လွှမ်းမိုးမှု
Vol. 58 Ch. 802
စက်ယန္တရားရုပ်သေးရုပ်ကမ္ဘာမှ ကျင့်ကြံသူများသည် ရုပ်သေးရုပ်နှင့် ပေါင်းစပ်ခြင်းကို ခန္ဓာကိုယ်လေ့ကျင့်ရေး ပုံစံအဖြစ် မှတ်ယူကြသည်။ သူတို့၏ ခန္ဓာကိုယ်က ရုပ်သေးရုပ်ကဲ့သို့ သစ်သားအရေပြား၊ မဖျက်ဆီးနိုင်သည့် သတ္တုနှင့် အဆင့်မြင့် ရုပ်ပိုင်းဆိုင်ရာအနေအထားတို့ကို ရယူနိုင်သည်။
ထိုကျင့်ကြံသူများက ဒဏ်ရာရရှိသည့်အခါ ဝိညာဉ်သတ္တုနှင့် သစ်သားကဲ့သို့သော အရင်းအမြစ်များကို အသုံးပြုကာ သူတို့ကိုယ်သူတို့ အလျင်အမြန် ကုစားနိုင်၏။ သို့သော်လည်း ချန်းချန်က ကွဲပြားပေသည်။ သူ ကုသသည့် နည်းလမ်းက သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အမြောက်အများ ထုတ်လုပ်ထားသည့် စက်ရုပ်များကဲ့သို့ ဖြစ်ကာ အစားထိုးအသုံးပြုခြင်း ဖြစ်သည်။
ချန်းချန်က သူ့ခန္ဓာကိုယ်ကို အစားထိုးနိုင်သည့် အစိတ်အပိုင်းများရှိသည့် စက်ယန္တရားတစ်ခုအဖြစ် မှတ်ယူထားပြီး သူ့ယေဘုဘျသဘောထားက သူသည် ထူးကဲသည့် ခန္ဓာကိုယ်လေ့ကျင့်သူ မဟုတ်ပေ။ ထိုအစား သူ့ကိုယ်သူ ကွဲပြားသည့် မျိုးစိတ် သို့မဟုတ် မျိုးနွယ်အဖြစ် မှတ်ယူထားသည်။
သူက လူသားတွေ ဒါမှမဟုတ် ခန္ဓာကိုယ်ရှိတဲ့ သက်ရှိတွေကို နှိမ့်ချကြည့်တဲ့ အရိပ်အယောင်တော့ မရှိဘူးပဲ။ ဒါပေမဲ့ သူ့ရဲ့ လေသံနဲ့ အပြုအမူအရ သူ့သာလွန်နေမှုကိုတော့ ပြသခဲ့တယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ယခုတွင် သူက ချန်းချန်သည် သူ့စွဲလမ်းမှုကြောင့် လွှမ်းမိုးခံလိုက်ရကြောင်း သိလိုက်သည်။
ထို့ကြောင့် သူသည် ဝမ်ဝေ့အတွက် သုံးသပ်ဖို့ များများစားစား ထုတ်မပြပေ။ သို့သော်လည်း သူ ထုတ်ဖော်သည့်အရာများက ဝမ်ဝေ့ကို မျက်မှောင်ကြုတ်သွားစေသည်။
အဲဒါဆိုတော့ ငါ တစ်ခုခု လွတ်သွားတယ်လို့ ပြောနေတဲ့အရာက ဘယ်အရာများလဲ…
ဝမ်ဝေ့က စက်ယန္တရားရုပ်သေးရုပ်ကမ္ဘာကို အာရုံစိုက်ပြီးသည့်နောက်တွင် တွေးလိုက်မိသည်။ ထိုဦးတည်ချက်က သူ လိုချင်သည့်အဖြေကို တွေးလိမ့်မည်ဟု မျှော်လင့်ထားမိ၏။
ချန်းချန်ရဲ့ အပြောင်းအလဲက စက်ယန္တရားရုပ်သေးရုပ်ကမ္ဘာရဲ့ ကျင့်ကြံရေးနည်းစနစ်ကို ဖန်တီးထားတဲ့သူကြောင့်များ ဖြစ်နေမလား … အဲဒီလူက ကမ္ဘာမြေကများ ဖြစ်နေမလား…
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ထိုဖြစ်နိုင်ချေကို စဉ်းစားလိုက်သည်။ သူနှင့် လူသားဧကရာဇ်က ကမ္ဘာမြေမှ ပြန်လည်ဝင်စားလာသူများ ဖြစ်၏။ ထို့ကြောင့် တတိယမြောက်လူ ရှိနေသည်မှာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။
ဝမ်ဝေ့၏ သီအိုရီတစ်ခုက ဟုန်ကျွင်းသည် သူ့ကို ဝါးမျိုသွားသည် အက်ကြောင်းအတွက် တာဝန်ရှိသူ ဖြစ်၏။ သူ့ရည်ရွယ်ချက်က ကွဲပြားသည့် ဟွင်သွမ်းကမ္ဘာများထံ ပြန်လည်ဝင်စားစေဖို့ ဖြစ်သည်။
ဝမ်ဝေ့က ထိုကမ္ဘာအပေါ် အာရုံစိုက်ထားလိုက်ပြီး သတင်းအချက်အလက် ထပ်မံတွက်ချက်ဖို့ ကြိုးစားလိုက်သည်။ သူက သူတို့၏ နည်းစနစ်ကို ဖန်တီးခဲ့သည့်သူနှင့် ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရယူနိုင်သည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူက အနည်းဆုံး အတုအယောင် ထာဝရဧကရာဇ်တော့ ဖြစ်လိမ့်မယ်…
သူက သုံးသပ်ပြီးသည့်နောက်တွင် သတင်းအချက်အလက်များကို ထပ်မံ၍ တွက်ချက်ကြည့်လိုက်သည်။
ဟမ် ဒီကမ္ဘာက ကောင်းကင်အလိုဆန္ဒ ကမ္ဘာအသစ်လား…
ဝမ်ဝေ့က ထိုသတင်းအချက်အလက် တစ်ခုကို သတိထားမိသွားသည်။ စက်ယန္တရားရုပ်သေးရုပ်ကမ္ဘာသည် မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကို အစားထိုးလာသည့် ကမ္ဘာတစ်ခု ဖြစ်၏။ ဒိုင်မေးရှင်းအနိမ့်တွင် ကောင်းကင်အလိုဆန္ဒကမ္ဘာ ၃၈၀၀ ရှိသော်လည်း ဝူဟုန်က မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကို စည်းပိတ်ပြီးသည့်နောက်တွင် တစ်ခု လျော့ကျသွားခဲ့သည်။ သို့သော်လည်း ခဏအကြာတွင် အစစ်အမှန် ကောင်းကင်တာအိုက ကမ္ဘာအသစ်တစ်ခုကို အဆင့်မြှင့်တင်ပေးဖို့ ရွေးချယ်ခဲ့သည်။ ထိုကမ္ဘာက စက်ယန္တရားရုပ်သေးရုပ်ကမ္ဘာ ဖြစ်နေ၏။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုသတင်းအချက်အလက်က အရေးကြီးသော်လည်း သူ လိုအပ်နေသည့်အရာ မဟုတ်သေးပေ။ ထို့ကြောင့် သူက ထိုကမ္ဘာမှ အကြည့်လွှဲကာ ထုံရို့ပင်းနှင့် ချန်းချန်တို့၏ တိုက်ပွဲကို အာရုံစိုက်ထားလိုက်၏။
ရုပ်သေးရုပ်တာအိုရဲ့ အပြောင်းအလဲက ကမ္ဘာမြေကနေ ဝင်စားလာတဲ့ လူတစ်ယောက်ရဲ့ ရလဒ် ဖြစ်မလားဆိုတာကို မဆုံးဖြတ်နိုင်သေးဘူး…
ဝမ်ဝေ့က စဉ်းစားလိုက်သည်။
ဒါပေမဲ့ ငါ့ရဲ့အလိုလိုသိစိတ်က ဒါက ပြဿနာရဲ့ အကြောင်းအရင်း မဟုတ်ဘူးလို့တော့ ပြောနေတယ်…
ဝမ်ဝေ့၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် အပိုင်းအစ တစ်ခုနှင့်တစ်ခု ဆက်ဖို့ကြိုးစားနေသည့် သတင်းအချက်အလက် ထရီလီယံများစွာကို သုံးသပ်လိုက်ရသည်။
ချန်းချန်ရဲ့ စက်ရုပ်…ဒုစရိက် ၇ပါး…ဗုဒ္ဓဘာသာ…ဇာမဏီ…အနောက်ပိုင်းအတွေးအခေါ်တွေနဲ့ ဒဏ္ဍာရီတွေ…
ကလစ်
အရာအားလုံးက ရုတ်ချည်းဆိုသလို ဆက်နွယ်မိသွားသည်။
အနောက်ပိုင်းလွှမ်းမိုးမှု ဒါက အကြောင်းအရင်းပဲ…
သူက ဝူဟုန့်ဆီမှ ဟွင်သွမ်းစကြဝဠာ တစ်ခုလုံးသည် အရှေ့ပိုင်းဒဏ္ဍာရီ၊ အတွေးအခေါ်နှင့် သဘောတရားများအပေါ် အခြေခံထားကြောင်း သိခဲ့ရသည်။ ကမ္ဘာမြေက တခြားသော မျိုးနွယ်နှင့် ဇာတိတစ်ခု ဖြစ်နေသည်။
သို့သော်လည်း အနောက်ပိုင်းလွှမ်းမိုးမှုကမူ ဟွင်သွမ်းစကြဝဠာတစ်လျှောက် ခံစားမိနိုင်သည်။ ပထမ နမူနာတစ်ခုက ချန်းချန်၏ စက်ရုပ်ဖြစ်ပြီး သူ့ကိုယ်သူ ယူဆထားသည့်ပုံစံ ဖြစ်သည်။ သို့သော်လည်း တခြားသော နမူနာများ ရှိနေသေးသည်။
ဒုတိယတစ်ခုက မိစ္ဆာဘိုးဘေးဆီမှ ဒုစရိုက် ၇ပါး ဖြစ်၏။ အရှေ့ပိုင်းသဘောတရားတွင် စိတ်ခံစားချက် ၇ ပါးနှင့် လိုအင်ဆန္ဒ ၆ ပါး ရှိလေသည်။ သို့သော်လည်း ဒုစရိက် ၇ပါးကမူ ခရစ်ယာန်ဒဏ္ဍာရီမှ ဆင်းသက်လာသည်။
ထို့နောက် အိန္ဒိယမှ ဆင်းသက်လာသည့် ဗုဒ္ဓဘာသာလည်း ရှိနေသေးသည်။ ဗုဒ္ဓဘာသာကို ဟန်မင်းဆက်အတွင်း တရုတ်မျိုးဆက်ဆီ ယူဆောင်လာသည့်အတွက် ယခုခေတ်သစ် မတိုင်ခင် နှစ်၂ထောင်မျှသာ ရှိသေး၏။ ဗုဒ္ဓဘာသာက တရုတ်ပြည်အတွင်း ပျံ့နှံ့လာစဉ်အခါက ချင်တိုင်းပြည်၏ ဧကရာဇ်ဖြစ်သူ လူသားဧကရာဇ်သည် သေဆုံးသည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး ပြန်လည်ဝင်စားပြီးသွားလောက်လေပြီ။
အဲဒါဆိုရင် သူက ကမ္ဘာမှာ ပုန်းအောင်းနေပြီးတော့ မကျင့်ကြံနေသရွေ့တော့ မဖြစ်နိုင်ဘူး။ ကြည့်ရတာ သူ့ရဲ့ နာမည်ကျော် ဂူဗိမာန်ထဲမှာများလား…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါပေမဲ့ ဒီသီအိုရီအတွက်က သက်သေအခိုင်အမာကတော့ ဇာမဏီပဲ…
တရုတ် ဇာမဏီသည် ဒေါင်းနှင့်တူပြီး အရောင် ငါးရောင် အမြီးငါးချောင်း ရှိထားသည့် ငှက်တစ်ကောင် ဖြစ်သည်။ သို့သော်လည်း အနောက်ပိုင်းလွှမ်းမိုးမှုအပြီးတွင် ဇာမဏီကို အနောက်ပိုင်း ဇာမဏီအဖြစ် ဖော်ညွှန်းပြီး မီးတောက်ငှက်အဖြစ် မှတ်ယူကြသည်။
နိဗာနနှင့် မသေမျိုး သဘောတရားကသည်လည်း ခေတ်သစ်အချိန်အတွင်း ဇာမဏီအပေါ် ချမှတ်ထားသည့် နယ်ခြားအတွေးအခေါ်များ ဖြစ်နေသည်။
တခြားအရာတွေအားလုံးကတော့ ဖြစ်နိုင်ချေ ရှိတယ်။ ဒါပေမဲ့ ဇာမဏီကတော့ ကွဲပြားတယ်။ ဒါက မိုးမြေကြားမှာရှိတဲ့ အမြင့်မြတ်ဆုံးမျိုးနွယ်ထဲက တစ်ခုဖြစ်တဲ့ ပင်ကိုနတ်ဆိုး တစ်ကောင်ပဲ…
သူတို့ရဲ့မွေးဖွားမှု ဒါမှမဟုတ် သူတို့ရဲ့ ပုံစံကို မဟာတာအိုတစ်ဦးထဲကပဲ ဖန်တီးနိုင်တယ်…
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။
မဟာတာအိုက ထိုသို့အမှားတစ်ခုကို လုပ်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုမူမမှန်မှုများ၏ အကြောင်းအရင်းက မည်သည့်အရာ ဖြစ်မည်နည်း။ အဖြေကမူ ရိုးရှင်းလှသည်။
မဟာတာအိုက သမိုင်းမတိုင်မီကမ္ဘာကို လွှမ်းမိုးချင်သလိုမျိုး ဟွင်သွမ်းစကြဝဠာကိုလည်း လွှမ်းမိုးထားခဲ့တာပဲ…
ဝမ်ဝေ့၏ အသက်ရှူနှုန်းက ပိုမိုချောမွေ့လာပြီး စိတ်က ပိုမိုကြည်လင်လာသည်။ ထို့နောက် သူက သူ့သီအိုရီနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို တွေးမိသွား၏။
ဒီလွှမ်းမိုးမှုက သမိုင်းမတိုင်မီကမ္ဘာမှ ပြန်လည်ဝင်စားသည့်သူများကို ပုံသွင်းပေးနိုင်သည် သို့မဟုတ် ပိုမိုမြင့်မားသည့်အဆင့် ရောက်သည့်အခါ ဟွင်သွမ်းစကြဝဠာတစ်ခုလုံး၏ အနှစ်သာရအပေါ်ကိုပင် သက်ရောက်မှု ရှိလာစေ၏။
အဓိကအချက်က ကမ္ဘာမြေပဲ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုတော့ ထူးဆန်းနေတယ်…
ဝမ်ဝေ့က သိပ္ပံနှင့် နည်းပညာသည် တားမြစ်ချက်ဖြစ်နေသည့် အကြောင်းအရင်းမှာ သမိုင်းမတိုင်မီကမ္ဘာက မဟုတ်ဘဲ ကမ္ဘာမြေမှ ဖြစ်နေသည့်အတွက် ဖြစ်ကြောင်း သံသယရှိလာမိသည်။ သမိုင်းမတိုင်မီကမ္ဘာက တားမြစ်ချက်မဟုတ်ဘဲ ကမ္ဘာမြေက တားမြစ်ချက်တစ်ခုဖြစ်နေနိုင်သည်။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူပြီးသည့်နောက်တွင် ကမ္ဘာမြေပေါ်ရှိ နောက်ထပ် မူမမှန်မှုတစ်ခုကို သတိထားမိလိုက်သည်။
ဟုန်ကျွင်းက အစစ်အမှန်ဆိုတော့ ဒဏ္ဍာရီထဲက တခြားလူတွေကရော အစစ်အမှန်လို့ ပြောတာပဲပေါ့။ ဗုဒ္ဓဘာသာရဲ့တည်ထောင်သူ တထာဂတ အပါအဝင်ပဲ။
တထာဂတက နှစ်သန်းချီကြာ နေခဲ့တာပဲ။ အဲဒီမှာ အခု ဗုဒ္ဓဘာသာရဲ့ တည်ထောင်သူ ဂေါတမမြတ်စွာဘုရားကတော့ ယနေ့ခေတ်ကာလမှာ နှစ်၂၅၀၀ ကျော်လောက်ပဲ ရှိသေးတယ်…
အဲဒီကိစ္စတွေကို ထားလိုက်ပါတော့။ တထာဂတက အိန္ဒိယ ဘုန်းကြီးအဖြစ် မဝင်စားသရွေ့ သူက ကမ္ဘာမြေပေါ်မှာ ဗုဒ္ဓဘာသာကို ဖန်တီးနိုင်ခဲ့မှာလား။ အဲဒါဆိုရင် ဒီခြားနားချက်ကို ဘယ်လိုရှင်းပြနိုင်မှာလဲ…
ဝမ်ဝေ့က ထိုမူမမှန်မှုအကြောင်း မရှင်းတော့ပေ။ ပြောရလျှင် သူက နောက်ထပ် သီအိုရီတစ်ခု မရှိတော့ပေ။ သို့သော်လည်း ထိုသီအိုရီအတွက် အဓိပ္ပာယ်ရှိနေစေသည့် သတင်းအချက်အလက် မလုံလောက်ပေ။
ဝမ်ဝေ့က သူ့အတွေးများကို စုစည်းပြီးသည့်နောက်တွင် ကမ္ဘာမြေကိုသာ အာရုံစိုက်ထားလိုက်သည်။
တကယ်လို့ ဟုန်ကျွင်းကသာ တကယ်ဖြစ်နေမယ်ဆိုရင် ရဝေ၊ ခရစ်ယာန် ဖန်ဆင်းရှင်၊ အိုဒင်၊ ဇူး၊ ဗီရှား၊ ဆန်ဂိုနဲ့ အာမက်တယ်ရာစုတို့ကလည်း အစစ်အမှန်တွေပဲပေါ့…
ဒါတွေအားလုံး အမှန်ပဲ ထားလိုက်ပါဦး။ အဲဒီလူတွေရဲ့ အခြေအနေက ဘာတွေလဲ။ သူတို့က ဘယ်လောက်တောင် အားကောင်းနေတာလဲ။ သူတို့က ဘာတွေ ကြံစည်နေကြတာလဲ။ ငါက ကမ္ဘာမြေနဲ့ ကံကြွေးရှိနေတယ်ဆိုတော့ ငါရော ပါဝင်နေတာလား…
ဝမ်ဝေ့က ထိုအဖြေသည် ဟုတ်မှန်ကြောင်း အလိုလိုသိစိတ်က ပြောပြနေ၏။
ကျစ် ဟုန်ကျွင်း ပြန်လည်ဝင်စားခွင့်ပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီလိုအရှုပ်အထွေးကြားမှာ ပါတာကိုတော့ မကြိုက်ဘူး…
ဝမ်ဝေ့က တိတ်တဆိတ် ကျိန်ဆဲပြီးသည့်နောက်တွင် သက်ပြင်းချလိုက်သည်။
ကောင်းကင်ဘုံအဆင့်က ကမ္ဘာဦးဟွင်သွမ်းတစ်လျှောက်မှာ အသက်ရှင်နိုင်ဖို့ အနည်းဆုံး လိုအပ်ချက်ပဲ။ ဒါပေမဲ့ ငါက ထိပ်သီးစံပြမဖြစ်လာခင် သမိုင်းမတိုင်မီကမ္ဘာမှာ ခြေချနိုင်မှာ မဟုတ်ဘူး…
တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ငါ အစွဲကင်းတစ်ပိုင်းအဆင့် ရောက်တဲ့အချိန်အထိ စောင့်ချင်တယ်…
ဝမ်ဝေ့က ခေါင်းအသာယမ်းပြီးသည့်နောက် သူ့ကိုယ်သူ သတိပေးလိုက်သည်။ ထို့အပြင် သူက ကမ္ဘာမြေကို တစ်ယောက်ထဲ ဘယ်တော့မှ ပြန်သွားမည် မဟုတ်ပေ။ ယခုအတွက်မူ ထိုနေရာက ပြဿနာအရှုပ်အထွေး စုဝေးနေသည့် နေရာတစ်ခုအလား ဖြစ်နေ၏။
ဘာဖြစ်ဖြစ် ငါ့မိဘတွေအကြောင်း စိုးရိမ်နေစရာ မလိုဘူး။ သူတို့သေသွားရင်တောင် အချိန်မြစ်ကြောင်းကနေတစ်ဆင့် အသက်ပြန်သွင်းပြီး ထပ်ပြီး တွေ့နိုင်တယ်…
ဝမ်ဝေ့က ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် သီအိုရီအပေါ်သာ အာရုံစိုက်ထားလိုက်သည်။
တကယ်လို့ ကမ္ဘာမြေက အရာတွေက တားမြစ်ချက် ဖြစ်နေတယ်ဆိုရင် လူသားဧကရာဇ်နဲ့ငါက ဘယ်လိုလုပ် ပြန်ပြီးဝင်စားလာတာလဲ…
သူက ထပ်မံ တွေးတောလိုက်ပြန်သည်။
ဖြစ်နိုင်ချေနှစ်ခု ရှိတယ်။ ဟုန်ကျွင်း ပြီးတော့ အဲဒီလူတွေ သူတို့က ပြန်လည်ဝင်စားလာတဲ့လူတစ်ယောက်ချင်းစီကို ကာကွယ်ပေးထားတာပဲ
ထိုဖြစ်နိုင်ချေက အကျုံးဝင်သည်မှာ သူသည် သိပ္ပံနှင့် နည်းပညာကမ္ဘာကို ဖန်တီးပြီးသည့်နောက်တွင် ထိုသူက မဟာတာအိုဆီမှ ကာကွယ်ပေးခဲ့၍ ဖြစ်သည်။
ဒုတိယဖြစ်နိုင်ချေကမူ ဟွင်သွမ်းစကြဝဠာ၏ အရှေ့ပိုင်းစံနှုန်းနှင့် ကိုက်ညီနေ၍ သက်ရောက်မှုမခံရခြင်း ဖြစ်၏။ သို့သော်လည်း မျိုးနွယ်ခွဲတစ်ယောက်၏ တစ်စုံတစ်ယောက်ကသာ ကြိုးစားကြည့်ပါက မဟာတာအိုသည် တည်ရှိဖို့ခွင့်ပြုမည် မဟုတ်ဘဲ သုတ်သင်ပစ်လိမ့်မည်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် ဒုတိယဖြစ်နိုင်ချေကပိုမို ထင်မြင်ချက်များစွာ ရှိလာစေသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။
ငါ မဟာတာအိုက လူမျိုးကြီးဝါဒ အုပ်စိုးတယ်ဆိုတဲ့အချက်ကို ပယ်လို့ရတယ်။ တစ်စုံတစ်ယောက်က အဲ့လိုမျိုး ဖန်တီးမထားသရွေ့ မဖြစ်နိုင်ဘူး…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
တကယ်လို့ အဲဒီအကြောင်းအရင်းကြောင့် မဟုတ်ဘူးဆိုရင် ဒါက ဟွင်သွမ်းစကြဝဠာမှာ ပါဝင်နေနိုင်တယ်…
ဝမ်ဝေ့က တခြားသော ဟွင်သွမ်းစကြဝဠာသည် ထိုအရာထက် ကျော်လွန်နေကြောင်း မှန်းဆထားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ဝတ္ထုများစွာကို ဖတ်ရှုပြီးသည့်နောက်တွင် ထိုကောက်ချက်ချနိုင်သည်မှာ ပုံမှန်သာ ဖြစ်သည်။
အဲဒါဆိုတော့ ဒီဟွင်သွမ်းကမ္ဘာက မပါဝင်ပဲနဲ့ အရှေ့ပိုင်းသဘောတရားနဲ့ ဒဏ္ဍာရီတွေကိုပဲ ဦးစားပေးထားတယ်ဆိုတဲ့ သဘောပဲ။ အဲဒါဆိုတော့ နောက်ထပ် တခြားဟွင်သွမ်းကမ္ဘာတွေရှိပြီးတော့ တခြားအဖွဲ့အစည်းတွေကို မျက်နှာသာပေးထားတွေလည်း ရှိဦးမှာပဲ…
တကယ်လို့ ငါသာ အဲဒီသဘောတရားကို လိုက်နိုင်မယ်ဆိုရင် ကမ္ဘာမြေက ထူးခြားနေတာက တခြားဟွင်သွမ်းကမ္ဘာနဲ့ ဆက်နွယ်နေလို့ ဖြစ်နေနိုင်တယ်..
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ ထိုရှာဖွေတွေ့ရှိမှု၏ အရေးပါမှုကို သဘောပေါက်သွား၏။ သူက အသက်ပြင်းပြင်းရှူလိုက်သည်။
ဒီလျှို့ဝှက်ချက်က အတော်လေးကို ကြီးမားလွန်းတယ်…
သူက စကြဝဠာကြီးသာ ကမ္ဘာမြေက နောက်ထပ် ဟွင်သွမ်းစကြဝဠာနှင့် ဆက်နွယ်နေကြောင်း သိရှိသွားခဲ့ပါက အကျိုးဆက်ကို ခန့်မှန်းကြည့်၍ ရပေသည်။ ပြောရလျှင် တခြားဟွင်သွမ်းစကြဝဠာက စံပြများအပါအဝင် လူအများစု တွေးတောနိုင်သည့်အရာ မဟုတ်ပေ။
အကယ်၍ လူအများက ကမ္ဘာမြေ၏ အဆင့်အတန်းကို သိသွားခဲ့လျှင် ဝမ်ဝေ့အနေဖြင့် လူများစွာသည် နောက်ထပ် ဟွင်သွမ်းစကြဝဠာဆီ ရောက်ရှိဖို့ မည်မျှကြိုးစားမည်ကို သိလိုက်၏။ အထူးသဖြင့် သူတို့၏ ကျင့်ကြံရေးခရီးလမ်း အဆုံးသတ်နေသည့် ထိပ်သီးစံပြများ ဖြစ်သည်။
ဟူး…ငါက ဧကရာဇ်တစ်ပိုင်းအဆင့်ပဲ ရှိသေးတယ်။ ဘာလို့ ကမ္ဘာမြေ တုန်လုမတတ် လျှို့ဝှက်ချက်တွေကို သိဖို့ လိုနေတာလဲ…
ဝမ်ဝေ့က နေရခက်သည့် အပြုံးမျိုးပင် မပြုံးနိုင်တော့ပေ။ နောက်ဆုံးတွင် သူက အသိများလွန်းခြင်း၏ ဝန်ထုပ်ဝန်ပိုးအကြောင်းကို နားလည်သွားခဲ့၏။