← Chapters

ချန်းချန်နှင့် ထုံရို့ပင်းတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၂)

Vol. 58 Ch. 801

ချန်းချန်နှင့် ထုံရို့ပင်းတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၂)

Vol. 58 Ch. 801

ထုံရို့ပင်း၏ မျက်ဝန်းအထက် ကြယ်၉လုံး ထွက်ပေါ်လာသည်။ သူမက ကြယ်တာရာနတ်ဘုရားအဆောင်ဟု ခေါ်ဆိုသည့် ထူးခြားအဆောင်တစ်ခုကို အသုံးပြုလိုက်၍ ဖြစ်သည်။ ထိုအဆောင်၏ မူလဇစ်မြစ်က သူမ၏ တာအိုလက်တွဲဖော် မူလိန်၏ ခန္ဓာကိုယ်ကို လေ့လာခြင်းမှ ရရှိထားခြင်း ဖြစ်သည်။

ထုံရို့ပင်းက ခန္ဓာကိုယ်လေ့ကျင့်သူ တစ်ယောက် မဟုတ်ပေ။ သူမ၏ ခန္ဓာကိုယ်က သင်္ကေတများကြောင့် သာမန်ကျင့်ကြံသူနှင့် ယှဉ်လိုက်လျှင် ထူးချွန်သော်လည်း တကယ့်ခန္ဓာကိုယ်အစစ်အမှန် လေ့ကျင့်ထားသူများနှင့် မယှဉ်နိုင်သေးပေ။ ခွန်အားအစစ်အမှန် တာအိုကျင့်ကြံသူများကိုမူ ဆိုထားဖွယ် မရှိတော့ပေ။

ထို့ကြောင့် သူမက သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တိုးမြှ့င်ပေးနိုင်သည့် သီးသန့်အဆောင်တစ်ခုကို ဖန်တီးခဲ့သည်။ ထိုအရာက တိုက်ပွဲအတွင်း လိုအပ်သည့် ခုခံရေး၊ သက်လုံနှင့် ပြန်လည်ကုစားရေးတို့ကို တိုးမြှင့်ပေးနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ချန်းချန်၏ ခန္ဓာကိုယ်ကို တတိယအကြိမ်မြောက် ဖျက်ဆီးပြီးသည့်နောက်တွင် ထုံရို့ပင်းက ကိစ္စများသည် မရိုးရှင်းကြောင်း သိသည့်အတွက် မပျော်ရွှင်တော့ပေ။ ထင်ထားသည့်အတိုင်း နောက်ထပ် အက်ကြောင်းတစ်ခု ထွက်ပေါ်လာကာ နောက်ထပ် ချန်းချန် ထွက်ပေါ်လာသည်။

ထုံရို့ပင်းက လက်ဝှေ့လိုက်ပြီး ဓားချက်တစ်ခု ဖန်တီးကာ ချန်းချန်၏ ခန္ဓာကိုယ်အထက် အမှတ်တစ်ခုကို ချန်ထားခဲ့သည်။ စက္ကန့်ပိုင်းလေးအတွင်း ထိုဒဏ်ရာက သဘာဝအတိုင်း ပြန်လည်ကောင်းမွန်သွား၏။

တုယီနယ်ပယ်အဆင့်က သူ့အပေါ်မှာ အသုံးမဝင်ဘူးပဲ…

ချန်းချန်သည် သူမ၏ တိုက်ကွက်မှ မည်မျှ အလျင်အမြန် ပြန်ကောင်းလာသည်ကို ခံစားမိလိုက်၍ သုံးသပ်လိုက်သည်။

အဓိကအကြောင်းအရင်းက သူ့ရဲ့ဒဏ်ရာရ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖန်တီးထားပြီးသားရှိတဲ့ အစားထိုးအရာတွေနဲ့ အလွယ်တကူ သုံးလို့ရနေတာပဲ…

ထုံရို့ပင်းက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ချန်းချန်၏ တိုက်ခိုက်ရေး နည်းလမ်းက အင်မတန် အကုန်အကျ များလွန်းကြောင်း ခံစားမိလိုက်သည်။ သူ့တွင် အစိတ်အပိုင်း မည်မျှရှိနေပြီး သူတို့က အဘယ်ကြောင့် အင်မော်တယ်အဆင့် ဖြစ်နေရသနည်း။

သူ့မွမ်းမံသန့်စင်ရေးအောင်မြင်မှုက အင်မော်တယ် လက်နက်များကိုပင် အလွယ်တကူ ဖန်တီးနိုင်လောက်သည့် အနေအထားသို့ ရောက်ရှိသွားပြီလား…

လက်ရှိအခြေအနေအရ ဤသည်မှာ ယုတ္တိအဆန်ဆုံး ကောက်ချက်ချမှုတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ထုံရို့ပင်းက ထိုအချက်ကို လက်ခံဖို့ အခက်တွေ့နေသည်။ သေမျိုးတစ်ယောက်အနေဖြင့် အင်မော်တယ်ဆိုင်ရာ ပစ္စည်းများကို ဖန်တီးဖို့ရာ မည်မျှခက်ခဲကြောင်း ကောင်းကောင်းသိထားသည်။ ထိုအချက်က ယန်းလီလင်းနှင့် သူမအတွက်ပင် မှန်ကန်ပေသည်။

မဟုတ်သေးဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ…

သူမက တွေးလိုက်မိသည်။

ချန်းချန်က ရှင်းလင်းရေးမတိုင်ခင် ပျောက်ကွယ်သွားတာ။ အဲဒါဆိုတော့ အဲဒီအချိန်က သူ ကံအပြောင်းအလဲ အခွင့်အရေး တွေ့ခဲ့တဲ့ အချိန်ဖြစ်လောက်တယ်။ အခုထိဆိုရင် နှစ် နှစ်သိန်းလောက်ပဲ ရှိသေးတာ။ သူအချိန်မြှင့်တင်ရေး အစီအရင်ကို အသုံးပြုတယ်ဆိုရင်တောင် ဒီလောက် အင်မော်တယ်လက်နက် အများကြီးကို ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ဘူး….

ထုံရို့ပင်းက ထာဝရအရှင်များပင် အကြောင်းအရင်းများစွာကြောင့် ထိုသို့အင်မော်တယ် လက်နက်များကို အလွယ်တကူ မဖန်ဆင်းနိုင်ကြောင်း သိလေသည်။ ပထမတစ်ခုက ထိုလက်နက်များကို သန့်စင်ဖို့အတွက် အချိန်ကြာမြင့်၏။ ဒုတိယအကြောင်းအရင်းကမူ သူတို့က ဖြစ်စဉ်အတွင်း အင်မော်တယ်ချီ အမြောက်အများ လိုအပ်ပေသည်။

ပါရမီထူးကဲသည့် ထာဝရအရှင်များကမူ အရင်းအမြစ်ချီ နေရာလွတ်နှင့် သဟဇာတဖြစ်ပြီး အင်မော်တယ် ချီကို ယူသုံးနိုင်ကြသည်။ သို့သော်ထိုသို့ဆိုလျှင်ပင် သူတို့၏ သန့်စင်နှုန်းက ချန်းချန်လောက် များများစားစား သန့်စင်နိုင်ဖို့ ခွင့်မပြုထားပေ။

ငါ အမှန်တရားကို သိချင်တယ်ဆိုရင် ချန်းချန်ရဲ့ စွမ်းရည်ကို ရှာဖွေဖို့ အာရုံစိုက်ထားသင့်တယ်…

ထုံရို့ပင်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ထူးကဲမြေဆွဲအား အဆောင်ကို အသုံးပြုပြီး ချန်းချန်၏ ခန္ဓာကိုယ်အသစ်ကို ခြေမွပစ်ဖို့ လုပ်ဆောင်ခဲ့သည်။ ထို့နောက် သူမက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အာကာပြင်အက်ကြောင်းကို အာရုံစိုက်ထားလိုက်၏။

သူမက အံ့ဖွယ်အသိစိတ်ဖြင့် ထုတ်လွှတ်လာသည့် အာကာပြင်စွမ်းရည်ကို ခံစားလိုက်ပြီး ထိုအာကာပြင်သည် မည်သည့်နေရာနှင် ဆက်နွယ်နေကြောင်း အာရုံခံဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက သူမ၏ အံ့ဖွယ်အသိစိတ်ကို တန်ပြန်ကန်ထွက်လာစေသည်။

ထို့အပြင် သူမ၏ အပြုအမူက တစ်စုံတစ်ခုကို အသက်သွင်းလိုက်နိုင်ဟန်ပေါ်၏။ ပတ်ဝန်းကျင်က ပြောင်းလဲသွားကာ အက်ကြောင်းထောင်ချီ ပေါ်ထွက်လာပြီး ချန်းချန် သန်းချီ ထွက်ပေါ်လာသည်။

ထုံရို့ပင်း၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ သူမက ချန်းချန်ရာချီတွင် ထာဝရအရှင် အငွေ့အသက်ရှိထားပြီး အမြင့်ဆုံးက ပွင့်ချပ် ၄ လွှာရှိစဉ် ကျန်သူများက ပွင့်ချပ်တစ်လွှာမှ သုံးလွှာအထိသာ ဖြစ်ကြောင်း အာရုံခံမိလိုက်သည်။ ထိုစဉ် ချန်းချန်အများစုက ထိပ်သီးဧကရာဇ်တစ်ပိုင်းအဆင့်သာ ဖြစ်ကြ၏။

“မိုးကြိုးဓားမိုးအစီအရင်” ချန်းချန်အားလုံးက ထူးထူးဆန်းဆန်း တစ်ပြိုင်နက် ပြောလိုက်သည်။ ထို့နောက် သူတို့က လက်ကို မြှောက်လိုက်ပြီးသည့်နောက်တွင် တစ်ယောက်ချင်းစီက ဓား ၇ ချောင်းကို ဖန်ဆင်းလိုက်ကြ၏။ ထာဝရအရှင် ချန်းချန်အားလုံးက အင်မော်တယ်လက်နက်များ ရှိထားလေသည်။ ထုံရို့ပင်းအနေဖြင့် ထိုလက်နက်များသည် ပွင့်ချပ် ၆ လွှာနှင့် ယှဉ်နိုင်ကြောင်း သတိပြုမိသွားသည်။

ဓားများက ဖွဲ့စည်းလာကာ အစီအရင်သဖွယ် ဖြစ်တည်လာပြီး ထုံရို့ပင်းဆီ မိုးကြိုးဓား အမြောက်အများအနေဖြင့် ကျရောက်လာသည်။

ကျစ်…

ထုံရို့ပင်းက ကောင်းကင်တစ်ခုလုံး မိုးကြိုးနှင့် လျှပ်စီးဓားများဖြင့် ဖုံးလွှမ်းသွားသည်ကို ကြည့်နေမိသည်။ ချန်းချန်အပေါ် သူမ၏ သုံးသပ်ချက်က သူ့ခန္ဓာကိုယ်၏ ထူးခြားမှုကိုသာ မှီခိုထားသည်ဟု ထင်ခဲ့သည်။ သို့သော် ယခုတွင် သူက သူမ၏ ပွင့်ချပ် ၇ လွှာအင်အားကို လိုက်မှီနေသည့် နည်းလမ်း ရှိနေကြောင်း သဘောပေါက်သွားခဲ့သည်။

အရင်စကားဝိုင်းက ငါ့ရဲ့စိတ်အခြေအနေကို သက်ရောက်မှု ရှိအောင်လုပ်ခဲ့တာပဲ…

သူမက ချန်းချန်၏ စွပ်စွဲချက်များသည် သူမအပေါ် အနည်းငယ် သက်ရောက်မှု ရှိခဲ့ကြောင်း သဘောပေါက်သွားသည်။ သူမက ဒေါသထွက်လွန်းပြီး သူတို့နှစ်ယောက်ကြားမှ ကွာဟချက်ကို ပြသဖို့ရာ အားစိုက်ထုတ်ခြင်းမရှိဘဲ အနိုင်ယူပစ်ဖို့ ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ထိုသို့စိတ်အခြေအနေမျိုးက တစ်ဖက်လူကို လျှော့တွက်စေပြီး သတိလက်လွတ် ဖြစ်သွားစေသည်။ ထို့ကြောင့် ထုံရို့ပင်းက စိတ်မြန်မြန် ထိန်းချုပ်လိုက်ပြီး အာရုံစူးစိုက်လိုက်သည်။ ယခု သူမတွင် အလုပ်တစ်ခုသာ ရှိပြီး တစ်ဖက်လူကို နည်းလမ်းအားလုံးဖြင့် ဖျက်ဆီးပစ်ဖို့ ဖြစ်သည်။

ဓာတ်ခုခံရေးအဆောင်

ထုံရို့ပင်းက သူမ နဖူးအထက် အဆောင်တစ်ရွက်ကို တင်လိုက်သည်။ သူမ၏ လက်ရှိခန္ဓာကိုယ်က မူလိန်နှင့် ယှဉ်နိုင်ပြီး ချန်းချန်အုပ်စုဆီ ပြေးဝင်သွားကာ သူတို့ကို တစ်ယောက်ချင်းစီ သုတ်သင်ပစ်ဖို့ ရည်ရွယ်လိုက်သည်။

သူမ၏ သေးငယ်ကာ ပိန်ပါးသည့် ခန္ဓာကိုယ်က ဓားနှင့် မိုးကြိုးအားလုံးကို တားဆီးထားပြီး ပြိုင်ဘက်ကင်း အလျင်ဖြင့် ဝင်ရောက်လာသည်။

ချန်းချန်တပ်ဖွဲ့က ချက်ချင်းဆိုသလို နည်းဗျူဟာ ပြောင်းလဲလိုက်၏။ သူတို့၏ ဓားအစီအရင်က မိုးကြိုးတိုက်ကွက်များ ထုတ်လွှတ်ခြင်း မရှိတော့ဘဲ ထက်ရှမှုကိုသာ အာရုံစိုက်ထားသည့် ဓားချက်များကိုသာ ထုတ်လွှတ်လာသည်။ ထိုနည်းလမ်းက ထုံရို့ပင်း၏ ဓာတ်သဘာဝခုခံမှုကို အသုံးမဝင်ဖြစ်သွားစေ၏။

ထုံရို့ပင်းကလည်း သူမကိုယ်သူမ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကာကွယ်ရေး အဆောင်ဖြင့် ကောင်းချီးပေးခဲ့သည်။ သို့သော်လည်း ချန်းချန်၏အုပ်စုက နည်းလမ်းပြောင်းကာ တိုက်ခိုက်ခဲ့၏။ သူတို့၏ တိုက်ခိုက်ရေး နည်းလမ်းကလည်း သူမလိုမျိုး စွယ်စုံသုံး ဖြစ်နေလေသည်။

ချန်းချန်အတွက် ကံဆိုးသွားသည်က ထုံရို့ပင်း၏ လက်ရှိအခြေအနေသည် လူအများက ခန္ဓာကိုယ်လေ့ကျင့်သူများကို ကြောက်ရွံ့ရသည့် မသတ်နိုင်သော အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူတို့ အတားအဆီး သို့မဟုတ် စွမ်းအား မည်မျှပစ်ခတ်စေကာမူ သူတို့၏ ခန္ဓာကိုယ်က တားဆီးထားနိုင်သည်။

ထို့ကြောင့် ထုံရို့ပင်း၏ ဖြစ်စဉ်က နှေးကွေးသော်လည်း ရန်သူဆီ ဖြည်းဖြည်းချင်းဆီ ချဉ်းကပ်လာလေ၏။ ထို့နောက် သူမက ကီလိုမီတာအနည်းငယ်ခန့် ကွာဝေးတော့သည့်အချိန် ချန်းချန်က ရုတ်ချည်းဆိုသလို အစီအရင်ကို ပြောင်းလဲလိုက်သည်။

အင်မော်တယ်အဆင့် လူများက အနောက်ဖက်ကို ရွှေ့သွားကာ ဧကရာဇ်တစ်ပိုင်းအဆင့်များက အရှေ့သို့ ချီတက်လာသည်။

သူက ငါ့သက်လုံကို လျှော့ချချင်တာလား…

ပုံမှန်အားဖြင့် ထုံရို့ပင်းက နှာခေါင်းရှုံ့မိလိမ့်မည်။ ကျင့်ကြံသူတစ်ယောက်က သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားသည်နှင့် အဆင့်နိမ့် အရေအတွက်က အရေးမပါတော့ပေ။ ပြောရလျှင် ပွင့်ချပ် ၁လွှာ ဧကရာဇ်တစ်ပိုင်းအဆင့် သန်းထောင်ချီက အနိမ့်ဆုံးပွင့်ချပ်၁လွှာ ထာဝရအရှင်ကိုပင် မသတ်နိုင်ပေ။

သို့သော်လည်း သူမက မိုးမြေကြားတွင် မည်သည့်အရာမှ အကြွင်းမဲ့ မဖြစ်ကြောင်း သိလေသည်။ ဘာမဆို ဖြစ်သွားနိုင်လေ၏။ ထို့ကြောင့် သူမက သတိကြီးကြီးထားထားလေသည်။

ပထမ ဧကရာဇ်တစ်ပိုင်းအဆင့် ချန်းချန်ကို လက်သီးဖြင့် ထိုးချလိုက်ပြီးသည့်နောက်တွင် ထိုခန္ဓာကိုယ်က သူမကို ဆုတ်ယုတ်စေဖို့ ရည်ရွယ်ချက်ဖြင့် မွမ်းမံထားကြောင်း သိလိုက်ရသည်။ သူမက ချန်းချန်သည် ဤတိုက်ပွဲကို အသေးစိတ်အချက်အလက်အထိ အာရုံစိုက်ကာ စီစဉ်ထားကြောင်း ကောက်ချက်ချမိ၏။

ကောင်းပြီ…

ထုံရို့ပင်းက သိုလှောင်လက်စွပ်အတွင်းမှ အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်။ ထိုအဆောင်က သူမ၏ တာအိုမှ ဖန်တီးထားခြင်း မဟုတ်သလို စည်းမျဉ်းပဲ့တင်ထပ်ခြင်းမှ ဖန်တီးထားခြင်း မဟုတ်ဘဲ ထိုအဆောင်သည် သူမ ဖန်တီးထားသည့် ရုပ်ပိုင်းဆိုင်ရာ အင်မော်တယ်အဆင့် အဆောင်များထဲမှ တစ်ခု ဖြစ်၏။

ကိုယ်ပွားတပ်မဟာ

ထုံရို့ပင်း သန်းပေါင်းများစွာက ပင်မကိုယ် ဝန်းကျင်တွင် ရုပ်ချည်းထွက်ပေါ်လာသည်။ ထို့ကြောင့် တိုက်ပွဲကွင်းပြင်တွင် ချန်းချန်အုပ်စုနှင့် ထုံရို့ပင်းအုပ်စုက အချင်းချင်း မျက်နှာချင်းဆိုင်နေကြသည့်အတွက် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဒီကိုယ်ပွားတွေက ငါ့စွမ်းအားရဲ့ ၅၀ရာခိုင်နှုန်းအောက်ပဲ ရှိတယ်ဆိုပေမဲ့ လုံလောက်ပါတယ်…

ထုံရို့ပင်းက ထိုသူများကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။

………………………

အရှေ့ဘက်ပိုင်း

ဝမ်ဝေ့က မျက်လုံးဖွင့်လာပြီးသည့်နောက်တွင် ထိုသူနှစ်ဦးကြားမှ တိုက်ပွဲကို အာရုံစိုက်ထားလိုက်သည်။ သို့သော်လည်း သူက မျက်မှောင်ကြုတ်ကာ တွေးမိသွား၏။

ချန်းချန်ရဲ့ တိုက်ခိုက်ရေး နည်းလမ်းက မဟုတ်သေးဘူး။ သူ့ရဲ့ အနှစ်သာရက ကမ္ဘာမြေက စက်ရုပ်လိုမျိုး ဘာလို့ ဖြစ်နေရတာလဲ…

စက်ရုပ်လူသား၊ စက်ရုပ်နှင့် ရုပ်သေးရုပ်များသည် ကွဲပြားသည့် လူမှုအဖွဲ့အစည်းမှ ဖြစ်ပြီး တူညီသည့် အရာများဖြစ်ဟန်ပေါ်သည်။ သို့သော်လည်း ဝမ်ဝေ့ကမူ သူတို့၏ အနှစ်သာရနှင့် အတွေးအခေါ်များက ကွဲပြားကြောင်း သိလေသည်။

ရုပ်သေးရုပ်တာအို၏ ဇစ်မြစ်က သက်ရှိများကို အတုခိုးနိုင်သည့် အသုံးအဆောင်များကို ဖန်တီးဖို့ ဖြစ်ပြီး ရုပ်သေးဆရာများက ဆင့်ခေါ်သူများနှင့် တူညီလေသည်။

ချန်းချန် တိုက်ခိုက်တဲ့ နည်းလမ်းကကျတော့ ရုပ်သေးဆရာတစ်ယောက်အစား စက်ရုပ်နဲ့ ပိုတူတယ်…

ဝမ်ဝေ့က အရေးပါသည့် တစ်စုံတစ်ခုသည် သူ့လက်အတွင်း ကျရောက်နေပြီဖြစ်ကြောင်း ခံစားမိလိုက်သော်လည်း မဖမ်းဆုပ်မိပေ။

ပြီးတော့ သူ့ရဲ့စိတ်အခြေအနေက လူသားခန္ဓာက ကန့်သတ်ခံထားရတယ်လို့ ယုံကြည်ထားတဲ့ စက်ရုပ်တွေနဲ့ တူတယ်…

ဝမ်ဝေ့က ချန်းချန်၏ နောက်ဆုံးလူသားဆန်မှုသည် ထုံရို့ပင်းကို အနိုင်ယူလိုသည့် စွဲလမ်းမှုကြောင့်ဖြစ်မှန်း ခန့်မှန်းမိလိုက်၏။ မဟုတ်ပါက ထိုလက္ခဏာရပ်သည် ပိုမိုပေါ်လွင်လာလိမ့်မည်။

ငါက အတွေးလွန်နေတာလား ဒါမှမဟုတ် ဒါက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုလား…

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။ သူက စုံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

အချိန်အများစုတွင် သူ့စိတ် အလုပ်လုပ်နေခြင်းကို မရပ်တန့်ခဲ့ပဲ စိတ်ကူးယဉ် အတွေးအခေါ် သို့မဟုတ် သီအိုရီများကို ဖန်တီးဖို့ ကြိုးစားနေခဲ့သည်။

အချိန်အများစုတွင် ထိုသီအိုရီများက အဓိပ္ပာယ်မရှိပေ။ သို့သော် သူ မှန်ကန်သည့်အချိန်တွင် စကြဝဠာ၏ အခြေခံ အမှန်တရားတချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဝမ်ဝေ့က သူ လိုချင်သည့် အဖြေကို ရရှိဖို့ ဂမ္ဘီရတွက်ချက်ကြည့်ဖို့ ကြိုးစားလိုက်သည်။ သို့သော် သူက ဘာမှမတွေ့ရပေ။ သူက ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း သူက ကံကောင်းပြီး ဦးနှောက် သုံးရမည့်ကိစ္စတချို့ကို ကျော်လွှားနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

ထို့နောက် သူက ချန်းချန်နှင့် စက်ယန္တရားရုပ်သေးရုပ်ကမ္ဘာနှင့် ဆက်နွယ်နေသည့် ကံကြိုးမျှင်ကို အသုံးပြုခဲ့သည်။ သူ့အကြည့်က အကွာအဝေးများစွာကို ထိုးဖောက်သွားပြီး ဝေးကွာလွန်းသည့် ကမ္ဘာ့အသိုက်အဝန်းရှိရာ ကောင်းကင်အလိုဆန္ဒကမ္ဘာကို မြင်လိုက်ရသည်။

ဝမ်ဝေ့က သတိကြီးကြီး ထားထားပြီး ကမ္ဘာတစ်ခုလုံး၏ ကံကြမ္မာကြိုးမျှင် အစိတ်အပိုင်းငယ်တစ်ခုကို ဖတ်ရှုကြည့်လိုက်သည်။ သူက ထိုကမ္ဘာရှိလူများ၏ တိုက်ပွဲများစွာကို တွေ့ကြုံခံစားခဲ့ရသည်။

ဒီကမ္ဘာက ထူးဆန်းနေတာပဲ။ ချန်းချန်က ပိုပြီးတော့တောင် ထူးဆန်းသေးတယ်…

ဤကမ္ဘာရှိ ကျင့်ကြံသူများသည် ရုပ်သေးရုပ်တာအိုကို အထွတ်အထိပ်ထိ ဖွံ့ဖြိုးအောင် လုပ်နိုင်ခဲ့ကြသည်။ ဝမ်ဝေ့ ထူးဆန်းသည်ဟု ထင်မိသည်က သူတို့တိုက်ခိုက်ပုံအရ ဆင့်ခေါ်သူများနှင့် မတူပေ။ ထိုအစား သူတို့က အိုင်းရွန်းမန်းလိုမျိုး တိုက်ခိုက်ကြလေ၏။

လူတွေနဲ့ လူမှုအဖွဲ့အစည်းက ပြောင်းလဲတယ်။ အဲဒါဆိုတော့ အပြောင်းအလဲ ဖြစ်လာနိုင်တာပဲ…

သူတို့က သုံးသပ်လိုက်သည်။ ကျင့်ကြံရေးလောကတွင် ပိုမိုကောင်းမွန်သည့် ကမ္ဘာ လစ်ဟာနေမှုကြောင့် အလျှော့မပေးဘဲ ခေါင်းမာကာ ပုံကြီးချဲ့တတ်ကြသည်။

ထို့ကြောင့် နှစ်ထရီလီယံများစွာ ကြာပြီးသည့်နောက်တွင် သူတို့၏ လုပ်ပုံကိုင်ပုံ မပြောင်းလဲသည်က ပုံမှန်သာဖြစ်၏။ ထိုအချက်သည် သူတို့၏ ရှည်ကြာလှသည့် သက်တမ်းနှင့် မသေနိုင်စွမ်းအတွက် တန်ကြေးတစ်ခုအဖြစ် မှတ်ယူနိုင်သည်။

ထို့ကြောင့် ဝမ်ဝေ့က ရုပ်သေးရုပ်တာအိုအတွက် နည်းလမ်းအသစ် သို့မဟုတ် အတွေးအခေါ်ကို တစ်စုံတစ်ယောက်က မိတ်ဆက်ပေးခဲ့လိမ့်မည်ဟု ထည့်မတွက်မိဘဲ မနေပေ။ ထိုသို့သော ပါရမီရှင်မျိုးက အဖွဲ့အစည်းတစ်ခုလုံးကိုပင် သတ်မှတ်ပေးနိုင်သည့် သူ့ဘိုးဘေးချီယွမ်လိုမျိုး ပေါ်ထွက်လာနိုင်သည်။

ဒါပေမဲ့ ချန်းချန်ရဲ့ စိတ်အခြေအနေက ကျန်တဲ့သူတွေနဲ့ အတော်လေးကို ကွဲပြားနေတာပဲ…

All Chapters