နောက်ဆုံးအခွင့်အရေး
Vol. 58 Ch. 806
ချန်းချန်က လွန်ခဲ့သည့် စက္ကန့်ပိုင်းက ထုံရို့ပင်း၏ နောက်ဆုံးသဲလွန်စရှိသည့်နေရာကို ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခု ဖြစ်ပျက်လာမလားဟု စောင့်ဆိုင်းလိုက်၏။
“အခု ပြီးဆုံးသွားပြီလား” သူက ရေရွတ်လိုက်သည်။ သူ့အသံက အေးစက်နေခြင်း မရှိတော့ပေ။ သူ့လက်ရှိကိုယ်က သူ့စိတ်ခံစားချက်ကို မခွဲခြားနိုင်သော်လည်း ဝမ်းနည်းမှု၊ စိတ်သက်သာရာရမှု၊ နောင်တတရားနှင့် မျှော်လင့်တောင့်တမှုတို့ ရောနှောနေသည်။
သူက ပတ်ဝန်းကျင်ဆီ ကိုယ်ပွားတချို့ကို စေလွှတ်ကာ စစ်ဆေးကြည့်ခိုင်းခဲ့ပြီး သူမက အသက်ရှင်နေသေးလား သို့မဟုတ် သေချင်ယောင်ဆောင်နေတာလားဟု ဂမ္ဘီရအသုံးအဆောင်များကိုပင် အသုံးပြုဖို့ အမိန့်ပေးခဲ့သည်။ ရလဒ် ရောက်ရှိလာသည့်အခါ ချန်းချန်က တိတ်ဆိတ်သွားလေ၏။
ထို့နောက် သူက အရူးတစ်ယောက်လိုမျိုး စတင်ရယ်မောလိုက်သည်။ သူ့ အေးစက်စက်အသံက ကြက်သီးထဖွယ်ကောင်းနေပြီး မြို့တစ်လျှောက် ပျံ့နှံ့သွားလေသည်။ ချန်းချန်က ငိုချင်နေသော်လည်း သူ့ခန္ဓာကိုယ်က မျက်ရည်ကို ထုတ်လုပ်နိုင်စွမ်း မရှိတော့ကြောင်း ခံစားမိလိုက်သည်။
ထို့ကြောင့် သူ မျက်ရည်မဲ့ ငိုခြင်း သို့မဟုတ် ရယ်မောခြင်းက ပိုမိုအရူးတစ်ယောက်နှင့် တူစေသည်။ ထို့နောက် တစ်စုံတစ်ယောက်က သူ့မျက်နှာကို ပြစ်ဒဏ်အနေဖြင့် တမင် ပုံပျက်အောင် လုပ်ခဲ့သလိုမျိုး အမူအရာများက ဆက်လက် အလျှင်အမြန် ပြောင်းလဲနေသည်။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက စိတ်ခံစားချက် ကင်းမဲ့သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။
“ခန္ဓာကိုယ်သက်ရှိရဲ့ နောက်ဆုံးပြစ်ချက်ကို ဖယ်ရှားပြီးပြီဆိုတော့ အခု ငါ ကျင့်ကြံရေးနဲ့ ထုတ်လုပ်ရေးကိုပဲ အာရုံစိုက်လို့ရပြီ”
ချန်းချန်က ရုပ်သေးရုပ်များကို တတ်နိုင်သမျှ များများထုတ်လုပ်ဖို့ တာဝန်ရှိသည်ဟု ခံစားမိနေသည်။ သူတို့က တတ်နိုင်သမျှ အားကောင်းလာရမည်။ ယခု သူ၏ စွဲလမ်းမှုကို ဖယ်ရှားပြီးပြီဖြစ်ကာ သူ့စိတ်အခြေအနေက သိမ်မွေ့သွားပြီး သူ၏ အထွတ်အထိပ်တာဝန်ကိုသာ အာရုံစိုက်ဖို့ လိုအပ်တော့သည်။
ဟူး
ချန်းချန်က စိတ်ပျက်မှုအပြည့်ဖြင့် သက်ပြင်းချသံကို ကြားလိုက်ရသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီး အာရုံခံနည်းလမ်းအားလုံးနှင့် ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ရပေ။
ငါ့ရဲ့ အကြားအာရုံက ချို့ယွင်းနေတာလား။ အခု ပင်မခန္ဓာကိုယ်ကို ပြန်လည်ဖန်တီးရမဲ့အချိန်ပဲ…
သူက တွေးလိုက်မိသည်။ ဤသည်က သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးသည့်နောက် အတွေးမပြောင်းခင် ပထမဦးဆုံး အလိုလိုသိစိတ် ဖြစ်၏။ ထိုအရာနှင့် ပတ်သက်ပြီး ဘာမှမှားယွင်းခြင်း မရှိပေ။
ချန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး အဖြစ်အပျက်ကို စဉ်းစားလိုက်သည်။ ထို့နောက် သူက မြို့အပြင်ဘက်မှ အတက်အကျလှိုင်း တစ်ခုကို ခံစားမိလိုက်၏။ သူက အဆောင်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး ထုံရို့ပင်း၏ ခန္ဓာကိုယ်ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
“မဖြစ်နိုင်ဘူး။ ငါ အားလုံးကို စစ်ဆေးပြီးသွားပြီ။ သူမက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ” သူက လေသံအတက်အကျ မရှိ ပြောလိုက်သည်။
ချန်းချန်က အာရုံထွေပြားနေစဉ် ထုံရို့ပင်းသည်လည်း အတူတူ ခံစားနေရသည်။ အတိအကျပြောရလျှင် သူမက သတိထားထားသည်။
မရဏအစားထိုးအဆောင်က ချက်ချင်းအသက်ဝင်သင့်တယ်…
သူမက သုံးသပ်လိုက်သည်။ ထုံရို့ပင်းက ဤတိုက်ပွဲ၏ အန္တရာယ်ကို သိသည့်အတွက် သူမ၏ အသက်ကို ကယ်တင်ဖို့ အဆောင်များကို သန့်စင်ဖို့ အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။ သို့သော်လည်း တစ်စုံတစ်ခု မှားယွင်းသွားခဲ့၏။
တစ်စုံတစ်ယောက်က ကြားဝင်ဖြတ်ပြီးတော့ ငါ့ရဲ့ ပြန်လည်ရှင်သန်မှုကို မိနစ်ပိုင်းကြာ နှောင့်နှေးစေခဲ့တာပဲ…
သူမ၏ အမူအရာက ရုတ်ချည်းဆိုသလို ပျက်ယွင်းလာသည်။ သူမက ထိုသို့လုပ်နိုင်သည့် လူနှစ်ဦးကို သိထားလေသည်။ ထိုသူနှစ်ဦးလုံးက သေခြင်းနှင့် ရှင်ခြင်းတာအိုကို ကျင့်ကြံထားကြ၏။
သူပဲ ဖြစ်လောက်တယ်…
သူမက ခဲဖြူရောင် ဆံပင်နှင့် ရုပ်ချောချောအမျိုးသား တစ်ဦးနှင့် အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းမှုကို ဖုံးကွယ်ထားသည့် အပြုံးမျိုးကို အမှတ်ရသွားသည်။
တာအိုနယ်ရှင်တွေအတွက် မိုးမြေကြားထဲမှာရှိတဲ့ သက်ရှိတွေအားလုံးက သူတို့ရဲ့ နယ်ရုပ်တွေပဲ…
ထုံရို့ပင်းက ထိုသတင်းအချက်အလက်၏ အရေးပါမှုကို သိလေသည်။ ထို့ကြောင့် သူမက ဝမ်ဝေ့နှင့် တိထျန်းတို့၏ သတင်းအချက်အလက်များကို စုစည်းဖို့ အကောင်းဆုံး ကြိုးစားခဲ့၏။ ထို့ကြောင့် သူမက အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုအကြောင်း သိထားခဲ့သည်။ သူမက မဟာဆောင်မြို့တော်၏ ဘိုးဘေးနှင့် ဆက်သွယ်ကာ များစွာ သင်ယူခဲ့၏။ သူတို့က သူမအား တာအိုနယ်ရှင်များနှင့် ရင်ဆိုင်ရသည့်အခါ အင်မတန် သတိကြီးကြီထားဖို့ သတိပေးခဲ့သည်။
ဘိုးဘေးများ ပြောစကားအရ ထိုဂုဏ်ပုဒ်သည် အသိဉာဏ်နှင့် အရင်းအမြစ်ကြွယ်ဝမှု၏ ပြယုဂ်တစ်ခုသာ မကပေ။ မိုးမြေတစ်လျှောက် တာအိုနယ်ရှင်နှင့် ဉာဏ်ရည်ယှဉ်နိုင်သည့်သူများစွာ ရှိသော်လည်း သူတို့က တာအိုနယ်ရှင် ဖြစ်လာမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
တာအိုနယ်ရှင်က သူတို့၏စိတ်နှင့် ဟာကွက်များကို ကောင်းကောင်းသိထားပြီး ကောင်းမွန်စွာ ထိန်းချုပ်ကာ တခြားသူများက သူတို့အပေါ် အခွင့်ကောင်းမယူနိုင်အောင် တားဆီးနိုင်ကြသည်။ ထိုသူက သူတို့၏ နောက်ဆုံးထွက်သက် မတိုင်ခင်အထိ လက်မလျှော့မည့် စိတ်ဆန္ဒမျိုးကိုလည်း ပိုင်ဆိုင်ထားကြ၏။
တာအိုနယ်ရှင်များက အကြွင်းမဲ့ ကြိုးကိုင်လှုံ့ဆော်သူများ ဖြစ်ပေသည်။
သူမနှင့် သူမ ဘိုးဘေးများ ပြုလုပ်ထားသည့် စစ်တမ်းများအရ ထုံရို့ပင်း၏ ဉာဏ်ရည်သည် တာအိုအရှင်နှင့် ညီမျှကြောင်း သိလေသည်။ သူမကို လူအများက အလွယ်တကူ ယုံကြည်လာစေသည့် ဆွဲဆောင်မှုမျိုး ရှိထား၏။ သို့သော်လည်း သူမက တာအိုနယ်ရှင်နှင့် ယှဉ်လိုက်လျှင် အလှမ်းဝေးနေသည်။
ငါ ပြောတာမှန်တယ်။ ချန်းချန်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့အရာ ရှိနေတာပဲ။ မဟုတ်ရင် သူက ဒီလူကို အာရုံစိုက်နေမှာမဟုတ်ဘူး…
ထုံရို့ပင်းက ဤနေရာသည် ရုတ်ချည်းဆိုသလို ဝုန်းဒိုင်းဗဟိုချက် ဖြစ်လာတော့မလို ခံစားနေရသည်။ ယခုတွင် သူမက ထွက်သွားရမလား၊ ဆက်နေရမလား ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာလေပြီ။
ဒီနေရာမှာ နေနေလို့ အကျိုး မရှိဘူး။ ငါတို့ကြားမှာရှိတဲ့ စွမ်းအားကွာခြားချက်က ဒီထိပ်တိုက်ရင်ဆိုင်မှုကနေ ငါ့ကို သုတ်သင်ပစ်နိုင်တယ်…
သူမက သုံးသပ်လိုက်သည်။
ဒါပေမဲ့ ငါက အကျိုးအမြတ် မရပဲနဲ့ အရှုံးခံမဲ့သူမဟုတ်ဘူး…
ဓာတ်ငါးပါးဖြတ်တောက်ခြင်း စက်ဝန်းအဆောင်
အပြာရောင်၊ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်နှင့် အဖြူရောင်ရှိသည့် အရောင်၅ရောင်က သူမရှေ့တွင် ပေါ်ထွက်လာကာ စက်ဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုစက်ဝန်းကလည်း လည်လာပြီးသည့်နောက်တွင် မြို့ဆီ ပျံသန်းလာ၏။
ထိုလည်နေသည့် စက်ဝန်းက မြို့၏ ကာကွယ်ရေးအစီအရင်ထံ သစ်သားကို ဖြတ်တောက်လိုက်သည့် ဓားတစ်ချောင်းအလား ပိုင်းဖြတ်သွားသည်။ ထို့နောက် လမ်းတွင် တားဆီးဖို့ ကြိုးစားနေသည့် ချန်းချန်များ၏ ရုပ်သေးရုပ်များအတွက်လည်း အတူတူသာ ဖြစ်၏။
ဝှစ်
ထိုစက်ဝန်းက မြို့ကို နှစ်ပိုင်းပြတ်သွားစေပြီး ပင်မ ချန်းချန်ရှိရာ ဗဟိုချက်ကို ထုတ်ဖော်ပြသလာသည်။ သို့သော်လည်း ထုံရို့ပင်းက သူ့ကို တစ်ချက်မှ မကြည့်ပေ။ ထိုသူ၏ ကံကြမ္မာက ဆိုးရွားနိုင်ကြောင်း သိထားပြီးသား ဖြစ်၏။
သူမက လက်တစ်ချက်အဝှေ့တွင် မြို့တစ်ဝက်ကို သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းဆည်းလိုက်သည်။ ဤသည်က ပစ္စည်းကောင်း သို့မဟုတ် အင်မော်တယ်လက်နက်အဖြစ်ပင် သန့်စင်နိုင်သည်။
လက်နက်သန့်စင်ရေးတွင် ထုံရို့ပင်း၏ အောင်မြင်မှုများက ချန်းချန်နှင့် မယှဉ်နိုင်သော်လည်း သူမက အဆောင်များစွာဖြင့် ပေါင်းစပ်ကာ ပျက်စီးနေပြီးသား အင်မော်တယ်အဆင့် လက်နက်များကို ထူးကဲသည့် အဆောင်လက်နက် ရအောင် ဖန်တီးနိုင်သည်။
အဆောင်လက်နက် တကယ်ကို ကြီးမားတဲ့ တီထွင်မှုတစ်ခုပဲ…
သူမက တွေးလိုက်မိသည်။ ထိုတီထွင်မှုဖြင့် သူမသည် ကုသိုလ်များ ရရှိလာမည်ဖြစ်ကာ အဆောင်တာအိုအတွက် လမ်းစဉ်အသစ်တစ်ခုကို ဖွင့်လှစ်နိုင်လိမ့်မည်။
ပြီးတော့ ငါက မူလလက်နက်တောင်ရဲ့ လက်နက်လုပ်ငန်းမှာ လွှမ်းမိုးမှုကိုလည်း လျှော့ချနိုင်လိမ့်မယ်…
ထုံရို့ပင်းက ပြုံးပြီးသည့်နောက်တွင် အာကာြပင် ကူးသန်းသွားလိုက်သည်။ ဤအခြေအနေက အချိန်မရွေး ပြောင်းလဲသွားနိုင်သည့်အတွက် ဉာဏ်ရှိသည့် ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့သည်။
ထိုစဉ် ကောင်းကင်ဆီမှ ဧရာမလက်ဝါးတစ်ခုက ချန်းချန်ဆီ ကျရောက်လာသည်။
အခြေအနေက ဘာလဲ…
သူက တည်တည်ငြိမ်ငြိမ် တွေးလိုက်မိသည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းခန့်က သူသည် ထုံရို့ပင်း၏ မူမမှန်မှုကို တွေ့ပြီး မည်သို့ဖြေရှင်းရမည်ကို စဉ်းစားနေလေ၏။ နောက်စက္ကန့်ပိုင်းအတွင်း အသွင်ပြောင်းရေး (မြို့)က စွမ်းအား ထိန်းသိမ်းပြီး ခုခံကာကွယ်ရေးနည်းစနစ်က အားအနည်းဆုံးရှိသည့်အချိန်ကို သူမက အခွင့်ကောင်းယူကာ နှစ်ပိုင်း ပိုင်းဖြတ်ပစ်ခဲ့သည်။ ထို့နောက် သူ မတုံ့ပြန်နိုင်ခင် နတ်ဘုရား၏ လက်ဝါးချက်က သူ့ဆီ ကျရောက်လာသည်ကို မြင်လိုက်ရ၏။
ဘန်း
နောက်ထပ် ဧရာမလက်ဝါးတစ်ခုကလည်း ပထမတစ်ခုကိုတားဆီးဖို့ ပေါ်ထွက်လာသည်။
ဒီလက်ဝါးချက်က သူတို့ပဲဖြစ်ရမယ်…
ချန်းချန်က တည်ငြိမ်နေပြီး အကြောက်တရား၊ ထိတ်လန့်မှုနှင့် အဆိုးမြင်စိတ်ခံစားချက်များ မရှိပေ။
ကြည့်ရတာ အစီအစဉ် ကျရှုံးသွားပြီပဲ။ လက်ရှိ ဦးစားပေးက ဒီတွေ့ဆုံမှုကနေ ဘယ်လိုအသက်ရှင်ရမဲ့နည်းလမ်းကို ရှာဖို့ပဲ…
ထို့နောက် သူ့အမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။ သူက တခြားကိုယ်နှင့် ဆက်နွယ်ကာ အသက်ရှင်သန်ဖို့ နည်းလမ်းကို တွက်ချက်ဖို့ စိတ်ကို အသုံးပြုခဲ့သည်။ ကံဆိုးစွာဖြင့် သူက တခြားကိုယ်နှင့် ဆက်နွယ်မှုသည် ဖိနှိပ်ခံထားရပြီး ရယူဖို့ ခက်ခဲနေသည်ကို တွေ့လိုက်ရ၏။
“မင်းနဲ့ မသက်ဆိုင်တဲ့ အရာတွေမှာ ဘာဝင်ရှုပ်ချင်တာလဲ” အသံတစ်သံက ပြောလိုက်သည့်အတွက် ချန်းချန်က ချက်ချင်းသဘောပေါက်သွားသည်။
ဝမ်ဝေ့ပဲ…
“အဲဒါက မင်းကို ပြောရမှာ”
တိထျန်းပဲ
ချန်းချန်က အခြေအနေသည် ဆိုးဆိုးရွားရွား အခြေအနေရောက်ရှိနေမှန်း သိလိုက်သည်။
ဘန်း
တတိယလက်ဝါးချက် ပေါ်ထွက်လာသည်။ ချန်းချန်က ဤတစ်ကြိမ်တွင် လက်သည်းရှည်များ ရှိထားသည့်အတွက် အမျိုးသမီးဆန်နေသည်ကို ခံစားမိလိုက်သည်။ ထို့အပြင် ထိုလက်ဝါးချက်သည် အလွယ်တကူ အာရုံမခံနိုင်သည့်အလား ပုံရိပ်ယောင်နှင့် တူနေသည်ကို ခံစားမိလိုက်၏။
ချန်းချန်က ထိုအရာသည် အဆုံးသတ်ဟု တွေးလိုက်မိသော်လည်း နောက်ထပ် လက်ဝါးတစ်ခုက ထပ်မံ တားဆီးလိုက်ပြန်သည်။
သူတို့က ငါ့အတွက် ယှဉ်ပြိုင်နေကြတာလား…
သူက သုံးသပ်လိုက်သည်။
ဝမ်ဝေ့က ငါ့ကို ဖမ်းဆီးချင်နေတာလား ဒါမှမဟုတ် သတ်ဖြတ်ချင်နေတာလား။ ဒါပေမဲ့ တိထျန်းက သူ့ကို ခွင့်မပြုတဲ့ပုံပဲ…
ချန်းချန်က ထိုတိုက်တန်နှစ်ယောက်ကြားမှ ထိပ်တိုက်ရင်ဆိုင်မှုသည် သူ လွတ်မြောက်မည့် အခွင့်အရေးတချို့ ရလာနိုင်ကြောင်း သိလေသည်။
ဤအတွေးက သူ့စိတ်ထဲ ဝင်ရောက်လာစဉ် နောက်ထပ် စွမ်းအားကြီး အငွေ့အသက်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။ သူက ဧရာမလှံသည် သူ့ဆီ ဦးတည်နေသည်ကို မြင်လိုက်ရ၏။
ကံကောင်းစွာဖြင့် လက်သီးချက် ကျရောက်လာကာ ထိုလှံကို တားဆီးလိုက်သည်။
ဆက်တိုက်ဆိုသလို ဆေးပြင်းမီးဖိုနှင့် နောက်ထပ် လက်ဝါးတစ်ခုကလည်း ဝမ်ဝေ့၏ ဘက်မှ ကျရောက်လာသည်။ သို့သော်လည်း သူတို့ကလည်း ရပ်တန့်ခံလိုက်ရသည်။ ဧရာမဆေးပြင်းမီးဖိုကို တားဆီးထားသည့် ဒိုင်းကာပုံရိပ်တစ်ခု ရှိနေပြီး ထောင်ထျဲ့၏ ပုံရိပ်လည်း ထွက်ပေါ်လာကာ နောက်ဆုံးလက်ကို ဝါးမျိုဖို့ ကြိုးစားနေလေ၏။
ထိုလက်က ပတ်ဝန်းကျင်တစ်ခုလုံးကို သုတ်သင်ပစ်နိုင်သည့် ကြောက်မက်ဖွယ် တုန်ခါလှိုင်းကို ထုတ်လွှတ်လာသည်။ သို့သော်လည်း ထောင်ထျဲ့က ထိုတုန်ခါနှုန်းကို အားစိုက်ထုတ်မှု မရှိဘဲ ဝါးမျိုသွားသည်။ ထိုထိပ်တိုက်ရင်ဆိုင်မှုအတွင်း ထောင်ထျဲ့က အရေးသာချက် ရှိနေဟန်ပေါ်၏။
ချန်းချန်က ဤအရာသည် အဆုံးသတ်ဖြစ်ပြီး ထွက်ပေါ်လာသည့် လူများသည် ထိပ်တိုက်ရင်ဆိုင်ကြတော့မည်ဟု တွေးလိုက်မိသည်။ သို့သော်လည်း သူက မှားယွင်းသွားခဲ့သည်။
တတိယလက်က ဝမ်ဝေ့၏ ဘက်မှ ထွက်ပေါ်လာသည်။ ထို့နောက် လက်ဝါးက ခရမ်းရောင် ဖြစ်နေလေ၏။ ချန်းချန်က ထိုအရာမှ ထွက်ပေါ်နေသည့် ယင်စွမ်းအင် အမြောက်အများကို ခံစားမိလိုက်သည်။
ဖုတ်ကောင်လား။ ဒါမှမဟုတ် အမည်မသိ ယင်သတ္တဝါလား…
အနောက်ဘက်ပိုင်း
တိထျန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်နေလေသည်။
ဤသည်က ဒါက ယင်ကန်းကို အနိုင်ယူတာကနေ ရရှိတဲ့ အကျိုးအမြတ်ပဲ ဖြစ်ရမယ်…
သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။
တကယ်လို့ သူက ငါတို့တိုက်ပွဲအတွင်း ဝှက်ဖဲအဖြစ် အသုံးပြုနိုင်ခဲ့အရာကို အလွယ်တကူ ထုတ်ဖော်ချင်တယ်ဆိုတော့ ချန်းချန်ကို တကယ်တန်ဖိုးထားတာပဲ ဖြစ်ရမယ်…
ဤရလဒ်ကို သုံးသပ်ပြီးသည့်နောက်တွင် သူက ထိုသူဆီ အရေးသာချက် ထပ်မရသွားစေရန် ယခု အောင်မြင်ဖို့ ခွင့်မပြုနိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက ကောင်းပေါ်ချင်းကို ဆက်သွယ်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“အဲဒါကို ထုတ်လွှတ်လိုက်။ ဘာဖြစ်ဖြစ် ငါတို့တွေ တားဆီးရမယ်”