← Chapters

ဝူမင်၏ ရည်ရွယ်ချက်

Vol. 58 Ch. 811

ဝူမင်၏ ရည်ရွယ်ချက်

Vol. 58 Ch. 811

ဗလာကျင်းနေသည့် နေရာအတွင်း ရေစက်ကျသံများက ပဲ့တင်ထွက်နေသည်။ ဝူမင်နှင့် မျက်နှာချင်းဆိုင်ထိုင်နေရင်း ဝမ်ဝေ့က အဖန်ရည်ကျိုကာ သူ့ကို တည်ခင်းဧည့်ခံလာ၏။

“ဂိုဏ်းချုပ် ကျုပ် လုပ်ပါရစေ”ဝူမင်က ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ ဧည့်သည်ပဲ။ ငါက ဧည့်ခံသင့်တာပေါ့” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်၏။ ဝူမင်သည် တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မဟာမိတ်သည် တစ်ဖက်သတ် ဖြစ်ကြောင်း သိလေသည်။ အတိအကျပြောရလျှင် သူက လက်အောက်ငယ်သား ဖြစ်သင့်၏။ ထို့ကြောင့် သူက ဝမ်ဝေ့သည် သူ့ကို လေးစားမှုနှင့် ဆက်ဆံသည့်အခါ စိတ်အေးမိသွားပြီး အနည်းဆုံးတော့ အပေါ်ယံတွင် ညီတူညီမျှ ဆက်ဆံသလို ခံစားရသည်။

“ မင်း ကြိုက်မယ်လို့ ထင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

ဝူမင်က ဖြည်းဖြည်းချင်း သောက်သုံးလိုက်၏။ သူ့စိတ်က တည်ငြိမ်သွားသည်ကို ခံစားမိလိုက်သည်။ သူက မဟာမိတ်အကြောင်း စိုးရိမ်နေမိ၏။ သူက ဝမ်ဝေ့နှင့် တာအိုအခွင့်အလမ်းဂိုဏ်းတို့ဖြင့် အလုပ် တွဲလုပ်ခဲ့သော်လည်း သူတို့၏ ဆက်နွယ်မှုက ယုံကြည်ချက် ကင်းမဲ့မှုနှင့် တခြားသော အချက်များကြောင့် အပေါ်ယံမျှသာ ဖြစ်နေလေသည်။

သူ့ရည်မှန်းချက်ကို ရောက်လိုပါက တာအိုအခွင့်အလမ်းဂိုဏ်း၏ ထောက်ခံမှုအပြည့်အဝကို လိုအပ်ကြောင်း သိလေသည်။

ဝမ်ဝေ့က အဖန်ရည်ကို သောက်ရင်း သူ့ရှေ့မှ လူငယ်လေးကို ကြည့်လိုက်သည်။ ဝူမင်နှင့် ပထမဆုံးတွေ့စဉ်အခါက သာမန်ရုပ်ရည်နှင့် သဘောထားရှိသည့် ကောင်လေးတစ်ဦး ဖြစ်ခဲ့သည်။

ဝမ်ဝေ့၏ မှန်းဆချက်အရ ဝူမင်၏ အနာဂတ်သည် သူ့ဘိုးဘေးဆီမှ ကောင်းကင်ဘုံသွေဖယ်နေသည့် ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိပြီးသည့်နောက်တွင်ပင် တောက်ပမည် မဟုတ်ပေ။ ထိုသူ၏ ပါရမီ၊ ခံယူချက်၊ စိတ်ဆန္ဒနှင့် နောက်ခံပေါ်မူတည်၍ ဝူမင်သည် ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလတွင် အနာဂတ် မရှိကြောင်း မှန်းဆခဲ့သည်။

သို့သော်လည်း ဝူမင်က ဝမ်ဝေ့၏ မှားယွင်းသည့် မှန်းဆချက်ထဲမှ တစ်ခု ဖြစ်နေခဲ့၏။ ဝူမင်က စိတ်ဝိညာဉ်ခရီးလမ်းအပြီးတွင် ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ပို၍ ရဲတင်းလာကာ ဉာဏ်များပြီး ရက်စက်တတ်လာသည်။

သူက သူ့ရန်သူ၏ အသိုက်အတွင်းဝင်ဖို့ မူလသင်္ကေတနန်းဆောင်ထိ ဝင်ရောက်ဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။ ထို့နောက် မြို့ငယ်လေးတစ်ခုကို ထိန်းချုပ်ထားပြီး အမြင့်ဆုံးစွမ်းအားက အံ့ဖွယ်ခန္ဓာကိုယ်အဆင့်သာ ကျင့်ကြံထားသည့် သူ့ဝူမျိုးနွယ်က ကြယ်တံခွန်အလား မြင့်တက်သွားကာ မူလသင်္ကေတနန်းဆောင်၏ အဓိက ထောက်တိုင်တစ်ခု ဖြစ်လာခဲ့သည်။

ဝူမင်ကိုယ်တိုင်သည်လည်း ဧကရာဇ်မျိုးနွယ်တစ်ခု၏ ခေါင်းဆောင် ဖြစ်လာခဲ့၏။ အရိပ်အိပ်စက်သူများဆီမှ သူ ရရှိထားသည့် သတင်းအချက်အလက်အရ ဝူမျိုးနွယ်၏ အခြေခံအုတ်မြစ်သည် မသေမျိုးအဆင့် ပုဂ္ဂိုလ် လိုအပ်နေမှုကြောင့် သူ့ဂိုဏ်းအတွင်း အားနည်းနေကြောင်း သိလေသည်။ သို့သော် ဝူမင်က မဟာတာအိုအရင်းအမြစ် မျိုးစေ့ကို ရှာတွေ့ခဲ့ပြီး သူ့ဝူမျိုးနွယ်အတွက် တာအိုဘိုးဘေးကို ဖန်တီးနိုင်ခဲ့သည်။

ထိုသူ၏ ကံကောင်းမှုက ထိုနေရာတွင် ရပ်တန့်မသွားသေးပေ။ ထိုတာအိုဘိုးဘေးက နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုနှင့် တွေ့ကြုံကာ ဒုတိယတန်းစား ဧကရာဇ်နှင့်တူညီသည့် ဆန့်ကျင် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။

ဝူမျိုးနွယ်ရဲ့ မြင့်တက်လာမှုက ကောင်းကင်တာအိုက မူလသင်္ကေတနန်းဆောင်ကို ပြန်ပြီးအားဖြည့်ချင်နေတာကြောင့်ပဲ ဖြစ်ရမယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းက ချီယွမ်ကြောင့် ကံကောင်းမှု အမြောက်အများရှိလေသည်။ မူလဆေးလုံးတာအိုဂိုဏ်းကလည်း ဆေးလုံးဘိုးဘေး၏ ကံကောင်းမှုရှိထားပြီး မဟာအဆောင် မြို့တော်သည်ကလည်း အဆောင်ဘိုးဘေး၏ ကံကောင်းမှု ရှိထားသလို မူလလက်နက်တောင်သည်လည်း အသုံးအဆောင်ပစ္စည်း ဘိုးဘေး၏ ကံကောင်းမှုမျိုး ရှိထားသည်။ ထို့ကြောင့် မူလသင်္ကေတနန်းဆောင်သည်လည်း အစီအရင်ဘိုးဘေး၏ ကံကောင်းမှုကို ဆုပ်ကိုင်ထား၏။

သို့သော်လည်း ထိုဘိုးဘေးမျိုးနွယ်များကြားတွင် မူလသင်္ကေတနန်းဆောင်က အားအနည်းဆုံးဖြစ်ကာ သူတို့၏ ကံကောင်းမှုကြောင့် ယနေ့တိုင် ရှင်ကျန်နေခြင်း ဖြစ်သည်။

ဝမ်ဝေ့က ထိုကျဆင်းလာရသည့် အကြောင်းအရင်းမှာ အစီအရင် ဘိုးဘေး၏ ဝူမင်ဘိုးဘေးအပေါ် သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကြောင့်ဖြစ်ပြီး ကမ္ဘာတွင် အစီအရင်သင်္ကေတခန္ဓာ ပေါ်ထွက်လာမည့် အချက်ကို တားဆီးခဲ့၍ ဖြစ်ကြောင်း မှန်းဆမိလေသည်။ ထိုသို့သော အပြုအမူမျိုးက အစီအရင်တာအိုအပေါ် နှစ်သန်းထောင်ချီကြာ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေခဲ့၏။ ထို့ကြောင့် ကောင်းကင်တာအိုက သူတို့ကို အသက်ရှင်နိုင်ရုံမျှ ပေးထားပြီး အပြစ်ဒဏ်ပေးခဲ့သည်။

သို့သော်လည်း ယခုတွင် အပြောင်းအလဲအသစ် ဖြစ်လာဟန်ပေါ်၏။

“ကျုပ် ဒီအခွင့်အရေးကို ယူပြီးတော့ ထုံရို့ပင်းနဲ့ ဖြစ်ပျက်တဲ့ကိစ္စအတွက် တောင်းပန်ချင်ပါတယ်” ဝူမင်က ပြောလိုက်၏။ သူက အကြိမ်များစွာ တောင်းပန်ခဲ့သော်လည်း မျက်နှာချင်းဆိုင် ပြောဆိုဖို့ အခွင့်အရေးမရခဲ့ပေ။

“မင်းကို အပြစ်မတင်ပါဘူး။ ထုံရို့ပင်းက နဂိုကတည်းက ဆွဲဆောင်မှုရှိပြီးတော့ ကံကောင်းမှုအမြောက်အများ ရှိတဲ့သူပဲ။ ပြီးတော့ သူမက ငါနဲ့ ကံကြမ္မာဆက်နွယ်မှု တချို့ရှိတဲ့ပုံပဲ”

ဝမ်ဝေ့က အဓိပ္ပာယ် မရှိသည့်အရာများ စဉ်းစားနေခြင်း မဟုတ်ပေ။ ထုံရို့ပင်းက ဝူမင်ဆီမှ သူ့စိတ်ကူးကို လက်ခံရရှိခဲ့ပြီး ထိပ်သီးကောင်းကင်ရွေးချယ်ခံ တစ်ယောက်ဖြစ်လာဖို့အတွက် ပထမခြေလှမ်းကို ရယူခဲ့သည်။

မူလိန်က သူ့စီးပွားလက်တွဲဖော် ဖြစ်လာပြီးသည့်နောက်တွင် တာအိုအခွင့်အလမ်းဂိုဏ်းက အဆုံးမဲ့လေဟာနယ်အတွင်း ပြန်လည်အခြေချခဲ့သည်။ ထို့နောက် ထုံရို့ပင်းက ထိုသူနှင့် တာအိုလက်တွဲဖော် ဖြစ်လာခဲ့၏။

သူက ဖန်းလီကျွင်း၏ ဒဏ်ရာရရှိမှုနှင့် သေလုနီးပါး ဖြစ်ရပ်အတွက် တာဝန်ရှိလေသည်။ ထို့နောက် ထုံရို့ပင်းက ကိုယ်ပျောက်အဆောင်ကို ရရှိသွားခဲ့သည်။

ထို့ကြောင့် သူတို့၏ ကံကြမ္မာက စိတ်ဝင်စားဖွယ်ကောင်းလောက်အောင် ဆက်နွယ်နေသည်။

“ဂိုဏ်းချုပ်က ကျုပ်ကို အပြစ်မတင်ရင် ပြီးတာပါပဲ”

“ငါက အဲ့လောက် မတွက်ကပ်ပါဘူး။ ပြီးတော့ မင်းကို အဲဒီစိတ်ကူးကို ပေးထားပြီးသားဆိုတော့ မင်း ဘာလုပ်လုပ် ငါနဲ့ မဆိုင်တော့ဘူး”

အခြေအနေက ဝမ်ဝေ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ သူ့စိတ်ကူးက ထုံရို့ပင်းလိုမျိုး တစ်ခါက ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူခဲ့ရသည့် ကောင်းကင်ရွေးချယ်ခံတစ်ယောက်ကို ဖန်တီးနိုင်ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်၏။

သူက ဝူမင်ကို ထိုစိတ်ကူးအကြံဉာဏ်ပေးခဲ့သည်မှာ သူသည် များများစားစား မအောင်မြင်နိုင်ကြောင်း သိနေ၍ဖြစ်သည်။ သို့သော် သူ့တည်ရှိမှုက တောင်ပိုင်းကုန်းမြေတွင် အပြောင်းအလဲတချို့ ဖြစ်လာစေခဲ့သည်။ သို့သော်လည်း ယခင်က သူသည် ငယ်ရွယ်ကာ အတွေ့အကြုံကင်းမဲ့ပြီး သတင်းအချက်အလက် လိုအပ်သလို အမြင်လည်း မကျယ်ခဲ့ပေ။

သူက မူလသင်္ကေတနန်းဆောင်၏ စွမ်းအားကို အထင်ကြီးခဲ့ပြီး တောင်ပိုင်းကုန်းမြေတွင် အနှောင့်အယှက်ဖြစ်စေလောက်အောင် လွှမ်းမိုးမှုမျိုး ရှိလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

“ဘာပဲဖြစ်ဖြစ်ပါ။ ကျုပ်ကတော့ နောင်တရနေတုန်းပဲ။ ဒီစိတ်ကူးအကြံဉာဏ်တွေကို ပြန်ဖြန့်ခွင့် မရှိဘူးလို့ပဲ ခံစားရတယ်”

ဝမ်ဝေ့က ခေါင်းယမ်းလိုက်ပြီးသည့်နောက်တွင် ထိုအကြောင်းကို ဆက်မပြောတော့ပေ။ သူက ဝူမင်ကို ထိုအကြံဉာဏ် ပြောပြလိုက်သည့် အကြောင်းအရင်းက သူ့ကံကြမ္မာရုပ်သေးရုပ် ရုပ်ခန္ဓာကို ဖန်တီးရာတွင် အခွင့်အရေးကို တိုးမြှင့်ပေးနိုင်သည့် အစီအရင်သင်္ကေတရုပ်ခန္ဓာအတွက် ကံကြွေးကို ပြန်လည်ပေးဆပ်လိုက်ခြင်းသာ ဖြစ်၏။ ထိုအရာက ရုပ်ခန္ဓာသည် ကောင်းကင်ရုပ်ခန္ဓာအစား ဟော်သဲ့(ရယူထားခြင်း) ဖြစ်နေရသည့် အကြောင်းအရင်းအတွက် အရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။

“အခု အရေးကြီးတာ ပြောရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။

ဝူမင်က ချက်ချင်းဆိုသလို အလေးအနက် ဖြစ်လာ၏။ သူက စက္ကန့်ပိုင်းရပ်တန့်လိုက်ပြီးသည့်နောက်တွင် ဆက်မပြောတော့ပေ။ သူက ပါးစပ်ဟလိုက်သော်လည်း အံ့ဖွယ်အသိစိတ်ဖြင့်သာ ဆက်သွယ်လိုက်၏။

သူက လူများစွာသည် ထိုတိုက်ပွဲကို စောင့်ကြည့်နေကြောင်း သိလေသည်။ သူတို့၏ စကားဝိုင်းကို ကြားလို့ မဖြစ်ပေ။ မဟုတ်ပါက သူ့အသက်နှင့် ဝူမျိုးနွယ်တစ်ခုလုံးသည် အန္တရာယ် ကျရောက်သွားနိုင်သည်။

ဂိုဏ်းချုပ်ဝမ်အနေနဲ့ ကျုပ်ကို မူလသင်္ကေတနန်းဆောင် ထိန်းချုပ်ခွင့်ရအောင် ကူညီပေးစေချင်တယ်

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

ထိန်းချုပ်တာလား။ ဖျက်ဆီးပစ်မှာ မဟုတ်ဘူးလား။ ဒီကောင်လေးက စိတ်ဝင်စားဖို့ကောင်းသားပဲ…

နန်းဆောင်မှာ ကျုပ်ရဲ့လက်ရှိအခြေအနေက သိပ်မကောင်းဘူး။

မင်းရဲ့ဇစ်မြစ်ကို သူတို့တွေ သံသယဖြစ်နေပြီလား…

ဝမ်ဝေ့က မေးလိုက်သည်။

ကျုပ် သတိထားပေမဲ့ သူတို့က သံသယဝင်နေကြပြီ။

ဝူမင်က အမှန်တကယ် သတိကြီးကြီးထားထားခဲ့သည်။ သူက ဝူမျိုးနွယ်ဝင်များကိုပင် အစီအရင်သင်္ကေတ ခန္ဓာကိုယ်အကြောင်း မထုတ်ဖော်ခဲ့ဖူးဘဲ သူကိုယ်တိုင်၌သာ အသုံးပြုခဲ့သည်။ သို့သော်လည်း သူက သူ့ရုပ်ခန္ဓာကို ပြောင်းလဲပေးသည့် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုအဖြစ်နှင့်သာ ဟန်ဆောင်ခဲ့၏။

ထိုစိတ်သဘောထားဖြင့် သူသည် မူလသင်္ကေတနန်းဆောင်သို့ ဝင်ရောက်ခဲ့သည်။ သူ့ကြိုတင်ကာကွယ်ထားမှုများက အသုံးဝင်ခဲ့၏။ သူ့အနေဖြင့် ဟိုင်ယွမ်ဧကရာဇ်သည် သူ့ဘိုးဘေး၏ အမွေအနှစ်ကို သုတ်သင်ပစ်ဖို့အတွက် နန်းဆောင်အတွင်း လျှို့ဝှက်အင်အားစုတစ်ခု ချန်ထားခဲ့ကြောင်း သိလိုက်ရသည်။

သူ့အတွက် ကံကောင်းသွားသည်က ထိုသူအများစုသည် ရှေးဟောင်းဧကရာဇ်ခေတ်ကာလကတည်းက သေဆုံးသွားကြသည့်အတွက် အနည်းငယ်သာ ကျန်ရှိတော့သည်။ ပထမဦးစွာ ထိုလူများသည် သူ့ကို မမှတ်မိကြပေ။ သို့သော်လည်း သူ့ခန္ဓာကိုယ်အထက် ဧကရာဇ်အစီအရင်များကို ရေးထွင်းဖို့ အကြံပြုပြီးသည့်နောက်တွင် လူတချို့က အပြင်းအထန် တုံ့ပြန်လာကြသည်။

ကံကောင်းစွာဖြင့် သူက အလျင်အမြန် တုံ့ပြန်ကာ ထိုလျှို့ဝှက်အင်အားစုကို ဖိနှိပ်ထားနိုင်မည့် မဟာမိတ်များစွာကို တွေ့ခဲ့ရသည်။ ထို့အပြင် ကံကြမ္မာက သူ့ဘက်တွင် ရှိနေ၏။ ဟိုင်ယွမ်ဧကရာဇ်က ကမ္ဘာကြီးထံ သူလုပ်ခဲ့သည့်အရာကို မသိစေလိုသည့်အတွက် သူ့လျှို့ဝှက်အင်အားစုသည်သာ အစီအရင်သင်္ကေတ ခန္ဓာကိုယ်အမွေအနှစ် တည်ရှိမှုအကြောင်း သိထားကြသည်။

စိတ်ဝင်စားစရာပဲ။ ဝူမင်ရဲ့ စိတ်သဘောထားက မူလသင်္ကေတနန်းဆောင်က သူ့ဘိုးဘေးနဲ့ ဝူမျိုးနွယ်အပိုင် ဖြစ်သင့်တယ်လို့ ယူဆထားပုံပဲ။ ဒါပေမဲ့ ဟိုင်ယွမ်က သူတို့ဆီကနေ ခိုးသွားခဲ့တယ်။ အခု သူက သူ့အပိုင် ဖြစ်တဲ့ဟာကို ပြန်ယူရုံပဲ…

ဝမ်ဝေ့က ဝူမင်၏ ရည်ရွယ်ချက်သည် မူလသင်္ကေတနန်းဆောင်ကို ဖျက်ဆီးပစ်ဖို့ ဖြစ်ကြောင်း ထင်ထားခဲ့သည်။ ထို့ကြောင့် သူတို့ထဲ ဝင်ရောက်ကာ ခေါင်းအဆောင်အထိ ဖြစ်လာခဲ့လေ၏။ သို့သော် ယခုတွင် ထိုကောင်လေးက ပိုမိုကြီးမားသည့် ရည်မှန်းချက် ရှိနေလေသည်။

ဒီလိုအခြေအနေမှာ ငါ့ဘက်က ဘာရမှာလဲ

ဝမ်ဝေ့က မေးလိုက်သည်။ သူက ကူညီဖို့ရာ စိတ်ထဲ မထားသော်လည်း အကျိုးအမြတ် သို့မဟုတ် ခံစားခွင့်တချို့တော့ လိုအပ်လေသည်။

တာအိုအခွင့်အလမ်းဂိုဏ်းက နန်းဆောင်ရဲ့ ကံကောင်းမှုကို နောက်မျိုးဆက် တစ်ရာအထိ ထိန်းချုပ်နိုင်ပါတယ်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ဝူမင်၏ ရဲတင်းမှုကို သဘောကျသွားသည်။

မျိုးဆက်တစ်ရာက မဟာဧကရာဇ် တစ်ရာဟု ဆိုလိုခြင်းဖြစ်သည့်အတွက် အလွန်ရှည်ကြာလှသည့် အချိန်တစ်ခု ဖြစ်ပေသည်။

သူက ဝူမင်၏ အစီအစဉ်ကို နားလည်လိုက်၏။ ထိုသူက မူလသင်္ကေတနန်းဆောင်ကို တခြားသူ၏ ထိန်းချုပ်မှုအောက်တွင် အမြဲ မရှိစေလိုပေ။ ထို့ကြောင့် သူက အချိန်ကန့်သတ်ချက် ထားရှိခြင်းဖြစ်၏။

ဝမ်ဝေ့က ထိုအချက်ကို ဂရုမစိုက်ပေ။ ဂိုဏ်းတစ်ခုအတွက် ကံကောင်းမှုအမြောက်အများ ရှိနေသည်က အမြဲတမ်း ကောင်းသည့်အရာ မဟုတ်ကြောင်း သိလေသည်။ ပြီးပြည့်စုံသည့် နမူနာတစ်ခုက သူ့ဘိုးဘေးချီယွမ် ပြသခဲ့သည့် ဉာဏ်ရှိမှု ဖြစ်၏။

သက်ရှိအားလုံးအတွက် တာအိုကို ပြသပြီးသည့်နောက်တွင် သူက ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။ သူက ကျွမ်းကျင်အတတ်ပညာဆိုင်ရာ ၄ခုကို အရန်တာအိုအဖြစ် ကျင့်ကြံနိုင်ခဲ့ပြီး ထိုနည်းစနစ်များကို ပြီးပြည့်စုံစေကာ ကမ္ဘာကြီးဆီ ဖြန့်ချီပြီး ဗလာခေတ်ကာလ၏ ကပ်ဘေးအပြီးတွင် ကျင့်ကြံရေးလူမှုအဖွဲ့အစည်းကို ဆင့်ကဲပြောင်းလဲနိုင်သည်။

သူ့အပြုအမူက ထိုကျွမ်းကျင်အတတ်ပညာဆိုင်ရာ ဘိုးဘေးလေးယောက်၏ ကံကောင်းမှု အမြောက်အများကို ရယူနိုင်လေ၏။

သို့သော်လည်း သူက ထိုသို့သော အပြုအမူသည် ကောင်းကင်တာအို၏ မျှခြေကို ထိခိုက်မည်ဖြစ်ကာ ဂိုဏ်းအပေါ် ဆိုးကျိုးဖြစ်လာနိုင်ကြောင်း သိလေသည်။

ထို့ကြောင့် သူက သူ့လိုအင်ဆန္ဒကို ထိန်းချုပ်ကာ နောင်အနာဂတ်မျိုးဆက်အတွက် ကံကောင်းမှုအမြောက်အများကိုသာ ချန်ထားခဲ့သည်။ သူ့အပြုအမူက တာအိုအခွင့်အလမ်းဂိုဏ်းသည် အလယ်ပိုင်းဧကရာဇ်ခေတ်ကာလအထိ ခေတ်တစ်ခု၏ စိတ်ဝိညာဉ်ကို ကိုင်ဆောင်ထားနိုင်သည့် အကြောင်းအရင်းလည်း ဖြစ်၏။

မျိုးဆက် နှစ်ရာအထိ ထားလိုက်။ မင်းကို ဒီမျိုးဆက်မှာ တာအိုသက်သေပြနိုင်တဲ့ အခွင့်အရေး ပေးမယ်။

ဝူမင်က မျက်လုံးအပြူးသား ဖြစ်သွားလေ၏။

တကယ်ပြောတာလား

ငါက ဒီလိုကိစ္စမျိုးမှာ မညာဘူး

All Chapters