← Chapters

ချန်းချန်၏ ကံကြမ္မာ

Vol. 58 Ch. 807

ချန်းချန်၏ ကံကြမ္မာ

Vol. 58 Ch. 807

ကောင်းပေါ်ချင်းက ထိုစကားကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းသွားပြီး တစ်စုံတစ်ခု ပြောချင်နေဟန်ပေါ်၏။

“တစ်ခုခု ရှိလို့လား” တိထျန်းက မေးလိုက်သည်။

“သခင် အခု ကျွန်တော်တို့ ဝှက်ဖဲကို ထုတ်သုံးဖို့ လိုလို့လား” ကောင်းပေါ်ချင်းက မေးလိုက်သည်။

“သခင့်ရဲ့ တကယ့်စွမ်းအားအစစ်ကို သုံးလိုက်တာ ပိုမကောင်းဘူးလား”

တိထျန်းက သူ့ဆိုလိုရင်းကို နားလည်လေသည်။ ဤထိပ်တိုက်တွေ့ဆုံမှုအတွင်း သူက အဆင့် ၅ စွမ်းအားကိုသာ အသုံးပြုခဲ့သည်။ ထို့ကြောင့် ကောင်းပေါ်ချင်းက သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသည့် စွမ်းအားကို ထုတ်သုံးကာ ဖြေရှင်းစေလိုခြင်း ဖြစ်၏။

“အဲဒီအကြောင်း ဘာမှစိတ်ပူစရာ မလိုဘူး။ မင်းကို ပေးထားတဲ့ အမိန့်အတိုင်းလုပ်” တိထျန်းက ပြောလိုက်၏။ သူက အဆင့် ၅ တာအိုဘိုးဘေးစွမ်းအားထက် ပိုမိုထုတ်သုံးလျှင်ပင် အောင်မြင်ချင်မှ အောင်မြင်မည်ဖြစ်ကြောင်း သိလေသည်။ သို့သော်လည်း သူ ငြင်းပယ်ရသည့် အဓိကအကြောင်းအရင်းက ဝမ်ဝေ့သည် သူ့တကယ့်စွမ်းအား အစစ်အမှန်ကို မထုတ်ဖော်သေး၍ ဖြစ်သည်။

တိထျန်းအနေနှင့် ထိုသူသည် အသုံးမဝင်သည့်အရာကို မလုပ်ကြောင်း သိထားသည့်အတွက် ယခုအချိန်အထိ ဖုံးကွယ်ထားရသည့် ရည်ရွယ်ချက်တစ်ခု ရှိလိမ့်မည်။ တိုက်ပွဲအခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် တိထျန်းက ထိုအရာသည် မြောက်ဘက်ပိုင်းရှိ လူများကြောင့်ဖြစ်မှန်း ကောက်ချက်ချလိုက်၏။

ဝမ်ဝေ့က လျှို့ဝှက်ကာ သူတို့ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားဟန်ပေါ်သည်။ တိထျန်းက ထိုနည်းဗျူဟာနှင့် ပတ်သက်ပြီး သဘောတူလေ၏။ သူ့အလိုလိုသိစိတ်က ဤသည်က သူ့အတွက်လည်း အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ပြောပြနေသည်။

ကောင်းပေါ်ချင်းက အမိန့်အတိုင်း လုပ်လိုက်၏။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သိုလှောင်လက်စွပ်အတွင်းမှ တစ်စုံတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထို့ကြောင့် စစ်သူကြီး ဝတ်စုံဝတ်ဆင်ထားသည့် ကျောက်ရုပ်ထုတစ်ခုက တိုက်ပွဲကွင်းပြင် ရှေ့မှောက် ထွက်ပေါ်လာသည်။

ဝုန်း

ထိုရုပ်ထုက မျက်လုံးဖွင့်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်တစ်ခု ချက်ချင်းထုတ်လွှတ်လာသည်။ ကမ္ဘာကြီးက ထိုရုပ်ထုဆီမှ ထွက်ပေါ်နေသည့် သတ်ဖြတ်ငွေ့နှင့် အငြိုးတရားများကြောင့် အနီရောင် ပြောင်းလဲသွားဟန်ပေါ်၏။

ဒါက မဟာချင်တိုင်းပြည်ရဲ့ မြေနီရုပ်သေးရုပ် စွမ်းအားလား…

ကောင်းပေါ်ချင်းက တွေးလိုက်မိသည်။ သူ့ကမ္ဘာတွင် အလွှာတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် တိုင်းပြည်ဟူ၍ မရှိပေ။ ထို့ကြောင့် သူက အသင်္ချေအင်ပါယာကမ္ဘာ၏ သမိုင်းကြောင်းကို ဖတ်ရှုပြီးသည့်နောက်တွင် မဟာချင်တိုင်းပြည်ကို စိတ်ဝင်စားလာမိသည်။

ထို့အပြင် သူက ထိုရုပ်သေးရုပ်များ၏ ပုံစံကြောင့် လှုံ့ဆော်ခံလိုက်ရပြီး လေ့လာကြည့်ဖို့ ကြိုးစားခဲ့သည်။ သူက သူတို့ဆီမှ အရာများစွာ သင်ယူခဲ့ရ၏။ သို့သော်လည်း သူက သူတို့၏ ပင်မလျှို့ဝှက်ချက် သို့မဟုတ် သန့်စင်ရေး နည်းလမ်းများကိုမူ ရှာမတွေ့ခဲ့ပေ။

ထိုမြေနီစစ်သူကြီးက ချန်းချန်၏ တည်နေရာကို ကြည့်လာပြီး သူ့ပုဆိန်လှံရှည်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ထိုအရာက ချိုက်စုန့်၏ ဧရာမရုပ်သေးရုပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး ချန်းချန်ကို ဖမ်းယူနိုင်ခြင်းမှ တားဆီးလိုက်သည်။

သူ ဝင်ရောက်စွက်ဖက်လိုက်သည့်အတွက် ထိပ်တိုက်ရင်ဆိုင်မှုက မဆုတ်သာမတိုးသာ အခြေအနေတွင် ရှိနေဆဲ ဖြစ်၏။

မင်းက ချန်းချန်ကို ဘာလုပ်ချင်တာလဲ။ မင်းက သူ့ကို ရဖို့ ဘယ်လောက်ထိတောင် လုပ်ချင်တာလဲ…

တိထျန်းက တွေးလိုက်မိသည်။

တိထျန်းက ဝမ်ဝေ့၏ အပြုအမူများကို အနီးကပ် လေ့လာကြည့်လိုက်သည်။ အကယ်၍ ထိုသူက အတင်းအကြပ် လိုချင်နေပါက ချန်းချန်ကို သူကိုယ်တိုင် ရယူဖို့အထိပင် လုပ်မိလိမ့်မည်။

တိထျန်း၏ အမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။ ချန်းချန်၏ အနားတွင် တစ်စုံတစ်ယောက်က ရုတ်ချည်း ထွက်ပေါ်လာ၏။ ထိုသူက လျင်မြန်သွက်လက်စွာဖြင့် မျောလွင့်မြို့နှင့်အတူ ချန်းချန်ကိုပါ ခေါ်ဆောင်သွားသည်။

တိထျန်းက ထိုသူကို တားဆီးဖို့ ကြိုးစားလိုက်သော်လည်း ဝမ်ဝေ့နှင့် သူ့အဖွဲ့က ဝင်ရောက်စွက်ဖက်ခဲ့သည်။

သူက အရာအားလုံးကို ကြည့်နေရင်း အမူအရာက အေးစက်စက် ဖြစ်လာသည်။

အဲဒါဆိုတော့ ဒီလိုကိုး…

သူက သက်ပြင်းချလိုက်၏။

တကယ်လို့ ငါ့ရဲ့ အိပ်စက်သူတွေသာ အကောင်းအတိုင်း ရှိနေသေးရင် ဒီလိုရိုးရှင်းတဲ့ အစီအစဉ်အတွင်း ကျရှုံးသွားမှာ မဟုတ်ဘူး…

တိထျန်းက သူ့ဆုံးရှုံမှုကို အသိအမှတ်ပြုလိုက်သည်။ အဓိက အကြောင်းအရင်းက သတင်းအချက်အလက် လိုအပ်နေမှုကြောင့် ဖြစ်၏။

……………………

အရှေ့ဘက်ပိုင်း

ဝမ်ဝေ့က တိထျန်း၏ မြေနီရောင်စစ်သူကြီးကို မြင်လိုက်သည့်အခါ မအံ့ဩမိပေ။ ထိုသူက အိပ်စက်သူများ၏ သတင်းအချက်အလက်ကွန်ယက်မှ တိထျန်းဆီတွင် မဟာချင်တိုင်းပြည်ဆီမှ အမွေအနှစ်တချို့ ရရှိထားကြောင်း သိလေ၏။ သို့သော်လည်း သူက ဤသို့အားကောင်းသည့် ရုပ်သေးရုပ် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ငါ ဒီစစ်သူကြီးရဲ့ စွမ်းအားကို စမ်းသပ်ကြည့်လိုက်ရမလား…

ဝမ်ဝေ့က စဉ်းစားကြည့်ပြီးသည့်နောက်တွင် ထိုစိတ်ကူးကို အလျင်အမြန် ပယ်ဖျောက်ခဲ့သည်။ ချန်းချန်က ပို၍ အရေးကြီးလေ၏။ ထို့ကြောင့် သူက အစီအစဉ်တိုင်း လုပ်သင့်သည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဖမ်းဆီးထားသည့် ချန်းချန်နှင့် မျောလွင့်မြို့တစ်ပိုင်းနှင့်အတူ တစ်စုံတစ်ယောက်က ရောက်ရှိလာ၏။

“မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ မင်းက အားကိုးလို့ ရသားပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါ ကျုပ် ကိစ္စပါပဲ။ ကျုပ်တို့ မဟာမိတ်အတွက် အထောက်အကူဖြစ်တာ ဝမ်းသာပါတယ်” ဝူမင်က ပြောလိုက်၏။

ဝမ်ဝေ့က သူ့ကို ကြည့်ပြီးသည့်နောက်တွင် ကိစ္စများကို ရှင်းရှင်းလင်းလင်း ပြောဆိုရန် ဆုံးဖြတ်ခဲ့သည်။

“ခဏလေးစောင့်ဦး။ ငါ ဖြေရှင်းစရာတချို့ရှိသေးတယ်”

ဝူမင်က တောင်ထိပ်တစ်ခုဆီ ပျံသန်းသွားပြီးသည့်နောက်တွင် စောင့်ဆိုင်းနေလိုက်၏။ ထိုစဉ် ဝမ်ဝေ့က ချန်းချန်ကို ကြည့်ကာ သူ့မျက်ဝန်းထဲ ဝမ်းနည်းမှုအရိပ်အယောင်တချို့ ကိန်းအောင်းနေသည်။ သူက ချန်းချန်၏ ကံကြမ္မာသည် အလွန်တရာ ဆိုးရွားလှကြောင်း ခံစားမိလေ၏။ အကယ်၍ သူ့ကောက်ချက်ချမှုသာ မှန်ကန်ပါက ချန်းချန်၏ တစ်ဘဝလုံးသည် သူ့အနာဂတ်ကိုယ်မှ ကြိုတင်စီစဉ်ထားခြင်း ဖြစ်နေသည်။ အခြေအနေအပေါ်မူတည်၍ သူ့အနာဂတ်ကိုယ်သည် ချန်းချန်ကို သူ့အတိတ်ဆီ သတင်းအချက်အလက် ပို့ဆောင်ဖို့ အကောင်းဆုံးလူအဖြစ် ရွေးချယ်ခဲ့ပြီး အချိန်စက်ဝန်းကို ပြောင်းလဲပစ်ခဲ့လိမ့်မည်။

သို့သော်လည်း သူ့အနာဂတ်ကိုယ်က သူ့ရည်ရွယ်ချက်အတွက် ချန်းချန်ကို တမင်ဖန်တီးခဲ့ပြီး သူ မွေးဖွားမှု မတိုင်ခင်ကတည်းက သူ့တည်ရှိမှုကို စီမံထားပြီးသား ဖြစ်နေနိုင်သည်။

မည်သည့်အရာပဲဖြစ်စေကာမူ ဝမ်ဝေ့အနေနှင့် ချန်းချန်၏ ကံကြမ္မာသည် ဆိုးရွားလွန်းလှကြောင်း ခံစားမိ၏။ ထိုအရာက သူ့အတွက် အိပ်မက်ဆိုး ဖြစ်သွားစေသည်။ သူက ချန်းချန်လိုမျိုး ဖြစ်ပြီး သူ့ကံကြမ္မာသည် သူ မမွေးဖွားခင်ကတည်းကပင် သတ်မှတ်ခံထားရသည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်ပြီးသည့်နောက်တွင် ချိုက်စုန့်ကို ဆင့်ခေါ်လိုက်သည်။

“ဂိုဏ်းချုပ်” ရုပ်သေးရုပ် ပါရမီရှင်က ဦးညွှတ်လိုက်ပြီး ညင်သာကာ ပျော်ရွှင်နေသည့် အငွေ့အသက်မျိုး ထုတ်ပြလာသည်။ သူမ၏ အနက်ရောင် ဆံပင်အရှည်များက လေထဲတွင် မျောလွင့်နေပြီး မျက်ဝန်းက ကလေးနှင့်တူသည့် အပြစ်ကင်းမှုတို့ ကိန်းအောင်းနေလေသည်။ အကြောင်းအရင်းက ကလေးကစားစရာ စိတ်ဝိညာဉ်မျိုးနွယ် ဇစ်မြစ်ကြောင့်ဖြစ်နေနိုင်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက ဆုံးဖြတ်ချက် မပြတ်သားသည့် အခိုက်အတန့်မျိုး ရှိခဲသည်။

သူ့၏ အကြွင်းမဲ့ ထိန်းချုပ်လိုသော တစ်စိတ်တစ်ပိုင်းအနေဖြင့် ချိုက်စုန့်ဆီ အရန်အစီအစဉ်ထားရှိပြီး သူမကို လျှို့ဝှက်ထိန်းချုပ်ကာ နောင်အနာဂတ်တွင် သူမက သစ္စာဖောက်လာနိုင်ချေအတွက် ကြိုတင်ကာကွယ်ထားလိုသည်။

သူမ၏ ကဏ္ဍက ချန်းချန်၏ ပါရမီစွမ်းရည်ကို ရယူပြီးသည့်နောက်တွင် အတော်အတန် အရေးကြီးလာမည်ဖြစ်၏။ သစ္စာဖောက်မည့် သူမ၏ ဆုံးဖြတ်ချက်က မဟာတာအိုနှင့် သူ့စစ်ပွဲကြားတွင် မျှခြေကို တိမ်းစောင်းသွားစေဖို့ လုံလောက်သည်။

တခြားတစ်ဖက်တွင် ယုတ္တိဆန်သည့် စိတ်ကမူ သူသာ ဒီလိုလုပ်လိုက်ပါက သူမ၏ သစ္စာဖောက်မှုကို ပိုမိုဖြစ်သွားနိုင်ချေရှိကြောင်း ပြောပြနေလေ၏။ သူက မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ မဟာတာအိုဆီမှ ဝှက်ထားနိုင်မည် မဟုတ်ပေ။

အကယ်၍ ထိုအရာက ချိုက်စု့န်ဆီ အမှန်တရားကို ထုတ်ဖော်ဖို့ ရွေးချယ်လိုက်ပါက ထိုအပြုအမူသည် သူမ၏ သစ္စာဖောက်မှုအတွက် ပေါင်းကူးတစ်ခု ဖြစ်သွားစေနိုင်သည်။

အကယ်၍ ဝမ်ဝေ့ကသာ မဟာတာအို၏ နေရာဖြစ်နေပါက ချိုက်စုန့်သည် ရန်သူကို အတွင်းဘက်မှ ဖျက်ဆီးပစ်သည့် ပြီးပြည့်စုံသော အားနည်းချက်တစ်ခု ဖြစ်ကြောင်း မြင်နိုင်သည်။

သူမ သစ္စာဖောက်မှာကို ကာကွယ်မည့် အကောင်းဆုံးနည်းလမ်းက သူမ၏ သစ္စာရှိမှုကို ရယူပြီးတော့ အကျိုးအမြတ်ရအောင် လုပ်ပေးဖို့ပဲ…

ဝမ်ဝေ့က လူတစ်ယောက်၏ သစ္စာရှိမှုသည် သေချာသည့် အနေအထားတစ်ခုသို့ ရောက်သွားသည်နှင့် သူတို့၏ ခေါင်းဆောင်အတွက်ပင် လိုလိုလားလား အသက်စွန့်နိုင်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် အကောင်းဆုံး အစီအစဉ်က ချိုက်စုန့်၏ သစ္စာရှိမှုကို ထိုအဆင့်အထိ တိုးမြှင့်ပေးရန် ဖြစ်သည်။

ထိုအရာကို ရရှိဖို့ နည်းလမ်းတစ်ခုက စိတ်ခံစားချက် ဆက်နွယ်မှု၊ ကောင်းကောင်းဆက်ဆံမှုနှင့် အကျိုးအမြတ်များ မျှဝေမှုတို့ ဖြစ်သည်။

ငါ သူမ သစ္စာဖောက်နိုင်ချေအတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားရမယ်…

ယုန်တစ်ကောင်က တွင်းများစွာ ရှိပြီး မည်သူကမှ တစ်ခုတည်းအပေါ် ပုံအောထားမည် မဟုတ်ပေ။

နောက်ဆုံးတွင် ဝမ်ဝေ့က ချိုက်စုန့်ကို အာရုံစိုက်လိုက်သည်။

“မင်း ချန်းချန်ရဲ့ စွမ်းရည်တွေကို စုပ်ယူဖို့ လိုတယ်။ မင်း မလုပ်ခင် ဒီအရာက မင်းရဲ့ တစ်ဘဝလုံးကို ပြောင်းလဲပစ်နိုင်မယ်ဆိုတာကို နားလည်ထားသင့်တယ်။ အခု မင်းရဲ့လက်ကျန် ကျင့်ကြံရေးခရီးလမ်း တစ်ခုလုံးအပေါ်မှာ သက်ရောက်မှုရှိစေတဲ့ အရာတစ်ခုအပေါ်မှာ ပါဝင်ပတ်သက်နေရပြီ။ မင်း တွေးကြည့်လို့မရတဲ့ အရာမျိုးပေါ့” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

ချိုက်စုန့်က ထိုအရာကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။ သူမက သိချင်စိတ်ဖြင့် ဂိုဏ်း၏ တပည့်ရွေးချယ်ပွဲသို့ ရောက်လာသည့် ဘာမှမသိသော စိတ်ဝိညာဉ်မျိုးနွယ် မဟုတ်တော့ပေ။

ဤအနေအထားထိ ကျင့်ကြံပြီးသည့်နောက်တွင် သူမက အတွေ့အကြုံ နည်းပါးသေးသော်လည်း တုံးအမနေပေ။

ဂိုဏ်းချုပ်၏ လျှို့ဝှက်ချက်တချို့ကို သိထားသည့် လူတချို့ထဲမှ တစ်ယောက်အနေဖြင့် သူမ၏ အမြင်က လူများစွာထက် ပိုမိုမြင့်မား၏။ ထို့ကြောင့် သူမက ထိုသတိပေးချက်ကို အလေးအနက် မှတ်ယူလိုက်သည်။ သူမအနေနှင့် ဂိုဏ်းချုပ်သည် မည်သို့သော ထူးချွန်ပြောင်မြောက်သည့် ကျင့်ကြံသူဖြစ်ကြောင်း ကောင်းကောင်းသိနေလေ၏။

“ဂိုဏ်းချုပ်ရဲ့ အကြံပြုမှုကို လက်ခံပါတယ်။ ဒီလိုဆို ကျွန်မက ရုပ်သေးရုပ်အထွတ်အထိပ်ကို မြင်နိုင်ခွင့်ရှိမှာလား”

ချိုက်စုန့်က သူမဘဝတွင် ရည်မှန်းချက်တချို့ရှိလေသည်။ ပထမတစ်ခုက အသင်္ချေအင်ပါယာကမ္ဘာတွင် ရုပ်သေးရုပ်တာအိုကို ပြန်လည်အသက်သွင်းပြီး ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးတွင်လည်း ပျံ့နှံ့သွားစေဖို့ ဖြစ်သည်။ သူမက ရုပ်သေးရုပ်တာအို၏ ထူးခြားဆန်းကြယ်မှုများကို မျှဝေလိုသည်။

ဒုတိယနှင့် အဓိကအိပ်မက်က ရုပ်သေးရုပ်တာအို၏ အထွတ်အထိပ်ကို ရောက်ရှိလိုခြင်း ဖြစ်သည်။ နောက်ဆုံးအနေဖြင့် အကြွင်းမဲ့ရုပ်သေးရုပ်ကို ဖန်တီးဖို့ ဖြစ်၏။ သူမက အကြွင်းမဲ့ရုပ်သေးရုပ်သည် ဘယ်အရာမှန်း မသိပေ။ သို့သော်လည်း သူမက ထိုအဖြေကို ရှာတွေ့ဖို့ရာအတွက် ကျင့်ကြံရေးခရီးတစ်လျှောက် ကုန်ဆုံးဖို့ ဆုံးဖြတ်ထားသည်။

“ဟုတ်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။

“ဒီအခွင့်အရေးက ရုပ်သေးရုပ်တာအိုရဲ့ အတွေးအခေါ်အသစ်တွေ ပြလာလိမ့်မယ်”

“အဲဒါဆို ကျွန်မ လက်ခံတယ်”

“မင်းရဲ့ ဆုံးဖြတ်ချက်ကို နောင်တ မရဖို့ မျှော်လင့်တယ်”

“ကျွန်မ နောင်တ မရပါဘူး”

ဝမ်ဝေ့က သူမ၏ နဖူးအထက် လက်ညိုးဖြင့် ချိန်ရွယ်လိုက်သည်။ သူက ချန်းချန်၏ ကံကြမ္မာနှင့် ဆက်နွယ်ပေးလိုက်ပြီး သူမ၏ စွမ်းအားတချို့ကို ချန်းချန်၏ ကံကြမ္မာနှင့် ကြမ္မာကို ဝါးမျိုခွင့်ပြုလိုက်ကာ စွမ်းရည်နှင့် ဗဟုသုတများကို အမွေဆက်ခံခွင့်ပြုလိုက်သည်။

“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်” ချိုက်စုန့်က ဦးညွှတ်လိုက်သည်။

“မင်း ကောင်းကောင်းလုပ်။ မင်းအပေါ် မျှော်လင့်ချက် အကြီးကြီးထားထားတယ်”

ဝမ်ဝေ့က လိမ်ညာနေခြင်း မဟုတ်ပေ။ သူက ချိုက်စုန့်အတွက် ထာဝရဧကရာဇ် ဖြစ်လာဖို့ အကောင်းဆုံးနည်းလမ်းကိုပင် စီစဉ်ထားပြီးသား ဖြစ်၏။ သူမ၏ လက်ရှိကိုယ်က အခွင့်အရေး နည်းပါးနေသောကြောင့် သူမ၏ ပါရမီ၊ ကံကောင်းမှုနှင့် ကြမ္မာကို တိုးမြှင့်ဖို့ရာ လိုအပ်နေသည်။

အကယ်၍ သူသာ သူမကို တာအို သက်သေပြဖို့အတွက် အချိန်မှန် ရွေးချယ်ခဲ့ပါက အောင်မြင်နိုင်ချေ ရှိလေသည်။ ကံဆိုးစွာဖြင့် သူက ထွက်သွားရမည် ဖြစ်သည့်အတွက် ထိုနေ့ရက်ကို မြင်နိုင်မည် မဟုတ်ပေ။

ငါ အထက်ဘုံဆီ တရားမဝင် လူကူးမဲ့စာရင်းထဲကနေ ချိုက်စု့န်ကို ပယ်ဖျက်ထားသင့်တယ်။ ဒိုင်မေးရှင်းအမြင့်က အန္တရာယ်များလွန်းတယ်။ ပြီးတော့ သူမရဲ့ စွမ်းရည် တစ်စုံတစ်ယောက် ရှာဖွေတွေ့သွားမှာကို မစွန့်စားနိုင်သေးဘူး…

သူက သူမ ထွက်သွားတာကို ကြည့်ရင်း တွေးလိုက်မိသည်။

ဝမ်ဝေ့က ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် ဝူမင်နှင့် မဆက်သွယ်သေးဘဲ သူ့အဖွဲ့ကို ဆက်သွယ်လိုက်၏။ သူက မျောလွင့်မြို့၏ ကျန်ရှိနေသည့် အစိတ်အပိုင်းများအား ယန်းလီလင်းဆီ ပို့ပြီးသည့်နောက်တွင် လီကျွင်းကို ဆက်သွယ်လိုက်သည်။

မင်း ချိုက်စုန့်ကို ဆွဲဆောင်ဖို့လိုတယ် ...

ဘယ်လို …

All Chapters