← Chapters

ချန်းချန်နှင့် ထုံရို့ပင်းတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၄)

Vol. 58 Ch. 804

ချန်းချန်နှင့် ထုံရို့ပင်းတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၄)

Vol. 58 Ch. 804

ဝမ်ဝေ့က ချိုက်စုန့်၏ အရေးပါမှုကို အမြင့်ဆုံးအထိ သတ်မှတ်လိုက်သည်။ သူက သူ့အတွက် အရေးပါလာမည် ဖြစ်ကြောင်း သိနေ၏။ သူက သူမ တာအိုသက်သေပြပြီးသည့် အချိန်ကို ညွှန်းဆိုနေခြင်း မဟုတ်ပေ။ ပြောရလျှင် သူမက သူ့ကျင့်ကြံရေးခရီး နောက်ပိုင်းအဆင့်များတွင် အရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်လာလိမ့်မည်။

ထို့အပြင် သူက သူကိုယ်သူနှင့် ပတ်သက်ပြီး တစ်စုံတစ်ခုကို နားလည်လိုက်၏။ သူက လူအများ သူ့အပေါ် ကံကြွေးတင်သည်ကို သဘောကျရသည့် အကြောင်းအရင်းကို နားလည်လိုက်သည်။

ဒါက ငါ့ရဲ့ အနာဂတ်ကိုယ်ကနေ အဖိုးတန်တဲ့ မဟာမိတ်တွေကို ဖန်တီးဖို့ လွှမ်းမိုးထားတဲ့ အလိုလိုသိစိတ်တစ်ခုပဲ…

ဝမ်ဝေ့က အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့သည် တစ်သတ်မှတ်တည်း မဟုတ်ကြောင်း သိလေ၏။ အချိန်မြစ်ကြောင်းတည်ရှိမှုက ထိုသက်ရှိများအားလုံးက မည်မျှပင် အားကောင်းစေကာမူ အချိန်ကို တစ်သတ်မှတ်တည်း တွေ့ကြုံခံစားရအောင် ပြုလုပ်ထား၏။ သို့သော်လည်း ကျင့်ကြံသူ တစ်ယောက်က သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားသည့်အခါ သူတို့၏ အနာဂတ်က အတိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိလာလိမ့်မည်။ ပြောရလျှင် အလိုလိုသိစိတ် ပုံစံမျိုး၊ တီးတိုးပြောဆိုသံမျိုး သို့မဟုတ် အပြုအမူမျိုးအထိ ပါဝင်သည်။

ဝမ်ဝေ့က ကမ္ဘာမြေပေါ်ရှိ သူ့အလိုလိုသိစိတ်သည် ထိုဖြစ်ရပ်၏ ရလဒ်ဖြစ်ကြောင်း ယုံကြည်ထားခဲ့၏။ သို့သော်လည်း သူက ထိုစွမ်းရည်အတွက် တခြားသော ဖြစ်နိုင်ချေများ ရှိနေသေးသည့်အတွက် အပြည့်အဝတော့ မသေချာပေ။

အဲဒါဆိုတော့ ငါက လူတွေကို ကယ်ရတာ သဘောတူနေရတဲ့ အကြောင်းအရင်းလည်း ရှိနေတာကိုး…

သူက စဉ်းစားလိုက်သည်။

ထိုကိစ္စများကို စဉ်းစားပြီးသည့်နောက်တွင် သူက တိုက်ပွဲကို ဆက်လက် ကြည့်ရှုလိုက်၏။

အဲဒါဆိုတော့ ချန်းချန် မင်းက ငါ ကယ်တင်ဖို့အတွက် ထိုက်တန်ရဲ့လား…

ဝမ်ဝေ့က ဇာတ်ကားများမှ အသိဉာဏ်တု(AI)များ၏ အဆုံးသတ်ကို မြင်တွေ့ဖူးသည့်အတွက် ချန်းချန်၏ လက်ရှိစိတ်အနေအထားသည် မည်မျှအန္တရာယ်များကြောင်း သိလေသည်။ သူက ထိုသူကို ကယ်တင်ဖို့ရာ ထိုက်တန်ရဲ့လားဟု သူ့ ရွေးချယ်မှုကို ပြန်လည်သုံးသပ်နေ၏။

တကယ်လို့ မင်းရဲ့ လူသားဆန်စိတ်ကို ပြန်ရနိုင်တယ်ဆိုရင်တော့ အဲဒီကျမှ ထပ်ပြောကြတာပေါ့…

သူက ဆုံးဖြတ်လိုက်သည်။ သူက ချန်းချန်ကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးလိုက်မည်။ မဟုတ်ပါက ကံကြမ္မာကိုသာ အပ်နှံထားပြီး သူ့အနာဂတ်အတွက် အရင်းအမြစ်တစ်ခု ဖြစ်လာရမည်။

ငါ အရင်ဆုံး ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်…

ဝမ်ဝေ့က မျက်လုံးမှိတ်ပြီး တရားမထိုင်ခင် လျှို့ဝှက်သတင်း စကားတစ်ခုကို ပေးပို့လိုက်၏။

…………………

“မင်းရဲ့ စကားက အမှန်တရားတချို့ရှိတာကိုတော့ အသိအမှတ်ပြုရမယ်။ ဒါပေမဲ့ ငါ့ရဲ့ မျိုးနွယ်က တကယ်ကို အသစ်စက်စက်ပဲ။ ငါတို့တွေက အလားအလာ အပြည့်ထုတ်သုံးနိုင်ဖို့ အချိန်တစ်ခုပဲ လိုတယ်။ အဲဒီအလားအလာက မင်းတို့ တွေးကြည့်နိုင်တဲ့အရာမျိုး မဟုတ်ဘူးဆိုတာကိုတော့ အာမခံနိုင်တယ်”

“ရှင်နဲ့ ပြောနေရတာ အလကားပဲ။ ရှင်က ကျွန်မ သိခဲ့တဲ့ ချန်းချန် မဟုတ်တော့ဘူး” ထုံရို့ပင်းက ပြောလိုက်သည်။

“ဟုတ်တယ်။ ငါက ပိုကောင်းတဲ့သူ ဖြစ်လာပြီ”

ထုံရို့ပင်းက ပြန်မဖြေဘဲ အပြုအမူနှင့်သာ သက်သေပြဖို့ ဆုံးဖြတ်လိုက်သည်။ သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် မျောလွင့်မြို့အပေါ် ကျဆင်းလာစေမည့် ခရမ်းရောင်မိုးကြိုး တိမ်တိုက်တစ်ခုကို ဖန်တီးလိုက်သည်။

ထင်ထားသည့်အတိုင်း သူမ၏ တိုက်ကွက်က အသုံးမဝင်ခဲ့ပေ။ သို့သော်လည်း သူမက ထိုအခွင့်အရေးကို အသုံးချကာ ဤအသုံးအဆောင်ပစ္စည်း၏ ခုခံကာကွယ်နိုင်စွမ်းကို စမ်းသပ်ပြီး အထဲတွင် ရှိနေသည့် အစီအရင်ကို အကြမ်းဖျင်းအကဲခတ်ခြင်း ဖြစ်သည်။

ထို့နောက် မျောလွင့်မြို့ဆီမှ လျှို့ဝှက်ဆန်းကြယ် အတက်အကျလှိုင်း တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ပြောင်းလဲသွားစေ၏။

ပိုင်နက်လား…

ထုံရို့ပင်းက တွေးလိုက်မိသည်။ ထို့နောက် သူမ၏ အမူအရာက ပြောင်းလဲသွား၏။

ဒါက စည်းမျဉ်းပဲ့တင်သံကို တားမြစ်ထားတာပဲ…

ကျွမ်းကျင်အတတ်ပညာ တာအိုများသည် မြင့်မားသည့်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် အားကောင်းပြီး စွယ်စုံအသုံးပြုလာနိုင်သည့် အကြောင်းအရင်းတစ်ချက်မှာ စည်းမျဉ်းပဲ့တင်သံ အသုံးပြုမှုကြောင့် ဖြစ်၏။ တာအိုကို သက်သေပြပြီးသည့်နောက်တွင် ထိုကျွမ်းကျင်အတတ်ပညာ တာအိုများက တာအိုအရင်းအမြစ် ပဲ့တင်သံဖြစ်လာပြီး သူတို့အား တခြားသော တာအိုမှ စွမ်းအားကို အသုံးပြုနိုင်ခွင့် သို့မဟုတ် ငှားယူနိုင်ခွင့် ပြုလာလိမ့်မည်။

သို့သော်လည်း ယခု ချန်းချန်၏ ပိုင်နက်က ထိုအချက်ကို ပစ်မှတ်ထားထားသည်။

ဒါက ရိုးရှင်းတဲ့ ပိုင်နက်တစ်ခုတော့ မဟုတ်ဘူးပဲ…

ထုံရို့ပင်းက သုံးသပ်လိုက်ပြီးသည့်နောက်တွင် သူမ၏ ခေါင်းအထက် လျှို့ဝှက်အစီအရင်တစ်ခုကို မြင်လိုက်ရသည်။ သူမက ထိုပိုင်နက်နှင့် အစီအရင်သည် သူမ၏ ပိုင်နက်အပေါ် သက်ရောက်မှုရှိကြောင်း ခံစားမိလေ၏။

ငါ့ရဲ့ စွယ်စုံသုံးမှုကို လျှော့ချလိုက်ပေမဲ့ ငါ့ရဲ့ စွမ်းအားက သိသိသာသာ လျော့ကျမသွားသေးဘူး…

စည်းမျဉ်းပဲ့တင်သံ မရှိဘဲ သူမ၏ အဆောင်များစွာက သိသိသာသာ အားနည်းသွားလိမ့်မည်။ အထူးသဖြင့် တားမြစ်ခံနှင့် အထွတ်အထိပ် တားမြစ်ခံတာအိုများကို အသုံးပြုသည့်အခါတွင် ဖြစ်၏။ ထိုသီးသန့်အဆောင်များကို အသုံးပြုနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက သူတို့နှင့် သက်ဆိုင်ရာတာအိုကို ကျင့်ကြံထားခြင်း သို့မဟုတ် သူတို့နှင့် ပတ်သက်ပြီး ဗဟုသုတကြွယ်ဝခြင်းတို့သာ ဖြစ်၏။

သို့သော်လည်း ထုံရို့ပင်း၏ အရန်တာအိုများက ဓာတ်ငါးပါးတာအိုနှင့် ဝိညာဉ်တာအိုနှင့်အတူ တခြားကျွမ်းကျင်အတတ် ပညာများသာ ဖြစ်သည်။ ထို့ကြောင့် သူမက သူတို့ကို အာရုံစိုက်ထားလိုက်၏။

မြေကမ္ဘာတိုက်တန်အဆောင်

အစီအရင်ချိုးဖောက်ရေး အဆောင်

သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အဆောင်နှစ်ခုကို ဖန်တီးလိုက်ပြီး တစ်ခုက မျောလွင့်မြို့ကို ပစ်မှတ်ထားကာ နောက်တစ်ခုက သူမ၏ ခေါင်းအထက်ရှိ အစီအရင်ကို ပစ်မှတ်ထားခဲ့သည်။

ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ဧရာမသက်ရှိတစ်ဦးက ဤထူးထူးဆန်းဆန်း နေရာတွင် ပေါ်ထွက်လာပြီး မျောလွင့်မြို့ဆီ လက်သီးချက်ဖြင့် ထိုးခွင်းလိုက်သည်။ ထိုစဉ် ထုံရို့ပင်းဆီမှ ခရမ်းရောင်အလင်းတန်းက ဝေဟင်အထက်ရှိ အစီအရင်ဆီ ရောက်ရှိသွား၏။

ဘန်း

အဌဂံ ပါကွားအစီအရင်က မြို့ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ထိုဧရာမသက်ရှိ၏ တိုက်ကွက်ကို အလွယ်တကူ တားဆီးထား၏။

ဘန်း…ဘန်း…ဘန်း

ထိုသက်ရှိက ဒေါသလက်သီးချက်များ ဆက်လက် ထုတ်လွှတ်လာသည်။ ကံဆိုးစွာဖြင့် အသုံးမဝင်ခဲ့ပေ။ ထိုစဉ် ချန်းချန်က လေဟာနယ်ဖြိုခွင်းခြင်းအဆောင်အတွက် နောက်ထပ် အစီအရင်တစ်ခုကို ဖန်ဆင်းပြီး အသုံးမဝင်အောင် တားဆီးခဲ့သည်။

ကျွမ်းကျင်အတတ်ပညာရှင်များသည် မြင့်မားသည့်အဆင့်သို့ ရောက်ရှိသွားဖို့အတွက် သူတို့သည် တခြားအရာများနှင့် ပတ်သက်ပြီး ဗဟုသုတ သို့မဟုတ် လေ့လာကြရသည်။ နမူနာအားဖြင့် လက်နက်သန့်စင်သူများသည်လည်း သူတို့သာ ဧရာမလက်နက်ကို သန့်စင်လိုပါက အစီအရင်အကြောင်း သိဖို့ လိုအပ်သည်။

ဝူမင်၊ ယန်းလီလင်း၊ ချန်းချန်နှင့် ထုံရို့ပင်းတို့လို ပါရမီရှင်မျိုးနှင့် ပတ်သက်လာသည့်အခါ ထိုကျွမ်းကျင်အတတ်ပညာရှင်များကြားရှိ နိမိတ်က မသည်းကွဲလွန်းလှပေ။

ထုံရို့ပင်းက နောက်ထပ် လှုပ်ရှားလိုက်သည်။ သူမက နောက်ထပ် ကျန်ရှိနေသည့် ဓာတ်လေးပါးအတွက် တိုက်တန်လေးကောင်ကို ဆင့်ခေါ်လိုက်သည်။ ထိုသက်ရှိများက မြို့ကို တိုက်ခိုက်နေရင်း သူမက စိတ်ကို နှစ်ပိုင်း ပိုင်းလိုက်သည်။ ပထမတစ်ခုက မျောလွင့်မြို့၏ အစီအရင်မှ ဟာကွက်များကို ရှာပြီး ချိုးဖောက်ဖို့ ဖြစ်သည်။ တခြားတစ်ခုကမူ အစီအရင်နှင့် ပိုင်နက်အတွက် ဖြစ်၏။

ချန်းချန်က ငြိမ်ခံနေခြင်း မဟုတ်ပေ။ ချန်းချန် ထိန်းချုပ်နေသည့် မြို့အထက် ဒုံးကျည်များစွာ ပေါ်ထွက်လာ၏။ သူတို့က မိုးကြိုးလှံနှင့် တူညီသည့်အရာများကို ပစ်ခွင်းလာသည်။

ဝှစ်

မြို့ဆီမှ မိုးကြိုးချက်များသည် မြေကမ္ဘာတိုက်တန်ကို မှေးမှိန်သွားစေပြီး ဝမ်းဗိုက်တွင် ကြောက်မက်ဖွယ် အပေါက်ကြီး တစ်ပေါက် တစ်ခုကို ချန်ထားခဲ့သည်။ ထိုတိုက်ကွက်က ထိုသက်ရှိကို အဆုံးသတ်သွားနိုင်သော်လည်း ထိုအရာက ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။ ထို့အပြင် စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုအပေါက်က သူ့အလိုလို ပြန်ပိတ်သွား၏။

ရေ၊ မီးနှင့် သစ်သားတိုက်တန်များအတွက်လည်း အတူတူသာ ဖြစ်၏။ တစ်ခုတည်းသော ခြွင်းချက်က ရွှေရောင်တိုက်တန် ဖြစ်၏။ သို့သော် ထိုအရာက မိုးကြိုးလှံက သူ့ကာကွယ်နိုင်စွမ်းကို မချိုးဖောက်နိုင်ခဲ့ပေ။

သို့သော်လည်း ဤသည်က တိုက်ကွက်၏ အစမျှသာ ရှိသေး၏။ ချန်းချန်များက ဒုံးကျည်များစွာကို ထိန်းချုပ်ပြီး လှံသန်းပေါင်းများစွာကို ပစ်ခွင်းနေသည်။ ဒုံးကျည်များက အားကောင်းသည့် အသုံးပြုပစ္စည်းများ ဖြစ်ပြီး လှံကို ဖွဲ့စည်းဖို့ စည်းမျဉ်းနှင့် စွမ်းအားကို အသုံးပြုထားသည်။ ထို့ကြောင့် ပထမတစ်ကြိမ် ကျရှုံးပြီးသည့်နောက်တွင် သူက နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။ သူက ဓာတ်ငါးပါး၏ အားနည်းချက်ကို ပစ်မှတ်ထားသည့် ဓာတ်သဘာဝ တိုက်ကွက်များကို အသုံးပြုခဲ့၏။ နမူနာအနေဖြင့် မီးတောက်က ရေကို လောင်ကျွမ်းစေပြီး သတ္တုက သစ်သားကို ပိုင်းဖြတ်စေကာ သစ်သားက မြေဓာတ်ကို ထိုးခွင်းနိုင်သည်။

ဓာတ်သဘာဝ တစ်ခုချင်းစီ၏ တန်ပြန်တိုက်ကွက်ကို ဖြေရှင်းပြီးသည့်နောက်တွင် ချန်းချန်က သင့်တော်သည့် နည်းလမ်းဖြင့် ထိုတိုက်တန်များကို ဖျက်ဆီးပစ်ခဲ့သည်။

သူ ကံဆိုးသည်က ထုံရို့ပင်းကလည်း ဓာတ်ငါးပါးအပေါ် နားလည်နိုင်စွမ်းမြင့်မားပြီး ဟာကွက်မချန်ထားပေ။ ထို့ကြောင့် ချန်းချန်က ရေလှံကို သူမ၏ မီးတိုက်တန်ဆီ ပစ်လွှတ်လိုက်သည့်အခါ ဧရာမသက်ရှိကြီးက ရုတ်ချည်းဆိုသလို မြေတိုက်တန်အဖြစ် ပြောင်းလဲသွားပြီး ရေလှံကို စုပ်ယူသွားလေသည်။ ထိုဖြစ်စဉ်အတွင်း တိုက်ကွက်ကို တားဆီးခဲ့ခြင်း မရှိပေ။

အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသည့် မျိုးနွယ်အသစ်က တစ်ဖက်လူ၏ နည်းစနစ်သည် ရိုးရှင်းသည့် အဆောင် မဟုတ်ဘဲ ဓာတ်ငါးပါးမျှခြေ အစီအရင်တစ်ခု ပါဝင်နေကြောင်း သတိပြုမိသွားသည်။ ထို့ကြောင့် သူက ကွဲပြားသည့် နည်းဗျူဟာတစ်ခုကို ရွေးချယ်လိုက်၏။

အင်မော်တယ် ချန်းချန်တစ်ယောက်က မြို့၏ ကာကွယ်ရေးအလွှာမှ ထွက်ပေါ်လာပြီး ထုံရို့ပင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ သူမက ထိုအခွင့်အရေးကို အသုံးချကာ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုရုပ်သေးရုပ်က မစစ်ဆေးနိုင်သည့် နည်းလမ်းများစွာဖြင့် ဖန်တီးထားလေ၏။

ချန်းချန်ဆီမှ ဝါးမျိုရေးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် တိုက်တန်အားလုံးကို ဝါးမျိုသွားလေ၏။ ထို့နောက် ထိုအရာက ပါးစပ်ဟကာ ကြောက်မက်ဖွယ် အလင်းတန်းတစ်ခုဖြင့် ပတ်ဝန်းကျင် နေရာတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ထုံရို့ပင်းက အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်၍ ရှောင်ရှားလိုက်သည်။ သို့သော်လည်း အလင်းတန်းက သူမနောက်ကို လိုက်လာလေ၏။ ထို့အပြင် ထိုတိုက်ကွက်၏ အရှိန်က မြန်ဆန်လွန်းလှသည်။ အဆုံးသတ်တွင် သူမက ဒိုင်းကာ အထပ်ထပ်ဖြင့် ကာကွယ်လိုက်ရသည်။ ထိုဒိုင်းကာ ၅ခုတွင် ဓာတ်ငါးပါး ပါဝင်နေ၏။

ထိုသို့ဆိုလျှင်ပင် သူမက တိုက်ကွက်ကို လက်ဗလာနှင့် တားဆီးခဲ့ရသေးသည်။

ထုံရို့ပင်းက သူမလက်မှ ကျနေသည့် သွေးစက်များကို ကြည့်လိုက်၏။ ထိုတိုက်ကွက်က သူမ၏ ခန္ဓာကိုယ်အားဖြည့်ရေး အဆောင်ကြောင့်သာ မဟုတ်လျှင် အသေသတ်သွားနိုင်သည်။

တုယီနယ်ပယ်က အတော်လေးကို အားနည်းနေတာပဲ…

သူမက မှတ်ချက်ပေးလိုက်သည်။ ထိုအဆင့်က အံ့ဖွယ်ပင်လယ်ကို ပြန်လည်ဖွဲ့စည်းပြီးသည့်နောက်တွင် ပထမဆုံး ရရှိခဲ့သည့်စွမ်းအားနှင့် အဆင့်အတူတူ ဖြစ်ကြောင်း ခံစားမိလေ၏။

သူမက သူ့ရှေ့တွင် ရှိနေသည့် အရုပ်က သူ့မဆီ ပြေးဝင်လာသည်ကို ကြည့်နေလိုက်သည်။ သူမက ရုပ်ပိုင်းဆိုင်ရာ ခွန်အားတိုးတက်စေဖို့အတွက် သူမဘာသာသူမ ကောင်းချီးပေးလိုက်သည်။

ထိုစဉ် ရုပ်သေးရုပ်က ခုခံကာကွယ်ရေး အနေအထားသို့ ဝင်ရောက်သွား၏။

ယခင် အင်အားက တိုက်တန်များကို စုပ်ယူခဲ့သည့် ရလဒ်ဖြစ်ပြီး အသွင်ပြောင်းခြင်းဟု ခေါ်ဆိုသည့် မျောလွင့်မြို့ဆီမှ အားမြှင့်ပေးမှုတစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုမြို့၏ အဓိကပုံစံက တိုက်ခိုက်ရေးအတွက် မဟုတ်ဘဲ ခုခံရေးနှင့် ထုတ်လုပ်ရေးအတွက် ဖြစ်သည်။ ထို့ကြောင့် ချန်းချန်က သူသည် တစ်ဖက်လူကို အနိုင်ပိုင်းဖို့ ထိုအရာအပေါ် မမှီခိုနိုင်ကြောင်း သိလေသည်။

ဘန်း

သူတို့၏ လက်သီးချက် ထိပ်တိုက် တွေ့ဆုံသွားပြီး အရုပ်က လွင့်စင်ထွက်သွားသည်။ သို့သော်လည်း ထုံရို့ပင်းက တိုက်ခိုက်လိုက်ရုံသာမက အန္တရာယ်များသည့် လှုပ်ရှားမှုမျိုးပါ လုပ်လိုက်သည်။ သူမ၏ ကမ္ဘာဦးစိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်လာကာ ရုပ်သေးရုပ်အတွင်း ဝင်ရောက်သွား၏။

သူမက ထိုအထဲ ဝင်ရောက်လိုက်သည်နှင့် ထိုသူ၏ အသိစိတ်ပင်လယ်ကို ရှာကာ သိမ်းပိုက်ဖို့ ကြိုးစားလိုက်သည်။ ရုပ်သေးရုပ်က အလိုလိုသိစိတ်ကို အသက်သွင်းကာ ကိုယ့်ဘာသာကိုယ် ဖျက်ဆီးပြီး လျှို့ဝှက်ချက်များ မပေါက်ကြားအောင် တားဆီးဖို့ လုပ်ဆောင်ခဲ့သည်။

နှမြောစရာကောင်းလှသည်က ထုံရို့ပင်းသည် ထိုဖြစ်နိုင်ချေကို တွက်ဆထားပြီးသား ဖြစ်၏။ သူမက ဝိညာဉ်တာအိုကို အသုံးပြုကာ ရုပ်သေးရုပ်၏ ဝိညာဉ်ကို လွှမ်းမိုးပြီး သတ္တုတာအိုကို အခြေခံထားသည့် အဆောင်တစ်ရွက်ကို အသုံးပြုကာ ခန္ဓာကိုယ်ကို ပိတ်ချပစ်လိုက်သည်။ နောက်ဆုံးတွင် သူမက ပြင်ပမှ အချက်ပြမှုနှင့် သတင်းအချက်အလက် မရရှိအောင် ဒိုင်းကာတစ်ခုဖြင့် တားဆီးထားလိုက်သည်။

နောက်ဆုံးအနေဖြင့် သူမ၏ ခန္ဓာကိုယ်သည် မျောလွင့်မြို့မှ လူများ တပ်ကူစေလွှတ်ခြင်းကို တားဆီးဖို့ ကာကွယ်သူအဖြစ် ထမ်းဆောင်ခဲ့သည်။

အခုထိ လျှို့ဝှက်ချက်ကို ရှာဖွေရမဲ့အချိန်ပဲ…

ထုံရို့ပင်းက တွေးလိုက်မိသည်။

………………………………………..

အရှေ့ဘက်ပိုင်း

ဝမ်ဝေ့က မျက်လုံးမှိတ်ထားသော်လည်း ထိုတိုက်ပွဲကို အာရုံစိုက်နေဆဲ ဖြစ်၏။ သူက ချန်းချန်၏ အပြောင်းအလဲ အရိပ်အယောင်များကို မြင်တွေ့ပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်သည်။

ထိုသူက မျောလွင့်မြို့ပေါ်တွင် အားကောင်းသည့် တိုက်ခိုက်ရေး အစီအရင်တစ်ခုကို ထားရှိနိုင်ခဲ့သော်လည်း ကာကွယ်ရေးကိုသာ အသုံးပြုခဲ့သည်။ သူ့တိုက်ခိုက်ရေးအတွက်မူ ဒုံးကျည် သို့မဟုတ် ရုပ်သေးရုပ်တပ်မဟာကိုသာ အသုံးပြုလေ၏။ ဤအပြုအမူက သူ့တွေးခေါ်မှုသည် ကျင့်ကြံသူများ တွေးခေါ်သည်ထက် သိပ္ပံနှင့် နည်းပညာမှ အင်ဂျင်နီယာ သို့မဟုတ် လူများတွေးခေါ်ပုံနှင့် ပိုတူနေသည်။ သူက စက်ယန္တရားများကို ပိုမိုအလေးထားလာပြီး သူ့တိုက်ခိုက်သည့် ပုံစံကပင် အဆင့်မြင့် သိပ္ပံနှင့် နည်းပညာအဖွဲ့အစည်းကို မြင်ယောင်နေရသည်။

သူ့စိတ်အခြေအနေက ဆန့်ကျင်ဘက်ဖြစ်ပြီးတော့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ လူသားဆန်စိတ်နဲ့ ဇစ်မြစ်ကို ဆုံးရှုံးသွားပြီးတော့ မျိုးစိတ်အနေနဲ့ ဇစ်မြစ်အသစ်ကို လက်ခံထားတာပဲ…

ဝမ်ဝေ့က ချန်းချန်တစ်ယောက် ထိုအသုံးအဆောင်ပစ္စည်းကို ဖန်တီးစဉ်အခါက ရှိနေမည့်အခြေအနေကို စဉ်းစားကြည့်လိုက်သည်။ သူ့စိတ်ဝိရောဓိဖြစ်မှုက ဤမြို့၏ ဖန်ဆင်းမှုအပေါ် ကွဲလွဲမှုများ ရှိလာစေခဲ့၏။

မြို့က ပွင့်ချပ် ၇ လွှာနဲ့ ညီမျှတယ်။ ဒါပေမဲ့ ချန်းချန်ရဲ့ ဝိရောဓိဖြစ်မှုက ခုခံကာကွယ်ရေးကို ပွင့်ချပ် ၇လွှာအထိ တိုးမြှင့်ခဲ့ပေမဲ့ တိုက်ခိုက်ရေးက သူ့တကယ့် စွမ်းအားဖြစ်တဲ့ ပွင့်ချပ် ၄လွှာကနေ ၅လွှာအထိပဲ ပြသနေတယ်။

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ ဆက်တိုက်ဆိုသလို သူက ချန်းချန်၏ စိတ်အခြေအနေနှင့် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်ကို လေ့လာရသည်မှာ စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်မိလိုက်သည်။

All Chapters