နိုးထလာခြင်း
Vol. 57 Ch. 797
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့ခန္ဓာကိုယ်အထက် ဒဏ်ရာများစွာ ရလာသည်ကို မလိုလားစွာ ကြည့်လိုက်သည်။ ထို့ကြောင့် သူက တစ်စုံတစ်ယောက်ကို ဆက်သွယ်လိုက်၏။
ချန်းချန် ဘယ်မှာလဲ
ခင်ဗျား ဘာလိုချင်လို့လဲ…
အေးစက်ကာ ခံစားချက်မဲ့နေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
ငါတို့တွေ အဖွဲ့ဖွဲ့ပြီးတော့ ဝမ်ဝေ့ရဲ့ အားအကောင်းဆုံး နယ်ရုပ်ကို သတ်ရအောင်…
ငါက အခု အရေးကြီးတာ လုပ်နေတယ်
မင်း တိထျန်းကို စမ်းသပ်စရာ မလိုတော့ဘူး
ငါ ပိုပြီး အရေးကြီးတာလုပ်နေတာ…
ချန်းချန်က ပြန်ဖြေလိုက်ပြီး သူ့အသံက အတက်အကျပင် မရှိပေ။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တစ်စုံတစ်ခုကို ခန့်မှန်းမိသွားဟန်ဖြင့် မေးလာသည်။
မင်းက ငါတို့မဟာမိတ်ကို သစ္စာဖောက်လိုက်ပြီလား။
ဒီရလဒ်ကို မျှော်လင့်ထားပြီးသား မဟုတ်ဘူးလား
ဟုတ်တယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်အထိတော့ စောင့်မယ်ထင်ထားတာ။
ဒါက နောက်ဆုံးအခိုက်အတန့်ပဲ။ အနည်းဆုံးတော့ ခင်ဗျားအတွက်ပေါ့…
ချန်းချန်က ပြန်ဖြေလိုက်သည်။
ငါက ဒီမှာ သေမယ်များ ထင်နေလား
ခင်ဗျား သေမယ်ဆိုတာ သိတယ်
ဘာလို့လဲ
သူက သူ့လေသံမှ လှောင်ပြောင်ရယ်မောသည့် အရိပ်အယောင်ကို ဖုံးကွယ်ထားခြင်း မရှိပေ။
နောက်ဆုံးအနေနဲ့ သတင်းအချက်အလက်တစ်ခု ပေးလိုက်မယ်။ ခင်ဗျားရဲ့ တိုက်ပွဲထဲမှာ ပုန်းအောင်းနေတဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုရှိတယ်။ ငါ သုံးသပ်ကြည့်သလောက်တော့ ဒါက အကောင်းဆုံး တာအိုဘိုးဘေးဆီကတောင် မမြင်ဖူးတဲ့အရာမျိုးပဲ… တကယ်လို့ ငါ မှန်းဆတာမှန်မယ်ဆိုရင် ဒီဆက်သွယ်မှုကိုလည်း တမင် ခွင့်ပြုပေးထားတာပဲ…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ အမူအရာက ပျက်ယွင်းသွားပြီး ခန္ဓာကိုယ်တုန်ယင်လာမှုကြောင့် ဒဏ်ရာများက ပြန်ပွင့်သွားသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်အနှံ့ သွေးများစွန်းထင်းသွား၏။
ထိုစကားဝိုင်းတစ်လျှောက် ဝမ်ကျူက ဘာမှဝင်မပြောခဲ့ပေ။
ချန်းချန် ငါ ကတိပေးထားတဲ့ဟာကရော … မင်းရဲ့အခြေအနေကို ဘယ်လိုဖြေရှင်းမှာလဲ…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က စိတ်မြန်မြန်ထိန်းပြီး မေးလိုက်သည်။
ငါ့ပြဿနာက တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ် ဖြစ်လာတာနဲ့ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်…
ချန်းချန်က ပြန်ဖြေလိုက်၏။
အဲ့လောက် ရိုးရှင်းမယ်များ ထင်နေလား။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ပြန်လည်ချေပလိုက်သည်။ သို့သော်လည်း သူက တုံ့ပြန်မှု မရခဲ့ပေ။
“ကျစ်” သူက ကျိန်ဆဲလိုက်မိ၏။
………..
ပစ်မှတ်က အရေးကြီးတဲ့ အနေအထားကို ရောက်နေပြီဆိုတော့ နောက်အဆင့်ကို တက်လှမ်းသင့်ပြီ…
ဝမ်ကျူက သုံးသပ်လိုက်သည်။
သူမက လက်များကို ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့ဝန်းကျင်တွင် ခဲဖြူရောင် ကြိုးမျှင်များစွာ ပေါ်ထွက်လာ၏။
ကံကြမ္မာကြိုးမျှင် ဖြတ်တောက်ခြင်း
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တစ်စုံတစ်ခု ဖျတ်ခနဲ လက်သွားသည်ကိုသာ မြင်လိုက်ရပြီး သူ့ညာဘက်အခြမ်းမှ နာကျင်မှုကို ခံစားမိလိုက်သည်။ သူ ကြည့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ သွေးများ စီးကျနေပြီး ညာဘက်လက်က ပျောက်ဆုံးသွားလေပြီ။
ဇာမဏီ မီးတောက်
သူက ယခင်သိမ်းဆည်းထားသည့် ဟို့ဖုန်းဟွမ်၏ စွမ်းအားကို အလျင်အမြန် အသုံးပြုလိုက်၏။ သူက သူမ၏ သွေးမျိုးဆက်ကို အလုံအလောက် မရရှိခဲ့သော်လည်း သူ စုပ်ယူထားသည့် သူမ၏ စွမ်းအားတချို့ကိုမူ အသုံးပြုနိုင်သေးသည်။ သို့သော်လည်း သူညာဘက်လက် ပြန်လည်ပေါက်ရောက်လာသည်နှင့် ဘယ်ဖက်လက်ကို ဆုံးရှုံးလိုက်ရသည်။
ဒီတိုက်ကွက်ကို လက်ရှိ ငါက မတားဆီးနိုင်ဘူး…
သူက သုံးသပ်လိုက်ပြီးသည့်နောက်တွင် ထိုနည်းစနစ်က အင်မတန် မြန်ဆန်လွန်းလှသည့်အတွက် ကာလံဒေသံကိုပင် လျစ်လျူရှုနိုင်ကြောင်း အာရုံခံမိသွားသည်။ ထို့အပြင် ထိုအရာက သူ့ကံ၊ ကံကောင်းမှုနှင့် ကံကြမ္မာကို ပစ်မှတ်ထားထားသည့်အတွက် ရှောင်ရှားဖို့ သို့မဟုတ် ရှောင်လွှဲဖို့ မဖြစ်နိုင်ပေ။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် ဖြစ်စဉ်ကို သုံးသပ်လိုက်သည်။ သူက ထိုတိုက်ပွဲအတွက် စီစဉ်နေရင်း ဖြစ်နိုင်ချေရလဒ်ကို ခန့်မှန်းထားပြီးသား ဖြစ်၏။
ဝမ်ဝေ့က အဆင့် ၅ တာအိုဘိုးဘေးစွမ်းအား ရှိထားစဉ် သူကမူ လက်နက်ကို အသုံးပြု၍ ထိုစွမ်းအားကို ရယူထားခြင်းသာ ဖြစ်သည့်အတွက် ကွာဟချက်ကို ကောင်းကောင်းသိထားသည်။ ထို့ကြောင့် သူက အလွယ်တကူ အနိုင်ရလိမ့်မည်ဟု တွေးမထားခဲ့ပေ။
ဝုန်း
တုန်ခါလှိုင်းတစ်ခုက ဝမ်ကျူ၏ တိုက်ကွက်ကို ပြန်လည်ခုခံလာပြီး သူမကို မီတာရာချီ လွင့်စင်သွားစေသည်။ သူမက အထိအခိုက် မရှိသော်လည်း ထိုသူသည် သူမ တိုက်ကွက်ကို တားဆီးနိုင်သည့်အချက်ကြောင့် အံ့အားသင့်သွားမိ၏။ ကောင်းမွန်စွာ လေ့ကျင့်ထားသည့် လုပ်ကြံသတ်ဖြတ်သူ ပြသသည့် စိတ်ခံစားချက်ကို ယုံကြည်၍ မရပေ။
သူမက အဝေးတစ်နေရာကို ကြည့်လိုက်သည့်အချိန် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ချပ်ဝတ်ဝန်းကျင်တွင် ရွှေရောင်ချပ်ဝတ်တစ်ခုကို မြင်လိုက်ရ၏။
“နောက်ထပ် တာအိုအသုံးအဆောင် ပစ္စည်းတစ်ခုပဲ” သူမက ရေရွတ်လိုက်သည်။ ထို့နောက် သူမက တစ်စုံတစ်ခုကို ခံစားမိသည့်အလား သူ့ဖိနပ်ကို ကြည့်လိုက်မိသည်။ ထိုအရာမှ ထူးကဲသည့် တာအိုစည်းချက်များ ထွက်ပေါ်နေ၏။
“တိုက်ကွက်၊ ခုခံရေးနဲ့ အရှိန်ကို အခြေခံထားတဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပဲ”
သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့အတုအယောင် တာအိုခန္ဓာကို အသက်သွင်းလိုက်ပြီး ကီလိုမီတာထရီလီယံ မြင့်မားသည့် ဧရာမလူသားအဖြစ် ပြောင်းလဲလိုက်သည်။ သူ့ခေါင်းအထက် အနီရောင်အလံတစ်ခု မျောလွင့်နေပြီး သွေးစွမ်းအား အမြောက်အများကို ထုတ်လွှတ်နေလေ၏။
သွေးစွမ်းအားကို သိုလှောင်စုပ်ယူထားပြီးတော့ ကုသဖို့အတွက် အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပဲ…
ဝမ်ကျူက သုံးသပ်လိုက်သည်။
သူ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ဒီလိုမျိုးအားကောင်းတဲ့ တာအိုခန္ဓာကိုယ်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ အဲဒါဆိုတော့ သူက လုံလောက်တဲ့ စွမ်းအားကို ထောက်ပံ့ပေးနိုင်တဲ့ ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို သုံးနေတာပဲ…
သူမက အာရုံစိုက်ထားလိုက်သည်။ တစ်ဖက်လူ၏ ဧကရာဇ်အသုံးအဆောင်များ အသက်သွင်းမှုက သူမ၏ သခင်လေးနှင့် တူညီလုနီးပါးအထိ ရောက်ရှိသွားကြောင်း ခံစားမိလေသည်။ ထိုအရာက ကြောက်ဖို့ကောင်းလှ၏။
သူက ထာဝရဧကရာဇ် တစ်ယောက်ဆိုတော့ နားလည်လို့တော့ ရပါတယ်။ မိုရှင်းယွင်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကန့်သတ်ချက်ကြောင့်သာ မဟုတ်ရင် သူက ပိုပြီးကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာလိမ့်မယ်…
တိုက်ပွဲမတိုင်ခင်က ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်၊ ဝမ်ဝေ့နှင့် အဖွဲ့သည် ကောင်းကင်ရွေးချယ်ခံတိုင်း၏ စွမ်းအားကို သုံးသပ်မည့် အစည်းအဝေးများစွာ ခေါ်ခဲ့ကြသည်။ သူတို့က သူတို့ စုဆောင်းထားသည့် အချက်အလက်များအရ ထိုပါရမီရှင်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို တွေးခဲ့ကြသည်။ သူတို့က သူတို့အသုံးပြုနိုင်သည့် ဝှက်ဖဲများကိုပင် စဉ်းစားခဲ့ကြ၏။
ယန်းလီလင်းက အင်မော်တယ်ဆေးလုံးကို ဖန်တီးစဉ် ထုံရို့ပင်းက အင်မော်တယ်အဆောင်ကို ဖန်တီးခဲ့သည့်အတွက် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်သည်လည်း တာအိုလက်နက်ကို ဖန်တီးခဲ့နိုင်ချေ ရှိလေသည်။ သို့သော်လည်း အဖွဲ့က ထိုသူ၏ အကြီးမားဆုံး ဝှက်ဖဲသည် သူ အသက်ရှင်စဉ်အခါက စွမ်းအားတချို့ကို ငှားယူနိုင်ဖို့ ဧကရာဇ်အသုံးအဆောင်ပစ္စည်း အသုံးပြုခြင်း ပါဝင်နေလိမ့်မည်ဟု မှန်းဆထားခဲ့သည်။ ကောင်းကင်တာအိုက ထိုသို့အရာမျိုးကို ခွင့်ပြုမည် မဟုတ်မှန်းသိထားသော်လည်း အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့၏။
ငါ ဆက်လုပ်ရမလား ဒါမှမဟုတ် ဆက်ပြီး အရဲကိုးလိုက်ရမလား…
ဝမ်ကျူက သုံးသပ်လိုက်သည်။ သူမက ရန်သူတွင် နောက်ထပ် ဝှက်ဖဲတစ်ခုရှိနေမည်ကို စိုးရိမ်မိ၏။
အကယ်၍ သူသာ နောက်ဆုံးသော တိုက်ခိုက်မှုအတွက် ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို အသုံးပြုခဲ့လျှင် ဖွတ်ဖွတ်ညက်ညက် ကြေသွားလိမ့်မည်။
ငါ ဒါကို သတိထားဖို့လိုတယ်…
ကံကြမ္မာကြိုးမျှင် ဖြတ်တောက်ခြင်း
ခဲဖြူရောင် ကြိုးမျှင်တစ်ခုက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ခေါင်းကို ဖြတ်တောက်ဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူ့ချပ်ဝတ်က အလွယ်တကူ တားဆီးလိုက်သည်။
ထူးကဲသော ဝါးမျိုခြင်း
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ရှေ့တွင် စင်တီမီတာအနည်းငယ်ခန့်သာ ရှိထားသည့် အနက်ရောင်စီးကြောင်းတစ်ခု ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဝါးမျိုရေးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအစက်အပြောက်ကို ဗဟိုပြု၍ ကာလံဒေသံနှင့် စွမ်းအားအားလုံးက ဝါးမျိုခံလိုက်ရသည်။
ထိုထူးခြားလက္ခဏာက သေခြင်း၊ ရှင်ခြင်း၊ အရိပ်နှင့် ကံကြမ္မာကဲ့သို့သော အယူအဆ သဘောတရားများကိုပင် ဝါးမျိုနိုင်လေသည်။
ဒီနည်းစနစ်က ဝါးမျိုခြင်းတာအိုရဲ့ အထွတ်အထိပ်ကို ရောက်နေပြီပဲ…
ဝမ်ကျူက သုံးသပ်လိုက်သည်။
သူ့ဝါးမျိုခြင်းက ဖျက်ဆီးခြင်းတာအိုရဲ့ အကြွင်းမဲ့ရည်ရွယ်ချက်ကို ရှိပြီးသွားပြီ။ အရာအားလုံးနဲ့ သဘောတရားအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်…
သူမ၏ ဗဟုသုတဖြင့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်သည် ထိုနည်းစနစ်အတွက် ဖျက်ဆီးခြင်းတာအိုကို အခြေခံပုံကြမ်းအဖြစ် အသုံးပြုခဲ့ကြောင်း ပြောနိုင်လေသည်။ ရှေးဟောင်းဝိဇ္ဇာများက တာအိုအားလုံးသည် တူညီသည့်လားရာသို့ ဦးတည်နေကြောင်း ပြောကြလေသည်။ ထိုနည်းစနစ်က ထိုအရာကို အပြည့်အဝ ကိုယ်စားပြုနိုင်၏။
ဝမ်ကျူ၏ ခန္ဓာကိုယ်က ထိုအစက်အပြောက်ဆီ ဆွဲယူခံလိုက်ရသည်။ ကံဆိုးစွာဖြင့် သူမက မည်သည့်နည်းစနစ် သို့မဟုတ် မည်သည့်စည်းမျဉ်းကို အသုံးပြုစေကာမူ အသုံးမဝင်ခဲ့ပေ။ ထိုအရာက ဆက်လက် ဝါးမျိုနေလေ၏။ သို့သော် သူမက လက်မလျှော့ပေ။ မျှော်လင့်ချက် ရှိနေသေး၏။
“မင်း တွေးနေတာကို သိတယ်။ ဒါပေမဲ့ မင်းကို ခွင့်မပြုဘူး” ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အော်ပြောလိုက်သည်။ တစ်ဖက်လူက သူ့စွမ်းအားများ ခမ်းခြောက်သွားအောင်အထိ အချိန်ဆွဲဖို့ ကြံစည်နေကြောင်း သိလေသည်။
သူ့လက်ရှိအနေအထားက သိပ်မဟန်လှပေ။ ထိုအသုံးအဆောင်ပစ္စည်းအားလုံးကို အသက်သွင်းလိုက်ခြင်းက သူ့သိုလှောင်ထားသည့် စွမ်းအားအားလုံးကို ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ကုန်ဆုံးလာစေသည်။ ထို့အပြင် သူက ဝမ်ကျူဆီမှ စုပ်ယူထားသည့် စွမ်းအားကို အသုံးမပြုရဲပေ။ ထိုစွမ်းအားကို ဝမ်ဝေ့က တစ်စုံတစ်ခု လုပ်ထားမည်ကို မည်သူကများ သိမည်နည်း။
ထို့ကြောင့် သူ့အခြေအနေက ဤကိစ္စအောင်မြင်ပြီးသည့်နောက်တွင် ပို၍ ဆိုးရွားလာမည်မှန်း သိထားသည့်အတွက် ဝမ်ကျူအား သတ်ဖြတ်ဖို့ လုပ်ဆောင်လိုက်သည်။
ဝမ်ကျူကို ဖြေရှင်းပြီးတဲ့နောက်မှာ ငါ ဝမ်ဝေ့နဲ့ သူ့နယ်ရုပ်တွေရဲ့ တိုက်ကွက်ကို ရင်ဆိုင်ရလိမ့်မယ်။ အဲဒါဆိုတော့ ထွက်ပြေးပြီး ပုန်းအောင်းဖို့ အင်အား ချန်ထားရမယ်…
သူ့အကောင်းဆုံး ရွေးချယ်မှုက နောက်ဆုတ်ပြီး စွမ်းအားကို ပြန်လည်ဖြည့်တင်းဖို့ ဖြစ်သည်။ တိုက်ပွဲမြေပြင်သို့ မရောက်လာခင်အချိန်နှင့် တူညီသည့်အနေအထားကို ရောက်ဖို့ရာ မဖြစ်နိုင်သော်လည်း တိုက်ပွဲမြေပြင်ကို အသုံးပြုခြင်းဖြင့် စွမ်းအားပမာဏ အမြောက်အများကို သိုလှောင်ထားနိုင်ခဲ့သည်။
ထို့နောက် သူက ဝမ်ဝေ့နှင့် ရင်ဆိုင်ဖို့ လက်ရှိအခြေအနေကို ဒုတိယအကြိမ် အသုံးပြုနိုင်သေး၏။
ဒီလိုဆိုရင်တောင် ငါ့အခြေအနေက အကောင်းဆုံးမဟုတ်သေးဘူး။ တိထျန်းလည်း ရှိနေသေးတယ်။ သူက ငါ့ကို ခြိမ်းခြောက်မှုအဖြစ် မြင်ပြီးတော့ မြန်မြန်ဆန်ဆန် သတ်ပစ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် အခွင့်အရေးရှိမှာ မဟုတ်ဘူး။ အဲဒါဆိုတော့ အကောင်းဆုံးရွေးချယ်မှုက သူတို့နှစ်ယောက် တိုက်ပြီးတဲ့အထိ စောင့်နေဖို့ပဲ…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့ပုန်းအောင်းရေး နည်းလမ်းများအပေါ် ယုံကြည်ချက် ရှိလေသည်။ သူက နှစ်များစွာကြာ ဧကရာဇ်များစွာ၏ အမဲလိုက်မှုကို ခံခဲ့ရသည်။ သို့သော်လည်း သူက ဤအခြေအနေကို အရင် ဖြေရှင်းဖို့ လိုအပ်နေ၏။
ဝုန်း
ထိုအစက်အပြောက်က ဝမ်ကျူကို စုပ်ယူပြီးသည့်နောက်တွင် တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က တုံ့ဆိုင်းခြင်းမရှိ သူတို့တိုက်ပွဲမြေပြင် ဝန်းကျင်ရှိ ကာကွယ်ရေးအလွှာကို လက်သီးဖြင့် ထိုးချလိုက်၏။
ဘန်း
ချန်းချန်က ဒီစွမ်းအား ထူးဆန်းနေတယ်လို့ပြောတာ မဆန်းတော့ဘူး…
ထိုစွမ်းအားသည် မဟာတာအိုအရင်းအမြစ် ၄.၉၉၉ ရာခိုင်နှုန်း ထိန်းချုပ်နိုင်သည့် တာအိုဘိုးဘေးနှင့် ယှဉ်နိုင်ကြောင်း ပြောနိုင်သည်။
ဒီဝမ်ဝေ့က တကယ်ကို ပါရမီရှင်ပဲ။ သူက တာအိုဘိုးဘေးအဆင့်ရဲ့ ကန့်သတ်ချက်အထိ ရောက်အောင် ကျင့်ကြံပြီးသွားပြီ…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တုံ့ဆိုင်းနေခြင်း မရှိပဲ တိုက်ခိုက်ရေးဧကရာဇ် အသုံးအဆောင်ကို ဆင့်ခေါ်ကာ ကာကွယ်ရေးအလွှာကို ချိုးဖောက်ပစ်ခဲ့သည်။
ကျစ် ငါ့အခြေအနေက ပိုဆိုးလာပြီ…
သူ ချိုးဖောက်ပြီးသည်နှင့် ချက်ချင်းဆိုသလို ကူးသန်းသွားလိုက်သည်။
အမည်မသိ ကြယ်တာရာကွင်းပြင်အတွင်း သူက ပေါ်ထွက်လာသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က မံမီတစ်ကောင်လို ပိန်ခြောက်နေပြီး ဆံပင်ဖြူများနှင့် အရေးကြောင်းများ ရှိနေသည်။ သူက အသက်ကြီးကြီး အမျိုးသမီးတစ်ယောက် အသွင်ပြောင်းလဲသွား၏။
သူ့ခေါင်းအထက် အနီရောင်အလံတစ်ခု မြောလွင့်နေပြီး သွေးစွမ်းအားဖြင့် ထောက်ပံ့ပေးထားသည်။ မဟုတ်ပါက သူသည် သေဆုံးသွားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
အခြေအနေက ရှုပ်ထွေးလာတယ်ဆိုပေမဲ့ ဖြေရှင်းလို့ ရတုန်းပဲ…
သူ့အကြည့်က အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ပြီး လီကျွင်းနှင့် သူ့အဖွဲ့က တိုက်ပွဲမြေပြင်ကို ရှာဖွေနေကြကြောင်း တွေးလိုက်ရသည်။
အရင်ဆုံး ကုစားလိုက်ရအောင်…
သူက တင်ပျဉ်ခွေထိုင်ကာ ပြင်ဆင်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်အထက် အမှတ်အသားများစွာ ထွက်ပေါ်လာသည်။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ထိုအမှတ်အသားများသည် သူ့ဟာ မဟုတ်မှန်း သိ၍ ကြောက်လန့်သွား၏။ ထို့အပြင် သူက မလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်ရသည်။
ဝှစ်
ပြီးပြည့်စုံစွာ အကောင်းအတိုင်းရှိနေသည့် ဝမ်ကျူက သူ့ရှေ့တွင် ပေါ်ထွက်လာသည်။
“မင်း”
ဝမ်ကျူက သူ့ဘာသာသူ လျစ်လျူရှုထားပြီးနောက် မန္တန်တစ်ခု ချမှတ်လိုက်သည်။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ခုခံဖို့ ကြိုးစားခဲ့သော်လည်း ယခုအခါ အားအနည်းဆုံး အခြေအနေတွင် ရှိနေပြီ ဖြစ်၏။
ထို့ကြောင့် စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်လုံးက ပုံမှန်အေးစက်စက်နှင့် သက်ရှိအားလုံးကို ဝါးမျိုလိုသည့် စိတ်ဆန္ဒမှ စိတ်ရှုပ်ထွေးမှုနှင့် အကြောက်တရား ကိန်းအောင်းနေသည့် အသွင် ရုတ်ချည်းပြောင်းလဲသွားသည်။
“မိန်းကလေးမို နိုးလာပြီလား” ဝမ်ကျူက မေးလိုက်သည်။
“နင်က…”