← Chapters

ကောင်းကင်ကျမ်းနှင့် အန္တိမသဟဇာတ

Vol. 58 Ch. 809

ကောင်းကင်ကျမ်းနှင့် အန္တိမသဟဇာတ

Vol. 58 Ch. 809

ခရမ်းရောင် ခွန်ပန် စံပြက သူ့ရှေ့တွင် ရှိနေသည့် ရှုံးနိမ့်သွားသော လူ၇ယောက်ကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက ထိုစွမ်းအားကြီးသူများသည် မည်သို့ကျရှုံးသွားကြောင်း မစဉ်းစားပဲ မနေနိုင်တော့ပေ။

သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ အစပြုလာသည့် ဒဏ္ဍာရီလာ လူများအကြောင်း သင်ယူရင်း အရွယ်ရောက်လာခဲ့သည်။ ဒုတိယမူလတိုက်ပွဲအတွင်း သူက ကောင်းကင်ဘုံအဆင့်သာ ဖြစ်သော်လည်း ဖြစ်ရပ်တချို့တွင် ပါဝင်ဆင်နွှဲခဲ့သည်။

ထိုခေတ်အချိန်က ဤဟွင်သွမ်းကမ္ဘာကို များများစားစား လွှမ်းမိုးနိုင်သည့်လူ ရှိနိုင်မည် မဟုတ်ပေ။ ပြောရလျှင် ထိပ်သီးအဆုံးစွန်မဲ့ စံပြများပင် ထိုသို့စွမ်းရည်မျိုး မရှိကြပေ။

ဒီကမ္ဘာက ဒီလောက်အထိ နိမ့်ကျသွားပြီကိုး…

သူက သူ့သခင်၏ ကြောက်မက်ဖွယ် ကောင်းမှုကို နားလည်သဘောပေါက်သွားခဲ့သည်။ တကယ်တော့ ထိုသူသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ လက်ရှိအခြေအနေအတွက် တစ်စိတ်တစ်ပိုင်း တာဝန်ရှိသူဖြစ်ကြောင်း သိလေသည်။

ခရမ်းရောင်ခွန်ပန်က တိတ်တဆိတ် ခေါင်းခါလိုက်ပြီးသည့်နောက်တွင် တာဝန်ကို ဆက်လက် ထမ်းဆောင်လိုက်၏။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် စွမ်းအားအမြောက်အများ ပါဝင်နေသည့် ခရမ်းရောင်လက်ဝါးချက်ကို ဖန်တီးလိုက်သည်။ ထိုလက်ဝါးက ကမ္ဘာဦးဟွင်သွမ်း ပတ်ဝန်းကျင်ကိုပင် လှုပ်ခါသွားစေသည်။

လမင်း ၇ စင်း၏ အမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပြီး သူတို့သည် ထိုတိုက်ကွက်၌ အသက်မရှင်နိုင်ကြောင်း ချက်ချင်းသိလိုက်ကြသည်။

“အရှင် ကျွန်တော်ကို ကယ်ပါ”

“မေတ္တယျ ကျွန်တော်ကို ကယ်ပါ”

ထိုအသံနှစ်သံက လေဟာနယ်ထဲ ပျံ့လွင့်လာပြီး မျှော်လင့်ချက် ကုန်ခမ်းနေဟန်ပေါ်၏။

အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာ၊ ဟွင်သွမ်းစကြဝဠာ၏ ထောင့်တစ်နေရာတွင်

လူနှစ်ယောက်က လေဟာနယ်အတွင်း မီတာအနည်းငယ် ခွာလျက် တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ စွမ်းအားအမြောက်အများ ထွက်ပေါ်နေပြီး မီးခိုးရောင်မြူခိုးကို လွှမ်းမိုးဖို့ ကြိုးစားနေကြ၏။ သို့သော်လည်း မြူခိုးက ယခင်အတိုင်းသာ ရှိနေသေးသည့်အတွက် သူတို့၏ ကြိုးစားမှုက အသုံးဝင်ဟန်မပေါ်ပေ။

ထိုသူနှစ်ဦးက ကြိုးစားမကြည့်ခင်ကတည်းက ရလဒ်ကို သိထားပြီးသား ဖြစ်၏။ သူတို့က ကမ္ဘာမှ မြူခိုးကို နှင်ထုတ်ချင်ရုံမျှသာ ဖြစ်၏။ အနည်းဆုံးတော့ ပျံ့နှံ့လာမှုကို နှေးကွေးသွားစေဖို့ ဖြစ်သည်။ ထို့နောက် ထိုနှစ်ဦးက တစ်စုံတစ်ခုကို ခံစားမိသည့်အလား ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်လာသည်။

“သူ့တို့ကို သွားကယ်လိုက်” အန္တိမသဟဇာတက ပြောလိုက်၏။

“ရှင့်လေသံကို ကြည့်ပြော။ ကျွန်မက ရှင့်နောက်လိုက် မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မက အရင်အခေါက်တုန်းက သူတို့ကို ကယ်ပြီးပြီ။ အခုရှင့်အလှည့်ပဲ” မေတ္တယျက သတိပေးလိုက်သည်။

စံပြတစ်ယောက်၏ အရှိန်က အဆုံးမဲ့အတိုင်းအတာနှင့် အဓိပ္ပာယ် ဖွင့်ဆိုလျှင်ပင် တိုင်းတာလို့ မရနိုင်ပေ။ သို့သော်လည်း ထိုသူနှစ်ဦး၏ အမြင်တွင် ထိုအရှိန်က လိပ်တစ်ကောင် တွားသွားနေသည်ထက်ပင် ပို၍နှေးကွေးလေ၏။

ခရမ်းရောင်ခွန်ပန်၏ တိုက်ကွက် ဦးတည်ချက်သို့ မရောက်ခင်အတွင်း သူတို့က ရှည်ကြာသည့် စကားဝိုင်းတစ်ခု ရှိခဲ့ကြသည်။

အန္တိမသဟဇာတက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် ထိုသူများကို ကယ်တင်သည်က ထိုက်တန်ရဲ့လားဟု စဉ်းစားနေမိလေ၏။ ထို့နောက် သူက လှုပ်ရှားလိုက်သည်။

မေတ္တယျက ဂရုမစိုက်ဘဲ မျက်လုံးအသာမှိတ်ထားလိုက်၏။ လက်ရှိ သူ ဂရုစိုက်သည်က အလင်းမဲ့အမှန်တရားသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအထိ ပျံ့နှံ့လာရသည့် အကြောင်းအရင်းကို ဖြစ်သည်။

ထိုစဉ် အန္တိမသဟဇာတ၏ မျက်ဝန်းအထက် ပုံမှန်မဟုတ်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက ပြင်ပကမ္ဘာကို ကြည့်ကာ သူ့ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ သူပေါ်ထွက်လာသည်နှင့် လှုပ်ရှားမှု မရှိသော်လည်း ခရမ်းရောင် ခွန်ပန်၏ တိုက်ကွက်က ပျောက်ပျယ်သွားသည်။

အဆုံးစွန်မဲ့ စံပြငယ်လေး၏ အမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွား၏။ သူ့တိုက်ကွက် မည်သို့ဖြေရှင်းလိုက်မှန်းပင် နားမလည်လိုက်ပေ။ ထို့ကြောင့် မသိရခြင်း၏ အကြောက်တရားက သူ့စိတ်ထဲ လွှမ်းမိုးသွားလေ၏။

ထိုအခိုက်အတန့်တွင် သူက အစာကွင်းဆက်၏ ထိပ်ဆုံးနေရာမှ ဒုတိယနေရာသို့ ကျဆင်းသွားသလို ခံစားလိုက်ရသည်။ သူ့စိတ်ခံစားချက်က သေမျိုးတစ်ယောက် အနေဖြင့် မဟာဧကရာဇ်၏ စွမ်းအားကို တွေ့မြင်လိုက်သကဲ့သို့ ဖြစ်နေသည်။

ကံကောင်းစွာဖြင့် ထိုအဆင့်ကို ရောက်ရှိသူတိုင်းက မြင့်မားသည့် စိတ်အခြေအနေနှင့် တာအိုနှလုံးသားကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သူက အလိုလိုကြောက်စိတ်ကို ပယ်ဖျောက်ကာ ထိုပုံရိပ်ကို ဦးညွှတ်လိုက်၏။

“အရှင် ကျွန်တော်ရဲ့ သခင်က တွေ့ချင်လို့ပါ”

အန္တိမသဟဇာတက သူ့ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းက လူသား၏ စိတ်ခံစားချက်များ ကင်းဝေးနေဟန်ပေါ်၏။ ဤနေရာသို့ ရောက်မလာခင်ကတည်းက သူ့ထံ အခွင့်အရေးတစ်ခု ရောက်လာမည်မှန်း သိလေသည်။ ထို့ကြောင့် သူက သံသယ အဝင်မခံရဘဲ မေတ္တယျကိုယ်တိုင် ဤနေရာသို့ ပို့ဆောင်ဖို့ တမင်ဟန်ဆောင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူက စကားတစ်ခွန်းမှ မပြောဘဲ ထိုသူကို တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်းနေလေ၏။

ခရမ်းရောင် ခွန်ပန်က ချွေးများထွက်လာသည်။ အဆင့်မြင့်သက်ရှိ တစ်ယောက်အနေဖြင့် သူ့ခန္ဓာကိုယ်က ချွေးကဲ့သို့ အနံ့ သို့မဟုတ် အရာများ မထွက်သင့်ပေ။ သို့သော်လည်း ထိုသူ၏ အကြည့်ရှေ့တွင် ရပ်နေရသည်က အဆင့်မြင့်သက်ရှိအနေဖြင့် သူ့တည်ရှိမှုသည် အဆင့်နိမ့် သက်ရှိအဖြစ် ပြောင်းလဲခံလိုက်ရသလိုမျိုး ခံစားနေရ၏။ ထို့ကြောင့် အဆင့်နိမ့် သက်ရှိ၏ စိတ်ခံစားချက်မျိုး ထုတ်ဖော်ပြသလာသည်။

ခရမ်းရောင်ခွန်ပန်က တုန်ယင်နေသည့် ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ သူ့သခင်ပေးသည့် အရာကို အသက်သွင်းလိုက်သည်။ ထို့နောက် ကောင်းကင်စာအုပ် စံပြ၏ ပုံရိပ်က သူ့ခေါင်းအထက် ထွက်ပေါ်လာ၏။

“အရှင် အန္တိမသဟဇာတ” ကောင်းကင်စာအုပ် စံပြက အရိုအသေပြုလိုက်သည်။ အတိတ်တုန်းက သူ့ရှေ့တွင် ရှိနေသည့်သူသည် သူ့ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သို့သော်လည်း လက်ရှိကိုယ်က ထိုသူ၏ လက်တစ်ချောင်းကိုပင် ခုခံနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက ရိုရိုသေသေဖြင့် နှုတ်ဆက်လိုက်သည်။

မာနအတွက်မူ

သူ့လိုမျိုး ရည်မှန်းချက်ကြီးမားကာ ဆုံးဖြတ်ချက် ပြတ်သားသူတစ်ယောက်အတွက် မာနသည် ခွေးချီးလောက်ပင် မထိုက်တန်ကြောင်း သိလေသည်။ အထူးသဖြင့် ထူးကဲသာလွန်မှုနှင့် ပတ်သက်သည့်အရာတွင် ဖြစ်၏။

သူ့အစီအစဉ်သာ အောင်မြင်သရွေ့ အခြေအနေက ပြောင်းပြန်လှန်သွားမည်ဖြစ်ကာ အန္တိမသဟဇာတက သူ့ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေလိမ့်မည်။ ထို့ကြောင့် အနာဂတ်အတွက် သည်းခံလိုက်ခြင်းက သူ့အတွက် လွယ်ကူလှသည်။

အန္တိမသဟဇာတက တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမှ မပြောပေ။ သူက ကောင်းကင်စာအုပ် စံပြ၏ ပုံရိပ်ယောင်ကို ကြည့်လိုက်ပြီး မိုးမြေကြားမှ လျှို့ဝှက်ချက်များကို တွက်ချက်ကြည့်နေ၏။ သူ့ကို အံ့အားသင့်သွားစေသည်က ထိုသူ၏ တကယ့်ခန္ဓာကိုယ်အစစ်အမှန်ကို ရှာမတွေ့ခြင်း ဖြစ်၏။ အမည်မသိ စွမ်းအားတစ်ခုက သူ့ကို ဝှက်ထားလေ၏။

ကောင်းကင်စာအုပ် စံပြက ထိုသူ လုပ်နေသည့်အရာကို မှန်းဆမိသည့်အလား တည်တည်ငြိမ်ငြိမ်သာ ကျန်ရှိနေသည်။ နတ်ဘုရားတစ်ပါးက ပုရွက်ဆိတ်တစ်ကောင်နှင့် ဆွေးနွေးမည် မဟုတ်ပေ။ ညှိနှိုင်းဖို့ရာ စကားထဲ ထည့်ပြောဖို့ပင် မလိုတော့ပေ။ တစ်ခုတည်းသော ခြွင်းချက်က နတ်ဘုရားတွင် အကျင့်စရိုက်ကောင်း ရှိနေသည့်အခါတွင် ဖြစ်၏။

သို့သော်လည်း ဉာဏ်ကောင်းသည့် ပုရွက်ဆိတ်တစ်ကောင် အနေဖြင့် သူသည် နတ်ဘုရား၏ ရက်ရောမှုကို မှီခိုနေ၍ မဖြစ်ပေ။ အထူးသဖြင့် အန္တိမသဟဇာတက မည်ကဲ့သို့သော လူတန်းစားအဖြစ် ပြောင်းလဲသွားသည်ကို သိနေသည့်အခါတွင် ဖြစ်သည်။

ထို့ကြောင့် တွေ့ဆုံမှုမတိုင်ခင်ကတည်းက သူက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် စွမ်းအားများ အလုပ်မဖြစ်သည့် ကမ္ဘာဦးဟွင်သွမ်းထဲမှ တားမြစ်နေရာတချို့ထဲမှ တစ်ခုဆီ ဝင်ရောက်ခဲ့သည်။

“မင်း ရည်ရွယ်ချက်က ဘာလဲ” အန္တိမသဟဇာတက မေးလိုက်သည်။ သူ့လေသံက နည်းနည်းလေးမှ အတက်အကျ မရှိပေ။

“ကျုပ်က အပေးအယူ လုပ်ဖို့ ရောက်လာတာပါ”

“အပေးအယူလား။ ဘာကြောင့်လဲ”

“ကျုပ်က တည်ရှိမှုကို နှစ်ပိုင်းခွဲထားပေမဲ့ ဆက်နွယ်လို့ ရတဲ့ နည်းလမ်းတစ်ခုကို ရှိထားတယ်”

ခဏအကြာတွင် အန္တိမသဟဇာတ၏ အေးစက်စက် မျက်ဝန်းအထက် စိတ်ခံစားချက် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။ သို့သော်လည်း ခေတ္တမျှသာ ကြာမြင့်သည့်အတွက် သူကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။

အန္တိမသဟဇာတက ဒုတိယအကြိမ်မြောက် ကောင်းကင်စာအုပ်စံပြ၏ တည်နေရာကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။ နှမြောစရာကောင်းလှသည်က ရလဒ်က မပြောင်းလဲပေ။

ထို့နောက် သူက မျက်မှောင်ကြုတ်ကာ သူ့ရှေ့တွင် ရှိနေသည့် အမျိုးသားကို ကြည့်လိုက်သည်။ သူနှင့် မေတ္တယျတို့က သူတို့၏ လက်ရှိ လက်အောက်ငယ်သားများ၏ မြင့်တက်လာမှုကို တစ်စုံတစ်ယောက်က ထောက်ပံ့ပေးထားကြောင်း သိလေသည်။ ကံဆိုးစွာဖြင့် သူတို့က လက်ရှိအနေအထား ရောက်ကတည်းက ထိုပြဿနာများနှင့် ဖြေရှင်းဖို့ စိတ်ဆန္ဒ မရှိသလို အချိန်လည်း မရှိသည့်အတွက် ဂရုမစိုက်ခဲ့ပေ။ ထို့အပြင် သူတို့နှင့် ကောင်းကင်စာအုပ် စံပြကြားမှ စွမ်းအားကွာခြားချက်သည် သူတို့အား စိတ်ဝင်စားမှု မရှိအောင် လုပ်ထားသည်။

ကောင်းကင်စာအုပ် စံပြက မည်မျှပင် ထူးချွန်ပြောင်မြောက်သည့် နည်းဗျူဟာရှင်တစ်ယောက်ဖြစ်စေကာမူ သူတို့က သူ့ကို အလွယ်တကူ သတ်နိုင်သည့်အတွက် ဘာမှစိတ်ဝင်စားစရာ မရှိပေ။ ထို့အပြင် ထိုသူက သူတို့ပြန်ရောက်လာပြီးသည့်နောက်တွင် သူ့လက်တံများကို ဖယ်ရှားခဲ့ပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ခဲ့ပေ။

“မင်းက ဘာလိုချင်တာလဲ” သူက တဲ့တိုးသာမေးလိုက်၏။

“နှစ်ခုပါ။ ပထမတစ်ခုက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ ကျုပ်အင်အားစုတချို့ကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်စေချင်တယ်”

“အကြောင်းအရင်းကရော”

“ကျုပ်က တစ်စုံတစ်ခုကိုရှာနေတာ။ အဲဒီမှာ ရှိနေနိုင်တယ်”

အန္တိမသဟဇာတက မျက်မှောင်ကြုတ်လိုက်၏။ သူ့အနေဖြင့် ထိုသူသည် အမှန်အတိုင်း ပြောနေသည်လား သို့မဟုတ် တစ်ဝက် လိမ်ညာနေသည်လား သို့မဟုတ် အပြည့်အဝ လိမ်ညာနေသည်လားဆိုတာကို မပြောနိုင်ပေ။

“ကောင်းပြီ ခွင့်ပြုတယ်။ နောက်တစ်ခုကရော” အန္တိမသဟဇာတက ပြောလိုက်သည်။

“ခင်ဗျားရဲ့ ထူးကဲသာလွန်မှုကျင့်စဉ်ကို လိုချင်တယ်”

အန္တိမသဟဇာတက မျက်မှောင်ကြုတ်လိုက်သည့်အခါ ခရမ်းရောင်ခွန်ပန်က သူ့သခင်၏ ပုံရိပ်ယောင်နှင့်အတူ ဗလာနတ္ထိအဖြစ် ရုတ်ချည်း ပေါက်ကွဲထွက်သွားသည်။ သူ့မျက်လုံးလှုပ်ရှားသည်မှ လွဲ၍ အရှိန်အဝါ သို့မဟုတ် အပြုအမူ လှုပ်ရှားမှု မရှိပေ။

သူ့အတွက် ကံကောင်းသွားသည်က သူသည် အဆုံးစွန်မဲ့ စံပြတစ်ယောက်ဖြစ်နေသည့်အတွက် ထာဝရသဘောတရားကို ဆုပ်ကိုင်ထားနိုင်သည်။ သိပ်မကြာခင် သူက ဖြူဖျော့နေသည့် အသားအရည်ဖြင့် ပြန်လည်ရှင်သန်လာလေ၏။ သူက သူ့တာအိုအုတ်မြစ်သည် ထိခိုက်သွားပြီး ယွမ်ခေတ်ကာလသန်းချီက ကုသရမည် ဖြစ်ကြောင်း သိလေသည်။

သို့သော်လည်း သူက ဘာမှမပြောပေ။ ယနေ့လို သူ့အောင်မြင်မှုများက သူ့သခင်၏ ထောက်ပံ့မှုကြောင့်သာ ဖြစ်လေ၏။ နောက်ဆုံးတွင် ထိုပုဂ္ဂိုလ်နှင့် အတွေ့အကြုံများက တစ်စုံတစ်ခု သင်ယူနိုင်ပါက သူ့အတွက် အကျိုးကျေးဇူး ရှိလာနိုင်သည်။

“ဒီလိုမျိုး အကျိုးအကြောင်း မသင့်တဲ့တောင်းဆိုချက်ကို ငါက သဘောတူမယ်များ ထင်နေလား”

“အဲဒါက ကျုပ်ဆီမှာ ရှိနေတဲ့ သတင်းအချက်အလက်က ခင်ဗျားအတွက် ဘယ်လောက်ထိုက်တန်လဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်” ကောင်းကင်စာအုပ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“မင်းရဲ့ သတင်းအချက်အလက်က ငါ့လောက် အဖိုးတန်မယ်ထင်နေလား။ အပေးအယူဆိုတာက ညီမျှရတယ်”

“ကျုပ် ပေးနိုင်တာက အဖိုးတန်တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက လိုအပ်နေပြီးတော့ ကျုပ်ဆီမှာပဲ ရနိုင်တဲ့အရာမျိုးမလို့ပဲ” ကောင်းကင်စာအုပ် စံပြက ပြန်လည်ပြောလိုက်သည်။ သူ့ဘဝတွင် သင်ယူခဲ့ရသည့် အမှန်တရားတစ်ခုက ဗဟုသုတသည် အဖိုးတန်ကြောင်း ဖြစ်၏။ ထို့ကြောင့် သူ့ရှေ့ရှိလူသည် သူ့ထက် အားကောင်းနေသော်လည်း သူ့လောက် သတင်းအချက်အလက် များများစားစားမရှိပေ။

“မင်းက အဆုံးမဲ့ပိုင်နက်ကမ္ဘာကမလား” အန္တိမသဟဇာတက ရုတ်တရက် ကောက်ပြောလိုက်သည်။

“အရှင် ကျုပ်ကို ခြိမ်းခြောက်နေလို့ ဘာအကျိုးမှ မရှိဘူး။ ကျုပ်က အဲဒီနေရာကို ကျုပ်ရဲ့ ရည်ရွယ်ချက်လောက် တန်ဖိုးမထားဘူး” သူ့မျက်ဝန်းအထက် နာကျင်မှုတချို့ဖြတ်ပြေးသွားသော်လည်း အလျင်အမြန် ပျောက်ကွယ်သွား၏။

“ခင်ဗျားရဲ့ လက်ရှိအခြေအနေက သိပ်မကောင်းဘူး။ အဲဒါဆိုတော့ ခင်ဗျားအတွက် အကောင်းဆုံးရွေးချယ်မှုက ကျုပ်အပေးအယူကို လက်ခံလိုက်ဖို့ပဲ” ကောင်းကင်စာအုပ် စံပြက ပြောလိုက်သည်။

“ငါ့ကို လာပြီး ခြိမ်းခြောက်နေတာလား”

“ကျုပ်က လုပ်ရဲပါ့မလား။ ဒီဟာကို ပြောပြရုံပါပဲ”

အန္တိမသဟဇာတက ထိုသူ ပြောစကား မှန်ကန်နေကြောင်း သိသည့်အတွက် တိတ်ဆိတ်သွားလေသည်။ အလင်းမဲ့အမှန်တရားက မေတ္တယျနှင့် သူ့တိုက်ပွဲကို ငြိမ်းချမ်းရေးတချို့ ယူဆောင်ပေးလာသော်လည်း သူ့အခြေအနေက အကောင်းဆုံး မဟုတ်ကြောင်း သိလေသည်။

မေတ္တယျက သူမ ကျင့်စဉ်၏ ဆိုးကျိုးအများစုကို ဖြေရှင်းပြီးသွားဟန်ပေါ်၏။ ထို့နောက် ဒိုင်မေးရှင်းအနိမ့်တွင် ဗုဒ္ဓဘာသာလမ်းစဉ်က စတင်ဖွံ့ဖြိုးလာပြီဖြစ်ကာ သူ့ထိန်းချုပ်မှုအပေါ် အစစ်အမှန် ကောင်းကင်တာအို၏ ခုခံနိုင်စွမ်းကလည်း လတ်တလော သိသိသာသာ တိုးမြင့်လာခဲ့သည်။

All Chapters