သူ့ရဲ့ လူသားဆန်စိတ်
Vol. 58 Ch. 799
ဝမ်ဝေ့က သုံးသပ်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သာမန်အခြေအနေအောက်တွင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ အစီအစဉ်က ဝူဟုန်၏ စည်းတံဆိပ်ကြောင့် အလုပ်ဖြစ်မည်ဟု မထင်ပေ။ သို့သော်လည်း နောက်ဆုံးရှင်းလင်းရေးအပြီးတွင် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကို ပြောင်းလဲခဲ့သည့်အတွက် သူမ၏ စည်းတံဆိပ်အပေါ် သက်ရောက်မှု ဖြစ်လာစေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ အစီအစဉ်သည် အခွင့်အရေးရှိမည် မဟုတ်သော်လည်း ယခုတွင် ကွဲပြားသည့် ဇာတ်ကြောင်းတစ်ခု ဖြစ်သွားလေပြီ။
သူက ခဏကြာ စဉ်းစားပြီးသည့်နောက်တွင် တိုက်ပွဲပြီးသည့်နောက် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။ စည်းတံဆိပ်က မည်မျှပင် အားနည်းလာစေကာမူ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့လက်ရှိအခြေအနေ မဆိုထားနှင့် အထွတ်အထိပ်အခြေအနေတွင်ပင် အလွယ်တကူ ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။
သူ့ကိုယ်သူ အသက်ပြန်သွင်းနိုင်လျှင်ပင် ဝမ်ဝေ့က တိုက်ပွဲကို အနိုင်ရရှိပြီး ထာဝရဧကရာဇ် ဖြစ်လာသရွေ့ သူ့ကို ဂရုမစိုက်ပေ။ ထိုအခါ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တခြားသူနှင့် ယှဉ်လိုက်လျှင် ပိုကြီးမားသည့် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်လာလိမ့်မည်။ အကယ်၍ ထိုသူက ဒိုင်မေးရှင်းအမြင့်သို့ တက်လှမ်းကာ ပုန်းအောင်းနေပါက ဝမ်ဝေ့က သူ့ကို ဂရုစိုက်တော့မည် မဟုတ်ပေ။
သို့သော် သူက လက်စားချေပြီး သူ့အစီအစဉ်ကို ဝင်ရောက်စွက်ဖက်လိုပါက ဝမ်ဝေ့သည် သူ့တည်ရှိမှုကို ပယ်ဖျက်ပြီး သမိုင်းကြောင်းမှ ဖယ်ရှားပစ်လိမ့်မည်။
အရိုးသားဆုံးပြောရလျှင် သူက တိုက်ပွဲရှုံးနိမ့်သွားလျှင်ပင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အကြောင်း ဂရုမစိုက်ပေ။ ဓားအရှင်နှင့် ဖျက်ဆီးခြင်းအရှင်တို့ဖြင့် ထာဝရအထွတ်အထိပ် မဟုတ်သည့်သူကို ဖြေရှင်းဖို့ ပြဿနာတစ်ခု မဟုတ်ပေ။
ထို့ကြောင့် သူက သူ့ရှေ့မှာ ရှိနေသည့် လူငယ်လေးကို ကြည့်ကာ သူ့ခန္ဓာကိုယ်မှ နောက်ထပ် အမှတ်အသားတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုသူက အာကာပြင်အမှုန့်သဖွယ် ပြောင်းလဲသွားသလိုမျိုး တစ်စစီ လွင့်ပြယ်သွားသည်။ ထိုဖြစ်စဉ်အတွင်း သူက စကားတစ်ခွန်းမှ ပြောဖို့ အခွင့်အရေး မရခဲ့ပေ။
သူက ဒုတိယမြောက် သွေးမျိုးဆက် အမှတ်အသားကို ကြည့်ကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းအသာယမ်းလိုက်သည်။ သူက ထိုအမှတ်အသားများမှ မှတ်ဉာဏ်တချို့ကို စုစည်းနိုင်ဖို့ မျှော်လင့်ထားခဲ့ပြီး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ဘဝအကြောင်း သင်ယူနိုင်ဖို့ မှန်းဆထားခဲ့သည်။ အထူးသဖြင့် ဒိုင်မေးရှင်းအမြင့်တွင် အမဲလိုက်ခံရသည့် အတွေ့အကြုံများ ဖြစ်သည်။
ကိစ္စတော့မရှိပါဘူးလေ။ ဒီအမှတ်အသားပြားကနေ တခြားအကျိုးကျေးဇူးတွေ ရှိနေသေးတာပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ဤအရာနှင့် တူညီသည့် နည်းစနစ်တစ်ခုကို လေ့လာနိုင်လေ၏။ သို့သော်လည်း သူက သူ့မျိုးဆက်အပေါ် အမှတ်အသားထားခဲ့မည် မဟုတ်ဘဲ သိပ္ပံနှင့် နည်းပညာကမ္ဘာတွင် ဖန်တီးထားသည့် ကိုယ်ပွားထံတွင် ထားရှိခဲ့မည် ဖြစ်သည်။
ထိုအစီအစဉ်၏ တစ်ခုတည်းသော ပြဿနာက သူ သေခြင်းနှင့် မသေခြင်းကြား မပြီးမပြတ် အခြေအနေတွင် ရှိနေသည့်အခါ ဟုန်ကျွင်း၏ ကာကွယ်မှုသည် ကျန်ရှိနေပါ့မလားဟူ၍ ဖြစ်သည်။
ထိုအမှတ်အသားများ၏ နောက်ထပ် အကျိုးကျေးဇူးတစ်ခုက ဝမ်ဝေ့အား ဧကရာဇ်အဆင့်၏ လျှို့ဝှက်ချက်များကို လေ့လာခွင့်ပြုထားသည်။ ထို့နောက် သူက မျက်လုံးမှိတ်ကာ သူတို့၏ အနှစ်သာရကို စတင်လေ့လာလိုက်၏။ ထိုစဉ် ဝမ်ကျူက မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားသည်။
သူမက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်နှင့် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာတို့၏ ပြဿနာကို ဖြေရှင်းလိုသည်။ သို့သော်လည်း သူမ၏ သခင်လေးက ဂရုမစိုက်သည်ကို မြင်တွေ့ပြီးသည့်နောက်တွင် အခြေအနေက သူမ ထင်ထားသလို အန္တရာယ် မများကြောင်း သိလိုက်၏။
ထို့ကြောင့် သူမက သူမ၏ တာဝန်ကိုသာ ဆက်လုပ်ခဲ့သည်။
…………………………..
အလယ်ပိုင်း
ထုံရို့ပင်းရှေ့တွင် အမျိုးသားတစ်ယောက် ပေါ်ထွက်လာလေ၏။ သူမက သူ့အငွေ့အသက် ထူးဆန်းနေသည်ကို ခံစားမိလိုက်သည်။
“ရှင်က ဘယ်သူလဲ” သူမက အဝင်ဝတွင် ထိုထူးထူးဆန်းဆန်းလူကို မြင်တွေ့ဖူးကြောင်း အမှတ်ရလိုက်သည့်အတွက် စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။
“ငါ့ကို မမှတ်မိတာ ပုံမှန်ပါပဲ” အေးစက်စက်ဖြင့် စိတ်ခံစားချက် ကင်းမဲ့နေသည့် အသံတစ်သံထွက်ပေါ်လာ၏။
“ကျွန်မက ရှင့်ကို သိလို့လား” သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒါပေါ့။ မင်းက ငါ့ရဲ့ လူသားဆန်စိတ် နောက်ဆုံးကြိုးမျှင်ပဲ” ခေါင်းဆောင်းပုံရိပ်က သူ့ဝတ်ရုံရှည်ကို ဖယ်လိုက်ပြီးနောက် ပြောလိုက်သည်။
ထုံရို့ပင်းက စိတ်အခြေအနေ မြင့်မားသော်လည်း ခေါင်းဆောင်းအောက်မှ ပုံရိပ်ကို မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်သွားမိသည်။ သူမက သတ္တု၊ သစ်သားနှင့် အသား ရောနှောထားသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။
“ချန်းချန် ဘယ်လိုဖြစ်လာတာလဲ” သူမက ရုပ်သေးရုပ် သို့မဟုတ် စက်ယန္တရားတစ်ခုနှင့် တူနေသည့် စိတ်ခံစားချက် ကင်းမဲ့နေသော သူ့မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။
“ဒါက စွမ်းအားနဲ့ မောက်မာမှုရဲ့ တန်ကြေးပဲ” သူက ရှင်းပြလိုက်သည်။
ထို့နောက် ခဏအကြာတွင် သူ့မျက်ဝန်းအထက် နောင်တတရားတို့ ထွက်ပေါ်လာ၏။
စွမ်းအားအတွက် စက်ယန္တရားရုပ်သေးရုပ်ကမ္ဘာသို့ သွားပြီး အကြွင်းမဲ့ရုပ်သေးရုပ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်နိုင်ဖို့ တားမြစ်ချက်နည်းလမ်းတစ်ခုကို ရှာဖွေခဲ့သည်။ ချန်းချန်က ထိုနည်းစနစ်၏ သတိပေးချက်များကို ဂရုမစိုက်ပဲ မွမ်းမံပြုပြင်ရေးတွင် အောင်မြင်မှုများနှင့် တခြားလူမှုအဖွဲ့အစည်းမှ ဗဟုသုတများဖြင့် စွန့်စားမှုကို ဖယ်ရှားပြီး နည်းစနစ်ကို အကောင်းဆုံး လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။
ကံဆိုးစွာဖြင့် ကံကြမ္မာက သူ့ကို ပြက်ရယ်ပြုခဲ့၏။
ဤရုပ်သေးရုပ်ပညာရပ်ကို ဖန်တီးခဲ့သည့်သူက ဝမ်ဝေ့နှင့် ဝမ်ထျန်းလိုမျိုး နှစ်သန်းတစ်ထောင်တွင် တစ်ယောက် ပေါ်ထွက်လာသူဖြစ်ပြီး သေမျိုးလူသားတစ်ယောက်အနေဖြင့်ပင် တည်ရှိမှုသဘောတရား အနည်းငယ်ကို နားလည်နိုင်စွမ်းရှိသည်။ သို့သော်လည်း ထိုအမျိုးသားက ဗဟုသုတနှင့် ကြမ္မာလိုအပ်နေမှုကြောင့် နဝမအဆုံးစွန်အုတ်မြစ် လမ်းစဉ်ကို မလျှောက်လှမ်းခဲ့ပေ။ သူက ရုပ်သေးရုပ်တာအိုကို စွဲလမ်းခဲ့၏။ သူက သူကိုယ်တိုင် ပေါင်းစပ်နိုင်သည့် အကြွင်းမဲ့ရုပ်သေးရုပ်ကို ဖန်တီးလိုခဲ့သည်။
ထိုဖြစ်စဉ်အတွင်း သူက တခြားကမ္ဘာအသိုက်အဝန်းများဆီ သွားကာ ဗဟုသုတအသစ်များစွာကို သင်ယူခဲ့၏။ အဆုံးသတ်တွင် တစ်စိတ်တစ်ပိုင်းအားဖြင့် အောင်မြင်ခဲ့သည်။ ကျင့်စဉ်၏ နောက်ဆုံးပုံစံတွင် ပြဿနာတစ်ခု ရှိနေပြီး အဓိကအကြောင်းအရင်းကမူ စက်ယန္တရားရုပ်သေးရုပ်ကမ္ဘာတွင် ထိုအရာက တားမြစ်ချက် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ထိုအမျိုးသားက ထိုကျင့်စဉ်တွင် သေးငယ်နည်းပါးလှသော သူ့ တည်ရှိမှု နားလည်နိုင်စွမ်းကို အသုံးပြုခဲ့သည်။
ထို့ကြောင့် တစ်စုံတစ်ယောက်က ရုပ်သေးရုပ်နှင့် ပေါင်းစပ်ပါက သူတို့၏ တည်ရှိမှုသည် ပြောင်းလဲသွားလိမ့်မည် သို့မဟုတ် ကမ္ဘာမြေ၏ သိပ္ပံဝတ္ထုများထဲမှ ပြောသလိုမျိုး စက်ရုပ်လူသားနှင့် တူညီသည့် သက်ရှိဖြစ်လာလိမ့်မည်။ ကံဆိုးစွာဖြင့် တည်ရှိမှုအပေါ် သေးငယ်နည်းပါးသည့် နားလည်နိုင်စွမ်းဖြင့် ဖြစ်စဉ်က မှားယွင်းသွားခဲ့ပြီး ချန်းချန်၏ လက်ရှိအခြေအနေဖြစ်သည့် လူသားတစ်ဝက်၊ စက်ယန္တရားတစ်ဝက်ကို ဖြစ်ပေါ်လာစေသည်။ သူက လူသား မဟုတ်သလို စက်ယန္တရားလည်း မဟုတ်ပေ။
“ရှင် ဘာတွေလုပ်လိုက်တာလဲ” ထုံရို့ပင်းက သူမ၏ ပြိုင်ဘက်ဟောင်းသည် အဘယ်ကြောင့် ဤသို့ဖြစ်လာလဲဟု စဉ်းစားနေမိသည်။
“ငါ့ရဲ့လူသားဆန်စိတ် အများစုကို ဆုံးရှုံးသွားရပြီ။ အခု နောက်ဆုံးသော လူသားဆန်စိတ်ကို ထိန်းထားနိုင်တာက မင်းကြောင့်ပဲ” ချန်းချန်က ပြောလိုက်၏။
“ကျွန်မကြောင့်လား” ထုံရို့ပင်းက သူမသည် ချန်းချန်နှင့် ရင်းနှီးသည့် ဆက်ဆံရေးမျိုး မရှိသည့်အတွက် နားမလည်နိုင်ဖြစ်သွားမိ၏။
ဒီလူက ငါ့ကြိုက်နေတာလား။ ဒါပေမဲ့ ငါ တစ်ခါမှ အာရုံမခံစားခဲ့မိပါဘူး…
“အတိအကျပြောရရင် မင်းကို အနိုင်ယူချင်တဲ့ ငါ့ရဲ့ စွဲလမ်းစိတ်ပေါ့။” ချန်းချန်က အခြေအနေကို ရှင်းပြလိုက်သည်။
“ကံကောင်းမှုစစ်ဆေးပွဲတုန်းက ငါတို့ရဲ့ စွမ်းအားတွေက တစ်ယောက်နဲ့တစ်ယောက် မတိမ်းမယိမ်းပဲ။ မင်း နိုင်ခဲ့တာက အင်အားကြောင့် မဟုတ်ဘဲနဲ့ လှည့်စားတတ်လို့ပဲ”
ချန်းချန်နှင့် ထုံရို့ပင်းတို့က သူတို့၏ ငယ်စဉ်ဘဝကို ပြန်လည်တွေးတောမိသွားသည်။
“ဒါပေမဲ့ မင်းက ဝူမင် တွေ့ပြီးသွားတဲ့နောက်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်”
ချန်းချန်၏ မျက်ဝန်းအထက် မလိုလားသည့် အရိပ်အယောင်ဖြတ်ပြေးသွားလေသည်။
“အဲဒီကစပြီးတော့ မင်းက ဥက္ကာပျံလိုမျိုး မြင့်တက်သွားပြီးတော့ မင်းရဲ့စွမ်းအားက ငါ မော့ကြည့်ရတဲ့အနေအထားကို ရောက်သွားခဲ့တယ်။”
ထုံရို့ပင်းက သူမ၏ ဘဝပြောင်းလဲသွားသည့် အခိုက်အတန့်ကို အမှတ်ရမိသည်။ သူမက ကံကောင်းမှုစစ်ဆေးပွဲအတွင်း ဝူမင်ကို ဒဏ်ရာအပြင်းအထန်ပေးခဲ့ပြီး သုတ်သင်ဖို့အတွက် ပြင်ဆင်ထားခဲ့သည်။ ထို့နောက် သူမ၏ အလိုလိုသိစိတ်က ထိုသူကိုသာ ဆွဲဆောင်နိုင်ပါက ကြီးမားသည့် အခွင့်အရေးတစ်ခု စောင့်ကြိုခဲ့ကြောင်း ပြောပြခဲ့သည်။
ထို့ကြောင့် သူမက သူ့မှတ်ဉာဏ်တချို့ကို ပြောင်းလဲဝေဝါးစေခဲ့ပြီး သူမ၏ မျက်နှာကို ပြောင်းလဲကာ ရေထဲမြောလာသည့်သူ့ကို ကယ်တင်ပေးခဲ့သည့် လူတစ်ယောက်လိုမျိုး ဟန်ဆောင်ခဲ့သည်။
သူတို့က လအနည်းငယ် အချိန်ကုန်ဆုံးခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် သိလာကြ၏။ ယုံကြည်မှုတည်ဆောက်ပြီး စိတ်ဝိညာဉ်လမ်းညွှန် အဆောင်များကို အသုံးပြုပြီးသည့်နောက်တွင် ထုံရို့ပင်းက ဝူမင်၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သင်ယူခဲ့ရသည်။
သူမက ဝူမင်၏ ဘိုးဘေးဖြစ်သူသည် အစီအရင်ခန္ဓာဖန်တီးသူ ဖြစ်ကြောင်းနှင့် ထိုအရာအပေါ် မူတည်၍ ဝမ်ဝေ့၏ ဆင့်ကဲစိတ်ကူးစိတ်သန်းကိုပင် သိခဲ့ရသည်။ ထို့နောက် ထုံရို့ပင်းက လှုပ်ရှားခဲ့၏။
သူမက အရင်းအမြစ်သင်္ကေတရုပ်ခန္ဓာကို မရယူနိုင်ခင် သင်္ကေတနှင့် အဆောင်တာအိုကို နှစ်များစွာ လေ့လာခဲ့ရသည်။ ထို့နောက် ဝမ်ဝေ့၏ စိတ်ကူးအတိုင်း သူမကိုယ်သူမ မူလအဆောင်နှင့် ဆက်သွယ်ကာ စွမ်းအားကို တိုးမြှင့်ခဲ့သည်။
ထိုအပြုအမူက သူမသည် သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို ချိုးဖောက်နိုင်ခဲ့ပြီး လက်ရှိအနေအထားကို ရောက်ရှိခဲ့ခြင်း ဖြစ်၏။
“ငါ မလိုလားဘူး” ချန်းချန်က အသံမြှင့်ပြောလိုက်သည်။
“ငါနဲ့ တစ်ခါတုန်းက တန်းတူညီတူ ရှိခဲ့တဲ့သူက ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုကြောင့် ငါ လိုက်မမှီတော့တဲ့ အနေအထားရောက်သွားတာကို ကြည့်မနေနိုင်ဘူး”
ထုံရို့ပင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“စိတ်ကူး တစ်ခုတည်းနဲ့ ဒီနေ့လို ရလဒ်မျိုး ရလာမယ်လို့ ထင်နေလား။ တကယ်လို့ ကြိုးစားမှုနဲ့ ပါရမီကြောင့်သာ မဟုတ်ရင် စိတ်ကူးက စိတ်ကူးအတိုင်းပဲ ကျန်ရှိနေမှာ”
မဟာဆောင်မြို့တော်တွင် သူမ၏ အဆင့်အတန်းကို တိုးမြှင့်ပြီး ဂိုဏ်းမှ အရင်းအမြစ်များကို ရယူဖို့အတွက် ထုံရို့ပင်းသည် သူမ၏ အစီအစဉ်များကို အထက်ပိုင်းနှင့် မျှဝေခဲ့ရသည်။
အင်အားစုများကဲ့သို့ ထိုမြို့တော်တွင်လည်း အဖွဲ့များ ကွဲနေလေသည်။ ထို့ကြောင့် လူတချို့က သူမ၏ အတွေးအခေါ်ဖြင့် သူမကို အနိုင်ယူပြီး ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာဖို့အထိ ကြိုးစားခဲ့ကြသည်။
အဆုံးသတ်တွင် သူမ တစ်ယောက်တည်းကသာ အောင်မြင်ခဲ့ပြီး ကောင်းကင် ၉ဘုံတွင် ပျံဝဲသည့် ဇာမဏီအလား ဖြစ်လာခဲ့သည်။
“ဟုတ်တယ်။ မင်း ပြောတာမှန်တယ်။ ဒါပေမဲ့ အဲဒီကံအပြောင်းအလဲ အခွင့်အရေးတစ်ခုက မင်း တစ်ဘဝလုံးကို ပြောင်းလဲသွားစေတယ်ဆိုတာကိုတော့ ငြင်းဆန်လို့ မရဘူး။ အဲဒါကြောင့် ငါ လက်ခံဖို့ ငြင်းဆန်နေတာပဲ။ တကယ်လို့ ငါ့ဆီမှာသာ တူညီတဲ့ အတွေ့အကြုံမျိုး ရှိခဲ့မယ်ဆိုရင် မင်းထက် ဆိုးရွားနေမှာ မဟုတ်ဘူး” ချန်းချန်က ပြောလိုက်သည်။
“ဒါပေမဲ့ ရှင် လုပ်ခဲ့တယ်လေ။ ရှင် ဒီလိုမျိုး ပြောင်းလဲသွားတဲ့ နည်းစနစ်က ဘယ်လိုနည်းစနစ်ပဲဖြစ်ဖြစ် အဲဒါက ရှင့်အတွက် အခွင့်အရေးတစ်ခုပဲ။ ကံဆိုးတာက ရှင်က ကံကြမ္မာကို အခိုင်အမာ မဆုပ်ကိုင်နိုင်တော့ ဒီလိုအခြေအနေ ဖြစ်သွားရတာပဲ” ထုံရို့ပင်းက ပြန်လည်ချေပလိုက်သည်။
ဝုန်း
ချန်းချန်ဆီမှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ နောက်ထပ် စိတ်ခံစားချက်ဖြစ်သည့် ဒေါသ ထွက်ပေါ်လာသည်။ သူက ထိုသို့စိတ်ခံစားချက် ရှိနေသေးလိမ့်မည်ဟု မသိခဲ့ပေ။ သို့သော်လည်း လက်ရှိတွင် သူက ဂရုမစိုက်ပေ။
“ပါးစပ်ပိတ်ထား။ မင်းက ဘာသိလို့လဲ”
“ကျွန်မအတွက် မူလအဆောင်က စွမ်းအားကို ယူဖို့က လွယ်တယ်များ ထင်နေလား။ အဲဒီတုန်းက ဒဏ်ရာဘယ်နှစ်ကြိမ် ရတယ်ဆိုတာကိုရော သိလို့လား။ မဟာတာအိုအရင်းအမြစ်ရဲ့ စွမ်းအားနဲ့ ထိပ်တိုက်ရင်ဆိုင်ရတိုင်းမှာ ကျွန်မ ခံစားရတဲ့ အကြောက်တရားကိုတော့ သိလို့လား။
ကျွန်မရုပ်ခန္ဓာပြောင်းလဲတုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုတွေကိုရော ရှင် သိလို့လား။ သင်္ကေတတွေကို လေ့လာရှာဖွေဖို့ ညပေါင်းများစွာကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကိုရော… ဆက်တိုက်ကျရှုံးပြီးတဲ့နောက်မှာ စိတ်ဓာတ်ကျလာတာတွေကရော … ကျွန်မ အောင်မြင်ပါ့မလားဆိုတာ တခြားသူတွေ သံသယဖြစ်တဲ့အခါမှာ ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေကရော …
ဒီအခွင့်အရေးကို လက်မလွှတ်ချင်တဲ့ မလိုလားမှုတွေကရော… ကျွန်မရဲ့ လမ်းစဉ်က မှားယွင်းပြီးတော့ အချိန်တွေ အလကားဖြစ်ပြီး ငယ်ဘဝကို ဖြုန်းတီးမိမှာကို စိုးမိတဲ့ သံသယတွေကရော …
ရှင် ဒါတွေ ဘာမှမသိပါဘူး။ ရှင်မြင်တာက ကျွန်မရဲ့ အောင်မြင်မှုနဲ့ ရှင့်ရဲ့ ကျရှုံးမှုပဲ။ ရှင့်ကိုယ်ရှင် ကျွန်မကတော့ ကံကောင်းတယ်။ ရှင့်အားနည်းချက်ကကျတော့ ကံကြမ္မာကြောင့်ဆိုပြီးတော့ လက်ခံချင်နေတာလေ”
ထုံရို့ပင်းက မကျေနပ်မှုကို ဖုံးကွယ်မထားတော့ပေ။ အကယ်၍ ယခင် သူမက ချန်းချန်၏ လက်ရှိအခြေအနေအပေါ် သနားညှာတာမှုရှိသည်ဆိုပါက ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်သည်။