← Chapters

အဆင့်၁ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်

Vol. 27 Ch. 366

အဆင့်၁ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်

Vol. 27 Ch. 366

" အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀၀ ကျော်။  သည်လောက်ပမာဏနဲ့ ဆိုရင်တော့ ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေကို ဖယ်ရှားပေးတဲ့ ဆေးအချို့တော့ ဝယ်လို့ ရလောက်ပါရဲ့ "

လီဖူချန်းက ခန္ဓာကိုယ်သန့်စင်တဲ့ ဆေးအချို့ကို အဆင့်နိမ့်ဝိညာဉ် ကျောက်တုံးတွေနဲ့ ဝယ်ခဲ့ပေမယ့်လည်း  သူ့ဆီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀၀ ကျော် ကျန်ရှိနေဆဲပါပဲ။

ဒါက လီဖူချန်းလို ကောင်းကင်နယ်ပယ် အဆင့် ပညာရှင် တစ်ယောက်အတွက်တော့ အတော်လေးကို များပြားလှတဲ့ ပမာဏ တစ်ခုဆိုရင်လည်း မမှားပါဘူး။

မရည်ရွယ်ဘဲနဲ့ လီဖူချန်းသိလိုက်ရတာ တစ်ခုကတော့  လျိုကလန် တစ်ခုလုံး ပေါင်းရင်တောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ကျော်ကိုသာ ပိုင်ဆိုင်ထားတယ် ဆိုတာပါပဲ။

ဒါပေမဲ့လည်း ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကို ပိုင်ဆိုင်ထားတဲ့ ကလန်တစ်ခု ဖြစ်တဲ့အတွက် လျိုကလန်ဟာ လန်ရှီး ကျောက်တုံးတွေ ထွက်တဲ့ တွင်းတစ်ခုကို လက်ဝယ် ပိုင်ဆိုင်ထားပါတယ်။

လန်ရှီးကျောက်တုံးဆိုတာက အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးအဆင့်ကို မရောက်သေးတဲ့  ကျောက်ရိုင်းတုံးတွေကို ခေါ်တာပါ။  လန်ရှီးကျောက်တုံးတွေဟာ အမိကမ္ဆာမြေရဲ့ အဆီအနှစ်တွေကို  အချိန်အတိုင်းအတာ တစ်ခုအထိ စုပ်ယူပြီး နောက်မှာတော့ အဆင့်နိမ့် ဝိညာဉ် ကျောင်တုံးတွေ အဖြစ်ကို ပြောင်းသွား နိုင်ပါတယ်။ ရှင်းရှင်း ပြောရမယ်ဆိုရင်တော့ သည်လန်ရှီး ကျောက်တွင်း တွေဟာ မကုန်ခမ်းနိုင်တဲ့ ရင်းမြစ်တစ်ခုပါပဲ။

လီဖူချန်းတို့ရဲ့ မိုးပြာရောင်ဂိုဏ်းဟာလည်း လန်ရှီး ကျောက်တွင်း တစ်တွင်းကို ပိုင်ဆိုင် ထားပါတယ်။

" ကလန်ခေါင်းဆောင်လျို ……။ ကျွန်တော်က ငရဲမီးမြို့ကို သွားဖို့ စီစဉ်ထားပါတယ်။  ကျွန်တော့်ကို အထူးဧည့်သည် တစ်ယောက်လို ဆက်ဆံ ပေးခဲ့တဲ့ အတွက် ကျေးဇူးပါပဲ "

သည်နေ့မှာတော့ လီဖူချန်းဟာ လျိုကလန်ရဲ့ ပင်မခန်းဆောင်ကို အရောက်လာခဲ့ပြီး လျိုကျန်းကို နှုတ်ဆက်စကား လာပြောပါတယ်။

လျိုကျန်းကလည်း လီဖူချန်းကို ဟန့်တားခြင်း မပြုပါဘူး။  သူက ခေါင်းညိတ်လိုက်ပြီး

" ငရဲမီးမြို့က  ရေစီးကြောင်းမြို့နဲ့ သိပ်ပြီး မဝေးဘူးပဲ။  သူရဲကောင်းလေးလီ  လုပ်စရာတွေ လုပ်ပြီးလို့ရှိရင် ဦးလေးတို့ရဲ့ လျိုကလန်ကို ပြန်လာလို့ ရပါတယ်။  လျိုကလန်က သူရဲကောင်းလေး အတွက်ဆိုရင် အမြဲ တံခါးဖွင့်ထားမှာပါ "

လျိုယန်ကလည်း  လီဖူချန်းကို သူမနဲ့အတူ တောင်ပိုင်းတောအုပ် တက္ကသိုလ်ကို လိုက်ခဲ့ဖို့ အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

" လီဖူချန်း……။  တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က သည်သုံးလ အတွင်းမှာ  ကျောင်းသားသစ် လက်ခံတော့မှာ။  ငါနဲ့အတူတူ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို လိုက်ခဲ့ပါလား။   နင့်ရဲ့ ပါရမီနဲ့ဆိုရင် သေချာပေါက် ကျောင်းသားသစ် အဖြစ် အရွေးခံရမှာပဲ "

" စိတ်ချပါ။  ငါပြန်လာခဲ့ပါ့မယ် "

လီဖူချန်းက  ငရဲမီးမြို့ကို သူလိုချင်တဲ့ ပစ္စည်းတွေများ ရှိမလားဆိုပြီး သွားကြည့်ချင်တာပါ။   ပြီးရင်သူက လျိုကလန်ကိုပဲ  ပြန်လာဖို့အတွက် စဉ်းစားပြီးသားပါပဲ။

ထို့နောက်မှာတော့ လီဖူချန်းဟာ  ယူနီကွန်း မြင်းတစ်ကောင်ကို စီးပြီး ငရဲမီးမြို့သို့ ဦးတည် လာပါတော့တယ်။

ယူနီကွန်းမြင်းရဲ့ ပြေးနှုန်းကတော့ တကယ့်ကို လက်ဖျား ခါစရာပါပဲ။  မိုင်ပေါင်း တစ်ရာကျော်ကို ဖြတ်ကျော်ဖို့ အတွက်ကိုတောင် ယူနီကွန်းမြင်းဟာ အချိန်အနည်းငယ်ပဲ ယူခဲ့တာပါ။

" ရပ်စမ်း "

ဟူး…… ဟူး…… ဟူး……

တောင်ငယ်လေးတစ်လုံးကို ဖြတ်ကျော်ပြီး ချိန်မှာတော့ လူသုံးယောက်ဟာ လီဖူချန်းကို ဟန့်တား လိုက်ပါတယ်။

အဲသည်လူ သုံးယောက်ကတော့ တောင်နက် ကျားလေးကောင်ထဲက ကျန်နေတဲ့ ကျားသုံးကောင်ပါပဲ။

သည်တစ်ကြိမ်မှာတော့ သူတို့သုံးယောက်ဟာ ဝတ်စုံနက်တွေနဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်ထားခြင်း မရှိတော့ပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းက သူတို့ရဲ့ ချီအရှိန်အဝါတွေကို မှတ်မိနေဆဲပါပဲ။

" အိုး…… မင်းတို့ သုံးယောက်ပါလား "

လီဖူချန်းက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်။

တောင်နက် ကျားလေးဖော်ထဲက ခေါင်းဆောင်ဖြစ်သူ တောင်ပံနက်ကျားက  နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး

" ဟမ့်…… ငါတို့သုံးယောက် သည်နေရာမှာ စောင့်နေ လိမ့်မယ်လို့ မင်းမမျှော်လင့်ထားဘူး မဟုတ်လား။  မင်းက ငါတို့ရဲ့ ညီအငယ်ဆုံးကို သတ်ခဲ့တယ်။ အဲသည်အသက် မင်းရဲ့ အသက်ကို ပြန်ပေးဆပ်ရမယ်ကွ "

လီဖူချန်းတစ်ယောက် လျိုကလန်က ထွက်လာတာနဲ့ တောင်နက် ကျားလေးဖော်ရဲ့ တပည့်တပန်းတွေက သတင်းပို့ပြီးသားပါပဲ။

ဒါကြောင့် သူတို့တွေဟာ သည်နေရာမှာ ကြိုရောက်နေပြီး လီဖူချန်းကို သတ်ဖြတ်ဖို့ အတွက် စောင့်နေကြတာပါ။

" အဟက် …… မင်းတို့သုံးယောက်က ငါ့ကို သတ်ချင်တယ် ဟုတ်လား "

လီဖူချန်းက  မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပါတယ်။  သည်သုံးကောင် လောက်ကတော့ သူ့ရဲ့ လက်သီးတစ်ချက် စာတောင် မရှိပါဘူး။

တောင်နက်ကျားတွေထဲက နံပါတ်၂ဖြစ်တဲ့ စက္ကူကျားက  အားရပါးရ ရယ်မောလိုက်ပြီး

" ဟား……ဟား……ဟား   ……။ ငါတို့သုံးယောက်ကို အရူးလို့ ထင်နေတာလား။  ငါတို့ သုံးယောက်က မင်းကို မနိုင်ဘူးဆိုတာကို သိပြီးသားကွ။   အစ်ကိုလုံ………။ ကျွန်တော်တို့ ပြောထားတဲ့ ကောင်လေးတော့ ရောက်လာပြီဗျို့။  သည်ကောင်လေးကို အစ်ကိုလုံ သတ်ပြီးတာနဲ့ ကျွန်တော်တို့ သုံးယောက်က အစ်ကိုလုံကို အလုပ်အကျွေး ပြုပါ့မယ် "

ပြောပြီးတာနဲ့ တစ်ပြိုင်နက်  စက္ကူကျားဟာ သူရဲ့ခေါင်းကို မော့ပြီး တောင်ငယ်လေးရဲ့ ထိပ်ကို ကြည့်လိုက်ပါတယ်။

တောင်ငယ်လေးရဲ့ ထိပ်ပေါ်မှာတော့ သက်လတ်ပိုင်းအရွယ် လူကြီး တစ်ယောက်ဟာ ဘယ်အချိန်ကတည်းက ရောက်နေတယ် မသိပါဘူး။

အဲသည်လူကြီးက လက်နှစ်ဖက်ကို အနောက်ပစ်ပြီး  တောင်ထိပ်ပေါ်မှာ ရပ်နေတာပါ။  သူ့ရဲ့ ချီအရှိန်အဝါတွေကို ကြည့်လိုက်တာနဲ့တင် သူဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ဆိုတာကို ခန့်မှန်းသိရှိနိုင်ပါတယ်။

" အဆင့်၁ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်လား "

အဆင့်၁ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်ဆိုတာက လီဖူချန်းအတွက်တော့ သိပ်ပြီး ကြောက်စရာ မကောင်းလှပါဘူး။

မဟူရာဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေမှာတုန်းက တောင်မှ သူဟာ အဆင့်၂ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်ကို သတ်ခဲ့ဖူးပါသေးတယ်။

ဒါပေမဲ့ သည်ရောင်စဉ် ခုနစ်ဖြာ တိုက်ကြီးရဲ့ ပြန်လည် ဝင်စားခြင်းနယ်ကယ် ပညာရှင်ကတော့ ဘယ်လိုလာမလည်း မသိပါဘူး။

" မင်းအခုချိန်မှာ သတ်သေလို့ ရသေးတယ်  "

အစ်ကိုလုံဆိုတဲ့ လူကြီးက အထက်စီးဆန်စွာနဲ့ လီဖူချန်းကို ပြောလိုက်ပါတယ်။ သူ့ပုံစံ ကြည့်ရတာက လီဖူချန်းကို သူ့လက်နဲ့သတ်ဖို့ မတန်ဘူးဟု  ခံယူထားပုံပါပဲ။

သူ့ရဲ့ ခံယူချက်ကလည်း မှားတော့ မမှားပါဘူး။ ကောင်းကင်နယ်ပယ်နဲ့  ပြန်လည် ဝင်စားခြင်း နယ်ပယ်ဆိုတာက ကောင်းကင်နဲ့ မြေကြီးလောက်ကို ကွာခြားနေတာ မဟုတ်ပါလား။

" သတ်သေရမယ် ဟုတ်လား……။ မင်းဘကြီးကို သတ်သေခိုင်းပါလား "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ တစ္ဆေတစ်ကောင်လို လှုပ်ရှားပါတော့တယ်။

သူ့ရဲ့ ပထမဆုံး ပစ်မှတ်ကတော့ တောင်နက် ကျားလေးယောက်ထဲက  နံပါတ်သုံး လောဘကျားပါပဲ။

လီဖူချန်းရဲ့ လှုပ်ရှားမှုက လျင်မြန် လွန်းလှတဲ့အတွက် လောဘကျားဟာ ဘာမှ တုံ့ပြန်ချိန်တောင် မရလိုက်ပါဘူး။

ဘန်း……

လီဖူချန်းရဲ့ လက်သီးက လောဘကျားရဲ့ ဦးခေါင်းကို ပေါက်ကွဲ ထွက်သွား စေခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့ တောင်ပံနက်ကျားနဲ့ စက္ကူကျားကတော့ သွေးရူးသွေးတန်းနဲ့ ထွက်ပြေး ကုန်ကြပါပြီ။  သူတို့က အသံနက်ကြီးနဲ့ အော်ပြီး အကူအညီ တောင်းနေပါသေးတယ်။

" အစ်ကိုလုံ…… ကျေးဇူးပြုပြီး သည်ခွေးမသားကို အမြန် သတ်ပေးပါတော့ "

ဟူး ……ဟူး.……

ဝှစ်……

" မင်းက ငါကိုယ်တိုင် သတ်တာကို ခံချင်နေတာကိုး……"

အစ်ကိုလုံက တောင်ထိပ်ပေါ်ကနေ သိမ်းငှက် တစ်ကောင်အလား ခုန်ဆင်းလာခဲ့ပါပြီ။

ဘန်း……

လီဖူချန်းက အစ်ကိုလုံဆိုသူကို ဂရုမစိုက်ပါဘူး။ အစ်ကိုလုံ တောင်ပေါ်က ခုန်ဆင်းလာနေစဉ်မှာပဲ   လီဖူချန်းက စက္ကူကျားကို လက်သီးနဲ့ ထိုးသတ် လိုက်ပါသေးတယ်။

" ရေလှိုင်းပြာ  ဆေဘာ "

ချွမ်……

ဓားဆွဲထုတ်သံ တစ်ခုနဲ့အတူ လေထုထဲမှာ ဆေဘာ အလင်းရောင်တွေ  ဖြစ်တည် လာခဲ့ပါပြီ။  သည်ဆေဘာဓား အလင်းတန်းတွေက ပတ်ဝန်းကျင် တစ်ခုလုံးမှာရှိတဲ့ အရာဝတ္ထု မှန်သမျှကို ဖျက်ဆီးတော့ မလိုပါပဲ။

" သည်လူက ငါထင်ထားသလောက်လည်း အစွမ်းမထက်ပါလား "

လီဖူချန်းက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ တောင်ပံနက်ကျားကို လည်ကုပ်ကနေ ဆွဲယူလိုက်ပြီး ဆေဘာဓားချက်တွေကို  ခုခံတဲ့နေရာမှာ ဒိုင်းတစ်ခု အဖြစ် သုံးလိုက်ပါတယ်။

ရွှပ်…… ရွှပ်…… ရွှပ်…… ရွှပ်……

တောင်ပံနက်ကျားကတော့ အသံလေး တစ်ချက်တောင် မထွက်လိုက်ရဘဲ အပိုင်းပိုင်း၊ အစစ  ဖြစ်ပြီး သေသွားခဲ့ရပါပြီ။

ကျန်တဲ့ အကြွင်းအကျန် ဆေဘာဓားချက် အချို့ကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက် သွားခဲ့ပါတယ်။ ဒါပေမဲ့ သည်ဆေဘာ ဓားချက်တွေက လီဖူချန်းရဲ့ ခန္ဓာကိုယ်ကို  ခြစ်ရာလေးတစ်ချက် ဖြစ်သွားအောင်တောင် မစွမ်းဆောင်နိုင် ခဲ့ပါဘူး။

" တောက် ……ခွေးမသား "

အစ်ကိုလုံက အတော်လေး ဒေါသ ထွက်သွားခဲ့ပါပြီ။  သည်တောင်နက် ကျားလေးကောင် သေသွားတာက ကိစ္စမရှိပါဘူး။  ဒါပေမဲ့ သည်ကောင်တွေ သူ့ကို အကြွေးပေးစရာ  ဝိညာဉ် ကျောက်တုံး ၃၀၀ ရှိပါတယ်။ အဲဒါကတော့ ကိစ္စကြီးပါပဲ။

" မင်းက အရမ်း အားနည်းနေသေးတယ် "

လီဖူချန်းက ခါးကို တစ်ချက်ယိမ်းပြီး အားယူလိုက်ကာ  အစ်ကိုလုံကို ထိုးထည့် လိုက်ပါတယ်။

" လာစမ်းပါ "

အစ်ကိုလုံကလည်း  လီဖူချန်းရဲ့ လက်သီးကို ရှောင်တိမ်းခြင်း မရှိပါဘူး။ သူက သူ့ရဲ့ ဆေဘာကို ဝှေ့ယမ်းပြီး  လီဖူချန်းနဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။

ဝုန်း……

ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ လူရိပ်တစ်ရိပ်ဟာ အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။  အဲသည်လူကတော့ အစ်ကိုလုံပါပဲ။

လီဖူချန်းရဲ့ လက်သီးကတော့  ဘာမှဖြစ်ပုံ မရပါဘူး။

" ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ……"

အစ်ကိုလုံက လီဖူချန်းရဲ့ လက်သီးကို မျက်လုံး အပြူးသားဖြင့် ကြောင်ကြည့်နေမိပါတယ်။

သူ့ရဲ့ ဆေဘာက ဆန်းကြယ်အထွတ်အထိပ်အဆင့် ရတနာဓား တစ်လက်လေ။    သည်လို ရတနာ ဓားက ဘယ်လိုဖြစ်ပြီး သည်လူငယ်လေးရဲ့ လက်သီးကို ရှုံးနိမ့်ခဲ့တာလဲ။

" မင်း…… မင်းက …… ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရှင်ပဲ "

အစ်ကိုလုံက အထစ်ထစ်၊ အငေါ့ငေါ့ဖြင့် အော်ပြောလိုက်ပါတယ်။

ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေကို ကျင့်ကြံခြင်း အဆင့်နဲ့ သတ်မှတ်ထားခြင်း ရှိပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့သာ ခွဲခြားထားတာပါ။

တကယ်လို့  လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရင် အဲသည်လူက ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့်  ခန္ဓာကိုယ် အပြင်အား ပညာရှင်ပါပဲ။

ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေမှာလည်း သူတို့ရဲ့ ပညာရပ်အပေါ်မှာ မူတည်ပြီး တစ်မူထူးခြားတဲ့ ချီစွမ်းအင်တွေ ရှိပါတယ်။ အဲသည်ချီစွမ်းအင်တွေက ချီအတွင်းအားတွေနဲ့ အနည်းငယ် ဆင်တူပေမယ့် ပိုပြီး အစွမ်းထက်ပါတယ်။ ဒါပေမဲ့ အားနည်းချက် တစ်ခုကတော့ ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေရဲ့ ချီစွမ်းအင်တွေဟာ  ကုန်ဆုံးနှုန်း အရမ်း မြန်တာပါပဲ။

" သည်စွမ်းအားက မဆိုးဘူးဘဲ "

လီဖူချန်းက မျက်ခုံး ပင့်လိုက်ပါတယ်။

အစောပိုင်းတုန်းက သူထိုးလိုက်တဲ့ လက်သီးဟာ သတ္တရိုးလက်သီး မဟုတ်ပါဘူး။  သူက သည်အတိုင်း ခန္ဓာကိုယ် အပြင်အား သက်သက်နဲ့ပဲ ထိုးလိုက်တာပါ။

" ခေါက်ချိုးညီရေလှိုင်း လျှို့ဝှက်နည်းစနစ် "

အစ်ကိုလုံက လီဖူချန်းကို လျော့မတွက် ရဲတော့ပါဘူး။  သူက သူ့ရဲ့ ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ပါပြီ။

"သေစမ်းကွာ "

ရွှမ်း……

သည်တစ်ခါ ဆေဘာ ဓားအလင်းတန်း တွေကတော့ ပထမ တစ်ခါပထက် နှစ်ဆနီးပါး ပိုများ လာခဲ့ပါတယ်။

" လာစမ်းပါ။  ဘယ်သူသေမလည်း ကြည့်ကြသေးတာပေါ့ "

လီဖူချန်းရဲ့ လက်သီးပေါ်မှာလည်း မီးခိုးရောင် ချီအလွှာတစ်ခု ဖြစ်တည်လာခဲ့ပါပြီ။  ဒါက သတ္တုရိုး လက်သီးပါပဲ။

ဝုန်း…

သည်တစ်ကြိမ်မှာ နောက်ဆုတ် သွားရသူကလည်း အစ်ကိုလုံပဲ ဖြစ်ပါတယ်။

" လခွီးပဲ……။  သည်ကောင်လေးက ခန္ဓာကိုယ်အားပြု အပြင်အား လက်သီးသိုင်းကိုတောင် လေ့ကျင့်ထားတာလား……"

အစ်ကိုလုံကတော့ ထွက်ပြေးဖို့တောင် စဉ်းစားနေပါပြီ။

ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လေ့လာလိုက်စားတဲ့ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေဟာ အလွန်အမင်းကို ရှားပါးပါတယ်။ အရမ်းအင်အား တောင့်တင်းတဲ့ အဖွဲ့အစည်းတွေမှာ တောင်မှ  ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လေ့လာလိုက်စားသူ တစ်ယောက်စ၊ နှစ်ယောက်စလောက်သာ ရှိတာပါ။  ခန္ဓာကိုယ်အားပြု အပြင်အား သိုင်းပညာကို လေ့ကျင့်ထားတဲ့သူ ဆိုရင်တော့ လုံးဝကို မရှိသလောက်ပါပဲ။

အခုတော့ သည်ကောင်လေးက ခန္ဓာကိုယ် အပြင်အားပညာရှင် ဖြစ်နေရုံသာမက  ဆန်းကြယ် အဆင့် ခန္ဓာကိုယ်အားပြု လက်သီးသိုင်းကိုတောင်မှ လေ့ကျင့် ထားလိုက်ပါသေးတယ်။

" သည်တစ်ကြိမ် တိုက်ပြီးလို့မှ အခြေအနေ မဟန်ရင် ပြေးမယ် "

အစ်ကိုလုံကတော့ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါပြီ။

" ဝိညာဉ်ခွဲဖြာ သတ္တုရိုးလက်သီး "

အဲသည်အချိန်မှာပဲ လီဖူချန်းရဲ့ လက်သီးမှာရှိတဲ့ အရေပြားတွေဟာ ကွဲထွက်သွားပြီး အနက်ရောင် သတ္တုရည်တွေနဲ့ ဖွဲ့စည်း လာခဲ့ပါတယ်။

" သည်လက်သီးကို မြည်းကြည့်စမ်း "

ဘန်း……

သည်တစ်ကြိမ်မှာတော့ လီဖူချန်းရဲ့ လက်သီးဟာ  ဆေဘာဓား အလင်းတန်းတွေကို ဖောက်ထွက် သွားရုံသာမက အစ်ကိုလုံရဲ့ ရင်အုပ်ကိုပါ ထိသွားခဲ့ပါပြီ။

" ဝေါ့ "

အစ်ကိုလုံက သွေးစိမ်းရှင်ရှင် တစ်လုတ် အန်ထုတ်လိုက်ရပါတယ်။  သူ့ရဲ့ မျက်နှာကတော့ စက္ကူဖြူ တစ်ရွက်လို ဖြူဖွေးသွားခဲ့ပါပြီ။

" သေစမ်း "

လီဖူချန်းက အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။ သူက အစ်ကိုလုံရှိရာဆီကို ခုန်ဝင်သွားပြီး နောက်ထပ် လက်သီးတစ်ချက် ပစ်ထိုးလိုက်ပါတယ်။

ဘန်း……

လီဖူချန်းရဲ့ လက်သီးက အစ်ကိုလုံရဲ့ နံကြားကိုတောင် ချိုင့်ဝင်သွားစေခဲ့ပါပြီ။   သည်လက်သီးချက်က အနည်းဆုံး နံရိုး၅ချောင်းလောက်ကို ကျိုးသွားစေနိုင်တဲ့ လက်သီးမျိုးပါပဲ။

" ထွက်ပြေးမှ ဖြစ်တော့မယ် "

အစ်ကိုလုံကတော့ သွေးရူးသွေးတန်းနဲ့ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။

" မင်းကို ဘယ်သူက ထွက်ပြေးခွင့် ပေးလိုက်လို့လဲ "

လီဖူချန်းရဲ့ နောက်ထပ် လက်သီးတစ်ချက်က အစ်ကိုလုံရဲ့ အကာအကွယ်မဲ့နေတဲ့ ကျောပြင်ပေါ်ကို ကျရောက် သွားခဲ့ပြန်ပါပြီ။

ဂျွတ် ……ဂျလွတ်……

အရိုးကျိုးသံနဲ့အတူ လီဖူချန်းရဲ့ လက်သီးဟာ အစ်ကိုလုံရဲ့ ခန္ဓာကိုယ်ကို ဖောက်ဝင် သွားခဲ့ပါတယ်။

" မင်း…… မင်း…… ငါ့ကို……"

အစ်ကိုလုံက စကားကိုတောင် ဆုံးအောင် မပြောနိုင်ဘဲ သေဆုံးသွားခဲ့ပါပြီ။

လီဖူချန်းကတော့ အစ်ကိုလုံကို သတ်လိုက်နိုင်တဲ့အတွက် သိပ်ပြီး ဂုဏ်ယူဝံ့ကြွားနေခြင်း မရှိပါဘူး။

သူ့ရဲ့ လက်ရှိ အစွမ်းနဲ့ အဆင့်၁ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်ကို သတ်ရတာက ငှက်ပျောသီး အခွံနွှာရသလိုကို လွယ်ကူလွန်းနေတာ မဟုတ်ပါလား။

တကယ်လို့လီဖူချန်းသာ ဆင်နဂါးစွမ်းအင်နဲ့ သတ္တုရိုးလက်သီးကို တွဲသုံးလိုက်မယ်ဆိုရင်  သည်အစ်ကိုလုံ ဆိုသူကို လက်သီးတစ်ချက်နဲ့တောင် သတ်ပစ်နိုင်ပါတယ်။

လီဖူချန်းက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာရှိတဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ အစွမ်းကို သေသေချာချာ အကဲခတ်ချင်တဲ့ အတွက် အချိန်ဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။

***

All Chapters