်းကျော် ကြိုတင်ပြင်ဆင်ထားခဲ့ရပြီး နှေးကွေးနေသည့် အချိန်များ မပါသေးပေ။ ယခုတွင် နောက်ဆုံး အဆင့်ရောက်ရှိနေပြီဖြစ်ကာ မပျက်စီးလိုပေ။

မဟုတ်ပါက သူ့အနေဖြင့် သူ့ခေတ်ကာလကို ဖန်တီးဖို့ အခွင့်အရေး ဆုံးရှုံးသွားနိုင်သလို သေဆုံးသွားနိုင်ပြီး မျိုးဆက်တစ်ခု သို့မဟုတ် မျိုးဆက်များစွာတိုင် အချိန်ကြာ နှောင့်နှေးသွားနိုင်သည်။

လူများစွာက သူနှင့် ခေတ်သစ်အပေါ် မှီခိုနေသည်ကို ထည့်သွင်းစဉ်းစားလိုက်ပါက သူသည် မည်သို့ပင်ဖြစ်စေ ရှုံး၍ မရကြောင်း သိလိုက်သည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး စိတ်အခြေအနေကို ပြန်လည်ထိန်းညှိလိုက်သည်။ နောက်ဆုံးတွင် သူက သီးသန့်ကျင့်ကြံရာမှ ထွက်ပေါ်လာသည့် လီကျွင်းကို ကြည့်လိုက်၏။

“အခြေအနေ ဘယ်လိုလဲ”

“ကောင်းတယ်။ ကျွန်တော် အများကြီး သင်ခဲ့ရတယ်” သူက အပြုံးဖြင့် ပြောလိုက်သည်။

“သူမနဲ့ တိုက်ခိုက်ခဲ့သေးလား”

စစ်သူကြီးက ခေါင်းညိတ်လိုက်၏။ သူက အိပ်မက်နည်းစနစ်ဖြင့် ဟို့ဖုန်းဟွမ်ကို လှုံ့ဆော်ကာ တိုက်ခိုက်ခဲ့သည်။

“ရလဒ်ကရော”

“ကျွန်တော် နိုင်တယ်။ ဒါပေမဲ့ လှံကြောင့်ပဲ” သူက ဝန်ခံလိုက်သည်။ တိုက်ပွဲ မစတင်ခင်အခါက သူသည် ခန္ဓာကိုယ် လေ့ကျင့်ထားသည့် အရေးသာချက်ဖြင့် သူမကို လွှမ်းမိုးခဲ့သည်။ လီကျွင်းက သူမ၏ အားနည်းနေသော တုယီနယ်ပယ်အဆင့်ကိုပင် အခွင့်ကောင်းယူကာ ဒဏ်ရာအပြင်းအထန် ပေးခဲ့၏။

ထို့နောက် သူမက မြင့်မြတ်သားရဲ ၅ကောင်ပုံစံ ပြောင်းလဲလိုက်သည့်အတွက် သူက သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ သူမနှင့် တူညီသည့် အဆင့်အနေအထားသို့ရောက်ဖို့ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့ပြီး အနိုင်ရခဲ့ရုံမျှသာ ဖြစ်၏။

“အနိုင်က အနိုင်ပဲပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ဟုတ်တယ်” လီကျွင်းက ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူ့အနိုင်ရရှိမှုသည် သူမအကြောင်း သတင်းအချက်အလက်များစွာ ရရှိထား၍ ဖြစ်ကြောင်း သိလေသည်။ သူမ၏ သတင်းအချက်အလက် မသိထားသည့် တခြားသော လှုံ့ဆော်မှုများမှတဆင့်ဆိုလျှင် သူ့အနိုင်ရရှိမှုက ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူက ဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် တိုးတက်နိုင်ချေရှိကြောင်း ယုံကြည်ထားသည့်အတွက် စိတ်ထဲမထားပေ။ ထိုတိုက်ပွဲအပြီးတွင် သူက ပါရမီ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး အားကောင်းသည့် တာအိုခန္ဓာရရှိဖို့ ပြီးပြည့်စုံသည့် အုတ်မြစ်ကို ဖန်တီးနိုင်ခဲ့မည်ဟု သေချာသည်။

ဝမ်ဝေ့က ဘာမှမပြောဘဲ တိုက်ပွဲမြေပြင်ကိုသာ အာရုံစိုက်ထားလိုက်သည်။

ထိုစဉ် သူ ထင်ထားသည့်အတိုင်း ပြင်ပလောက၌ အုတ်အော်သောင်းနင်း ဖြစ်လာလေသည်။

အုတ်အော်သောင်းနင်းဖြစ်မှုက ဓားအရှင်သည် လူများစွာအား မြောက်ဘက်ပိုင်းသို့ ရောက်ခြင်းမှတားဆီးပြီး နတ်ဆိုးမျိုးနွယ်ကို ကာကွယ်ပေးစဉ်ကနေ စတင်ခဲ့၏။ ထို့နောက် လူများစွာက ဝမ်ဝေ့၏ စကားဝိုင်းကို ကြည့်ကာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

အင်အားစုအများအပြားက ဝမ်ဝေ့သည် အမှန်အတိုင်း ပြောနေတာလားဟု စဉ်းစားလာကြပြီး တာအိုအခွင့်အလမ်းဂိုဏ်းသည် လှုပ်ရှားမှုအကြီးကြီး လုပ်ဆောင်တော့မည်ဟု ထင်လာကြသည်။

လူများစွာက ကောင်းကင်တာအိုသည် ဝမ်ဝေ့အား ပြီးပြည့်စုံသည့် ခေတ်ကာလသားတော်အဖြစ် ရွေးချယ်ခဲ့သည်မှာ ထူးဆန်းခဲ့ကြောင်း အမှတ်ရသွားကြ၏။ နောက်ဆုံးတွင် သူတို့က အကြောင်းအရင်းကို နားလည်သွားကြသည်။ သူက အသင်္ချေအင်ပါယာကမ္ဘာကို ပြန်လည်အသက်သွင်းမည် ဖြစ်သည်။

ကမ္ဘာကြီးက ပွက်လောရိုက်သွား၏။ အင်အားစုအားလုံးက စတင်စုစည်းကာ ရောက်ရှိလာသည့်ခေတ်သစ်တွင် အသက်ရှင်ဖို့ လိုအပ်သည့် နည်းဗျူဟာများကို ဆွေးနွေးနေကြသည်။ တချို့ကလည်း ပြန်လည်ရှင်သန်လိုကြ၏။

ထိုအင်အားစုများမှ ခေါင်းဆောင်များ၏ စကားဝိုင်းအပြီးတွင် ထိုအင်အားစုများက စတင်လှုပ်ရှားလာကြသည်။ သူတို့က သူတို့၏ ဘိုးဘေးများကို နိုးထစေခဲ့ပြီး တချို့ကမူ သူတို့၏ အကြီးမားဆုံး နောက်ခံဖြစ်သည့် ထာဝရဦးသျှောင်များကိုဆက်သွယ်ခဲ့သည်။

နောက်ဆုံးတွင် ထိုအင်အားစုများက ကမ္ဘာဦးနတ်ဘုရား ကျင့်ကြံရေးနည်းစနစ်ကို စတင် အာရုံစိုက်လာကြသည်။ သူတို့က သူတို့၏ ဂိုဏ်း၊ မျိုးနွယ် သို့မဟုတ် ဘာသာရေးတို့ကို အမိန့်ပေးကာ ထိုနည်းစနစ်အတိုင်း ကျင့်ကြံခိုင်းခဲ့သည်။

ကံဆိုးစွာဖြင့် ထိုနည်းစနစ်က ယခုခေတ်ကာလတွင် ရှားပါးလွန်းလှသည်။ အထူးသဖြင့် ချီယွမ်၏ ရှင်းလင်းမှုအပြီးတွင် ဖြစ်သည်။ ထို့ကြောင့် အင်အားစုအများစုက သင့်တော်သည့် အမွေအနှစ် သို့မဟုတ် တန်ဖိုးရှိသည့်အရာ မရှိကြပေ။ လူတော်တော်များများက ရှေးဟောင်းနည်းစနစ်၏ အမွေအနှစ်ကို လိုက်လံရှာဖွေကြ၏။

ဝမ်ဝေ့၏ အပြုအမူက မြောက်ဘက်ကုန်းမြေတွင် ဖရိုဖရဲဖြစ်မှုကို ရပ်တန့်နိုင်ခဲ့သည်။ အကယ်၍ ဤသတင်းသာ အမှန်ဖြစ်နေပါက ကမ္ဘာကြီးသည် ပင်ကိုနတ်ဆိုးများဖြင့် ပြည့်နှက်လာမည် ဖြစ်ကာ အောင်းရှန်သည် ဤမျှ အဖိုးတန်ပြီး ရှားပါးနေတော့မည် မဟုတ်ပေ။

All Chapters