← Chapters

ဝမ်ကျူ၏ အင်အား

Vol. 57 Ch. 796

ဝမ်ကျူ၏ အင်အား

Vol. 57 Ch. 796

အနောက်ဘက်ပိုင်း

တိထျန်းက မျက်လုံးဖွင့်လာလေသည်။ ထိုအခိုက်အတန့်တွင် သူ့စွမ်းအားဖြင့် တိုက်ပွဲမြေပြင်၏ နေရာတိုင်းကို မြင်လိုက်ရသည်။ လူတချို့ကသာ သူ့ဆီမှ ဖုံးကွယ်ထားနိုင်ကြသည်။ အကယ်၍ သူသာ သေချာလုပ်လိုက်ပါက လူနှစ်ယောက် သို့မဟုတ် အဖွဲ့ကသာ ဖုံးကွယ်ထားနိုင်လိမ့်မည်။

ဝမ်ဝေ့က အတော်လေးကို လှုပ်ရှားနေတာပဲ…

သူက တွေးလိုက်မိသည်။ သူက ထိုအချက်နှင့် ပတ်သက်ပြီး အံ့အားသင့်ခြင်း မရှိပေ။ ထိုရလဒ်ကို မျှော်လင့်ထားပြီးသားဟုပင် ပြောနိုင်လေ၏။ ဝမ်ဝေ့၏ သဘာဝနှင့် တာအိုက သူ့အကျိုးအမြတ်အတွက် နောက်ကွယ်မှ လူများကို ကြိုးကိုင်လှုံ့ဆော်နိုင်ကြောင်း ညွှန်ပြနေသည်။

ထို့ကြောင့် တိထျန်း၏ ထိုတိုက်ပွဲအတွက် အခြေခံနည်းဗျူဟာက ထိုအရာကို မှတ်ထားဖို့ ဖြစ်သည်။

သူက တာအိုနယ်ရှင်တစ်ယောက်ဆိုတော့ ငါ့ရဲ့ အတွေ့အကြုံနဲ့တောင်မှပဲ သူ့ကို တစ်ပတ်ရိုက်နိုင်မှာ မဟုတ်ဘူး…

သူက သုံးသပ်လိုက်သည်။ သူက ထိုအချက်ကို သိထားပြီး လက်ခံထားသည့်အတွက် ဝမ်ဝေ့လိုမျိုး အတူတူ လုပ်ဆောင်ဖို့ရာ အကျိုးမရှိကြောင်း သိလေသည်။

သူ့ကြိုးကိုင်လှုံ့ဆော်မှုရဲ့ ရည်ရွယ်ချက်က သူ့ကို အရေးသာချက် အနည်းငယ် ရှိလာစေတယ်။ အဲဒီအရေးသာချက်က နောက်ဆုံးမိနစ်မှာ အခြေအနေကို ပြန်ပြောင်းပေးနိုင်တယ်…

အကယ်၍ လူနှစ်ဦးက အင်အားချင်း ညီမျှနေပါက ထိုအရေးသာချက် အနည်းငယ်သည် လူတစ်ယောက်ကို အရေးသာချက်ရှိဖို့ လုံလောက်လာစေလိမ့်မည်။

အသိဉာဏ်နဲ့ ဉာဏ်များတဲ့နေရာမှာ သူနဲ့ နှိုင်းယှဉ်နေလို့ အလကားပဲ…

တိထျန်းက ဆက်တွေးလိုက်သည်။

ပြီးတော့ အခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ခု ရှိတယ်။ ပထမဦးဆုံးက သူ့ရဲ့ အရေးသာချက်တွေ အားလုံးကို ရှာဖွေပြီးတော့ သတိကြီးကြီး ထားရမယ်။ အဲဒါဆိုရင် သူတို့က အသုံးဝင်တော့မှာ မဟုတ်ဘူး။ ဒုတိယအချက်အနေနဲ့က သူ့ရဲ့ အပြုအမူတွေကို သေချာစောင့်ကြည့်ပြီးတော့ သူ့အရေးသာချက် များလာတာကို တားဆီးဖို့ လိုအပ်လာတဲ့အခါမှာ ပါဝင်စွက်ဖက်ရမယ်…

သူ့အကြည့်က အလယ်ပိုင်းဆီ ရောက်ရှိသွား၏။ တိုက်ပွဲမြေပြင်တွင် မိုရှင်းယွင်နှင့် ဝမ်ကျူ ရှိနေလေသည်။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုက သူ့မြင်ကွင်းကို ပိတ်ဆို့ထားသည့်အတွက် သူ့စွမ်းအားကုန် ထုတ်မသုံးမချင်း အထဲတွင် ဘာဖြစ်နေသည်ကို မမြင်နိုင်ပေ။ ထိုသို့ဆိုလျှင်ပင် မအောင်မြင်နိုင်ချေ ရှိနေသေး၏။

မိုရှင်းယွင် -ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်…

တိထျန်းက ထိုသူ၏ တည်ရှိမှုနှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ နဝမအဆုံးစွန်အုတ်မြစ်တစ်လျှောက် သူ ကျရှုံးမှုအားလုံးတွင် ထာဝရဧကရာဇ် တစ်ယောက် သို့မဟုတ် တစ်ယောက် ပါဝင်နေလေ၏။ ထို့ကြောင့် သူ့အနေဖြင့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ခန္ဓာကိုယ်ဝင်ပူးကပ်ခြင်းပုံစံဖြင့် ထွက်ပေါ်လာသည်ကို မြင်သည့်အခါ မအံ့ဩမိပေ။

တခြားနည်းဖြင့်ဆိုရလျှင် သူက ရှေးဟောင်းဧကရာဇ်ခေတ်ကာလကတည်းက အသင်္ချေအင်ပါယာကမ္ဘာ၏ ထာဝရဧကရာဇ်အားလုံးနှင့် ကံဆက်နွယ်မှု ရှိ၏။

တိထျန်းက ထိုအရာကို ဂရုမစိုက်တော့ဘဲ ဝမ်ဝေ့ရှိရာ အရှေ့ဘက်ပိုင်းဆီ အာရုံစိုက်လိုက်သည်။ နောက်တစ်ခေါက်ဆိုသလို တူညီသည့် စွမ်းအားက သူ့မြင်ကွင်းကို ပိတ်ဆို့ထားပြန်သည်။

သူက ဝမ်ဝေ့နှင့် ဟို့ဖုန်းဟွမ်တို့သည် မဟာမိတ် ဖွဲ့လိုက်တာလားဟု သိချင်နေမိ၏။ တိထျန်းက သူ့ရန်သူသည် နောက်ထပ် အထွတ်အထိပ် စစ်သူကြီးတစ်ယောက် ရရှိလာမည်ကို စိုးရိမ်နေမိသည်။ ထိုမဟာမိတ်က ဝမ်ဝေ့ဘက် အရေးသာသွားအောင် အပြောင်းအလဲ ဖြစ်သွားနိုင်သည်။

သူတို့က ဘာတွေဆွေးနွေးနေတာလဲ။ ငါ အတင်းအကြပ် အားသုံးပြီးတော့ ဒီပိတ်ဆို့မှုကို ချိုးဖောက်လိုက်ရမလား…

သူ့စိတ်ထဲ ကွမ်တန်ကွန်ပြူတာ တစ်လုံးထက်ပင် မြန်ဆန်အောင် တွက်ချက်နေသည်။

တိထျန်းက သူတို့စကားဝိုင်းသည် သူ မသိနိုင်သည့် အရာမဟုတ်ကြောင်း မသိပေ။ သို့သော်လည်း ဝမ်ဝေ့က သူ့ကို အကြောင်းအရင်းတစ်ခုအတွက် ပိတ်ဆို့ထားလေ၏။ သူက တိထျန်း၏ စိတ်ထဲ သူသည် ကုသိုလ် စုဆောင်းပေးနိုင်သည့် လက်အောက်ငယ်သား တစ်ယောက်အဖြစ် အသုံးဝင်သည့်အတွက် မသတ်ပစ်စေဖို့ရာ မျိုးစေ့တစ်ခု စိုက်ထားခဲ့သည်။

ပတ်ဝန်းကျင်ကို ပင်ကိုအနေအထားအဖြစ် ပြန်လည်ပြောင်းသည့် အစီအစဉ်သည် ကုသိုလ်အမြောက်အများ စုဝေးဖို့ အစီအစဉ်ကောင်း ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က ထိုသတင်းအချက်အလက်ကို ကြေညာပြီး သူ့တန်ဖိုးကို မလျှော့ချလိုပေ။

တိထျန်းက တိုက်ပွဲမြေပြင်က ထွက်သွားသည်နှင့် ချက်ချင်းသိမည် ဖြစ်သော်လည်း ဝမ်ဝေ့ကမူ လက်ရှိကိုသာ ဂရုစိုက်လေသည်။ အကယ်၍ တိထျန်းက ထိုအစီအစဉ်ကို သိသွားပြီး ဝမ်ဝေ့၏ တန်ဖိုးမရှိတော့ဘူးဟု ထင်ကာ သုတ်သင်ပစ်ဖို့ ဆုံးဖြတ်ပစ်နိုင်သည်။

ပြောရလျှင် တာအိုနယ်ရှင်တစ်ယောက်ကို လက်အောက်ငယ်သားအဖြစ် ထားရှိဖို့က အင်မတန် အန္တရာယ်များလှ၏။ အထူးသဖြင့် ရန်သူ ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။

ထို့ကြောင့် ဝမ်ဝေ့က ဤတိုက်ပွဲတွင် သူ့နည်းဗျူဟာများအပေါ် သက်ရောက်မှု မရှိလာစေဖို့အတွက် တိထျန်း၏ စိတ်အခြေအနေကို အနည်းငယ်မျှ မပြောင်းစေလိုပေ။

တိထျန်းက အရှေ့ဘက်ပိုင်းဆီ အာရုံစိုက်လိုက်၏။ သူက ဝမ်ဝေ့၏ ရည်ရွယ်ချက်ကို မသိရသော်လည်း ထိုသူ၏ အပြုအမူသည် နောက်ကွယ်တွင် နက်ရှိုင်းသည့် အဓိပ္ပာယ်ရှိကြောင်း သိနေသည်။ ထို့ကြောင့် သူက ဖြစ်နိုင်ချေတချို့ကို သုံးသပ်ကာ ပြင်ဆင်ထားလိုက်၏။

ထို့နောက် သူက ပိတ်ဆို့ထားသည့် နည်းလမ်းအရ ဝမ်ဝေ့၏ စွမ်းအားကို သုံးသပ်ကြည့်လိုက်သည်။

သူက ကန့်သတ်ချက်ကို ချိုးဖောက်ပြီးတော့ ဒဿမသာလွန်အုတ်မြစ်ကို ရောက်ရှိသွားတာလား။ သူ့ဆီမှာနောက်ထပ် အကန့်အသတ် ချိုးဖောက်ရေး ကိရိယာရှိနေတာလား။ ဧကရီဝူက သူ့ကို ပေးခဲ့တာလား…

ဝမ်ဝေ့ကို တိုက်ပွဲမြေပြင်အဝင်ဝတွင် မြင်တွေ့ပြီးသည့်နောက်တွင် ထိုသူက သူနှင့်အတူတူ ဒဿမသာလွန် အုတ်မြစ်ကို ရရှိထားကြောင်း သိလိုက်သည်။ အတိအကျ ပြောရလျှင် သူက တာအိုအခွင့်အလမ်းဂိုဏ်းတွင် ပေါ်ထွက်လာခဲ့သည့် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးအကြောင်း ကြားပြီးသည့်နောက် သံသယကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူက ဘယ်လိုလုပ်ခဲ့လဲဟု စဉ်းစားနေမိသည်။

ငါနဲ့ နည်းနည်းတော့ ကွဲပြားနေတယ်။ အဲဒါဆိုတော့ သူက နောက်ထပ် နည်းလမ်းသုံးခဲ့တာ ဖြစ်နိုင်တယ်…

တိထျန်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက အားကျကာ အံ့အားသင့်နေမိ၏။ သူကလည်း တာအိုနယ်ရှင်တစ်ယောက် ဖြစ်လာချင်မိသည်။

သူက အာရုံထွေပြားဖွယ် အတွေးအားလုံးကို ဖယ်ရှားပြီး စိတ်အေးအေးထားလိုက်သည်။

သူက ဒဿမသာလွန် အုတ်မြစ်ကို ရရှိတာက ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ဆီမှာ တိုင်၉လုံးရဲ့ အမွေအနှစ်ရှိတယ်ဆိုတော့ အရေးသာချက်ရှိတယ်…

တိုင်၉လုံး ကောင်းကင်ဘုံအရှင်က ဒဿမသာလွန်အုတ်မြစ်နှင့် ပတ်သက်ပြီး အစွဲအလမ်းကြီးသည့်အတွက် ယွမ်ခေတ်ကာလများစွာတိုင် လေ့လာရှာဖွေခဲ့သည်။ ထို့ကြောင့် သူက အောင်မြင်မှု မရရှိခဲ့သော်လည်း ထိုအဆင့်နှင့် ပတ်သက်ပြီး အတွေးအခေါ်နှင့် သီအိုရီများစွာ ဖန်တီးထားခဲ့သည်။

တိထျန်းက ထိုအရာအားလုံးကို အမွေဆက်ခံရရှိခဲ့၏။

သူက ထိုအရာကို သတိထားမိပြီးသည့်နောက်တွင် စိတ်က ပိုမိုအေးချမ်းသွားသည်။ ထို့အပြင် သူက တိုက်ပွဲမှ ဟို့ဖုန်းဟွမ် ထွက်ခွာသွားမှုကို အာရုံခံမိသည့်အတွက် ပိုမို စိတ်အေးမိသွား၏။ အကယ်၍ သူမသာ ဝမ်ဝေ့နှင့် ပူးပေါင်းသွားခဲ့လျှင် သူက နောက်ထပ် စစ်သူကြီးတစ်ယောက်ကို အမဲလိုက်ရလိမ့်မည်။

တိထျန်းက မျက်လုံးပိတ်ကာ ဆက်လက် တရားထိုင်လိုက်သည်။

……………………

အလယ်ပိုင်း

ဝမ်ကျူက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို ကြည့်ပြီး သူမ၏ အရှိန်အဝါကို အထွတ်အထိပ်အထိ ရောက်အောင် မြှင့်တင်လိုက်သည်။ သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် တာအိုသက်သေပြပစ္စည်းဖြစ်သည့် အနက်ရောင် ဓားမြှောင်နှစ်ခုကို ဆင့်ခေါ်လိုက်သည်။

သူမက လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ရှေ့မှောက် ပြန်လည်ပေါ်ထွက်လာသည်။ သူမ၏ အရှိန်က ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ တုံ့ပြန်နှုန်းကို ကျော်လွန်နေလေ၏။ သူမက သူ့လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။ သူမ၏ ဓားမြှောင်က သူ့ပိုင်နက်အား ထောပတ်ကို ဖြတ်တောက်လိုက်သည့် ဓားပူတစ်ချောင်းလိုမျိုး ပိုင်းဖြတ်သွား၏။

ဝှစ်

မိုရှင်းယွင်၏ လှပကာ ဖွေးစွတ်နေသည့် လည်ပင်းမှ သွေးများ စီးကျလာသည်။ ကံကောင်းစွာဖြင့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်သည် အလျင်အမြန် လှုပ်ရှားပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ဒဏ်ရာကို ပိတ်ဆို့ခဲ့သည်။

သူ့တုယီနယ်ပယ်အဆင့်က ဝမ်ကျူထက် ပိုမိုကောင်းမွန်သည့်အတွက် ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားသည်။

ကံဆိုးစွာဖြင့် ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ ဝမ်ကျူက မြန်ဆန်လွန်းသည့်အတွက် ပုံရိပ်များသာ ချန်ထားခဲ့ပြီး ဆက်တိုက် ပျောက်လိုက်ပေါ်လိုက် ဖြစ်နေလေသည်။ သူမ၏ မြန်ဆန်လွန်းသည့်အရှိန်ကြောင့် သူမ ပြန်ပေါ်ထွက်လာသည့်အချိန်တိုင်း တစ်ဖက်လူကို ဓားဒဏ်ရာများ ပေးခဲ့၏။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က လွှမ်းမိုးခံရသလို ခံစားနေရသည်။ အထူးသဖြင့် အရှိန်နှင့် ပတ်သက်သည့်အခါတွင် ဖြစ်၏။ ထို့ကြောင့် သူက လှုပ်ရှားလိုက်သည်။ သူက ဓားသမားတစ်ယောက်၏ ဓားနှင့် လူသားပေါင်းစည်းရေး သဘောတရားကို အခြေခံထားသည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။

ထိုနည်းလမ်းဖြင့် သူသည် သူ့တာအိုအသုံးအဆောင် ပစ္စည်းနှင့် တစ်သားတည်းဖြစ်လာပြီး ထိုအရာ၏ စွမ်းအားကို အခက်အခဲမရှိ ယာယီ ငှားယူနိုင်သည်။ အနည်းဆုံးတော့ အပေါ်ယံတွင် ဖြစ်၏။

ကံဆိုးစွာဖြင့် သူ့အပြုအမူများက ဝမ်ကျူဆီမှ ဓားချက်အနည်းငယ်ကိုသာ ပိတ်ဆို့နိုင်ခဲ့သည်။ သူ့ဝါးမျိုခြင်းစွမ်းအားကို အသုံးပြုသည်ကလည်း အသုံးမဝင်ခဲ့ပေ။ ဝမ်ကျူ၏ တိုက်ကွက်များက စစ်မှန်သည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အသုံးပြုပြီး ဖျက်ဆီးပစ်တာမျိုး သို့မဟုတ် ထိုအရာကို ကျော်လွန်ဖို့ လျှို့ဝှက်ဆန်းကြယ် နည်းလမ်းတစ်ခုကို အသုံးပြုထားတာမျိုး ဖြစ်နေ၏။

ထို့ကြောင့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့ဒဏ်ရာများကို လျစ်လျူရှုကာ စွမ်းအားကို သုံးသပ်လိုက်သည်။

လွတ်လပ်ခွင့် တာအိုလား…

သူက သုံးသပ်လိုက်၏။

သူက ငါ့ဆီကနေ ကင်းလွတ်ပြီးတော့ ဝါးမျိုခြင်းကနေလည်း လွတ်ကင်းသွားတာပဲ…

သူက ထိုအရာသည် ဝမ်ဝေ့၏ တာအိုထဲမှ တစ်ခုဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

ဘန်း

အားကောင်းသည့် တွန်းကန်အား သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ဝမ်ကျူကို တွန်းလွှတ်ဖို့ ကြိုးစားလိုက်သည်။ ထိပ်သီး ကောင်းကင်ရွေးချယ်ခံများ၏ အမှတ်အသားက ယင်ယန်မျှခြေ ဖြစ်၏။

သူတို့က ပိုမိုကောင်းမွန်စွာ နားလည်နိုင်ဖို့ ဆန့်ကျင်ဘက်တာအိုကို အမြဲတမ်း လေ့လာကြပြီး သူတို့၏ ရန်သူ သူတို့အပေါ် အခွင့်ကောင်းယူ တိုက်ခိုက်လာခြင်းမှ တားဆီးကြသည်။ တချို့ကောင်းကင်ရွေးချယ်ခံများသည် သူတို့၏ ဆန့်ကျင်ဘက်တာအိုကို အရန်တာအို သို့မဟုတ် ဒုတိယမြောက် တာအိုအဖြစ် ကျင့်ကြံကြ၏။ ဝမ်ဝေ့လိုလူမျိုးအတွက်မူ ဆန့်ကျင်ဘက်တာအိုကို သူတို့၏ ပင်မတာအိုဖြင့် ပေါင်းစပ်ထားခဲ့သည်။

ထို့ကြောင့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့ဝါးမျိုခြင်းတာအို၏ ရန်သူသည် တွန်းကန်ခြင်းနှင့် ထုတ်ပစ်ခြင်းဖြစ်ကြောင်း နားလည်လေ၏။

သူ့ပထမတိုက်ကွက်က အသုံးမဝင်ခဲ့ပဲ ရည်မှန်းချက် ရရှိဖို့ ကျရှုံးခဲ့သည်။ သို့သော်လည်း သူ့ရည်ရွယ်ချက်ကမူ တစ်ဖက်လူ၏ သတင်းအချက်အလက်ကို စုဆောင်းပြီး ပြန်လည်တိုက်ခိုက်မည့် နည်းလမ်းကို ရှာဖွေဖို့ ဖြစ်၏။

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ဝမ်ကျူ၏ လွတ်လပ်ခွင့်တာအိုကို ရင်ဆိုင်ဖို့ ကံကြမ္မာစွမ်းအားကို အသုံးပြုသည်က အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း သိလေသည်။ ကံဆိုးစွာဖြင့် သူ့ကံကြမ္မာစွမ်းရည်နှင့် နည်းစနစ်တို့က ဂမ္ဘီရသာ ပါဝင်နေလေ၏။

သူအသက်ရှင်စဉ်အခါက ကံကြမ္မာတာအို ကျင့်ကြံသူကို ဝါးမျိုဖို့ အခွင့်အရေးမရှိခဲ့ပေ။ ထိုစည်းမျဉ်း ကျင့်ကြံသူက ရှားပါးလှသည်။

သူ့အတွေ့အကြုံဖြင့် ဤပြဿနာ၏ ဖြေရှင်းနည်းက ဟွင်သွမ်းစကြဝဠာတစ်လျှောက် စွယ်စုံသုံးနိုင်သည့် တာအိုဖြစ်သည့် ယင်-ယန် တာအိုကို ရယူဖို့ဖြစ်သည်။

ယင်နဲ့ယန်စွမ်းအားဖြင့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်သည် ဝမ်ကျူ၏ မန္တန်ကို ရင်ဆိုင်ဖို့ ကံကြမ္မာစွမ်းအားကို ထိန်းချုပ်ခဲ့သည်။ နှမြောစရာကောင်းလှသည်က ထိုကြိုးစားမှုသည် အစပိုင်း အောင်မြင်မှုအပြီးတွင် ကျရှုံးသွားလေ၏။

ဝမ်ကျူက ဝမ်ဝေ့၏ ယင်ယန်တာအိုကို အသုံးပြုကာ တစ်ဖက်လူ၏ ယင်ယန်တာအိုကို ဖျက်ဆီးပစ်ခဲ့ပြီး ဆက်လက် သတ်ဖို့ ကြံလိုက်သည်။

ကျစ်…

သူမ၏ အရှိန်အဝါက လုံးလုံးတောင် ပြောင်းလဲမသွားဘူးပဲ…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တွေးလိုက်မိသည်။ သူက ဝမ်ကျူ၏ စွမ်းအားသည် လျှို့ဝှက်နည်းစနစ် တစ်ခုကို ထုတ်သုံးထားပြီး ဝမ်ဝေ့၏ စွမ်းအားကို ယာယီငှားယူထားနိုင်သည်ဟုသာ ထင်ခဲ့မိသည်။ သို့သော်လည်း ထိုသူ၏ အရှိန်အဝါက အနည်းငယ်မျှပင် လှုပ်ခတ်မှု မရှိသည်ကို တွေ့ရှိသွားခဲ့၏။ ထိုဖြစ်ရပ်က သူမ၏ လက်ရှိ အဆင့် ၅ စွမ်းအားသည် သူ့ကိုယ်ပိုင် ဖြစ်ကြောင်း ပြသနေသည်။

သူမက သူ အသက်ရှင်ပြီး အနီးအနားတွင် ရှိနေသရွေ့ သူ့စွမ်းအားကို အသုံးပြုနိုင်သည်။

ဤသည်က လက်ရှိအခြေအနေကို ရှင်းပြနိုင်သည့် တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်ပေသည်။

ကျစ် စိတ်တိုဖို့ ကောင်းလိုက်တာ။ ငါက တိုက်ပွဲမှာ ဒီနည်းလမ်းကို မြန်မြန်ဆန်ဆန် ထုတ်သုံးရတော့မှာလား…

All Chapters