← Chapters

ချန်းချန်နှင့် ထုံရို့ပင်းတို့ ပြိုင်ဆိုင်ခြင်း နောက်ဆုံးအပိုင်း

Vol. 58 Ch. 805

ချန်းချန်နှင့် ထုံရို့ပင်းတို့ ပြိုင်ဆိုင်ခြင်း နောက်ဆုံးအပိုင်း

Vol. 58 Ch. 805

ထုံရို့ပင်းက အသိစိတ်ပင်လယ်ကို ရှာဖွေလိုက်သည်။ သူမက ထိုသူ့တွင် ဝိညာဉ်အင်အား ပမာဏအမြောက်အများ ရှိနေကြောင်း သတိပြုမိလိုက်သော်လည်း ဝိညာဉ် သို့မဟုတ် ကမ္ဘာဦးစိတ်ဝိညာဉ် တူညီသည့် အရာကို ရှာမတွေ့ပေ။

အချိန်က အသက်ဖြစ်ကြောင်း သိသည့်အတွက် သူမက ရှာဖွေနှုန်းကို မြှင့်တင်လိုက်ပြီး နည်းလမ်းမျိုးစုံသုံး၍ ထိုနေရာ၏ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။ ထို့နောက် သူမက အသိစိတ်ပင်လယ်အနက်ပိုင်း၌ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။

“ဒီအရာက ရုပ်သေးရုပ် အမြုတေနဲ့ တူတယ်” ထုံရို့ပင်းက ရေရွတ်လိုက်ပြီး ထူးထူးဆန်းဆန်း သင်္ကေတတစ်ခု ရှိနေသည့် အဖြူရောင်သတ္တုလုံးကို ကြည့်လိုက်သည်။

သမိုင်းကြောင်းတွင် ရုပ်သေးရုပ်တာအိုက အသင်္ချေအင်ပါယာကမ္ဘာတွင် ဖွံ့ဖြိုးခဲ့ဖူးသည်။ ရုပ်သေးဆရာများက ရုပ်သေးရုပ်များအား အင်အားအတွက်၊ တိုက်ပွဲအင်အား၊ လုပ်ငန်းသုံး သို့မဟုတ် လူအများအား သူတို့၏ ဂူဗိမာန်များအတွက် အသုံးပြုဖို့ရာအတွက် ရောင်းချလေ့ရှိသည်။ ရုပ်သေးရုပ်တာအိုသည် သမိုင်းကြောင်း စာအုပ်များမှ အသေးစိတ် မှတ်တမ်းတင်ထားခြင်း မခံရဘဲ ပျက်သုဉ်းလုနီးပါး ဖြစ်နေလေပြီ။ ထိုအရာက ရှင်ကျန်နေသေးသော်လည်း ဖွံ့ဖြိုးတိုးတက်ခြင်း မရှိတော့ဘဲ ကျင့်ကြံသူများစွာက အသုံးမပြုသလို လက်မခံသည့် အရန်တာအိုတစ်ခု ဖြစ်လာခဲ့သည်။

လတ်တလောတွင် တာအိုအခွင့်အလမ်းဂိုဏ်း၏ သေမျိုးနယ်နိမိတ်အတွင်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ရုပ်သေးရုပ်တာအိုက အနည်းငယ် ပြန်လည်ဖြစ်ထွန်းလာခဲ့သည်။

ထို့ကြောင့် ထုံရို့ပင်းက ထိုဖြစ်ထွန်းလာမှုကြောင့် ရုပ်သေးရုပ်များနှင့် ပတ်သက်ပြီး သင်ယူဖူးသည်။ ထို့ကြောင့် သူမသည် ရုပ်သေးရုပ်အမြုတေ ပါဝင်သည့် ရုပ်သေးရုပ်များသည် ကွဲပြားသည့် လုပ်ဆောင်ချက် သို့မဟုတ် ရည်ရွယ်ချက်အတွက် တပ်ဆင်ထားနိုင်ကြောင်း သိလေ၏။

ရုပ်သေးရုပ်အမြုတေက လူအများအား အမြုတေတွင် ဝိညာဉ်အမှတ်အသား ထားရှိခြင်းဖြင့် ရုပ်သေးရုပ်များကို ထိန်းချုပ်နိုင်ခွင့်ပြုထားသည်။

ထုံရို့ပင်းက ထိုအမြုတေမှ ထွက်ပေါ်နေသည့် ဖျက်စီးဖို့ ကြိုးစားနေသော လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူမက လက်ဝှေ့လိုက်ပြီး စည်းပိတ်ရေးအဆောင် တစ်ခုကို ထုတ်ယူကာ ဤအသိစိတ်ပင်လယ်အတွင်း သူမ၏ ထိန်းချုပ်မှုကို မြှင့်တင်လိုက်သည်။

သူမက အမြုတေကို ကြည့်လိုက်သော်လည်း ထိုထူးခြားသည့် သင်္ကေတများကို မသိပေ။ ထို့အပြင် သူမက အကြည့်လွှဲလိုက်သည်နှင့် ထိုအရာကို မှတ်မိဖို့ ခက်ခဲကြောင်း တွေ့ရ၏။

ငါ့ဆီမှာ ဒီသင်္ကေတကို လေ့လာနေဖို့ အချိန်မရှိဘူးဆိုတော့ တခြားနည်းလမ်းပဲ သုံးရအောင်…

ထုံရို့ပင်းက သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ အမှန်တရားအဆောင်ဟု ခေါ်ဆိုသည့် ထူးကဲအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအဆောင်က ဂမ္ဘီရနှင့် လုပ်ဆောင်ချက် တူညီသော်လည်း ဖန်ဆင်းခြင်းအတွက် အသုံးပြုထားသည့် သင်္ကေတများကမူ ကံကြမ္မာသင်္ကေတများ မဟုတ်ဘဲ ကောင်းကင်တာအိုသင်္ကေတများ ဖြစ်ပြီး အဆုံးမဲ့တန်ခိုး၏ ဗဟုသုတနှင့် လမ်းစဉ်များ ပါဝင်နေသည်။

ဝိညာဉ်ဆင့်ကဲပြောင်းလဲမှုကနေ ဖြစ်ပေါ်လာတဲ့ စွမ်းရည်တစ်ခု။ ဒါက ထူးကဲတဲ့ ရုပ်သေးရုပ်အမြုတေကို ဖန်တီးဖို့ ခွင့်ပြုပေးထားတယ်။

ထုံရို့ပင်းက ထိုသတင်းအချက်အလက်သည် နည်းပါးလွန်းသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။

ငါ့အလိုလိုသိစိတ်က ဒီနေရာမှာ တစ်စုံတစ်ခု ရှိနေတယ်ဆိုတာကို ပြောနေတယ်။ ဒါပေမဲ့ ဘယ်ဟာမှန်း မသိရဘူး။

သူမက သုံးသပ်လိုက်၏။

ချန်းချန်၏ အပြောင်းအလဲသည် အပေါ်ယံ မြင်ရသည်ထက် နက်နဲကြောင်း ခံစားမိလေသည်။ ကံဆိုးစွာဖြင့် သူမက အခြေအနေတစ်ခုလုံးကို သုံးသပ်ကာ ကောက်ချက်ချဖို့ အချိန်မရှိပေ။

ငါ သုံးသပ်နိုင်တာက ချန်းချန်ရဲ့ ဝိညာဉ်ဆင့်ကဲပြောင်းလဲမှုက ကျွမ်းကျင်အတတ်ပညာရှင်တွေရဲ့ ကိုယ်ပွားအသုံးပြုရတဲ့ ကန့်သတ်ချက်ကို ချိုးဖောက်သွားနိုင်တယ်ဆိုတာပဲ။ ဒါပေမဲ့ မိုးမြေကန့်သတ်ချက်က အခြေခံစည်းမျဉ်းထဲက တစ်ခုလေ။ တစ်စုံတစ်ယောက်က ဘယ်လိုလုပ် ချိုးဖောက်နိုင်မှာလဲ…

မိုးမြေက ခွင့်မပြုသရွေ့ပေါ့။ ဒါပေမဲ့ အဲ့လိုအရာမျိုးကို ဘယ်သူကများ လုပ်နိုင်မှာလဲ။ ကောင်းကင်တာအိုလား။ အစစ်အမှန် ကောင်းကင်တာအိုလား။ ဒါမှမဟုတ် အဲ့ထက်ပိုနေတဲ့ အရာတစ်ခုလား။

ထုံရို့ပင်းက ထိုအရာကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာသည်။

သူမ၏ အလိုလိုသိစိတ်နှင့် အသိဉာဏ်က ချန်းချန်၏ လျှို့ဝှက်ချက်သည် မျက်လုံးနှင့် မြင်ရသည်ထက် နက်နဲကြောင်း ပြောပြနေလေ၏။ နှမြောစရာကောင်းလှသည်က သူမတွင် ရှာဖွေဖို့ နည်းလမ်းမရှိပေ။

………………

အရှေ့ဘက်ပိုင်း

ဝမ်ဝေ့က အရာအားလုံးကို အသေအချာ စောင့်ကြည့်နေသည်။ ထုံရို့ပင်း မတိုင်ခင် သူက ချန်းချန်၏ ဝိညာဉ်ဆင့်ကဲပြောင်းလဲမှုနှင့် စွမ်းရည်ကို ရှာဖွေတွေ့ရှိထားသည်။ သူက ထိုစွမ်းရည်နှင့်ပတ်သက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အချက်ကိုပင် သိထားလေ၏။

ချန်းချန်က သူနှင့် တန်းတူ အင်အားရှိသည့် ကိုယ်ပွားများကို ဖန်တီးနိုင်ပြီး ရုပ်သေးရုပ်အမြုတေဖြင့် ထိန်းချုပ်နိုင်လေသည်။ ထိုကိုယ်ပွားများက အရင်းအမြစ်သာ လိုအပ်လေ၏။

ထို့ကြောင့် ချန်းချန်သာ ထိပ်သီးစံပြ တစ်ယောက်ဖြစ်လာလျှင် သူ့တွင် လုံလောက်သည့် အရင်းအမြစ် ရှိနေသရွေ့ သူ့စံပြအဆင့် ကိုယ်ပွားမြောက်များစွာကို ဖန်တီးနိုင်လိမ့်မည်။

တကယ်လို့ အဲ့လိုသက်ရှိမျိုးက ဟွင်သွမ်းကမ္ဘာတစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ထိန်းချုပ်လိုက်ပြီးတော့ သူတို့က ကမ္ဘာတစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို သုံးပြီးတော့ ထိပ်သီးစံပြတွေကို ဈေးပေါပေါထုတ်ကုန်တွေ အဖြစ်တောင် ထုတ်လုပ်နိုင်လောက်တယ်…

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ ဤသို့သော စံပြမျိုးက တူညီသည့် စိတ်သဘောထားမျိုး ရှိသည့်အတွက် သုံးသပ်ဖို့ရာ ပိုမိုလွယ်ကူစေလိမ့်မည်။ သို့သော်လည်း သူတို့၏ အရေးသာချက်ကမူ အရေအတွက်နှင့် ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်စွမ်း ဖြစ်၏။

ဒီလိုမျိုး စွမ်းအားကြီးတစ်ယောက်ကို ထုတ်လုပ်ဖို့ အရင်းအမြစ်ပဲလိုတဲ့ မျိုးနွယ်မျိုးက မျှခြေချိုးဖောက်သူပဲ။ သူတို့ကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ရန်သူကို ရင်ဆိုင်ဖို့အတွက် ပြီးပြည့်စုံသော စက်ယန္တရားတွေပဲ…

ဝမ်ဝေ့က မဟာတာအိုသည် သူတို့၏ တည်ရှိမှုကို အဘယ်ကြောင့် ခွင့်ပြုမှန်း နားလည်လိုက်သည်။ သူက ကမ္ဘာဦးဟွင်သွမ်း၏ တစ်နေရာတွင် ချန်းချန်နှင့် တူညီသည့် မျိုးစေ့မျိုးက အရင်းအမြစ် ဟွင်သွမ်းကမ္ဘာတချို့ကို သိမ်းပိုက်ထားနိုင်ကြောင်း မှန်းဆမိလိုက်သည်။

သူတို့က ကမ္ဘာတစ်ခုလုံး၏ အရင်းအမြစ်များကို အသုံးပြုကာ ဧကရာဇ်အဆင့် ရုပ်သေးရုပ်များကို စက်ရုံကဲ့သို့ ထုတ်လုပ်နေလိမ့်မည်။

ငါ့ရဲ့ အနာဂတ်ကိုယ်က ချန်းချန်ကို ဘာလို့ ငါ့ဆီ လွှတ်လိုက်တယ်ဆိုတာကို နားလည်သွားပြီ။ ဒီတိုက်ပွဲအတွက် ဒီလိုမျိုးနွယ်မျိုးကို ငါ့ထိန်းချုပ်မှုအောက်မှာ ထားဖို့လိုတယ်…

သူက သက်ပြင်းချကာ သုံးသပ်လိုက်၏။

သူတို့ရဲ့ နောက်ဆုံးကံကြမ္မာက ပျက်သုဉ်းခြင်းပဲ ဖြစ်မှာကိုတော့ နှမြောစရာပဲ…

သူနှင့် မဟာတာအိုကြားက စစ်ပွဲ အဆုံးသတ်သွားသရွေ့ ချန်းချန်၏ မျိုးနွယ်အသစ် ကံကြမ္မာသည် ပျက်သုဉ်းသွားလိမ့်မည်။ အကြောင်းမှာ သူတို့၏ ရည်ရွယ်ချက်ကို ပြီးမြောက်သွား၍ ဖြစ်သည်။ မဟုတ်ပါက ကောင်းကင်တာအိုသည် ရက်ရောသက်ညှာခဲ့ပါက သူတို့၏ ပင်ကိုစွမ်းရည်ကို ကန့်သတ်ပြီး လျှော့ချလိမ့်မည်။

ဝမ်ဝေ့က ခေါင်းအသာယမ်းပြီး အရေးကြီးသည့်အရာ သူ့စိတ်ထဲ ပေါ်ထွက်လာသည့်အတွက် ထိုကိစ္စကို အာရုံမစိုက်တော့ပေ။

ငါ့ ကျင့်ကြံရေးခရီးလမ်း တစ်လျှောက်မှာ ရှိခဲ့တဲ့ အရေးသာချက်တွေထဲကတစ်ခုက ကမ္ဘာမြေအဖွဲ့အစည်းပဲ။ ငါက သူတို့ရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ ဒဏ္ဍာရီတွေကို လှုံ့ဆော်မှုအဖြစ် အသုံးပြုနိုင်တယ်။ အခုတော့ မဟာတာအိုကလည်း ကမ္ဘာမြေကို ဝင်နိုင်သွားတဲ့ပုံပဲ။ ပြီးတော့ ကစားကွင်းကို အဆင့်မြှင့်လိုက်ပြီ။

သူက စက်ရုပ်များအပေါ် မူတည်၍ ချန်းချန်၏ မျိုးနွယ်သည် သူ့အတွက်၊ မဟာတာအိုနှင့် ယှဉ်ပြိုင်ပွဲအတွက် သတင်းကောင်း မဟုတ်ကြောင်း သိလေသည်။ ထို့ကြောင့် သူက မှတ်သားထားပြီးသည့်နောက်တွင် ကြိုတင်ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ကမ္ဘာမြေအဖွဲ့အစည်းအပြင် နောက်ထပ် အရေးသာချက်များ လိုအပ်နေ၏။

ငါ နောက်ထပ် လူမှုအဖွဲ့အစည်းတွေ လိုတယ်…

ဝမ်ဝေ့က အချိန်မဖြုန်းဘဲ သိပ္ပံနှင့် နည်းပညာကမ္ဘာကို ဝင်ရောက်လိုက်သည်။ သူက သီးခြားအလွှာကို ခွဲထုတ်လိုက်ပြီး ကမ္ဘာမြေအပါအဝင် စကြဝဠာကို ပြန်လည် ဖန်တီးလိုက်သည်။

သို့သော်လည်း သူ ဖန်တီးလိုက်သည့် ကမ္ဘာမြေက ရှေးဦးလူသားများသည် တောရိုင်းအုပ်ချုပ်သူ ဖြစ်လာစဉ်အချိန်ကို အခြေခံထား၏။ ဝမ်ဝေ့က မကျေနပ်သေးသည့်အတွက် နောက်ထပ် အလွှာများစွာ ပြုလုပ်ခဲ့သည်။ တချို့က ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်သည့် လူသားမျိုးစိတ်များက မျိုးတုန်းသွားပြီ ဖြစ်သော ရှေးဟောင်းတိရစ္ဆာန်များစွာနှင့် အတူတကွ နေထိုင်ခဲ့သည့်အချိန် ဖြစ်၏။

ထို့နောက် သူက အချိန်ကို မြှင့်တင်ကာ လူမှုအဖွဲ့အစည်းအသစ် တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲစေခဲ့သည်။ သူက မွေးဖွားခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းအတွက် ဖြစ်နိုင်ချေများ ရှိအောင် သေချာပြုလုပ်ထားခဲ့၏။

သို့သော်လည်း သူက ဝင်ရောက်မစွက်ဖက်ခဲ့ပေ။ သူ လိုအပ်သည်က သူ့ကို အတွေးအခေါ်နှင့် ဗဟုသုတများ ပေးလာမည့် အဖွဲ့အစည်းတစ်ခု ဖြစ်၏။

အခုတော့ လုံလောက်ပါပြီ…

သူက တိုက်ပွဲကို အာရုံစိုက်ဖို့သာ တွေးထားသည်။

ထုံရို့ပင်း၏ ကမ္ဘာဦးစိတ်ဝိညာဉ်က ချန်းချန်၏ ခန္ဓာကိုယ်အတွင်း ပြေးဝင်သွားပြီးသည့်နောက်တွင် ခန္ဓာကိုယ်မှ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူမက ပြန်ရောက်လာပြီးသည့်နောက်တွင် ခန္ဓာကိုယ်နှင့် နေသားကျအောင် လုပ်ဆောင်ပြီးသည့်နောက် သူမကိုယ်သူမ ခုခံကာကွယ်ရေးနည်းလမ်းများစွာ ထားရှိထားလိုက်သည်။

သူမက မျောလွင့်မြို့ဆီမှ အန္တရာယ်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။ သူမ၏ အလိုလိုသိစိတ်ကို သက်သေပြလာသည့်အလား တစ်နေရာတွင် စွမ်းအားများ စုစည်းနေသည်ကို ခံစားမိလိုက်သည်။

ထို့ကြောင့် သူမက အချိန်မဖြုန်းဘဲ ခုခံကာကွယ်ရေးအဆောင်နှင့် အစီအရင်များကို တစ်လွှာပြီး တစ်လွှာ ခင်းကျင်းလိုက်၏။ အကယ်၍ စည်းပိတ်ထားသည့် နေရာလွတ်ကြောင့်သာ မဟုတ်လျှင် သူမက ချက်ချင်း ကူးသန်းသွားလာပြီးလောက်လေပြီ။

မျောလွင့်မြို့အတွင်းပိုင်းတွင် တကယ့်ချန်းချန်က သူ့ရှေ့ရှိ ပိတ်ကားချပ်ကို ကြည့်နေလေ၏။

ငါ့ရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်လို့ မရဘူး။ အဲဒါဆိုတော့ ထုံရို့ပင်းကို ဘာပဲဖြစ်ဖြစ် သတ်ပစ်ရမယ်။

သူ ယနေ့လိုအနေအထား ရောက်ပြီးသည့်နောက်တွင် ပထမဆုံးဖြစ်ပေါ်လာသည့် အလိုလိုသိစိတ်က သူ့ဝိညာဉ်ဆင့်ကဲပြောင်းလဲမှုနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်ကို မည်သူ့ထံမှ မထုတ်ဖော်ဖို့ ဖြစ်သည်။ ထို့ကြောင့် သူ့လက်ရှိ ဦးစားပေးက ထုံရို့ပင်းကို အနိုင်ယူဖို့ မဟုတ်ဘဲ သူမကို သုတ်သင်ပစ်ဖို့ ဖြစ်၏။

ဒီတိုက်ကွက်က မြို့ရဲ့ စွမ်းအားတွေ အကုန်လုံးကို တစ်စုတစ်စည်းထဲအဖြစ် ပေါင်းစည်းထားမှာဆိုတော့ မြို့ကို ခဏကြာ အားနည်းသွားစေပြီးတော့ အနားယူတဲ့ အခြေအနေကို ဝင်ရောက်သွားစေလိမ့်မယ်။ ဒါပေမဲ့ လုံလောက်မှာပါ…

သူက ထိုတိုက်ကွက်ကို တိထျန်းနှင့် ဝမ်ဝေ့အား ရင်ဆိုင်ဖို့ ကြံစည်ထားခဲ့သည်။ သူတို့ တိုက်ပွဲ တိုက်သည်အထိ ပုန်းအောင်းပြီး နောက်ဆုံးအနိုင်ရရှိသူ ဆုံးဖြတ်ပြီးသည့်အချိန်မှ ထွက်ပေါ်လာဖို့ ဆုံးဖြတ်ထားသည်။ ထို့နောက် သူက ထိုတိုက်ကွက်ကို အနိုင်ရရှိသူထံ အသုံးပြုကာ သူတို့၏ အားနည်းချက်ကို အခွင့်ကောင်းယူလိုက်မည်။

သူ တွက်ချက်ထားသလောက် ဤနည်းလမ်းသာ အောင်မြင်မည်ဆိုလျှင် သူက နောက်ဆုံးတိုက်ပွဲကို အနိုင်ရရှိပြီး တာအိုကို သက်သေပြနိုင်လိမ့်မည်။ သူ့ဝိညာဉ်စွမ်းရည်က ဆက်လက်ဖွံ့ဖြိုးနိုင်ပြီး သေခြင်းတရား၏ ကန့်သတ်ချက်နှင့် အချုပ်အနှောင်များကို လွတ်မြောက်နိုင်လိမ့်မည်။

ယခုကစ၍ သူ့အနာဂတ်သည် အကန့်အသတ်မဲ့ ဖြစ်သွားလိမ့်မည်။

သို့သော် သူ ကျရှုံးသွားပါက သူသည် ပုန်းအောင်းပြီး ဤတိုက်ပွဲအတွင်း အသက်ရှင်နိုင်ဖို့သာ လိုအပ်၏။ ထို့နောက် နောက်ထပ် မျိုးဆက်တစ်ခုကို စောင့်ကာ အောင်မြင်အောင် လုပ်ဆောင်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူက သူ့ဝိညာဉ်ကို အားဖြည့်ခြင်းဖြင့် သာမန်အသွေးအသားရှိသည့် မျိုးစိတ်များထက် ရှည်ကြာသည့် သက်တမ်းမျိုး ပိုင်ဆိုင်ထား၏။

သို့သော် သူက ထုံရို့ပင်းကို အဆုံးသတ်ပစ်ရမည်။

မျောလွင့်မြို့အလယ်တွင် အပေါက်တစ်ခု ပေါ်ထွက်လာပြီးသည့်နောက် ဧရာမ အမြောက်တစ်ခုက မြေအောက်မှ ထွက်ပေါ်လာကာ ထုံရို့ပင်းကို ချိန်ရွယ်ထားသည်။

ဝုန်း

တောက်ပသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက်တွင် လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်သွားသည်။ အရာအားလုံး အဆုံးသတ်သွားသည့်အခါ ထုံရို့ပင်း၏ အရိပ်အယောင် တစ်စိတ်တစ်ပိုင်းမျှပင် မကျန်ရှိတော့ပေ။

All Chapters