← Chapters

အရန်

Vol. 57 Ch. 798

အရန်

Vol. 57 Ch. 798

မိုရှင်းယွင်က သူမ၏ အသိစိတ်ဖြည်းဖြည်းချင်း ပြန်ကောင်းလာသည့်အတွက် စိတ်ရှုပ်ထွေးနေသည်။ သူမ မှတ်မိသည့် နောက်ဆုံးအရာက သူမ၏ ခန္ဓာကိုယ်ထဲမှ နောက်ထပ် အသိစိတ်တစ်ခုနှင့် တိုက်ခိုက်ဖို့ ရုန်းကန်နေရခြင်း ဖြစ်သည်။ သို့သော်လည်း သူမ၏ ရုန်းကန်မှုများက အသုံးမဝင်ခဲ့ပေ။

သူမက ခန္ဓာကိုယ်ထိန်းချုပ်မှု အလျင်အမြန် ပျောက်ဆုံးသွားသည်ကို ကြည့်နေရင်း သူမက တစ်စုံတစ်ယောက်ဖြစ်သွားသည်ကို ကြည့်နေရသည့် အကြောက်တရားကို မဖော်ပြတတ်တော့ပေ။

ထို့နောက် အရာအားလုံးက အမှောင်ဖုံးသွားပြီး အိပ်မောကျသွားသည့် အနေအထားနှင့် တူညီသည့် အနေအထားသို့ ဝင်ရောက်သွားသည်။

မိုရှင်းယွင်က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် သူမ၏ မှတ်ဉာဏ် မဟုတ်သည့် မှတ်ဉာဏ်အများစုကို ရုတ်ချည်း လက်ခံလိုက်ရသည်။ ပြောရလျှင် ထိုအရာများက သူမအပိုင် ဖြစ်သော်လည်း ထိုမှတ်ဉာဏ်များထဲရှိ သူမ၏ အပြုအမူများက ထူးဆန်းနေသည်။ အများစုက သူမ မလုပ်နိုင်သည့်အရာများ သို့မဟုတ် လုပ်ဆောင်နိုင်စွမ်း မရှိသည့်အရာများပင် ပါဝင်နေ၏။

သူမက ထိုမှတ်ဉာဏ်များကို စုပ်ယူဖို့ ခေတ္တ အချိန်ယူလိုက်ရသည်။ နောက်ဆုံးတွင် သူမက အသံတစ်သံ ပြောနေသည်ကို ကြားသည့်အတွက် အာရုံစိုက်လိုက်၏။

“နင်က ဝမ်ဝေ့ရဲ့ နယ် … အဲလေ … လူလား”

“ဟုတ်တယ်” ဝမ်ကျူက တည်တည်ငြိမ်ငြိမ်ပြန်ဖြေလေ၏။

“သူက ငါ့ကို ကယ်လိမ့်မယ်လို့ ထင်မထားမိဘူး။ သူက ဘာလို့ လုပ်ခဲ့တာလဲ”

အခြေအနေကို တည်တည်ငြိမ်ငြိမ်ဖြင့် အတည်ပြုပြီးသည့်နောက်တွင် မိုရှင်းယွင်က ပြန်လည်တည်ငြိမ်လာပြီ ဖြစ်၏။

“သခင်လေးက မင်း သူ့အပေါ် ကံကြွေးတင်သွားပြီလို့ ပြောလိုက်တယ်” ဝမ်ကျူက ပြောလိုက်သည်။

“ငါ သိပြီ” မိုရှင်းယွင်က အမူအရာမရှိ ပြောလိုက်သည်။ မည်သူကမှ သူမ တွေးနေသည့်အရာကို သိကြမည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ကျူက ဂရုမစိုက်ပေ။ သူမက လက်ဝှေ့လိုက်သည့်အခါ မိစ္ဆာငယ်လေး၏ ခန္ဓာကိုယ်ထဲမှ ပြန့်ကျဲနေသည့် အမှတ်အသားများနှင့် တူညီသည့် စည်းတံဆိပ်က ဖြည်းဖြည်းချင်း ပုံသဏ္ဌာန်တစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် သူမက ခန္ဓာကိုယ်ထဲမှ အမှတ်အသားကို ဆွဲနှုတ်လိုက်ပြီး အကာအရံ ချထားလိုက်သည်။

“ဒီလိုအစေခံတစ်ယောက်ကို ရှုံးတယ်ဆိုတာ မယုံနိုင်သေးဘူး” ထိုအမှတ်အသားမှ ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံတွင် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်။

မိုရှင်းယွင်၏ ခန္ဓာကိုယ်က ထိုအသံကို ကြားပြီး တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။ ထို့နောက် သူမက အမှတ်အသားပြားကို ပိုမိုပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်လိုက်သည်။

“ဒီအစေခံက လှုပ်ရှားတာကို ရှင် ဝမ်းသာသင့်တယ်။ မဟုတ်ရင် ရှင် သုတ်သင်မခံရခင် အသက်ရှူဖို့ အချိန်တောင်ရှိမှာမဟုတ်ဘူး” ဝမ်ကျူက တိတ်တဆိတ် သက်ပြင်းချကာ ပြန်ဖြေလိုက်၏။

သူမက ကျင့်ကြံရေးခရီးလမ်း စတင်ကတည်းက မည်မျှပြောင်းလဲသွားကြောင်း အမှတ်ရသွား၏။ သူမ၏ ပါရမီက သာမန် ဖြစ်သော်လည်း လှပသည့်အတွက် ဝမ်မျိုးနွယ်က သခင်လေး၏ အစေခံအဖြစ် ခန့်ခဲ့သည်။ သခင်လေးက ပျင်းသည့်အတွက် သတင်းအချက်အလက် စီမံသူကို ရှာဖို့ အချိန်မဖြုန်းလိုပေ။ ထို့ကြောင့် သူမက ထိုနေရာကို ယူခဲ့၏။ ဝမ်ကျူက သခင်လေး၏ ထောက်ပံ့မှု မရှိဘဲ သူ့အရိပ် မဖြစ်လာသလို စမ်းသပ်ချက်များကို အောင်မြင်နိုင်မည် မဟုတ်ကြောင်း သိသည်။

သူမက ကံကောင်းမှုစစ်ဆေးပွဲအတွင်း မရဏအမိန့်နန်းဆောင်မှ သခင်လေးဆီ ရောက်လာသည့် လုပ်ကြံသတ်ဖြတ်မှုများကို တားဆီးရာတွင် အသုံးမဝင်ဖြစ်သွားပြီးနောက် သူမ၏ ကန့်သတ်ချက်ကို သဘောပေါက်သွားခဲ့သည်။ ထိုအဖြစ်အပျက်အပြီးတွင် သူမက အသုံးမဝင်ဖြစ်လာမည်ကို စိုးထိတ်လာမိပြီး သခင်လေး၏ ခြေလှမ်းအတိုင်း အမှီမလိုက်နိုင်မည်ကို ကြောက်ရွံ့လာမိသည်။

သို့သော်လည်း ဝမ်ကျူက ယခုအခိုက်အတန့်တွင် သူမ၏ အောင်မြင်မှုများကို ပြန်လည်ကြည့်ရှုခဲ့သည်။ သူမ၏ အင်အားက အချိန်တိုတစ်ခုမျှ အကောင်းဆုံး တာအိုဘိုးဘေးနှင့် ယှဉ်နိုင်ပြီး အကြွင်းမဲ့တိုက်ကွက်ကို အသုံးပြုလျှင် ကမ္ဘာကပင် သူမ၏ တည်ရှိမှုကို အံ့အားသင့်သွားလိမ့်မည်။

ထို့အပြင် သူမက ပြန်လည်အသက်ရှင်ဖို့ ကြိုးစားနေသည့် ထာဝရဧကရာဇ်ကိုပင် ထိထိရောက်ရောက် ဖြေရှင်းနိုင်ခဲ့၏။

ငါ့ကို ဒီလိုအရာတွေ ပေးထားတဲ့သူကို မမေ့သင့်ဘူး…

ဤစကားက နှစ်သန်းချီကြာ ကျင့်ကြံနေစဉ်အတွင်း သူမ၏ ဆောင်ပုဒ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုအရာက သူမ၏ သွေးနှင့် ဝိညာဉ်ထဲထိ ကိန်းအောင်းနေ၏။

“ဒါက မပြီးသေးဘူးလို့ ဝမ်ဝေ့ကို ပြောလိုက်” ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သွေးမျိုးဆက်အမှတ်အသားမှ ပြောလာသည်။

“ငါ အသက်ပြန်ရှင်လာတဲ့အချိန် ပြန်တွေ့ကြမယ်။ အဲဒီအချိန်ကျရင် ရင်ဆိုင်ကြတာပေါ့”

“ရှင် အသက်ပြန်ရှင်လာတဲ့အခါကျရင် သခင်လေးက ရှင် မော့ကြည့်ရတဲ့ အနေအထားကို ရောက်နေလောက်ပြီ။ အဲဒီအခါကျရင် ရှင် ဉာဏ်ကောင်းမယ်ဆိုရင်တော့ ရှင့်ရဲ့ သနားစဖွယ် အသက်လေးကို ကယ်တင်ဖို့ ‌ဝေးဝေးနေသင့်တယ်” ဝမ်ကျူက ပြောလိုက်၏။

ဝမ်ကျူက အေးစက်စက် လှောင်ပြောင်သံကို ကြားသော်လည်း ဂရုမစိုက်ပေ။ သူမက အမှတ်အသားပြားကို အပြီးတိုင် စည်းပိတ်လိုက်ပြီးသည့်နောက်တွင် သိမ်းဆည်းလိုက်၏။ ထို့နောက် သူမက မိုရှင်းယွင်ကို အာရုံစိုက်ကာ ပြောလာသည်။

“အခု ဒီတိုက်ပွဲကို လက်လျှော့ပြီးတော့ ဒီနေရာကနေ ထွက်သွားလိုက်ပါ”

မိုရှင်းယွင်က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် “ အာ … ”

သူမ စကားမဆုံးခင် သူမ ခန္ဓာကိုယ်ထဲ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ကျရောက်လာသည်ကို ခံစားမိလိုက်သည်။ သူမသာ ခုခံပါက သူမ၏ ကံကြမ္မာသည် အဆုံးသတ်သွားနိုင်ကြောင်း သိလိုက်၏။

“စိတ်အေးအေးထားပါ။ ငါ လက်လျှော့ပြီ” မိုရှင်းယွင်က သက်ပြင်းချကာ ပြောလိုက်၏။ သူမ၏ အသားအရည်က ပိုမိုဆိုးရွားလာပြီး အဖြူရောင်အလင်းတန်းက သူမကို လွှမ်းခြုံသွားသည်။

“ဉာဏ်ရှိတဲ့ ရွေးချယ်မှုပဲ” ဝမ်ကျူက လက်ဝှေ့ပြီး မိုရှင်းယွင်၏ သိုလှောင်လက်စွပ်ကို ယူဖို့ ပြင်လိုက်သည်။ ထို့နောက် သူမ၏ အမူအရာက ရုတ်ချည်းဆိုသလို ပျက်ယွင်းသွားကာ ညာဘက်ကို ကန်ချလိုက်သည်။

ဝုန်း

တစ်စုံတစ်ယောက်က ပြန်လည်တိုက်ခိုက်လာသည့်အတွက် သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုက မိုရှင်းယွင်ပင် မခုခံနိုင်သည့် အားကောင်းသည့် တုန်ခါနှုန်းကို ဖြစ်ပေါ်လာစေသည်။ ဝမ်ကျူက ကျူးကျော်လာသည့်သူကို ကြည့်ကာ ရေရွတ်လိုက်၏။

“တိထျန်းရဲ့ အရိပ်ပဲ”

သူမ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး အဖြစ်အပျက်ကို နားလည်သွားလေသည်။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို လွတ်မြောက်ကာ သတိလက်လွတ် ဖြစ်စေပြီးသည့်နောက်တွင် တိထျန်းက သူ့ကို အာရုံစိုက်လာပြီး နောက်မှ လိုက်လာဖို့ သူ့ခန္ဓာကိုယ်ထဲ တစ်စုံတစ်ခု ထားရှိခဲ့ရမည်။

ယခုတွင် သူ့အရိပ်က သူမအား အကျိုးအမြတ်များ မရအောင် တားဆီးလာ၏။

မိုရှင်းယွင် သိုလှောင်လက်စွပ်ယူပြီး ထွက်သွားတော့…

အရိပ်က အံ့ဖွယ်အသိစိတ်မှ တဆင့် ဆက်သွယ်လိုက်သည်။

မိစ္ဆာအငယ်လေးက ထိုသူနှစ်ဦးကို ကြည့်ကာ သူမ၏ သိုလှောင်လက်စွပ်ကိုလည်း ကြည့်လိုက်သည်။ သူမက တုံ့ဆိုင်းမနေဘဲ ပြေးယူလိုက်၏။

ဝမ်ကျူက တားဆီးဖို့ ကြိုးစားသော်လည်း အရိပ်က ဝင်ရောက်စွက်ဖက်ခဲ့သည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် မိုရှင်းယွင်က တိုက်ပွဲမြေပြင်မှ ပျောက်ကွယ်သွား၏။ အရိပ်က ဝမ်ကျူကို တစ်ချက်ကြည့်ပြီးသည့်နောက်တွင် ထွက်ခွာသွားသည်။ သူ့တာဝန်က လေ့လာဖို့၊ သတင်းအချက်အလက် စုဆောင်းဖို့နှင့် ဝမ်ဝေ့၏ အဖွဲ့အား အခွင့်အရေးနှင့် အရေးသာချက်များ ရခြင်းမှ တားဆီးဖို့ရာ ဖြစ်သည်။

ထို့ကြော့င် သူက သူ့ခေါင်းဆောင်ဆီ သတင်းပို့ဖို့ ပြန်လာခဲ့ပြီး ဝမ်ကျူသည်လည်း ဝမ်ဝေ့ဆီ ပြန်လာခဲ့သည်။

“သခင်လေး ကျွန်မ တာဝန် မပြီးမြောက်ခဲ့ဘူး” သူမက ခေါင်းငုံ့ကာ ပြောလိုက်သည်။

“ကိစ္စမရှိဘူး။ ငါတို့ရဲ့ အဓိကရည်ရွယ်ချက်က မိုရှင်းယွင်နဲ့ အဲဒီသွေးမျိုးဆက် အမှတ်အသားပဲ” ဝမ်ဝေ့က မျက်လုံးဖွင့်ကာ ပြောလိုက်သည်။

ဝမ်ဝေ့က ထိုသိုလှောင်လက်စွပ်ထဲမှ အဖိုးတန်ဆုံးအရာသည် မိုမျိုးနွယ်၏ ထာဝရအသုံးအဆောင်ဖြစ်သည့် ကောင်းကင်ဝါးမျိုရေးအိုး ဖြစ်ကြောင်း သိလေသည်။ ကံဆိုးစွာဖြင့် ထိုအရာက တာအိုအခွင့်အလမ်းဂိုဏ်းအတွက်ပင် ပြဿနာ ရှိနိုင်သည်။

အင်အားစု၏ ကံကောင်းမှုနှင့် ဆက်နွယ်ထားသည့် ဧကရာဇ်အသုံးအဆောင်များသည် အသုံးပြုဖို့ အင်မတန်ခက်ခဲလှ၏။ ဝမ်ဝေ့က မိုမျိုးနွယ်ကို ဖျက်ဆီးပစ်တာမျိုး သို့မဟုတ် ဂိုဏ်း၏ ကံကောင်းမှုကို အသုံးပြုပြီး အိုးနှင့် မို မျိုးနွယ်ကြားမှ ဆက်နွယ်မှုကို ဆေးကြောပစ်ဖို့ လိုအပ်ပေသည်။

ထိုအရာနှစ်ခုလုံးက အလွယ်တကူ မရရှိနိုင်ပေ။ အထူးသဖြင့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့အသုံးအဆောင်ပစ္စည်းတွင် လျှို့ဝှက်အရာတချို့ ချန်ထားခဲ့နိုင်သည်။

နောက်ဆုံး ဧကရာဇ်အသုံးအဆာင်များက တခြားကံကောင်းမှု အခွင့်အရေးမှ ရရှိလာသည့်အရာများနှင့် ကွဲပြားပေသည်။ သူတို့က သူတို့အင်အားစု၏ အုတ်မြစ် ဖြစ်၏။

ထို့ကြောင့် မိုမျိုးနွယ်က သူတို့မိသားစုအား ကောင်းကင်ဝါးမျိုရေးအိုး ပျောက်ဆုံးသွားမည်ကို ခွင့်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဧကရာဇ် တာအိုစစ်ပွဲကိုပင် ဆင်နွှဲဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ဝမ်ဝေ့က ထိုကိစ္စကို ဂရုမစိုက်သော်လည်း မိုမျိုးနွယ်က ဤတစ်ကြိမ်ကို အသုံးချကာ ပြဿနာ ရှာလာနိုင်ချေရှိ၏။

ဂိုဏ်း၏ အာဏာက ဤမျိုးဆက်အတွင်း သိသိသာသာ တိုးမြင့်လာသည့်အတွက် လူများစွာက မပျော်ရွှင်ပဲ စိုးရိမ်နေကြသည်။ အကယ်၍ သူတို့သာ ပြဿနာရှာဖို့ အခွင့်အရေး သို့မဟုတ် အကြောင်းအရင်း ရရှိလာပါက အများစုသည် ပါဝင်လာကြလိမ့်မည်။

ထို့ကြောင့် ဝမ်ဝေ့က ပျောက်ဆုံးသွားသည့် ထိုလက်စွပ်ကို ဂရုမစိုက်ပေ။ ထိုအရာကိုရှိပြီး သူ့အဖွဲ့အတွက် တာအိုအသုံးအဆောင် ပစ္စည်းအနေဖြင့် အသုံးပြုလျှင် ကောင်းသော်လည်း မရှိလည်း အဆင်ပြေသည်။

“ဖြစ်ခဲ့တာတွေကို ပြောပြ” ဝမ်ဝေ့က သူမဆီမှ သွေးမျိုးဆက် အမှတ်အသားကို ယူကာ ပြောလိုက်သည်။ ထို့ကြောင့် ဝမ်ကျူက သူမ၏ အတွေ့အကြုံများကို စကားတစ်လုံးပင် မလွဲချော်ခဲ့စေဘဲ ပြန်လည်ပြောပြလိုက်သည်။

“ ဒါက အဆုံးမသတ်သေးဘူးတဲ့လား” သူက နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်၏။

“သူက အဲဒါနဲ့ ပတ်သက်ပြီး မှားနေတာပဲ”

ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ကာ ဗလာလေဟာနယ်ကို ဆွဲယူလိုက်သည်။ ထို့နောက် အာကာပြင်က တွန့်လိမ်သွားပြီး ဆံပင်အနက်ရောင်နှင့် မျက်လုံးအနီရှိသည့် လူငယ်လေးက သူတို့ရှေ့မှောက် ပေါ်ထွက်လာ၏။ ကံအပြစ်ကြွေး အနံ့ဆိုးများကလည်း ပြင်းထန်လှသည်။

“သခင်လေး ဒါက … ”

“ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ရဲ့ နောက်ခံ အရန်အစီအစဉ်ပေါ့” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ဒီလူက သူ့မျိုးဆက်ထဲက မိုမျိုးနွယ်ဝင် တစ်ယောက်ပဲ”

“သူ့ဆီမှာရော သွေးမျိုးဆက် အမှတ်အသားရှိနေတာလား” သူမက တအံ့တဩဖြင့် မေးလာသည်။

“ဟုတ်တယ်။ မိုရှင်းယွင် ကျရှုံးရင်တောင် သူ့ဆီမှာ ပြန်ပြီးအသက်ပြန်ရှင်ပြီး တိုက်ပွဲ ဆက်တိုက်နိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်ခု ရှိနေသေးတယ်”

သို့သော်လည်း ဝမ်ကျူက တိတ်ဆိတ်နေသည့် လူငယ်လေးကို မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။

“ဒီလူက အားနည်းလွန်းတယ်။ သူ လုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး”

“သူသာ ကောင်းကောင်းမွန်မွန် ပုန်းအောင်းပြီးတော့ တိထျန်းနဲ့ ငါတို့ တိုက်ခိုက်တဲ့အချိန်အထိ စောင့်ဆိုင်းပြီး အားနည်းတဲ့အခြေအနေကို အခွင့်ကောင်းယူရင် သူ အောင်မြင်နိုင်ချေ ရှိတယ်”

“အဲဒါဆိုတော့ သူ့ဆီမှာ တတိယ တာအိုအသုံးအဆောင် ရှိနေသေးတာလား”

“အဲ့လိုဖြစ်နိုင်ချေ များတယ်။ ပြီးတော့ အဲဒီလူရဲ့ တကယ့်ရည်ရွယ်ချက်က တခြားတစ်ခု ဖြစ်နေနိုင်တယ်” ဝမ်ဝေ့က ပြောလိုက်၏။

“တိုက်ပွဲမှာ ရှင်သန်ဖို့” ဝမ်ကျူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ထပ်ပြောလိုက်၏။

“ဟုတ်တယ်။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အသက်ရှင်သရွေ့ သူ့ကိုယ်သူ ပြန်လည်အသက်သွင်းဖို့ တခြားနည်းလမ်းတွေ ရှာနိုင်တယ်”

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ တာအိုအရှင် တစ်ယောက်ကို မည်သူကမှ လျှော့မတွက်သင့်ပေ။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ရှုံးနိမ့်သွားသည်မှာ သူ့မောက်မာမှုကို အပြည့်အဝ မဖုံးကွယ်ထားဘဲ ပြောင်းလဲလွယ်သည့် စိတ်ပိုင်းဆိုင်ရာ သဘောထားကြောင့် ဖြစ်ပေသည်။

သူ့သုံးသပ်ချက်အရ ထိုသူက သူတို့၏ တိုက်ပွဲကို သူ့ကိုယ်သူ အစစ်အမှန်တာအိုနယ်ရှင်တစ်ယောက်ထက် မဆိုးရွားကြောင်း ပြသဖို့ရာ ယှဉ်ပြိုင်ပွဲတစ်ခုအဖြစ် မြင်ကြောင်း ယုံကြည်၏။

သူ့စိတ်ထဲတွင် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က စစ်ဆေးမှု မခံယူခဲ့ရသည့်အတွက် တာအိုနယ်ရှင် မဟုတ်သော်လည်း သူ့အသိဉာဏ်က ဝမ်ဝေ့ သို့မဟုတ် တခြားသော တာအိုနယ်ရှင်များထက် မဆိုးရွားကြောင်း ယုံကြည်နေလေ၏။

ကံဆိုးတာက တာအိုနယ်ရှင်ဆိုတာက ဉာဏ်ကြွယ်ဝတာတင် မဟုတ်ပဲနဲ့ ကိုယ့်စိတ်အခြေအနေနဲ့ ကိုယ့်အားနည်းချက်ကို တစ်ဖက်သူ အသုံးမချနိုင်အောင် ကောင်းကောင်းသိနေတာမျိုးကို ပြောတာ…

အကယ်၍ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့မာနနှင့် စိတ်ကြီးဝင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိကိုယ်သည် ယခင်ထာဝရဧကရာဇ် ဖြစ်ခဲ့သည့်အချိန်နှင့် မနှိုင်းယှဉ်နိုင်ကြောင်း လက်ခံခဲ့ပါက သူ့ကို ရင်ဆိုင်ဖို့ လွယ်ကူမည် မဟုတ်ပေ။

“သခင်လေး အဲဒါဆို တတိယ သွေးမျိုးဆက် အမှတ်အသားရော ရှိနေမယ်ထင်လား” ဝမ်ကျူက မေးလိုက်၏။

ဝမ်ဝေ့က ခေတ္တရပ်တန့်ကာ “ပုံမှန်အရ ပြောရမယ်ဆိုရင်တော့ သွေးမျိုးဆက် အမှတ်အသားရဲ့ လိုအပ်ချက်က ပြင်းထန်ပြီးတော့ အားကောင်းရုံတင် မကဘဲနဲ့ ကိုက်ညီတဲ့ မျိုးဆက်တွေကို လိုတယ်။ ဒါပေမဲ့ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ရဲ့ နည်းစနစ်ကတော့ ထူးကဲတဲ့ပုံပဲ။

သူက သူ့ဝါးမျိုရေးတာအိုနဲ့ သူ့မျိုးဆက်ရဲ့ ဘယ်သူ့ခန္ဓာကိုယ်ထဲဖြစ်ဖြစ် နေသားကျအောင် လုပ်ယူနိုင်တယ်။ ဒါပေမဲ့ ငါက သူ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ခန့်မှန်းပြီးထားပြီဆိုတော့ တတိယတစ်ခု ရှိနေတာ၊ မရှိနေတာ အရေးမကြီးတော့ဘူး”

“ဘယ်နေရာမှာလဲ” ဝမ်ကျူက မေးလိုက်၏။

“မိစ္ဆာနတ်ဘုရားကမ္ဘာ”

သူမ၏ အကြည့်များက တောက်ပလာပြီး “သူက သူ့ကိုယ်သူ အသက်ပြန်သွင်းဖို့ မိစ္ဆာနတ်ဘုရားတွေကို စုပ်ယူချင်တာလား”

“အဲ့လိုဖြစ်နိုင်ချေ များတယ်”

All Chapters