← Chapters

ရှာဖွေတွေ့ရှိခြင်း

Vol. 58 Ch. 812

ရှာဖွေတွေ့ရှိခြင်း

Vol. 58 Ch. 812

ဝူမင်က စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ သူ့တုံ့ပြန်မှုက ပြင်းထန်လွန်းသည့်အတွက် အပြင်ဘက်တွင် ကြည့်ရှုနေသည့် လူထရီလီယံက ရှေးကျသည့် မျိုးနွယ်မှ နန်းဆောင်သခင်တွင် ဤသို့အမူအရာမျိုးဖြစ်အောင် မည်သည့်အရာက လုပ်သလဲဟု စဉ်းစားနေကြ၏။

သို့သော်လည်း ဝမ်ဝေ့၏ အပေးအယူက စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းနေသည်။ ဝူမင်က သူ့ဝူမျိုးနွယ်သည် မူလသင်္ကေတနန်းဆောင်ကို တာအိုအခွင့်အလမ်းဂိုဏ်း၏ အကူအညီဖြင့်ပင် အပြည့်အဝ မထိန်းချုပ်နိုင်ကြောင်း သိထားလေ၏။

သူ့ရည်ရွယ်ချက်က မျိုးနွယ်အတွက် မဟာဧကရာဇ်တစ်ယောက် မွေးထုတ်နိုင်သည့်အထိ အချိန်ဆွဲထားဖို့ ဖြစ်သည်။ သို့သော် သူက ထိုခွေးကောင် ဟိုင်ယွမ်လိုမျိုး အတုအယောင် ထာဝရဧကရာဇ် ဖြစ်နေလည်း စိတ်ထဲ မထားပေ။

သူ့အတွက်မူ သူက အကြောင်းအရင်းများစွာအတွက် တာအိုကို သက်သေပြဖို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူ့တစ်စိတ်တစ်ပိုင်းကမူ စိတ်ဝိညာဉ်ခရီးလမ်းပြီးကတည်းက ဝမ်ဝေ့နှင့် ပတ်သက်ပြီး အကြောက်တရားနှင့် အံ့အားသင့်မှု ကိန်းအောင်းနေသည်။ သူ့မြင့်တက်လာမှုက ဝမ်ဝေ့ကြောင့် ဖြစ်မှန်း သိထားလေ၏။ ထို့အပြင် သူက ဝမ်ဝေ့၏ သတင်းအချက်အလက်များစွာကို တိတ်တဆိတ် စုစည်းခဲ့ပြီး ထိုသူ၏ ဒဏ္ဍာရီလာ ရှာဖွေတွေ့ရှိမှုများနှင့် အောင်မြင်မှုများကို သိရှိပြီးသည့်နောက်တွင် အံ့အားသင့်မှုက ပို၍ပင် နက်ရှိုင်းသွားခဲ့သည်။

အမှန်တော့ ဝူမင်က သူ့ကိုယ်သူ လျှော့တွက်နေခြင်း ဖြစ်၏။ ထုံရို့ပင်းပြောသလိုမျိုး ဝမ်ဝေ့၏ စိတ်ကူးအကြံဉာဏ်က အကြံဉာဏ်တစ်ခုသာ ဖြစ်ပေသည်။ သူမက ကြိုးကြိုးစားစားဖြင့် ပါရမီကို လက်တွေ့အဖြစ် ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်၏။

ထိုအရာက ဝူမင်အတွက်လည်း အတူတူသာ ဖြစ်သည်။ ထို့အပြင် မူလသင်္ကေတနန်းဆောင်ကို ကျူးကျော်ဝင်ရောက်သည့် သူ့အပြုအမူက ဝမ်ဝေ့ ချီးကျူးသည့်အရာမျိုးဖြစ်ပြီး သူ့ရဲတင်းမှုနှင့် ဉာဏ်ပညာကို သဘောကျခဲ့သည်။

ထို့ကြောင့် ဝူမင်က ဂုဏ်ပုဒ်နှင့် ကိုက်ညီသည့် အစစ်အမှန် ကောင်းကင်ရွေးချယ်ခံ တစ်ယောက် ဖြစ်လာခဲ့သည်။ နှမြောစရာကောင်းလှသည်က သူ့တာအိုနှလုံးသားသည် ပြစ်ချက် ရှိနေလေ၏။

ဝမ်ဝေ့က သူ့အား စစ်သည်တော် ဖြစ်ဖို့ အတွေးအခေါ် ပေးပြီးသည့်နောက်တွင် ထိုသူ့အပေါ် လေးစားမှုနှင့် အံ့အားသင့်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။ ထိုအံ့အားသင့်မှုက သူ့အား ဝမ်ဝေ့နှင့် တိုက်ရိုက်ရင်ဆိုင်မှုကို တားဆီးထားပြီး အစစ်အမှန် ပြိုင်ပွဲဝင် အစား မဟာမိတ်အဖြစ်သာ တိုက်ပွဲကို ဆင်နွဲစေခဲ့သည်။

ဝူမင်က သူ့အနာဂတ်အတွက်လည်း စီစဉ်ထား၏။ မူလသင်္ကေတနန်းဆောင်ကို ထိန်းချုပ်ပြီး သူ့မိသားစုအတွက် နက်နဲသည့်အုတ်မြစ်ကို ချန်ထားပြီးသည့်နောက်တွင် သူ့ကိုယ်သူ စည်းပိတ်ပြီး တာအိုကိုသက်သေပြဖို့ အနာဂတ်မျိုးဆက်ကို စောင့်ဆိုင်းလိမ့်မည်။ သူက သူ့မျိုးဆက်တစ်ယောက်က ထာဝရဧကရာဇ် ဖြစ်လာပြီး သူ့ကို နိုးထစေကာ ကံကြမ္မာကို ဆေးကြောပေးဖို့အထိ မျှော်လင့်ထားခဲ့သည်။ သို့သော် ယခုတွင် သူက နောက်ထပ် အခွင့်အရေးတစ်ခု ရလာခဲ့သည်။

ဝူမင်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူ့အတွေ့အကြုံက မည်သို့ပင်ဖြစ်စေကာမူ သူက ရှေးဟောင်းဧကရာဇ်မျိုးနွယ်၏ ခေါင်းဆောင် ဖြစ်နေဆဲ ဖြစ်၏။ ထို့ကြောင့် လူအများက သူ့စိတ်အခြေအနေကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဂိုဏ်းချုပ်ဝေ့ ဒီအခွင့်အရေးအကြောင်း ပြောပြလို့ ရမလား။ ခင်ဗျားကို မယုံတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအရာမျိုးက…

ဝမ်ဝေ့က သူ့စိတ်ပူမှုကို နားလည်လေသည်။ ဤကမ္ဘာရှိသမိုင်းကြောင်းတွင် မည်သူကမှ တခြားသူများအား ဧကရာဇ် ဖြစ်အောင် လုပ်ပေးနိုင်သည်ဟု ပြောရဲကြမည် မဟုတ်ပေ။ ထို့ကြောင့် သူက ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအမြင့်ဆီ ဝူမင်ကို ပို့ဆောင်ပြီး တာအိုကို သက်သေပြခိုင်းမည့် အစီအစဉ်ကို ထုတ်ဖော်ခဲ့၏။

ဒီလိုနည်းလမ်းက တကယ်ကို ဖြစ်နိုင်ချေ ရှိတာပဲ…

ဝူမင်က ထိုသို့ပြောလိုက်သော်လည်း မျက်မှောင်ကြုတ်နေမိသည်။

ဝမ်ဝေ့က အကြောင်းအရင်းကို ကောက်ချက်ချနိုင်၏။

ဒိုင်မေးရှင်းအနိမ့်ဆီ ပြန်လာဖို့ကတော့ ဖြစ်နိုင်မယ်မထင်ဘူး…

သူက ဆက်ပြောလိုက်သည်။

ငါ တွက်ချက်ထားသလောက် အစစ်အမှန်ကောင်းကင်တာအိုက မင်းရဲ့ ပုံရိပ်ယောင်ကို စေလွှတ်ပြီး ကမ္ဘာကြီးဆီ ဟောပြောပို့ချခွင့်ပေးပြီးတော့ မင်းရဲ့ဧကရာဇ်ကျမ်း၊ အသုံးအဆောင်နဲ့ အစီအရင်တို့ကို မင်းရဲ့ မျိုးဆက်ဆီ ချန်ထားခွင့်တော့ ပြုနိုင်တယ်။ ဒါပေမဲ့ အပြည့်အဝတော့ မသေချာဘူး။

အဲဒါဆို ထာဝရအရှင်နဲ့ တာအိုဘိုးဘေးတွေကရော…

ဝူမင်က သူ့ဝူမျိုးနွယ်အတွက် အုတ်မြစ်တစ်ခု ချန်ထားလိုသည်။

မင်းက မသေမျိုးစံအိမ်နဲ့ မဟာတာအိုအရင်းအမြစ် မျိုးစေ့တွေကို ကြိုတင်သန့်စင်ပြီးတော့ သိုလှောင်လက်စွပ်အတွင်းမှာ ထားလို့ရတယ်။ ငါ ပြောတဲ့အတိုင်း အစစ်အမှန် ကောင်းကင်တာအိုက ဘယ်လောက်အထိ ခွင့်ပြုမလဲဆိုတာတော့ မသိဘူး။ အဆုံးသတ်မှာ မင်းက ဝင်ရောက်စွက်ဖက်လို့ မရတာမျိုးလည်း ဖြစ်နေနိုင်တယ်။

ဝူမင်က ခေါင်းညိတ်လိုက်၏။ ထိုအရာသည် ယခင်က တစ်ယောက်မှ မလုပ်ဖူးသည့်အတွက် နားလည်လေသည်။ တချို့သော ဧကရာဇ်များက တာအိုကို သက်သေပြသည့် ပါရမီထူးကဲသော ကောင်းကင်ရွေးချယ်ခံတချို့နှင့်အတူ ဒိုင်မေးရှင်းအမြင့်ဆီ တက်လှမ်းသွားခဲ့လိမ့်မည်။ သို့သော် မည်သူကမှ ဒို်ငမေးရှင်းအနိမ့်တွင် ရှိနေရင်း ဒိုင်မေးရှင်းအမြင့်ဆီ စေလွှတ်ဖူးကြမည် မဟုတ်ပေ။

တကယ်လို့အရာအားလုံး အလုပ်ဖြစ်တယ်ဆိုရင် ဒီနည်းလမ်းက ဝူမျိုးနွယ်အတွက် နက်နဲတဲ့ အုတ်မြစ်တစ်ခု ချန်ထားနိုင်လောက်တယ်…

ဝူမင်က သူ့ဘာသာသူ တွေးလိုက်၏။

ဒါပေမဲ့ သမာသမတ်ကျတဲ့ နည်းလမ်းနဲ့ ယှဉ်လိုက်တယ်ဆိုရင်တော့ အဓိကဟာကွက်ကြီး ရှိနေတုန်းပဲ။ ဆန့်ကျင်ကျင့်ကြံသူ…

မဟာဧကရာဇ်များအနေဖြင့် သူတို့၏ မျိုးနွယ်အတွက် ဆန့်ကျင်ကျင့်ကြံသူများကို လေ့ကျင့်ပေးဖို့ရာ မရိုးရှင်းလှပေ။ ထိုဖြစ်စဉ်က အချိန်နှင့်အရင်းအမြစ်များစွာ လိုအပ်၏။ မူလသင်္ကေတနန်းတော်မှ အစီအရင်(၂)လိုမျိုး ဆန့်ကျင်ကျင့်ကြံသူများအတွက်မူ ဧကရာဇ်တစ်ပါးက ကိုယ်တိုင် ပြုစုပျိုးထောင်ကာ သူ့ကိုယ်ပိုင် မဟာတာအိုအရင်းအမြစ်နှင့် အရင်းအမြစ်များစွာကို သုံးစွဲဖို့လိုအပ်လေသည်။

ဝမ်ဝေ့၏ နည်းလမ်းက ထိုသို့သော ဆန့်ကျင့်ကျင့်ကြံသူများကို ဖန်တီးဖို့ ခွင့်ပြုမထားပေ။

ဤအခြေအနေကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက အရင်းအမြစ်ချီ နေရာလွတ်မှ ထူးကဲသော ချီကို ရယူကာ အလားအလာကောင်းသည့် ဆန့်ကျင်ကျင့်ကြံသူများကို ဖန်တီးဖို့ ဖြစ်၏။

ဝူမင်က ထိုပြဿနာအတွက် တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်မှန်း သိလေသည်။ သို့သော်လည်း သူ ဖတ်ထားသည့် မှတ်တမ်းများအရ အရင်းအမြစ်ချီ နေရာလွတ်သည် အန္တရာယ်များသည့် နေရာတစ်ခုဖြစ်ပြီး အားကောင်းသော ဆန့်ကျင်အဆင့် ချီကို ရှာတွေ့ဖို့ရာ မလွယ်ကူလှပေ။

ကောင်းပြီ။ ဒီအပေးအယူကို သဘောတူတယ်…

ဝူမင်က ပြောလိုက်သည်။ ဂိုဏ်း၏ ကံကောင်းမှုသည် နောက်မျိုးဆက်နှစ်ရာအထိ ဝူမျိုးနွယ်၏ ထိန်းချုပ်မှုအတွင်း မရှိနိုင်သော်လည်း ဧကရာဇ်မျိုးနွယ်တစ်ခု ထိန်းချုပ်နိုင်ဖို့အတွက် သေးငယ်သော တန်ကြေးဟု မှတ်ယူနိုင်သည်။

ထို့အပြင် ထိုအချိန် မတိုင်ခင် တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့၏ ကာကွယ်သူအဖြစ် ဆောင်ရွက်ပေးကာ ဝူမျိုးနွယ်၏ အကျိုးအမြတ်ကို ထိခိုက်လာမည့် အရာများအား ဖယ်ရှားပေးလိမ့်မည်။ ဝူမင်က သူတို့မျိုးနွယ် အားကောင်းလာသည်နှင့် ထိုအပေးအယူကို သဘောမတူခြင်းအပေါ် တားဆီးဖို့လည်း ကြိုတင်စီစဉ်ထားခဲ့သည်။

သူက ဝူမျိုးနွယ်မှ မဟာဧကရာဇ် တစ်ယောက်သည် ထိုအပေးအယူနှင့် ပတ်သက်ပြီး သဘောမကျကာ အဆုံးသတ်ဖို့ ကြိုးစားနိုင်ချေရှိသည်ကို ကြိုတင်မြင်နေမိ၏။ ထို့ကြောင့် သူက ထိုအရာကို တားဆီးဖို့ နည်းလမ်းတချို့ ချန်ထားခဲ့ရမည်။

ဝူမင်က လက်ရှိ တာအိုအခွင့်အလမ်းဂိုဏ်းသည် ထာဝရဧကရာဇ်ပင် စိတ်ကြိုက်လုပ်ဆောင်နိုင်သည် မဟုတ်မှန်း သိလေသည်။

ကောင်းပြီ…

ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည်။ ဝူမင်၏ အပေးအယူက သူ့အနေဖြင့် ဘိုးဘေးမျိုးနွယ်၏ ကံကောင်းမှုကို လျစ်လျူရှုခဲ့မိကြောင်း သတိပေးသလို ဖြစ်သွားခဲ့သည်။ သူက ဧကရာဇ် နေရာလွတ်များကို ထိုအင်အားစုထံ ရောင်းချဖို့ ဆုံးဖြတ်ခဲ့သည်။ သူ ဒိုင်မေးရှင်းအနိမ့်ကို အုပ်စိုးနေစဉ်အတွင်း သူတို့အင်အားစု၏ ကံကောင်းမှုကို ငှားယူဖို့ ဖြစ်၏။

သူ့အစီအစဉ်က ရှေးဟောင်းမျိုးနွယ်အတွက်ပင် အတူတူ ဖြစ်လေသည်။

ဒီမျိုးနွယ်တွေရဲ့ ကံကောင်းမှုကောင်းချီးက နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးလိုက်လျှင်…

သူ့အစီအစဉ်က အသင်္ချေအင်ပါယာကမ္ဘာ တစ်ခုလုံး၏ ကံကောင်းမှုကို စုဝေးကာ အသုံးပြုဖို့ ဖြစ်သည်။ ထိုအရာက သူ့အနေဖြင့် ဒိုင်မေးရှင်းအနိမ့်တွင် ကောင်းကင်ဘုံအဆင့်ထိ ကျင့်ကြံနိုင်ဖို့ရာ ယုံကြည်ချက်ရှိနေသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပေသည်။

သို့သော် ယခုတွင် သူသာ ထိုအင်အားစုများ၏ ကံကောင်းမှုများကို ပေါင်းထည့်လိုက်ပါက သူ လိုအပ်နေသည့် အချိန်ကို လျှော့ချနိုင်ပြီး အောင်မြင်နိုင်ချေ မြင့်မားဖို့တွင် ကူညီပေးနိုင်လိမ့်မည်။

ထိုအင်အားစုများက အလွယ်တကူ သဘောတူမည် မဟုတ်ကြောင်း သိလေ၏။ ကံဆိုးစွာဖြင့် သူတို့တွင် အခွင့်အရေး မရှိပေ။

ငါတို့တွေ သဘောတူညီချက်ရတာ တော်သေးတာပေါ့…

ဝမ်ဝေ့က ပြောလိုက်သည်။

နောက်စကားက ဒါပေမဲ့ ဆိုပြီး ခံစားမိနေတယ်…

ဝူမင်က ဆက်ပြောလိုက်သည်။

ဟုတ်တယ်။ မင်း ငါ့ကို တစ်ခုခု လုပ်ပေးဖို့လိုတယ်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်က သိပ်တော့ စိတ်သက်သာမှာ မဟုတ်ဘူး

ဝူမင်က စဉ်းစားလိုက်၏။

စိတ်မသက်သာတာဆိုတော့ အန္တရာယ်မရှိဘူးလား

အန္တရာယ်ကတော့ ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ စွမ်းအား ကန့်သတ်ချက်အတွင်းမှာ ရှိလိမ့်မယ်

ဝူမင်က ချက်ချင်း သဘောမတူပေ။

သတင်းအချက်အလက် ထပ်ပြီး ပေးလို့ရတယ်မလား

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

ဒီတိုက်ပွဲမှာ ငါ ရှာမတွေ့နိုင်တဲ့ ပြိုင်ပွဲဝင် တစ်ယောက်ရှိတယ်။

ရှာမတွေ့နိုင်ဘူးလား။ အဲဒါက ဘာကိုပြောတာလဲ။

သူ့ရဲ့ တည်ရှိမှုနဲ့ တည်နေရာကို ဘယ်နည်းလမ်းသုံးသုံး ရှာလို့မတွေ့ဘူး…

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ဘယ်သူလဲ

ဖုန်းဟွမ်

ထိုက်ယီနက်နဲမုခ်ရဲ့ သစ္စာဖောက်လား…

ဝူမင်က ရေရွတ်လိုက်သည်။

သူက အဲ့လောက်တောင် လုပ်ဆောင်နိုင်တာလား။

ဖုန်းဟွမ်က ဒီမျိုးဆက်မှာ အမြဲတမ်း သိုသိုသိပ်သိပ်နေခဲ့သည့်အတွက် လူတချို့ကသာ သူ ဘယ်လောက်အားကောင်းမှန်း သိထားကြသည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သော်လည်း ရှင်းမပြပေ။ ဖုန်းဟွမ်၏ ခန္ဓာကိုယ်ကို ပူးကပ်ထားသည့် ရှစ်ဖုယွီက ပုန်းအောင်းရာတွင် ဆရာတစ်ဆူ ဖြစ်၏။ သူ့ဘဝတစ်လျှောက် ဧကရာဇ်များစွာဆီမှ ပုန်းအောင်းခဲ့ပြီး ထာဝရဧကရာဇ်များဆီမှ ပုန်းအောင်းဖို့ရာ တားမြစ်ဇုန်ကိုပင် အသုံးပြုခဲ့သည်။

ထို့ကြောင့် တတိယတန်းစား အဆင့်နှင့် စွမ်းရည်ကို အသုံးချပြီးသည့်နောက်တွင်ပင် ဝမ်ဝေ့က သူ့နေရာကို ရှာမတွေ့ခဲ့ပေ။

ကျုပ်ကို ဘာလုပ်စေချင်တာလဲ

ငါ အားအနည်းဆုံးအချိန်မှာ ဖုန်းဟွမ်က ထွက်လာမှာကို စိုးရိမ်မိတယ်

ဝမ်ဝေ့က ဖုန်းဟွမ်သည် တိထျန်းနှင့် သူ့တိုက်ပွဲနောက်ဆုံးအချိန်အထိ ပုန်းအောင်းကာ သူ အားနည်းကာ ကုစားနေတုန်း တိတ်တဆိတ် လုပ်ကြံမည်ကို စိုးရိမ်နေသည်။

အဲဒါဆိုတော့ မင်းကို ငါ့ဘေးမှာ နေပြီးတော့ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်မလာအောင် တားဆီးစေချင်တယ်

ဝူမင်က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်ကာ

ကျုပ်ကို ထိန်းချုပ်မဲ့ နည်းလမ်းတချို့ အသုံးပြုချင်တာကိုး

ဟုတ်တယ်။ ငါ့ရဲ့အသက်ကို မင်းဆီ အပ်နှံမထားနိုင်သေးဘူး။ အဲဒါကြောင့်မလို့ မင်းကို ယာယီ ထိန်းချုပ်ဖို့လိုတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲအတွင်းပဲဆိုတာကိုတော့ သေချာအောင် လုပ်ပေးနိုင်တယ်။

ဝူမင်က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် သူ့စိတ်ထဲမှ မသက်မသာ စိတ်ခံစားချက်ကို ဖိနှိပ်ထားလိုက်ရသည်။

ခင်ဗျားရဲ့ စစ်သူကြီးတွေ ရှိနေတာကို ကျုပ်ကို ဘာလို့ လိုတာလဲ။

ဝမ်ဝေ့က ရပ်တန့်လိုက်သည်။

ဒီတိုက်ပွဲအဆုံးသတ်မှာ သူတို့အခြေအနေက ငါနဲ့ အတူတူလောက်ပဲ ဖြစ်မယ်ဆိုတဲ့ ခံစားချက်မျိုးရှိနေတယ်။ အဲဒါကြောင့် တချို့က ထွက်တောင် ထွက်သွားရလောက်တယ်။

ဝမ်ဝေ့က သူ့အဖွဲ့သည် တိထျန်းနှင့် ရင်ဆိုင်ဖို့ လွယ်ကူလိမ့်မည်ဟု ထင်မထားပေ။ ထိုအခြေအနေမျိုး၌ သူသည် အဆိုးဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်၏။

ဖုန်းဟွမ်က ဘယ်လောက် အားကောင်းလဲ။

ဝူမင်က မေးလိုက်သည်။

သူက ပွင့်ချပ် ၇လွှာအထိတော့ ထုတ်ပြဖူးတယ်။ ဒါပေမဲ့ သူ့ရဲ့ ဝှက်ဖဲတွေက အတော်လေးကို ခြိမ်းခြောက်နိုင်တယ်။ အဲဒါကြောင့် မင်းရဲ့ ဘေးကင်းမှုအတွက် တာအိုလက်နက် ပေးမယ်။

ဒီလိုဆိုရင် ကျုပ် သဘောတူတယ်။

ဝူမင်က သူ့အစီအစဉ် အောင်မြင်ဖို့ နီးကပ်နေပြီဖြစ်ကာ ဤမသက်မသာ ဖြစ်မှုကို တောင့်ခံဖို့ ဆုံးဖြတ်လိုက်သည်။

ကောင်းပြီ။ ဟမ်…

ဝမ်ဝေ့က ရုတ်တရက် ရပ်တန့်လိုက်ပြီးသည့်နောက်တွင် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

သူက တောက်တောက်ပပပြုံးကာ

“ကြည့်ရတာ ကံကောင်းမှုက ငါ့ဘက်မှာ ရှိနေတဲ့ပုံပဲ”

All Chapters